ဗြိတိန်နိုင်ငံကို ကမ္ဘာ့အဆင့်ပြန်ရောက်အောင် ကြိုးပမ်းမယ်ဆိုတဲ့ ဝန်ကြီးချုပ်အသစ် အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
784
ဂျန်ဇက် (NP News) - ဇူလိုင် ၂၄
ဗြိတိန်နိုင်ငံမှာ ဇူလိုင်(၄)ရက်နေ့က ကျင်း ပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲအတွင်း လေဘာပါ တီဟာ အဓိက ပြိုင်ဘက် ကွန်ဆာဗေးတစ်ပါတီကို မဲအပြတ်အသတ်နဲ့အနိုင်ရခဲ့ပြီးနောက် လေဘာပါတီ ခေါင်းဆောင်ဖြစ်သူ ဆာကီယာ စတားမာဟာလည်း ဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ်အသစ်ဖြစ်လာခဲ့ပါတယ်။
ဆာကီယာ စတားမာဟာ ဥပဒေပညာရှင် တစ်ဦးဖြစ်ခဲ့ပြီး(၂၀၂၀)ပြည့်နှစ်မှာ လေဘာပါတီ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရကာ အတိုက်ခံပါတီခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဆာကီယာ စတားမာကို (၁၉၆၂)ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက် (၁၆) နှစ်အရွယ်တည်းက လေဘာပါတီကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူ့ဖခင်က ကိရိယာတန် ဆာပလာတွေလုပ်သူဖြစ်ပြီး မိခင်က သူနာပြုတစ်ယောက်ပါ။ ၎င်းဟာ ငယ်စဉ်ကလေးဘဝက တခြားသူတွေလို ဇိမ်ခံ အိမ်တွေမှာနေထိုင်ကြီးပြင်းခဲ့ရသူမဟုတ်ဘဲ အင်္ဂလန် အရှေ့တောင်ပိုင်း ဆာရေးနယ် အောက်စတက်မြို့လေးက သာမန် နှစ်လုံးတွဲ အိမ်တစ်လုံးမှာ ကြီးပြင်းခဲ့ရသူလို့ဆိုပါတယ်။
သူရဲ့အမေက ရှားပါးတဲ့ Stills disease လို့ခေါ်တဲ့ ခန္ဓာကိုယ်ခုခံအားပျက်စီးတဲ့ ဝေဒနာကိုခံ စားခဲ့ရပြီး နောက်ဆုံးမှာတော့ စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်ဖြစ်ခဲ့ရကာ အခက်အခဲ တွေကိုရင်ဆိုင်ခဲ့ရပါတယ်။ စတားမာ အထက်တန်းရောက်တဲ့အခါ ပညာထူးချွန်သူတွေတက်ခွင့်ရတဲ့ အစိုးရ Grammar School ဝင်ခွင့်ရခဲ့ပြီး သူတက်ခဲ့တဲ့ ကျောင်းဟာ သူ ရောက်ပြီးနှစ်နှစ်အကြာမှာ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်း ဖြစ်သွားခဲ့လို့ စတားမာရဲ့ကျောင်းလခကို သူ့အသက် (၁၆)နှစ်အထိ ဒေသဆိုင်ရာကောင်စီက ပေးဆောင်ခဲ့ ရတယ်လို့ဆိုပါတယ်။ အထက်တန်း အောင်တဲ့အချိန် မှာ မိသားစုထဲမှာ ပထမဆုံး တက္ကသိုလ်တက်နိုင်သူ ဖြစ်လာခဲ့ပြီး