Blackpink အဖွဲ့ဝင် Lisa ဇိမ်ခံ brand Louis Vuitton ရဲ့ Ambassador အဖြစ်ခန့်အပ်ခံရ

 198

ရောင်နီ (NP News) - ဇူလိုင် ၂၅

Blackpink အဖွဲ့ဝင် Lisa ဟာ ဇူလိုင် ၂၃ ရက်မှာ ပြင်သစ်ဇိမ်ခံလုပ်ငန်းစု LVMH ရဲ့ နာမည်ကျော် brand တစ်ခုဖြစ်တဲ့ Louis Vuitton ရဲ့ Ambassador အဖြစ် ခန့်အပ်ခြင်း ခံရပါတယ်။

အသက် ၂၇နှစ်အရွယ် ထိုင်းရက်ပ်ပါတစ်ယောက်ဖြစ်တဲ့ Lisa ဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက ကမ္ဘာလုံးဆိုင်ရာ Ambassador ဖြစ်ခဲ့တဲ့ ပြင်သစ်အမှတ်တံဆိပ် Celine နဲ့ လမ်းခွဲပြီးနောက် အခု image ပိုကြီးတဲ့ ကမ္ဘာကျော် ဇိမ်ခံ brand Louis Vuitton ရဲ့ ambassador ဖြစ်လာခဲ့ပါတယ်။
LVMH လုပ်ငန်းစုက ၂၀၂၄ ခုနှစ် အစောပိုင်း ပြင်သစ်နိုင်ငံ ပါရီမှာ ပြုလုပ်တဲ့ Women's FW24 ရှိုးပွဲမှာကတည်းက Lisa ကို brand Ambassador အဖြစ် ကမ်းလှမ်းနေခဲ့တာဖြစ်ပါတယ်။ Lisa ဟာ ဘီလျံနာ ဘားနပ်အာနက်ရဲ့ သားဖြစ်သူ ဖရက်ရှ်ဒစ်အာနက်(အသက် ၂၈ နှစ်) နဲ့လည်း ချစ်သူတွေဖြစ်နေကြတယ်လို့လည်း ကောလဟာလတွေ ထွက်ရှိ နေတာဖြစ်ပါတယ်။

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ သူမရဲ့တေးသီချင်းအသစ် Rockstar ဟာလည်း သူမရဲ့အေဂျင်စီ LLOUD အောက် ပထမဆုံးထွက်ရှိတဲ့ သီချင်းဖြစ်ခဲ့ပြီး world chart မှာ ထိပ်ဆုံးက ရပ်တည်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
Blackpink အဖြဲ႕ဝင္ Lisa ဇိမ္ခံ brand Louis Vuitton ရဲ႕ Ambassador အျဖစ္ခန႔္အပ္ခံရ
ေရာင္နီ (NP News) - ဇူလိုင္ ၂၅

Blackpink အဖြဲ႕ဝင္ Lisa ဟာ ဇူလိုင္ ၂၃ ရက္မွာ ျပင္သစ္ဇိမ္ခံလုပ္ငန္းစု LVMH ရဲ႕ နာမည္ေက်ာ္ brand တစ္ခုျဖစ္တဲ့ Louis Vuitton ရဲ႕ Ambassador အျဖစ္ ခန႔္အပ္ျခင္း ခံရပါတယ္။

အသက္ ၂၇ႏွစ္အ႐ြယ္ ထိုင္းရက္ပ္ပါတစ္ေယာက္ျဖစ္တဲ့ Lisa ဟာ ၂၀၂၀ ျပည့္ႏွစ္ကတည္းက ကမာၻလုံးဆိုင္ရာ Ambassador ျဖစ္ခဲ့တဲ့ ျပင္သစ္အမွတ္တံဆိပ္ Celine နဲ႔ လမ္းခြဲၿပီးေနာက္ အခု image ပိုႀကီးတဲ့ ကမာၻေက်ာ္ ဇိမ္ခံ brand Louis Vuitton ရဲ႕ ambassador ျဖစ္လာခဲ့ပါတယ္။
LVMH လုပ္ငန္းစုက ၂၀၂၄ ခုႏွစ္ အေစာပိုင္း ျပင္သစ္ႏိုင္ငံ ပါရီမွာ ျပဳလုပ္တဲ့ Women's FW24 ရႈိးပြဲမွာကတည္းက Lisa ကို brand Ambassador အျဖစ္ ကမ္းလွမ္းေနခဲ့တာျဖစ္ပါတယ္။ Lisa ဟာ ဘီလ်ံနာ ဘားနပ္အာနက္ရဲ႕ သားျဖစ္သူ ဖရက္ရွ္ဒစ္အာနက္(အသက္ ၂၈ ႏွစ္) နဲ႔လည္း ခ်စ္သူေတြျဖစ္ေနၾကတယ္လို႔လည္း ေကာလဟာလေတြ ထြက္ရွိ ေနတာျဖစ္ပါတယ္။

မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ သူမရဲ႕ေတးသီခ်င္းအသစ္ Rockstar ဟာလည္း သူမရဲ႕ေအဂ်င္စီ LLOUD ေအာက္ ပထမဆုံးထြက္ရွိတဲ့ သီခ်င္းျဖစ္ခဲ့ၿပီး world chart မွာ ထိပ္ဆုံးက ရပ္တည္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.