၀န်ကြီးချုပ် မိုဒီ ရုရှားကို ဘာကြောင့်သွားခဲ့တာလဲ (ဘာသာပြန်ဆောင်းပါး)
1207
သန်းထိုက်စိုး (NP News) - ဇူလိုင် ၃၁
လက်ရှိ ကမ္ဘာ့အကျပ်အတည်းများထဲတွင် ရုရှား-ယူကရိန်းပဋိပက္ခသည် ကမ္ဘာ့နိုင်ငံများအပေါ် ရိုက်ခတ်မှုအကြီးမားဆုံးဟုဆိုနိုင်သည်။ အဆိုပါ အကျပ်အတည်းနှင့်ပတ်သက်၍ ရုရှားနိုင်ငံက ယူက ရိန်းကို ကျူးကျော်တိုက်ခိုက်သည်ဟုဆိုကာ ပြစ်တင် ရှုတ်ချသည့်အုပ်စုနှင့် ပြစ်တင်ရှုတ်ချခြင်းမရှိသည့် အုပ်စုဟူ၍ အုပ်စုနှစ်စုကွဲပြားနေသည်။ ရုရှားနိုင်ငံကို ပြစ်တင်ရှုတ်ချခြင်းမရှိသည့်အုပ်စုထဲတွင် အိန္ဒိယနိုင် ငံလည်းအပါအဝင်ဖြစ်သည်။ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီ သည် တတိယသက်တမ်း ရွေးချယ် တင်မြှောက်ခံရပြီး နောက် ရုရှားနိုင်ငံသို့သွားရောက်ခဲ့ရာ အနောက်နိုင်ငံ များက အလေးထားစောင့်ကြည့် ခဲ့ရသည့်ခရီးစဉ်တစ် ခုဖြစ်ခဲ့သည်။ အမေရိကန်နှင့်ယူကရိန်းနိုင်ငံတို့သည် ဝန်ကြီးချုပ်မိုဒီ၏ခရီးစဉ်အပေါ် ပြစ်တင်ဝေဖန်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ခိုင်မာသည့် ဆက်ဆံရေး ဆက်လက်ထားရှိခြင်းဖြင့် အခွင့်အလမ်း ရရှိနိုင်မည်မဟုတ်ကြောင်း အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေးJake Sullivan က သတိပေး ပြောဆိုခဲ့သည်။ အလားတူ အမေရိကန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ဆက်ဆံရေးအပေါ် စိုးရိမ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်Matthew Miler ကလည်း ပြောဆိုခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိ ကန်သံအမတ်ကြီး Eric Garcetti ကလည်း အိန္ဒိယ နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် မိတ်ဆွေဖြစ်မှုကို တန်ဖိုးတစ်စုံတစ်ရာမထားဘဲမရနိုင်ဟု သတိပေး ပြောဆိုခဲ့သည်။ ယူကရိန်းသမ္မတ ဇဲလန်းစကီးက လည်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှ ခေါင်းဆောင်တစ်ဦးအနေဖြင့် သမ္မတပူတင်ကို ဖက် လဲတကင်း ပွေ့ဖက်နှုတ်ဆက်နေသည်ကို တွေ့မြင်ရ သည်မှာ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုအပေါ် ကြီးမားသည့်ထိုးနှက်ချက်တစ်ခုအဖြစ် ခံစားရသည့် အတွက် များစွာစိတ်ပျက်ရသည်ဟု ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရင်ဖွင့်ခဲ့သည်။
