တက္ကသိုလ်ဝင်စာမေးပွဲတွင် စနစ်ဟောင်း/စနစ်သစ်ကျရှုံးခဲ့သူများကို လာမည့်စာမေးပွဲ၌ ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့်ပြုမည်
443
ယွန်း (NP News) - ဇူလိုင် ၃ဝ
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စနစ်ဟောင်း/စနစ်သစ်ကျရှုံးခဲ့သူများကို လာမည့်စာမေးပွဲ၌ ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ် ဦးစီးဌာနက ဇူလိုင် (၂၄) ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့်ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်တွင် စတင်ကျင်းပသည့် စနစ်သစ် (Grade-12) အဆင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စနစ်ဟောင်း နဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ ခြင်းမရှိသည့် ကျောင်းသားကျောင်းသူများနှင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့်ပြုခဲ့သည်။
ထို့ကြောင့် လာမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စနစ်ဟောင်းနဝမတန်းအောင်မြင်ပြီး အကြောင်း အမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ခြင်းမရှိသော ကျောင်းသား ကျောင်းသူများနှင့် စနစ် ဟောင်း/စနစ်သစ် တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူများသည် ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထား သည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုမည့်သူများအနေဖြင့် စနစ်သစ် ဘာသာ တွဲများအနက် တစ်ခုကို ရွေးချယ် လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ဆိုထားသည်။
‘ပြင်ပဖြေတွေအတွက် လျှောက်လွှာက လော လောဆယ်တော့ တင်လို့မရသေးဘူး။ အခုက အသိ ပေးတာပေါ့။ စာဖြေဖို့က လိုသေးတယ်လေ။ G-10၊ 11၊ 12 အထက်တန်းဆင့်မှာ G-10 မှာ သုံးလအတွင်း ဘာသာတွဲပြောင်းလို့ရမယ်။ သုံးလကျော်ရင် ဘာသာ တွဲပြောင်းလို့မရဘူးဆိုပြီး တရားဝင်စာထွက်ထားပါတယ်။ အထက်တန်းအဆင့်က သုံးတန်းရှိ တဲ့အတွက် တစ်တန်းမှာ သိပ္ပံယူတယ်။ နောက်တစ်တန်းမှာ ဝိဇ္ဇာယူတယ်ဆိုရင် အဆင်မပြေဘူး။ အဲဒီတော့ G-10 မှာ သုံးလအတွင်း ကြိုက်သလိုပြောင်းလို့ရတယ်။ အဲဒီတော့ ကျောင်းတွင်းစစ်ဖြေနေတဲ့သူတွေကတော့ ပြောင်းလို့မရဘူး’ ဟု မြန်မာနိုင် ငံ စာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန်မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ ဖြေဆိုခွင့်မရသည့်ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများလည်းရှိခဲ့ရာ ၎င်းတို့ ကို သတ်မှတ်ထားသည့် အခြေခံပညာ ကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသားကျောင်း သူများကို စုစည်းခေါ်ယူကာ စာမေးပွဲဖြေဆိုမှုများ ပြုလုပ်ခဲ့ရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိခဲ့ပြီး ၇၄,၅၉၂ ဦးအောင်မြင်ခဲ့သည့်အတွက် ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းအောင်မြင်ခဲ့သည်။
zawgyi version
တကၠသိုလ္ဝင္စာေမးပြဲတြင္ စနစ္ေဟာင္း/စနစ္သစ္က်ရႈံးခဲ့သူမ်ားကို လာမည့္စာေမးပြဲ၌ ျပင္ပေျဖအျဖစ္ ဝင္ေရာက္ေျဖဆိုခြင့္ျပဳမည္