လိဒ်တက္ကသိုလ်မှာ ဥပဒေပညာဆည်း ပူးခဲ့ကာ နောက် ပိုင်းမှာတော့ အောက်စဖို့ဒ်တက္ကသိုလ် ဆက်တက်ခဲ့ပါတယ်။ သူဟာ (၁၉၈၇)ခုနှစ်မှာ barrister တရားရုံး ရှေ့နေဖြစ် လာပြီး လူ့အခွင့်အရေး ဥပဒေကို အထူးပြုလေ့လာခဲ့ကာ ရှေ့နေလုပ်ရင်း ကာရေဘီယံနဲ့ အာဖရိကကိုသွားပြီး သေဒဏ် ကျခံနေ ရတဲ့အကျဉ်းသားတွေအတွက် ခုခံကာကွယ်ပေးခဲ့ပါ တယ်။ ကီယာစတားမာဟာ ဥပဒေပညာနဲ့ အများပြည် သူတွေကိုကူညီနိုင်ဖို့ ကြိုးပမ်းနေရင်း(၂၀ဝ၈)ခုနှစ် မှာတော့ ပြည်သူ့တရားစွဲဌာန ညွှန်ကြားရေးမှူး ဖြစ် လာပြီးနောက် ရာဇဝတ်မှုခင်းဆိုင်ရာ ဥပဒေရေးရာ ဆောင်ရွက်ချက်တွေကိုအကောင်းဆုံး လုပ်ဆောင်နိုင် တဲ့အတွက် (၂၀၁၄)ခုနှစ်မှာ ဗြိတိန်နိုင်ငံရဲ့ အမြင့်ဆုံး ဆုတစ်ခုဖြစ်တဲ့ ဆာဘွဲ့ကိုရရှိခဲ့ပါတယ်။
၎င်းဟာ (၂၀၁၅) ခုနှစ်မှာ လွှတ်တော်ကိုယ် စားလှယ်ဖြစ်လာခဲ့ပြီးနောက် လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကိုဘင်ရဲ့ အတိုက်အခံဝန်ကြီးအဖွဲ့ မှာပါခဲ့ရာမှ ဗြိတိန်နိုင်ငံကို ဥရောပသမဂ္ဂကနေ ခွဲထွက်ဖို့ လုပ်ငန်းစဉ်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်မှာကျင်းပခဲ့တဲ့ ဗြိတိန်ရွေးကောက်ပွဲမှာ လေဘာပါတီဟာ မျှော်လင့်မထားဘဲ ပြိုင်ဘက်ပါတီကိုရှုံးနိမ့်သွားတဲ့အတွက် ပါတီခေါင်းဆောင်ဖြစ်သူ ဂျယ်ရမီကိုဘင်ဟာ ပါတီခေါင်း ဆောင်နေရာကဖယ်ရှားခံရပြီး ဆာကီယာ စတားမာဟာ ပါတီခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။
ဆာကီယာ စတားမာဟာလေဘာပါတီ ခေါင်းဆောင်ဖြစ်လာခဲ့ပြီး အာဏာရပါတီဖြစ်တဲ့ ကွန်ဆာဗေး တစ်ပါ တီရဲ့ အဓိကအတိုက်အခံကောင်းပါတီ ဖြစ်လာခဲ့ပြီး(၂၀၂၄)ခုနှစ်ရွေးကောက်ပွဲမှာ လေဘာပါတီအနိုင်ရအောင် ကြိုးပမ်း ပေးနိုင်ခဲ့ပါတယ်။ ဆာကီယာစတားမာက လေဘာပါတီကို ယုံကြည်ချက်၊ မျှော်လင့်ချက်တွေနဲ့ ခေတ်သစ်ဆီကိုဦး ဆောင်သွားမယ်လို့ ရွေးကောက်ပွဲအပြီး မိန့်ခွန်းမှာ ပြောဆိုကတိ ပြုခဲ့ဖူးသူဖြစ်သလို သူ့ကိုယ်သူ “အလုပ်သမား လူ တန်းစားနောက်ခံ”က လာသူဖြစ်ကြောင်း မကြာခဏ ပြောလေ့ရှိသူဖြစ်ပါတယ်။ စတားမာက ဝန်ကြီးချုပ်အဖြစ် တာဝန် ယူချိန်အတွင်း ရွေးကောက်ပွဲကာလအတွင်း ပေးခဲ့တဲ့ကတိတွေကို