ဝန်ကြီးချုပ်မိုဒီ၏ရုရှားခရီးစဉ်သည် အမေရိ ကန်နှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေးကို ထိခိုက် စေနိုင်သည်ဟု ယူဆချက်များလည်းရှိသည်။ သို့ သော် ဝန်ကြီးချုပ်မိုဒီကလည်း သူ့တွက်ကိန်းနှင့်သူ ရှိပြီးဖြစ်ပါလိမ့်မည်။ ဝန်ကြီးချုပ်မိုဒီအနေဖြင့် အမေ ရိကန်နိုင်ငံနှင့်ဆက်ဆံရေးတွင် နှစ်အတော်ကြာ အ တွေ့အကြုံရရှိပြီးချိန်တွင် ရုရှားနိုင်ငံနှင့် ဆက်ဆံရေး ကိုလည်း ဆက်လက်ထိန်းသိမ်းရန်အတွက် မော်စကို သို့ သွားရောက်ခဲ့ခြင်းဖြစ်ပုံရသည်။ ဝန်ကြီးချုပ်မိုဒီ သည် လွန်ခဲ့သည့်ဆယ်စုနှစ် တစ်စုကျော်ကာလ အတွင်း ရုရှားနိုင်ငံသို့(၆)ကြိမ်သွား ရောက်ခဲ့ဖူးသကဲ့ သို့ သမ္မတပူတင်နှင့် အနည်းဆုံး (၁၇)ကြိမ် တွေ့ဆုံခဲ့ ဖူးသည်။ အနောက်နိုင်ငံများထဲတွင် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက်မိတ်ဖက်ဟု ဆိုရမည့် အမေရိကန်နိုင်ငံသည် ဝန်ကြီးချုပ်မိုဒီကို သမ္မတပူတင်အပေါ် ၎င်း၏ ဩဇာကိုအသုံးချပြီး ယူကရိန်းကိုတိုက်ခိုက်မှု အဆုံးသတ်ရန် ဖိအားပေးစေလိုပုံရသည်။ ဝန်ကြီး ချုပ်မိုဒီအနေဖြင့် ရုရှားကိုဖိအားပေးရာတွင် လုံလောက်သည့်အားစိုက်ထုတ်မှုမရှိဟု အနောက်နိုင်ငံ များက ယုံကြည်နေကြသည်။
လေ့လာသူများ၏အဆိုအရ အိန္ဒိယနိုင်ငံသည် ၎င်းကျင့်သုံးနေသည့် နိုင်ငံစုံဆက်ဆံရေးကို ဆက် လက်ကိုင်စွဲနိုင်စွမ်းရှိကြောင်း ပြသလိုခြင်းဖြစ်သကဲ့သို့ လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပြန်လည်အနိုင်ရရှိလာပြီး ရုရှားအပေါ် ထားရှိသည့်သဘောထားမှာလည်း ပျော့ပျောင်းလာ လိမ့်မည်ဟု တွက်ဆထားပုံရသည်။ ဝန်ကြီးချုပ်မိုဒီ သည် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ကျွနု်ပ်၏ မိတ်ဆွေဟုပင်ခေါ်ဆိုခဲ့ဖူးသည်။ ခေတ်စကားနှင့်ဆိုရ လျှင် ဝန်ကြီးချုပ်မိုဒီသည် သမ္မတဟောင်း ဒေါ်နယ် ထရမ့်နှင့် ရင်ဘတ်ချင်းနီးသည်ဟု ဆိုရမည်ဖြစ်သည်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် မကြာသေး မီရက်ပိုင်းအတွင်းက သေနတ်သမားတစ်ဦး၏ ပစ် ခတ်လုပ်ကြံခြင်းခံခဲ့ရပြီး ၎င်း၏နားရွက်ကို ရှပ်၍ထိ မှန်ခဲ့သည်။ အဆိုပါလုပ်ကြံမှုနှင့်ပတ်သက်၍ ကမ္ဘာ့သတင်းမီဒီယာများတွင် အရေးတယူဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ပြစ်တင်ရှုတ်ချ ကြောင်း ဝန်ကြီးချုပ်မိုဒီက ၎င်း၏တွစ်တာ စာမျက်နှာ တွင်ဖော်ပြခဲ့သည်။ ခေါင်းဆောင်နှစ်ဦးတို့သည် လွန် ခဲ့သည့်နှစ်အနည်းငယ်အတွင်းက ပူးတွဲဆောင်ရွက် သည့် public events များကို