ယြန္း (NP News) - ဇူလိုင္ ၃ဝ
၂၀၂၄ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ စနစ္ေဟာင္း/စနစ္သစ္က်ရႈံးခဲ့သူမ်ားကို လာမည့္စာေမးပြဲ၌ ျပင္ပေျဖအျဖစ္ ဝင္ေရာက္ေျဖဆိုခြင့္ျပဳမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ ဦးစီးဌာနက ဇူလိုင္ (၂၄) ရက္ေန႔တြင္ အသိေပး ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနအေနျဖင့္ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္တြင္ စတင္က်င္းပသည့္ စနစ္သစ္ (Grade-12) အဆင့္ တကၠသိုလ္ဝင္စာေမးပြဲတြင္ စနစ္ေဟာင္း နဝမတန္းေအာင္ျမင္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တကၠသိုလ္ဝင္စာေမးပြဲ ဝင္ေရာက္ေျဖဆိုခဲ့ ျခင္းမရွိသည့္ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ စနစ္ေဟာင္းတကၠသိုလ္ဝင္စာေမးပြဲ က်ရႈံးသူမ်ားကို ျပင္ပေျဖအျဖစ္ ဝင္ေရာက္ေျဖဆိုခြင့္ျပဳခဲ့သည္။
ထို႔ေၾကာင့္ လာမည့္ ၂၀၂၅ ခုႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲတြင္ စနစ္ေဟာင္းနဝမတန္းေအာင္ျမင္ၿပီး အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ တကၠသိုလ္ဝင္စာေမးပြဲ ဝင္ေရာက္ေျဖဆိုခဲ့ျခင္းမရွိေသာ ေက်ာင္းသား ေက်ာင္းသူမ်ားႏွင့္ စနစ္ ေဟာင္း/စနစ္သစ္ တကၠသိုလ္ဝင္ စာေမးပြဲက်ရႈံးသူမ်ားသည္ ျပင္ပေျဖအျဖစ္ ဝင္ေရာက္ေျဖဆိုႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ အသိေပးထား သည္။
၂၀၂၅ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို ျပင္ပေျဖအျဖစ္ ဝင္ေရာက္ေျဖဆိုမည့္သူမ်ားအေနျဖင့္ စနစ္သစ္ ဘာသာ တြဲမ်ားအနက္ တစ္ခုကို ေ႐ြးခ်ယ္ ေလွ်ာက္ထားႏိုင္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန က ဆိုထားသည္။
‘ျပင္ပေျဖေတြအတြက္ ေလွ်ာက္လႊာက ေလာ ေလာဆယ္ေတာ့ တင္လို႔မရေသးဘူး။ အခုက အသိ ေပးတာေပါ့။ စာေျဖဖို႔က လိုေသးတယ္ေလ။ G-10၊ 11၊ 12 အထက္တန္းဆင့္မွာ G-10 မွာ သုံးလအတြင္း ဘာသာတြဲေျပာင္းလို႔ရမယ္။ သုံးလေက်ာ္ရင္ ဘာသာ တြဲေျပာင္းလို႔မရဘူးဆိုၿပီး တရားဝင္စာထြက္ထားပါတယ္။ အထက္တန္းအဆင့္က သုံးတန္းရွိ တဲ့အတြက္ တစ္တန္းမွာ သိပၸံယူတယ္။ ေနာက္တစ္တန္းမွာ ဝိဇၨာယူတယ္ဆိုရင္ အဆင္မေျပဘူး။ အဲဒီေတာ့ G-10 မွာ သုံးလအတြင္း ႀကိဳက္သလိုေျပာင္းလို႔ရတယ္။ အဲဒီေတာ့ ေက်ာင္းတြင္းစစ္ေျဖေနတဲ့သူေတြကေတာ့ ေျပာင္းလို႔မရဘူး’ ဟု ျမန္မာႏိုင္ ငံ စာစစ္ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ေျဖဆိုရန္မွတ္ပုံတင္ထားၿပီးျဖစ္ေသာ္လည္း လုံၿခဳံေရးအေျခအေနအရ ေျဖဆိုခြင့္မရသည့္ေဒသအခ်ိဳ႕ရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားလည္းရွိခဲ့ရာ ၎တို႔ ကို သတ္မွတ္ထားသည့္ အေျခခံပညာ ေက်ာင္းမ်ားရွိ စာစစ္ဌာနမ်ားသို႔ ေက်ာင္းသားေက်ာင္း သူမ်ားကို စုစည္းေခၚယူကာ စာေမးပြဲေျဖဆိုမႈမ်ား ျပဳလုပ္ခဲ့ရသည္။
၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ဝင္ေရာက္ေျဖဆိုသူဦးေရ ၁၂၈,၆၃၅ ဦးရွိခဲ့ၿပီး ၇၄,၅၉၂ ဦးေအာင္ျမင္ခဲ့သည့္အတြက္ ၅၇ ဒသမ ၉၀ ရာခိုင္ႏႈန္းေအာင္ျမင္ခဲ့သည္။