လက်တွေ့အကောင် ထည်ဖော်နိုင်ဖို့ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲအကြိုမဲဆွယ်စည်းရုံးရေး ကာလတုန်းက အလုပ်သမားတွေရဲ့အခွင့်အရေးပိုမို ကောင်းမွန်စေဖို့၊ ကလေးတွေ ပြုစုစောင့်ရှောက်မှု ပိုင်း၊ ပညာရေးပိုင်း၊ စွမ်းအင်၊ အခြေခံအဆောက်အအုံများ၊ စနစ်တွေနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင်လုပ် ဆောင်မယ်လို့ လေဘာပါတီက ကြွေးကြော်ခဲ့ဖူးပါတယ်။ ဆာကီယာစတားမာက"ဗြိတိန်နိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြောင်းလဲမှုတွေကိုချက်ချင်းလုပ်ဆောင်သွားမယ်။ ပြည်သူတွေဟာ စီးပွားရေးကျဆင်းမှု၊ ပြည်သူဝန်ဆောင်မှုပိုင်းမကောင်းမှုတွေကြောင့် စိတ်ဆိုးဒေါသဖြစ်နေရတယ်။ အဲဒီကိစ္စတွေကို ချက်ချင်းအပြောင်း အလဲ လုပ်ဆောင်ပြီး နိုင်ငံကိုပြန်လည် တည်ဆောက်သွားမယ်”လို့ ရွေးကောက်ပွဲအနိုင်ရချိန် မှာပြောဆိုခဲ့တဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့ဖူးပါတယ်။
ဆာကီယာစတားမာဟာ ဝန်ကြီးချုပ်အသစ် အဖြစ်တာဝန်ယူချိန်အတွင်း နိုင်ငံကို ပြုပြင်ပြောင်း လဲမှုတွေနဲ့ အတူ ပြန်လည်တည်ဆောက်မယ်လို့ပြော ဆိုထားပေမယ့် ၎င်းရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအ များအပြားရှိနေဆဲဖြစ် ပါတယ်။ အဲဒီစိန်ခေါ်မှုတွေက တော့ ဗြိတိန်နိုင်ငံထဲကို အာဖရိကတိုက်ကနေ တရားမဝင် ဝင်ရောက်ဖို့ကြိုးပမ်းသူတွေနဲ့ ပတ်သက်တဲ့လူ ဝင်မှုကြီးကြပ်ရေးပြဿနာ၊ ဗြိတိန်နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဆန္ဒပြမှုပြဿနာ၊ ဗြိတိန်နဲ့ ဒေသအတွင်းနိုင်ငံများကြားဆက်ဆံရေး၊ ဗြိတိန်နဲ့ဥရောပ သမဂ္ဂအဖွဲ့ကြား ဆက်ဆံရေး၊ နိုင်ငံပြုပြင် ပြောင်းလဲရေးအစီ အစဉ်တွေ စတဲ့အချက်တွေဖြစ်တယ်လို့ ဗြိတိန်အခြေစိုက်မီဒီယာတွေကဖော်ပြထားပါတယ်။
ဆာကီယာစတားမာကတော့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရမှာဖြစ်ပေမယ့် ဗြိတိန်နိုင်ငံကို ကမ္ဘာ့အဆင့်နေရာမှာ ပြန်လည်ရောက်ရှိအောင်လုပ်ဆောင်သွာ ဖို့ဆုံးဖြတ်ထားလို့ စိန်ခေါ်မှုတွေကို စိုးရိမ်ကြောက်ရွံ့ မှုမရှိဘူးလို့ဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ လေဘာပါတီနဲ့ ကွန်ဆာဗေးတစ်ပါတီတို့ဟာ အဓိကပြိုင်ဘက်ပါတီဖြစ်ပြီး (၂၀၁၀)ပြည့်နှစ် နောက်ပိုင်းတည်းက ကွန်ဆာဗေး တစ်ပါတီဟာ ဗြိတိန်အစိုးရအဖွဲ့ကိုလွှမ်းမိုးခဲ့ရာ ဆာကီယာစတားမာ လေဘာပါတီ ခေါင်းဆောင် အဖြစ်တာဝန်ယူချိန်ကျမှ လေဘာပါတီဟာ ဗြိတိန်အစိုးရအဖွဲ့ကို ပြန်လည်ဦးဆောင်ခွင့်ရခဲ့ တာဖြစ်ပါတယ်။ ဆာကီယာ စတားမာဟာ လေဘာပါတီ ခေါင်းဆောင်အဖြစ်ရွေးချယ်ခံရပြီးနောက် နှစ်နှစ်နီးပါး အတွင်းမှာပဲ လေဘာပါတီကို နှစ်ပေါင်း (၁၄)နှစ်အတွင်း အထွေထွေ ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ပြန်လည်အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ရာ အရည်ချင်းရှိ တဲ့ခေါင်းဆောင်တစ်ဦးလို့ သတ်မှတ်နိုင်ဖွယ်ရှိနေပါတယ်။
ကွန်ဆာဗေးတစ်ပါတီက ဝန်ကြီးချုပ်တွေ၊ အစိုးရအဖွဲ့ဝန်ကြီးတွေ တာဝန်ယူချိန်အတွင်း နိုင်ငံစီးပွားရေးဟာ ကမောက်ကမဖြစ်ခဲ့ရပြီး အစိုးရသက် တမ်းတစ်ခုအတွင်းမှာပဲ ဝန်ကြီးချုပ်သုံးဦးအထိ ပြောင်းလဲခဲ့ရပါတယ်။ ဗြိတိန် အခြေစိုက် think tank အဖွဲ့စည်းတစ်ခုဖြစ်တဲ့ Changing Europe ရဲ့ ဒါ ရိုက်တာတစ်ဦးဖြစ်တဲ့ မီနွန်က ‘ဝန်ကြီးချုပ် ဆာကီ ယာစတားမာဦးဆောင်တဲ့ အစိုးရအဖွဲ့အသစ်အတွက်တော့ ခက်ခဲတဲ့စိန်ခေါ်မှုတွေစတင်နေပြီဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံကို ယခင်ထက်ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အ ခက်အခဲစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ လွယ်ကူမှုတော့ ရှိမှာမဟုတ်ဘူး။ အချိန်ယူလုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ ဆာကီယာစတားမာဦးဆောင်တဲ့ ဗြိတိန်အစိုး ရအဖွဲ့အသစ်ဟာ အသက်ရှူရမယ့်အချိန်တောင်ရှိမှာမဟုတ်ဘူး။ ဗြိတိန်ပြည်သူတွေဟာ ယခင်အစိုးရ လက်ထက် တွေ့ကြုံရင်ဆိုင်ရတဲ့ အရာတွေကိုစိတ် ပျက်နေလို့ အစိုးရအဖွဲ့အသစ်လက်ထက်မှာ အပြောင်းအလဲတွေကို လျင်လျင်မြန်မြန်လုပ်ဆောင်စေလိုတယ်’လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ ဗြိတိန်ဝန်ကြီးချုပ်အသစ် အဖြစ်တာဝန်ယူမယ့် ဆာကီယာစတားမာဟာ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးချိန်ကပြောဆိုခဲ့တဲ့ကတိစကားတွေကို လက်တွေ့အကောင်ထည်ဖော်မှုနဲ့အတူ ယခင်အစိုးရလက်ထက်မှာ ယိုယွင်းကျဆင်း ခဲ့ရတဲ့ဗြိ တိန်နိုင်ငံရဲ့အခြေနေအရပ်ရပ်တွေကို လျင်လျင်မြန်မြန်နဲ့ ဘယ်လောက်အထိ ပိုမိုကောင်း မွန်အောင် စွမ်းဆောင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။