ပူးတွဲ ကျင်းပခဲ့ကြဖူးသည်။ ဝန်ကြီးချုပ်မိုဒီအစိုးရအနေဖြင့် နိုဝင်ဘာရွေးကောက်ပွဲအပြီးတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် အာဏာပြန်ရလာလိမ့်မည်ဟု ယုံကြည်မှုမြင့်မားနေ ခြင်းဖြစ်သည်ဟု အိန္ဒိယအစိုးရအရာရှိတစ်ဦးကလည်းပြောသည်။ သေနတ်ပစ်ခံရပြီးနောက် သမ္မတ ဟောင်းဒေါ်နယ်ထရမ့်၏ပုံရိပ်မှာလည်း ပိုမိုမြင့်တက် လာခဲ့သည်။ မျက်နှာတွင် သွေး စွန်းနေသည့်အချိန် မှာပင် လေထဲတွင် လက်သီးဆုပ်ပြခဲ့ခြင်းသည်ပင် ၎င်းကို လူထုထောက်ခံမှု ပိုမိုမြင့်တက်စေခဲ့သည်ဟု စစ်တမ်းအချို့ကဆိုသည်။
လေ့လာသူများ၏အဆိုအရ သမ္မတဟောင်း ဒေါ်နယ်ထရမ့် တစ်ကျော့ပြန်သမ္မတဖြစ်လာခဲ့ပါက ရုရှားကိုအကြောင်းပြုပြီး အိန္ဒိယနိုင်ငံအပေါ်ပေးနေ သည့်ဖိအားများ လျော့ကျလာနိုင်သည်ဟုဆိုသည်။ ဒေါ်နယ်ထရမ့် တစ်ကျော့ပြန်သမ္မတဖြစ်လာပါက ရုရှား-အိန္ဒိယ ဆက်ဆံရေးအပေါ် အာရုံစိုက်နေမည် မဟုတ်ဟု Albany တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်သူ Christopher Clary က သုံးသပ်သည်။ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်း ကာလကလည်း အမေရိကန်၏ပြိုင်ဘက် တရုတ်နိုင်ငံ အပေါ်တွင်သာ မဟာဗျူဟာမြောက် အာရုံစိုက်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံကလည်း တရုတ်နိုင်ငံကို မူအားဖြင့် ခြိမ်းခြောက်မှုအဖြစ် ယူဆထားသည်။
သေချာသည်မှာ အိန္ဒိယ-ရုရှား ဆက်ဆံရေး သည် ရှည်လျားသည့်သမိုင်းကြောင်းရှိထားပြီးဖြစ် သည်။ အိန္ဒိယနိုင်ငံသည် စစ်အေးခတ်ကာလအ တောအတွင်း ဆိုဗီယက်ပြည်ထောင်စုခေတ်ကတည်း က ရုရှားနှင့်ဆက်ဆံရေးရှိခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံ ကလည်း အိန္ဒိယနိုင်ငံနှင့်ဆက်ဆံရေးကို ပိုနေမြဲကျား နေမြဲအတိုင်း ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါကလည်း ရုရှား နိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် လက်နက်နှင့်အခြား ကာကွယ်ရေးပစ္စည်းများ အဓိက ထောက်ပံ့ပေးသည့် နိုင်ငံဖြစ်သည်။ အထူးသဖြင့် MIG နှင့်Sukhoi ဖိုက်တာဂျက်လေယာဉ်မှ S-400 မစ်ဆိုင်းဖျက် ကာကွယ်ရေးစနစ်များအထိ အိန္ဒိယနိုင်ငံကို ရောင်း ချပေးခဲ့သည်။ အိန္ဒိယနိုင်ငံသည် ရုရှား-ယူကရိန်း စစ်ပွဲ စတင်ချိန်ကတည်းက ရုရှား ရေနံများကို သိသိ သာသာ တိုးမြှင့်ဝယ်ယူခဲ့သည်။ အိန္ဒိယနိုင်ငံသည် ယခုအခါ ရုရှားနိုင်ငံ၏ ရေနံအများဆုံးဝယ်ယူသည့် နိုင်ငံလည်းဖြစ်သည်။ ထိုသို့သော ရေနံဝယ်ယူမှုများ ကြောင့် အိန္ဒိယ-ရုရှား စုစုပေါင်း ကုန်သွယ်မှုပမာဏ မှာလည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် (၁၀) ဘီလျံသာရှိခဲ့ရာမှ ယခုအခါ (၆၃) ဘီလျံအထိ ခုန်တက်သွားခဲ့ပြီ ဖြစ်သည်။
