ပဲခူးမြို့တွင် ရေကြီးသည့်အတွက် ဒေသခံပြည်သူများကို ကယ်ဆယ်ရေးစခန်း(၁၄)ခုသို့ ပြောင်းရွှေ့နေရာချထားရ
1500
သန့်ဇင်(NP News)-ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ရေကြီးမှုဖြစ်ပေါ်နေသည့်အတွက် ဒေသခံပြည်သူများကို ကယ်ဆယ်ရေးစခန်း(၁၄)ခုသို့ ပြောင်းရွှေ့နေရာချထားရကြောင်း NP News က မေးမြန်းထားချက်များအရ သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပဲခူးမြစ်ရေမြင့်တက်လာခြင်းကြောင့် ဇူလိုင်လ ၂၇ ရက်မှစတင်ကာ ပဲခူးမြို့နှင့်အနီးတစ်ဝိုက်တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အနိမ့်ပိုင်းရေကြီးနေတဲ့နေရာတွေမှာ ရေဘေးစခန်း(၁၄)နေရာလောက်လုပ်ထားပါတယ်။ ဒါကတော့ ပုံမှန်ရေကြီးနေကြပါ။ ပဲခူးတစ်ခုတည်းမဟုတ်ပါဘူး တစ်တိုင်းပြည်လုံးပါ။ ဘာမှထိခိုက်ပျက်စီးမှုတော့မရှိပါဘူး”ဟု ပဲခူးတိုင်းဒေကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။
ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်ထက် ၄ ပေခန့်ကျော်လွန်နေပြီး ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာ န၏ ထုတ်ပြန်ချက်အရ သိရသည်။
“လက်ရှိပဲခူးမြို့က ၄၀ ရာခိုင်နှုန်းလောက်ကို ရေဝင်နေတယ်ပေါ့။ Main လမ်းတစ်ခုလည်း ရေကျော်နေတယ်။ အဝေးပြေးလမ်းဆိုရင် မြို့ထဲကနေ စပြီးတော့ မဟာမြိုင်ထိကျော်သွားပြီ။ ရထားလမ်းတွေလည်းရေကျော်နေပါတယ်။ အခုရေကြီးတာက မနှစ်ကအတိုင်းဖြစ်သွားပြီ။ ရေနည်းအောင် လုပ်ထားလို့သာ မြို့နေရပ်ကွက်တွေ ရေဝင်တာနည်းပြီးတော့ မမြုပ်သေးတာ။ အခုတော့ စပြီးဝင်သွားပါပြီ။ မနှစ်က ထက်တော့အများကြီးသက်သာပါတယ်။ ပဲခူးမြို့နယ်ထဲမှာပဲ လယ်တွေလည်းရေမြုပ်ကုန်တာရှိတယ်။ ပဲခူးမြို့နယ်ပတ်လည်ကရွာတွေရေဝင် သွားပါပြီ။ လိုအပ်ရင် ကယ်ဆယ်ရေးစခန်းတွေထပ်တိုးဖွင့်လှစ်သွားဖို့ရှိပါတယ်”ဟု သကျနွယ်လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် ပဲခူးဘူတာယာဒ်ဝင်းအတွင်းရှိ တံတားအမှတ်(၆၀)တွင် ရထားသံလမ်းပေါ်သို့ ရေကျော်နေကာ ရထားများဖြတ်သန်း မရသောကြောင့် ဇူလိုင်လ ၂၉ ရက်နေ့တွင် မော်လမြိုင်ဘူတာမှ ထွက်ခွာမည့် အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် (၈၁) အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ်များအား ယာယီဖျက်သိမ်းထားမည်ဖြစ်ကြောင်းလည်း မော်လမြိုင်ဘူတာကြီးမှ ထုတ်ပြန်ထားသည်။
ပဲခူးမြို့တွင် ယမန်နှစ်(၂၀၂၃)ခုနှစ် အောက်တိုဘာလက မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပဲခူးမြင့်ရေမြင့်တက်မှုကြောင့် နှစ်ပေါင်း (၆၀)အတွင်း အဆိုးရွားဆုံးရေကြီးရေလျှံမှုကို ခံစားခဲ့ရကာ စပါးစိုက်ခင်းများအပါအဝင် အခြားထိခိုက်ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့ဖူးသည်။
zawgyi version