zawgyi version
ၿဗိတိန္ႏိုင္ငံကို ကမာၻ႔အဆင့္ျပန္ေရာက္ေအာင္ ႀကိဳးပမ္းမယ္ဆိုတဲ့
ဝန္ႀကီးခ်ဳပ္အသစ္အေၾကာင္း တေစ့တေစာင္း (အတၳဳပၸတၱိ)
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၄
ၿဗိတိန္ႏိုင္ငံမွာ ဇူလိုင္(၄)ရက္ေန႔က က်င္း ပခဲ့တဲ့ လႊတ္ေတာ္ေ႐ြးေကာက္ပြဲအတြင္း ေလဘာပါ တီဟာ အဓိက ၿပိဳင္ဘက္ ကြန္ဆာေဗးတစ္ပါတီကို မဲအျပတ္အသတ္နဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ေလဘာပါတီ ေခါင္းေဆာင္ျဖစ္သူ ဆာကီယာ စတားမာဟာလည္း ၿဗိတိန္ႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာခဲ့ပါတယ္။
ဆာကီယာ စတားမာဟာ ဥပေဒပညာရွင္ တစ္ဦးျဖစ္ခဲ့ၿပီး(၂၀၂၀)ျပည့္ႏွစ္မွာ ေလဘာပါတီ ေခါင္းေဆာင္အျဖစ္ ေ႐ြးခ်ယ္ခံရကာ အတိုက္ခံပါတီေခါင္းေဆာင္အျဖစ္တာဝန္ယူခဲ့သူျဖစ္ပါတယ္။ ဆာကီယာ စတားမာကို (၁၉၆၂)ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး အသက္ (၁၆) ႏွစ္အ႐ြယ္တည္းက ေလဘာပါတီကို ဝင္ေရာက္ခဲ့သူျဖစ္ပါတယ္။ သူ႔ဖခင္က ကိရိယာတန္ ဆာပလာေတြလုပ္သူျဖစ္ၿပီး မိခင္က သူနာျပဳတစ္ေယာက္ပါ။ ၎ဟာ ငယ္စဥ္ကေလးဘဝက တျခားသူေတြလို ဇိမ္ခံ အိမ္ေတြမွာေနထိုင္ႀကီးျပင္းခဲ့ရသူမဟုတ္ဘဲ အဂၤလန္ အေရွ႕ေတာင္ပိုင္း ဆာေရးနယ္ ေအာက္စတက္ၿမိဳ႕ေလးက သာမန္ ႏွစ္လုံးတြဲ အိမ္တစ္လုံးမွာ ႀကီးျပင္းခဲ့ရသူလို႔ဆိုပါတယ္။
သူရဲ႕အေမက ရွားပါးတဲ့ Stills disease လို႔ေခၚတဲ့ ခႏၶာကိုယ္ခုခံအားပ်က္စီးတဲ့ ေဝဒနာကိုခံ စားခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ စကားမေျပာႏိုင္၊ လမ္းမေလွ်ာက္ႏိုင္ျဖစ္ခဲ့ရကာ အခက္အခဲ ေတြကိုရင္ဆိုင္ခဲ့ရပါတယ္။ စတားမာ အထက္တန္းေရာက္တဲ့အခါ ပညာထူးခြၽန္သူေတြတက္ခြင့္ရတဲ့ အစိုးရ Grammar School ဝင္ခြင့္ရခဲ့ၿပီး သူတက္ခဲ့တဲ့ ေက်ာင္းဟာ သူ ေရာက္ၿပီးႏွစ္ႏွစ္အၾကာမွာ ကိုယ္ပိုင္ပုဂၢလိကေက်ာင္း ျဖစ္သြားခဲ့လို႔ စတားမာရဲ႕ေက်ာင္းလခကို သူ႔အသက္ (၁၆)ႏွစ္အထိ ေဒသဆိုင္ရာေကာင္စီက ေပးေဆာင္ခဲ့ ရတယ္လို႔ဆိုပါတယ္။ အထက္တန္း