ထိုသို့သော ရေနံဝယ်ယူမှုများကြောင့် အနောက် နိုင်ငံများ၏ ဖိအားနှင့်ဝေဖန်မှုများကို တွေ့ကြုံခဲ့ရ သည်။ အိန္ဒိယနိုင်ငံ၏ ရေနံဝယ်ယူမှုကြောင့် ရရှိသည့် ဘဏ္ဍာရေးအရင်းအမြစ်သည် ရုရှားအတွက် အ ထောက်အပံ့ဖြစ်စေသည်ဟု စွပ်စွဲပြောဆိုခဲ့ကြသည်။ အိန္ဒိယနိုင်ငံကမူ ဝေဖန်စွပ်စွဲမှုကိုပယ်ချခဲ့ပြီး ရုရှား ရေနံများဝယ်ယူခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းကို ပင် တည်ငြိမ်စေသည်ဟုတုံ့ပြန်ခဲ့သည်။ အိန္ဒိယနိုင် ငံအနေဖြင့် မိမိနိုင်ငံ၏အမျိုးသားအကျိုးစီးပွားနှင့် လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကျင့်သုံး နေခြင်းဖြစ်သည်ဟုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ်မိုဒီ၏ ရုရှားခရီးစဉ်မှာ ယူကရိန်းသမ္မတ ဇဲလန်းစကီး နေတိုးထိပ်သီးအစည်းအဝေးတက် ရောက်ရန် အမေရိကန်နိုင်ငံသို့ မသွားရောက်မီ တစ်ရက်အလိုတွင် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်မိုဒီ၏ခရီးစဉ် အချိန်ရွေးချယ်မှုမှာ ဇဲလန်စကီးကို သူရဲကောင်းတစ်ဦးသဖွယ်ဆက်ဆံသည့် အမေရိကန်နိုင်ငံအတွက် ကသိကအောက်ဖြစ်စေမှာ သေချာသည်။
အိန္ဒိယ-အမေရိကန်ဆက်ဆံရေးမှာ အခြေခံ အားဖြင့် ခိုင်မာမှုရှိပြီးဖြစ်ရာ ဝန်ကြီးချုပ်မိုဒီ၏ ရုရှား ခရီးစဉ်ကြောင့် ခိုင်မာပြီး ဆက်ဆံရေးအပေါ် ထိခိုက် မှုမရှိနိုင်ဟု Christopher Clary က ယူဆသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ျှကေိ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမည့် အလားအလာရှိသည်ဟု အမည်မဖော်လိုသည့် အိန္ဒိယအစိုးရ အရာရှိတစ်ဦးကပြောဆိုသည်။ တရုတ် နိုင်ငံသည် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိ ကန်နိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားသည့် Quad အဖွဲ့ကို ၎င်း၏ရုန်းထမှုအတွက် ခြိမ်းခြောက်မှုအဖြစ်ရှုမြင်သည်။
