ဘင်္ဂလားဒေရှ့်တက္ကသိုလ်ကျောင်းသားတွေရဲ့ဆန္ဒပြပွဲတွေကို ယာယီဆိုင်းငံ့ခဲ့ဟုဆို

 2152

ဂျန်ဇက် (NP News) - ဇူလိုင် ၂၃

ဘင်္ဂလားဒေရှ့်တရားရုံးဟာ လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းခဲ့သူတွေရဲ့မိသားစုဝင်တွေကို အစိုးရဝန်ထမ်း ခန့်အပ်ရာမှာ ဦးစားပေးမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ပယ်ဖျက်လိုက်ပြီးနောက် ဆန္ဒပြပွဲတွေ ယာယီ ရပ်ဆိုင်းသွားခဲ့ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသားများ ဦးဆောင်ပြီးလွတ်လပ်ရေးရရှိအောင်ကြိုးပမ်းခဲ့သူတွေရဲ့ မိသားစုဝင်တွေကို အစိုးရဝန်ထမ်းခန့်ထားရမှာ ဦးစားပေးနေတဲ့အစီအစဉ်တွေကို ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြပွဲအရှိန်မြင့်တက်လာခဲ့ပြီးနောက် လူပေါင်း ၅ဝဝ ကျော် ဖမ်းဆီးခံထားရသလို လူပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေရှ့်အစိုးရဟာ ဆန္ဒပြအုပ်စုတွေကို ဖြိုခွင်းမှုများပြုလုပ်ခဲ့မှုနဲ့အတူ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းတွေ လည်း လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှာ အင်တာနက်လိုင်းအသုံးပြုမှုတွေလည်း ကန့်သတ်ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။

ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် နာဟစ် အစ္စလာမ်က "ဆန္ဒပြပွဲတွေကို ၄၈ နာရီကြာ ရပ်တန့်ထားမယ်။ အစိုးရကို ညမထွက်ရအမိန့် ထုတ်ပြန်ခြင်း ပြန်ရုတ်သိမ်းစေလိုတယ်။ အင်တာနက်လိုင်းတွေ ပြန်အသုံးပြုခွင့် ရလိုစေလိုတယ်။ ကျောင်းသားတွေကို ပစ်မှတ်ထားနေတာတွေ ရပ်တန့်စေလိုတယ်" လို့ ပြောပါတယ်။ လုံခြုံရေး အဖွဲ့တွေဟာ ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့သလို ရာဘာကျည်ဆံတွေ အသုံးပြု ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ဆန္ဒပြအုပ်စုတွေဟာ လုံခြုံရေးအဖွဲ့တွေကို ပြန်လည်တုံ့ပြန်ခဲ့ပြီး အရပ်ဝတ်အဝတ်စားတွေ ဝတ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရိုက်နှက်တာတွေရှိခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ဘဂၤလားေဒရွ႕္တကၠသိုလ္ေက်ာင္းသားေတြရဲ႕ဆႏၵျပပြဲေတြကို ယာယီဆိုင္းငံ့ခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၃

ဘဂၤလားေဒရွ႕္တရား႐ုံးဟာ လြတ္လပ္ေရးရရွိေအာင္ႀကိဳးပမ္းခဲ့သူေတြရဲ႕မိသားစုဝင္ေတြကို အစိုးရဝန္ထမ္း ခန႔္အပ္ရာမွာ ဦးစားေပးမယ္ဆိုတဲ့ စည္းကမ္းသတ္မွတ္ခ်က္ေတြကို ပယ္ဖ်က္လိုက္ၿပီးေနာက္ ဆႏၵျပပြဲေတြ ယာယီ ရပ္ဆိုင္းသြားခဲ့ေၾကာင္း သိရပါတယ္။

ဘဂၤလားေဒရွ႕္ႏိုင္ငံမွာ တကၠသိုလ္ေက်ာင္းသားမ်ား ဦးေဆာင္ၿပီးလြတ္လပ္ေရးရရွိေအာင္ႀကိဳးပမ္းခဲ့သူေတြရဲ႕ မိသားစုဝင္ေတြကို အစိုးရဝန္ထမ္းခန႔္ထားရမွာ ဦးစားေပးေနတဲ့အစီအစဥ္ေတြကို ဆႏၵျပခဲ့ေၾကာင္း သိရပါတယ္။ ဆႏၵျပပြဲအရွိန္ျမင့္တက္လာခဲ့ၿပီးေနာက္ လူေပါင္း ၅ဝဝ ေက်ာ္ ဖမ္းဆီးခံထားရသလို လူေပါင္း ၁ဝဝ ေက်ာ္ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

ဘဂၤလားေဒရွ႕္အစိုးရဟာ ဆႏၵျပအုပ္စုေတြကို ၿဖိဳခြင္းမႈမ်ားျပဳလုပ္ခဲ့မႈနဲ႔အတူ ညမထြက္ရ အမိန႔္ထုတ္ျပန္ျခင္းေတြ လည္း လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။ ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ဘဂၤလားေဒ့ရွ႕္ႏိုင္ငံမွာ အင္တာနက္လိုင္းအသုံးျပဳမႈေတြလည္း ကန႔္သတ္ပိတ္ပင္ခဲ့ေၾကာင္း သိရပါတယ္။

ဆႏၵျပေခါင္းေဆာင္တစ္ဦးျဖစ္သည့္ နာဟစ္ အစၥလာမ္က "ဆႏၵျပပြဲေတြကို ၄၈ နာရီၾကာ ရပ္တန႔္ထားမယ္။ အစိုးရကို ညမထြက္ရအမိန႔္ ထုတ္ျပန္ျခင္း ျပန္႐ုတ္သိမ္းေစလိုတယ္။ အင္တာနက္လိုင္းေတြ ျပန္အသုံးျပဳခြင့္ ရလိုေစလိုတယ္။ ေက်ာင္းသားေတြကို ပစ္မွတ္ထားေနတာေတြ ရပ္တန႔္ေစလိုတယ္" လို႔ ေျပာပါတယ္။ လုံၿခဳံေရး အဖြဲ႕ေတြဟာ ဆႏၵျပသူေတြကို ၿဖိဳခြင္းရာမွာ မ်က္ရည္ယိုဗုံးေတြ အသုံးျပဳခဲ့သလို ရာဘာက်ည္ဆံေတြ အသုံးျပဳ ပစ္ခတ္ခဲ့ေၾကာင္း သိရပါတယ္။

ဆႏၵျပအုပ္စုေတြဟာ လုံၿခဳံေရးအဖြဲ႕ေတြကို ျပန္လည္တုံ႔ျပန္ခဲ့ၿပီး အရပ္ဝတ္အဝတ္စားေတြ ဝတ္ဆင္ထားတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို ႐ိုက္ႏွက္တာေတြရွိခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.