ေအာင္တဲ့အခ်ိန္ မွာ မိသားစုထဲမွာ ပထမဆုံး တကၠသိုလ္တက္ႏိုင္သူ ျဖစ္လာခဲ့ၿပီး လိဒ္တကၠသိုလ္မွာ ဥပေဒပညာဆည္း ပူးခဲ့ကာ ေနာက္ ပိုင္းမွာေတာ့ ေအာက္စဖို႔ဒ္တကၠသိုလ္ ဆက္တက္ခဲ့ပါတယ္။ သူဟာ (၁၉၈၇)ခုႏွစ္မွာ barrister တရား႐ုံး ေရွ႕ေနျဖစ္ လာၿပီး လူ႔အခြင့္အေရး ဥပေဒကို အထူးျပဳေလ့လာခဲ့ကာ ေရွ႕ေနလုပ္ရင္း ကာေရဘီယံနဲ႔ အာဖရိကကိုသြားၿပီး ေသဒဏ္ က်ခံေန ရတဲ့အက်ဥ္းသားေတြအတြက္ ခုခံကာကြယ္ေပးခဲ့ပါ တယ္။ ကီယာစတားမာဟာ ဥပေဒပညာနဲ႔ အမ်ားျပည္ သူေတြကိုကူညီႏိုင္ဖို႔ ႀကိဳးပမ္းေနရင္း(၂၀ဝ၈)ခုႏွစ္ မွာေတာ့ ျပည္သူ႔တရားစြဲဌာန ၫႊန္ၾကားေရးမႉး ျဖစ္ လာၿပီးေနာက္ ရာဇဝတ္မႈခင္းဆိုင္ရာ ဥပေဒေရးရာ ေဆာင္႐ြက္ခ်က္ေတြကိုအေကာင္းဆုံး လုပ္ေဆာင္ႏိုင္ တဲ့အတြက္ (၂၀၁၄)ခုႏွစ္မွာ ၿဗိတိန္ႏိုင္ငံရဲ႕ အျမင့္ဆုံး ဆုတစ္ခုျဖစ္တဲ့ ဆာဘြဲ႕ကိုရရွိခဲ့ပါတယ္။
၎ဟာ (၂၀၁၅) ခုႏွစ္မွာ လႊတ္ေတာ္ကိုယ္ စားလွယ္ျဖစ္လာခဲ့ၿပီးေနာက္ ေလဘာပါတီေခါင္းေဆာင္ ဂ်ယ္ရမီ ကိုဘင္ရဲ႕ အတိုက္အခံဝန္ႀကီးအဖြဲ႕ မွာပါခဲ့ရာမွ ၿဗိတိန္ႏိုင္ငံကို ဥေရာပသမဂၢကေန ခြဲထြက္ဖို႔ လုပ္ငန္းစဥ္ဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးသူ လည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ (၂၀၁၉)ခုႏွစ္မွာက်င္းပခဲ့တဲ့ ၿဗိတိန္ေ႐ြးေကာက္ပြဲမွာ ေလဘာပါတီဟာ ေမွ်ာ္လင့္မထားဘဲ ၿပိဳင္ဘက္ပါတီကိုရႈံးနိမ့္သြားတဲ့အတြက္ ပါတီေခါင္းေဆာင္ျဖစ္သူ ဂ်ယ္ရမီကိုဘင္ဟာ ပါတီေခါင္း ေဆာင္ေနရာကဖယ္ရွားခံရၿပီး ဆာကီယာ စတားမာဟာ ပါတီေခါင္းေဆာင္ျဖစ္လာခဲ့ပါတယ္။
ဆာကီယာ စတားမာဟာေလဘာပါတီ ေခါင္းေဆာင္ျဖစ္လာခဲ့ၿပီး အာဏာရပါတီျဖစ္တဲ့ ကြန္ဆာေဗး တစ္ပါ တီရဲ႕ အဓိကအတိုက္အခံေကာင္းပါတီ ျဖစ္လာခဲ့ၿပီး(၂၀၂၄)ခုႏွစ္ေ႐ြးေကာက္ပြဲမွာ ေလဘာပါတီအႏိုင္ရေအာင္ ႀကိဳးပမ္း ေပးႏိုင္ခဲ့ပါတယ္။ ဆာကီယာစတားမာက ေလဘာပါတီကို ယုံၾကည္ခ်က္၊ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ေခတ္သစ္ဆီကိုဦး ေဆာင္သြားမယ္လို႔ ေ႐ြးေကာက္ပြဲအၿပီး မိန႔္ခြန္းမွာ ေျပာဆိုကတိ ျပဳခဲ့ဖူးသူျဖစ္သလို သူ႔ကိုယ္သူ “အလုပ္သမား လူ တန္းစားေနာက္ခံ”က လာသူျဖစ္ေၾကာင္း မၾကာခဏ ေျပာေလ့ရွိသူျဖစ္ပါတယ္။ စတားမာက ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ ယူခ်ိန္အတြင္း ေ႐ြးေကာက္ပြဲကာလအတြင္း ေပးခဲ့တဲ့ကတိေတြကို လက္ေတြ႕အေကာင္ ထည္ေဖာ္ႏိုင္ဖို႔ ႀကိဳးပမ္းမယ္လို႔ ဆိုပါတယ္။
