နယူးဇီလန်မှာ အမျိုးသမီးတစ်ဦး သူမရဲ့ခွေးကို အစာအလွန်အကျွံကျွေးခြင်းကြောင့် ထောင်ဒဏ် ၂ လ ကျခံရ

 6483

ရောင်နီ (NP News) - ဇူလိုင် ၂၆

နယူးဇီလန်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့အိမ်မွေးခွေးလေးကို အစာအလွန်အကျွံကျွေး ခြင်းကြောင့် ထောင်ဒဏ် နှစ်လ ချမှတ်ခံရပါတယ်။

သူမက နက်ဂီလို့ခေါ်တဲ့ အိမ်မွေးခွေးလေးကို နေ့စဉ် ကြက်သား ၈ ကောင်ကနေ ၁၀ ကောင်ထိ ကျွေးခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ခွေးဟာ အဝလွန်ပြီး နှလုံးခုန်သံကိုတောင် နားကြပ်နဲ့ နားမထောင်နိုင်လောက်အောင် အဆီများ ဝဖိုင့်သွားခဲ့ပါတယ်။ ဒါအပြင် ကြီးမားလာတဲ့ ခန္ဓာကိုယ်ကြောင့် ခြေထောက်တွေပါ ချိနဲ့လာကာ အသည်းရောဂါပါ ရရှိနေခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် တောင်အော့ကလန်ရှိ Manukau ခရိုင်တရားရုံးက ပိုင်ရှင်ဖြစ်သူကို ထောင်ဒဏ် ၂ လ ချမှတ်ခဲ့ပြီး ဒဏ်ငွေ နယူးဇီလန်ဒေါ်လာ ၁,၂၂၂ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ တော်ဝင်နယူးဇီလန်နိုင်ငံ တော်ဝင်နယူးဇီလန် လူ့အဖွဲ့အစည်းမှ ဇူလိုင် ၂၄ ရက် ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။ သူမဟာ ခွေးပိုင်ဆိုင်ခွင့် တစ်နှစ် ပိတ်ပင် ခံခဲ့ရပါတယ်။
"နက်ဂီက ကျွန်တော်တို့တွေ့ဖူးသမျှ အဝလွန်ဆုံး တိရစ္ဆာန်တွေထဲက တစ်ကောင်ပါ၊ သူက ခန္ဓာကိုယ် အလွန် ကြီးမားပြီး လမ်းလျှောက်ဖို့တောင် တော်တော်ခက်ခဲနေခဲ့တယ်။ အိမ်မွေးတရိစ္ဆာန်ကို အစာငတ်ထားတာ၊ ပြင်း
ပြင်းထန်ထန် အစာကျွေးတာတွေက တူညီတဲ့လုပ်ရပ်တွေပါပဲ" လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

Zawgyi Version;
နယူးဇီလန္မွာ အမ်ိဳးသမီးတစ္ဦး သူမရဲ႕ေခြးကို အစာအလြန္အကြၽံေကြၽးျခင္းေၾကာင့္ ေထာင္ဒဏ္ ၂ လ က်ခံရ
ေရာင္နီ (NP News) - ဇူလိုင္ ၂၆

နယူးဇီလန္ႏိုင္ငံမွာ အမ်ိဳးသမီးတစ္ဦးဟာ သူ႔ရဲ႕အိမ္ေမြးေခြးေလးကို အစာအလြန္အကြၽံေကြၽး ျခင္းေၾကာင့္ ေထာင္ဒဏ္ ႏွစ္လ ခ်မွတ္ခံရပါတယ္။

သူမက နက္ဂီလို႔ေခၚတဲ့ အိမ္ေမြးေခြးေလးကို ေန႔စဥ္ ၾကက္သား ၈ ေကာင္ကေန ၁၀ ေကာင္ထိ ေကြၽးခဲ့ပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ေခြးဟာ အဝလြန္ၿပီး ႏွလုံးခုန္သံကိုေတာင္ နားၾကပ္နဲ႔ နားမေထာင္ႏိုင္ေလာက္ေအာင္ အဆီမ်ား ဝဖိုင့္သြားခဲ့ပါတယ္။ ဒါအျပင္ ႀကီးမားလာတဲ့ ခႏၶာကိုယ္ေၾကာင့္ ေျခေထာက္ေတြပါ ခ်ိနဲ႔လာကာ အသည္းေရာဂါပါ ရရွိေနခဲ့တယ္လို႔ ဆိုပါတယ္။
ဒါေၾကာင့္ ေတာင္ေအာ့ကလန္ရွိ Manukau ခ႐ိုင္တရား႐ုံးက ပိုင္ရွင္ျဖစ္သူကို ေထာင္ဒဏ္ ၂ လ ခ်မွတ္ခဲ့ၿပီး ဒဏ္ေငြ နယူးဇီလန္ေဒၚလာ ၁,၂၂၂ ေပးေဆာင္ဖို႔ အမိန႔္ခ်မွတ္ခဲ့တယ္လို႔ ေတာ္ဝင္နယူးဇီလန္ႏိုင္ငံ ေတာ္ဝင္နယူးဇီလန္ လူ႔အဖြဲ႕အစည္းမွ ဇူလိုင္ ၂၄ ရက္ ထုတ္ျပန္ခ်က္တစ္ခုအရ သိရပါတယ္။ သူမဟာ ေခြးပိုင္ဆိုင္ခြင့္ တစ္ႏွစ္ ပိတ္ပင္ ခံခဲ့ရပါတယ္။
"နက္ဂီက ကြၽန္ေတာ္တို႔ေတြ႕ဖူးသမွ် အဝလြန္ဆုံး တိရစာၦန္ေတြထဲက တစ္ေကာင္ပါ၊ သူက ခႏၶာကိုယ္ အလြန္ ႀကီးမားၿပီး လမ္းေလွ်ာက္ဖို႔ေတာင္ ေတာ္ေတာ္ခက္ခဲေနခဲ့တယ္။ အိမ္ေမြးတရိစာၦန္ကို အစာငတ္ထားတာ၊ ျပင္း
ျပင္းထန္ထန္ အစာေကြၽးတာေတြက တူညီတဲ့လုပ္ရပ္ေတြပါပဲ" လို႔ တာဝန္ရွိသူတစ္ဦးက ဆိုပါတယ္။

Related news

© 2021. All rights reserved.