ပဲခူးၿမိဳ႕တြင္ ေရႀကီးသည့္အတြက္ ေဒသခံျပည္သူမ်ားကို ကယ္ဆယ္ေရးစခန္း(၁၄)ခုသို႔ ေျပာင္းေ႐ႊ႕ေနရာခ်ထားရ
သန႔္ဇင္(NP News)-ဇူလိုင္ ၂၉
ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕တြင္ ေရႀကီးမႈျဖစ္ေပၚေနသည့္အတြက္ ေဒသခံျပည္သူမ်ားကို ကယ္ဆယ္ေရးစခန္း(၁၄)ခုသို႔ ေျပာင္းေ႐ႊ႕ေနရာခ်ထားရေၾကာင္း NP News က ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ ပဲခူးျမစ္ေရျမင့္တက္လာျခင္းေၾကာင့္ ဇူလိုင္လ ၂၇ ရက္မွစတင္ကာ ပဲခူးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္တြင္ ေရႀကီးေရလွ်ံမႈမ်ား စတင္ျဖစ္ပြားလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အနိမ့္ပိုင္းေရႀကီးေနတဲ့ေနရာေတြမွာ ေရေဘးစခန္း(၁၄)ေနရာေလာက္လုပ္ထားပါတယ္။ ဒါကေတာ့ ပုံမွန္ေရႀကီးေနၾကပါ။ ပဲခူးတစ္ခုတည္းမဟုတ္ပါဘူး တစ္တိုင္းျပည္လုံးပါ။ ဘာမွထိခိုက္ပ်က္စီးမႈေတာ့မရွိပါဘူး”ဟု ပဲခူးတိုင္းေဒႀကီး အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။
ပဲခူးျမစ္ေရသည္ ပဲခူးၿမိဳ႕၏ စိုးရိမ္ေရမွတ္ထက္ ၄ ေပခန႔္ေက်ာ္လြန္ေနၿပီး ထပ္မံျမင့္တက္လာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာ န၏ ထုတ္ျပန္ခ်က္အရ သိရသည္။
“လက္ရွိပဲခူးၿမိဳ႕က ၄၀ ရာခိုင္ႏႈန္းေလာက္ကို ေရဝင္ေနတယ္ေပါ့။ Main လမ္းတစ္ခုလည္း ေရေက်ာ္ေနတယ္။ အေဝးေျပးလမ္းဆိုရင္ ၿမိဳ႕ထဲကေန စၿပီးေတာ့ မဟာၿမိဳင္ထိေက်ာ္သြားၿပီ။ ရထားလမ္းေတြလည္းေရေက်ာ္ေနပါတယ္။ အခုေရႀကီးတာက မႏွစ္ကအတိုင္းျဖစ္သြားၿပီ။ ေရနည္းေအာင္ လုပ္ထားလို႔သာ ၿမိဳ႕ေနရပ္ကြက္ေတြ ေရဝင္တာနည္းၿပီးေတာ့ မျမဳပ္ေသးတာ။ အခုေတာ့ စၿပီးဝင္သြားပါၿပီ။ မႏွစ္က ထက္ေတာ့အမ်ားႀကီးသက္သာပါတယ္။ ပဲခူးၿမိဳ႕နယ္ထဲမွာပဲ လယ္ေတြလည္းေရျမဳပ္ကုန္တာရွိတယ္။ ပဲခူးၿမိဳ႕နယ္ပတ္လည္က႐ြာေတြေရဝင္ သြားပါၿပီ။ လိုအပ္ရင္ ကယ္ဆယ္ေရးစခန္းေတြထပ္တိုးဖြင့္လွစ္သြားဖို႔ရွိပါတယ္”ဟု သက်ႏြယ္လူမႈကူညီေရး အသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ထို႔ျပင္ ပဲခူးဘူတာယာဒ္ဝင္းအတြင္းရွိ တံတားအမွတ္(၆၀)တြင္ ရထားသံလမ္းေပၚသို႔ ေရေက်ာ္ေနကာ ရထားမ်ားျဖတ္သန္း မရေသာေၾကာင့္ ဇူလိုင္လ ၂၉ ရက္ေန႔တြင္ ေမာ္လၿမိဳင္ဘူတာမွ ထြက္ခြာမည့္ အမွတ္ (၈၂) အစုန္ ေမာ္လၿမိဳင္-ရန္ကုန္ ရထားႏွင့္ ရန္ကုန္ဘူတာႀကီးမွ ထြက္ခြာမည့္ အမွတ္ (၈၁) အဆန္ ရန္ကုန္-ေမာ္လၿမိဳင္ ရထားခရီးစဥ္မ်ားအား ယာယီဖ်က္သိမ္းထားမည္ျဖစ္ေၾကာင္းလည္း ေမာ္လၿမိဳင္ဘူတာႀကီးမွ ထုတ္ျပန္ထားသည္။
ပဲခူးၿမိဳ႕တြင္ ယမန္ႏွစ္(၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလက မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ ပဲခူးျမင့္ေရျမင့္တက္မႈေၾကာင့္ ႏွစ္ေပါင္း (၆၀)အတြင္း အဆိုး႐ြားဆုံးေရႀကီးေရလွ်ံမႈကို ခံစားခဲ့ရကာ စပါးစိုက္ခင္းမ်ားအပါအဝင္ အျခားထိခိုက္ပ်က္စီးမႈမ်ားစြာျဖစ္ေပၚခဲ့ဖူးသည္။