ေ႐ြးေကာက္ပြဲအႀကိဳမဲဆြယ္စည္း႐ုံးေရး ကာလတုန္းက အလုပ္သမားေတြရဲ႕အခြင့္အေရးပိုမို ေကာင္းမြန္ေစဖို႔၊ ကေလးေတြ ျပဳစုေစာင့္ေရွာက္မႈ ပိုင္း၊ ပညာေရးပိုင္း၊ စြမ္းအင္၊ အေျခခံအေဆာက္အအုံမ်ား၊ စနစ္ေတြနဲ႔ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္ေအာင္လုပ္ ေဆာင္မယ္လို႔ ေလဘာပါတီက ေႂကြးေၾကာ္ခဲ့ဖူးပါတယ္။ ဆာကီယာစတားမာက"ၿဗိတိန္ႏိုင္ငံ ဖြံ႕ၿဖိဳးတိုး တက္ေရးအတြက္ ေျပာင္းလဲမႈေတြကိုခ်က္ခ်င္းလုပ္ေဆာင္သြားမယ္။ ျပည္သူေတြဟာ စီးပြားေရးက်ဆင္းမႈ၊ ျပည္သူဝန္ေဆာင္မႈပိုင္းမေကာင္းမႈေတြေၾကာင့္ စိတ္ဆိုးေဒါသျဖစ္ေနရတယ္။ အဲဒီကိစၥေတြကို ခ်က္ခ်င္းအေျပာင္း အလဲ လုပ္ေဆာင္ၿပီး ႏိုင္ငံကိုျပန္လည္ တည္ေဆာက္သြားမယ္”လို႔ ေ႐ြးေကာက္ပြဲအႏိုင္ရခ်ိန္ မွာေျပာဆိုခဲ့တဲ့မိန႔္ခြန္းထဲမွာ ထည့္သြင္းေျပာဆိုခဲ့ဖူးပါတယ္။
ဆာကီယာစတားမာဟာ ဝန္ႀကီးခ်ဳပ္အသစ္ အျဖစ္တာဝန္ယူခ်ိန္အတြင္း ႏိုင္ငံကို ျပဳျပင္ေျပာင္း လဲမႈေတြနဲ႔ အတူ ျပန္လည္တည္ေဆာက္မယ္လို႔ေျပာ ဆိုထားေပမယ့္ ၎ရင္ဆိုင္ရမယ့္ စိန္ေခၚမႈေတြအ မ်ားအျပားရွိေနဆဲျဖစ္ ပါတယ္။ အဲဒီစိန္ေခၚမႈေတြက ေတာ့ ၿဗိတိန္ႏိုင္ငံထဲကို အာဖရိကတိုက္ကေန တရားမဝင္ ဝင္ေရာက္ဖို႔ႀကိဳးပမ္းသူေတြနဲ႔ ပတ္သက္တဲ့လူ ဝင္မႈႀကီးၾကပ္ေရးျပႆနာ၊ ၿဗိတိန္ႏိုင္ငံမွာ က်န္းမာေရးဝန္ထမ္းေတြရဲ႕ ဆႏၵျပမႈျပႆနာ၊ ၿဗိတိန္နဲ႔ ေဒသအတြင္းႏိုင္ငံမ်ားၾကားဆက္ဆံေရး၊ ၿဗိတိန္နဲ႔ဥေရာပ သမဂၢအဖြဲ႕ၾကား ဆက္ဆံေရး၊ ႏိုင္ငံျပဳျပင္ ေျပာင္းလဲေရးအစီ အစဥ္ေတြ စတဲ့အခ်က္ေတြျဖစ္တယ္လို႔ ၿဗိတိန္အေျခစိုက္မီဒီယာေတြကေဖာ္ျပထားပါတယ္။
ဆာကီယာစတားမာကေတာ့ စိန္ေခၚမႈေတြ ရင္ဆိုင္ရမွာျဖစ္ေပမယ့္ ၿဗိတိန္ႏိုင္ငံကို ကမာၻ႔အဆင့္ေနရာမွာ ျပန္လည္ေရာက္ရွိေအာင္လုပ္ေဆာင္သြာ ဖို႔ဆုံးျဖတ္ထားလို႔ စိန္ေခၚမႈေတြကို စိုးရိမ္ေၾကာက္႐ြံ႕ မႈမရွိဘူးလို႔ဆိုပါတယ္။ ၿဗိတိန္ႏိုင္ငံမွာ ေလဘာပါတီနဲ႔ ကြန္ဆာေဗးတစ္ပါတီတို႔ဟာ အဓိကၿပိဳင္ဘက္ပါတီျဖစ္ၿပီး (၂၀၁၀)ျပည့္ႏွစ္ ေနာက္ပိုင္းတည္းက ကြန္ဆာေဗး တစ္ပါတီဟာ ၿဗိတိန္အစိုးရအဖြဲ႕ကိုလႊမ္းမိုးခဲ့ရာ ဆာကီယာစတားမာ ေလဘာပါတီ ေခါင္းေဆာင္ အျဖစ္တာဝန္ယူခ်ိန္က်မွ ေလဘာပါတီဟာ ၿဗိတိန္အစိုးရအဖြဲ႕ကို ျပန္လည္ဦးေဆာင္ခြင့္ရခဲ့ တာျဖစ္ပါတယ္။ ဆာကီယာ စတားမာဟာ ေလဘာပါတီ ေခါင္းေဆာင္အျဖစ္ေ႐ြးခ်ယ္ခံရၿပီးေနာက္ ႏွစ္ႏွစ္နီးပါး အတြင္းမွာပဲ ေလဘာပါတီကို ႏွစ္ေပါင္း (၁၄)ႏွစ္အတြင္း အေထြေထြ ေ႐ြးေကာက္ပြဲမွာ ပထမဆုံးအႀကိမ္ ျပန္လည္အႏိုင္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ရာ အရည္ခ်င္းရွိ တဲ့ေခါင္းေဆာင္တစ္ဦးလို႔ သတ္မွတ္ႏိုင္ဖြယ္ရွိေနပါတယ္။
ကြန္ဆာေဗးတစ္ပါတီက ဝန္ႀကီးခ်ဳပ္ေတြ၊ အစိုးရအဖြဲ႕ဝန္ႀကီးေတြ တာဝန္ယူခ်ိန္အတြင္း ႏိုင္ငံစီးပြားေရးဟာ ကေမာက္ကမျဖစ္ခဲ့ရၿပီး အစိုးရသက္ တမ္းတစ္ခုအတြင္းမွာပဲ ဝန္ႀကီးခ်ဳပ္သုံးဦးအထိ ေျပာင္းလဲခဲ့ရပါတယ္။ ၿဗိတိန္ အေျခစိုက္ think tank အဖြဲ႕စည္းတစ္ခုျဖစ္တဲ့ Changing Europe ရဲ႕ ဒါ ႐ိုက္တာတစ္ဦးျဖစ္တဲ့ မီႏြန္က ‘ဝန္ႀကီးခ်ဳပ္ ဆာကီ ယာစတားမာဦးေဆာင္တဲ့ အစိုးရအဖြဲ႕အသစ္အတြက္ေတာ့ ခက္ခဲတဲ့စိန္ေခၚမႈေတြစတင္ေနၿပီျဖစ္ပါတယ္။ ၿဗိတိန္ႏိုင္ငံကို ယခင္ထက္ပိုမိုဖြံ႕ၿဖိဳးတိုးတက္ဖို႔နဲ႔ အ ခက္အခဲစိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႔ လြယ္ကူမႈေတာ့ ရွိမွာမဟုတ္ဘူး။ အခ်ိန္ယူလုပ္ေဆာင္ရဖြယ္ ရွိေနပါတယ္။ ဆာကီယာစတားမာဦးေဆာင္တဲ့ ၿဗိတိန္အစိုး ရအဖြဲ႕အသစ္ဟာ အသက္ရႉရမယ့္အခ်ိန္ေတာင္ရွိမွာမဟုတ္ဘူး။ ၿဗိတိန္ျပည္သူေတြဟာ ယခင္အစိုးရ လက္ထက္ ေတြ႕ႀကဳံရင္ဆိုင္ရတဲ့ အရာေတြကိုစိတ္ ပ်က္ေနလို႔ အစိုးရအဖြဲ႕အသစ္လက္ထက္မွာ အေျပာင္းအလဲေတြကို လ်င္လ်င္ျမန္ျမန္လုပ္ေဆာင္ေစလိုတယ္’လို႔ ေျပာပါတယ္။
လက္ရွိအခ်ိန္မွာ ၿဗိတိန္ဝန္ႀကီးခ်ဳပ္အသစ္ အျဖစ္တာဝန္ယူမယ့္ ဆာကီယာစတားမာဟာ ေ႐ြးေကာက္ပြဲမဲဆြယ္ စည္း႐ုံးခ်ိန္ကေျပာဆိုခဲ့တဲ့ကတိစကားေတြကို လက္ေတြ႕အေကာင္ထည္ေဖာ္မႈနဲ႔အတူ ယခင္အစိုးရလက္ထက္မွာ ယိုယြင္းက်ဆင္း ခဲ့ရတဲ့ၿဗိ တိန္ႏိုင္ငံရဲ႕အေျခေနအရပ္ရပ္ေတြကို လ်င္လ်င္ျမန္ျမန္နဲ႔ ဘယ္ေလာက္အထိ ပိုမိုေကာင္း မြန္ေအာင္ စြမ္းေဆာင္ေပးႏိုင္မလဲဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။