ဝန်ကြီးချုပ် မိုဒီသည် မော်စကိုသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ သမ္မတပူတင်ကို ကဏ္ဍကောစလုပ်ရန် အစီအစဉ်မရှိခဲ့ ပေ။ ထိုသို့ပြုလုပ်မည့်အစား နှစ်နိုင်ငံကြား ရှိရင်းစွဲ မဟာဗျူဟာမြောက် စီးပွားရေးဆက်ဆံမှုကို ပိုမိုခိုင် မာစေရန်သာရည်ရွယ်ခဲ့ပုံရသည်။ တစ်နည်းအားဖြင့် အိန္ဒိယခေါင်းဆောင်၏ ရုရှားနှင့် ထိတွေ့ဆက်ဆံမှု တစ်စိတ်တစ်ပိုင်းမှာ ဒေသတွင်းပြိုင်ဘက် တရုတ် နိုင်ငံအပေါ် ရုရှားနိုင်ငံ၏ မှီခိုမှုကိုလျှော့ချရန် ကြိုး ပမ်းခြင်းလည်းဖြစ်နိုင်သည်။ အခြားတစ်ဖက်တွင် လည်း ဝန်ကြီးချုပ်မိုဒီသည် အရှေ့နှင့်အနောက်ကြား ခက်ခဲသည့်အခြေအနေတစ်ရပ်တွင် သတိကြီးစွာ ထားပြီး ရပ်တည်နိုင်ရန် ကြိုးပမ်းနေခြင်းလည်းဖြစ် သည်။ ဝန်ကြီးချုပ်မိုဒီအနေဖြင့် တတိယသက်တမ်း ကာလ၏ ပထမဆုံးနိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် ရုရှားနိုင်ငံသို့သွားရောက်ခဲ့ခြင်းမှာ ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် အလေးထားကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။
ဝန်ကြီးချုပ်မိုဒီသည် ၂၀၂၃ ခုနှစ် ဇွန်လတွင် အမေရိကန်သို့သွားရောက်ခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒန် နှင့်တွေ့ဆုံခဲ့သည်။ ခေါင်းဆောင်နှစ်ဦးတို့သည် ကာ ကွယ်ရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ မိတ် ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် အလေးအနက် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဒေသတွင်းတွင် တရုတ် နိုင်ငံ၏ ဩဇာကြီးမားလာမှုနှင့်ပတ်သက်၍လည်း ထပ်တူစိုးရိမ်မှုရှိကြောင်း အလေးအနက်ပြောဆိုခဲ့ ကြသည်။ အိန္ဒိယနိုင်ငံသည် ယူကရိန်းကို တိုက်ခိုက် ခဲ့ခြင်းနှင့်ပတ်သက်၍ ရုရှားအပေါ် ပြစ်တင်ရှုတ်ချရန် ငြင်းဆန်ခဲ့သကဲ့သို့ ကုလသမဂ္ဂတွင်လည်း ယူကရိန်း အရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အားလုံးကို လည်း လက်ရှောင်နေခဲ့သည်။ ဝန်ကြီးချုပ်မိုဒီသည် ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ညင်သာ ပျော့ပျောင်းစွာချဉ်းကပ်သည့်နည်းလမ်းကိုသာ ရွေး ချယ်ခဲ့သည်။ ယနေ့ခေတ်သည် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းရမည့်ခေတ်မဟုတ်တော့ကြောင်း ၂၀၂၂ ခုနှစ်က ဥဇဘက်ကစ္စတန်နိုင်ငံတွင်ကျင်းပသည့် ဒေသတွင်း ထိပ်သီးအစည်းအဝေး ဘေးပန်းအစည်း အဝေးတစ်ခုတွင် သမ္မတပူတင်ကိုပြောဆိုခဲ့ဖူးသည်။ အိန္ဒိယနိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍနှင့် အရပ်ဘက် သုံး နျူကလီးယားကဏ္ဍအတွက် ရုရှားနိုင်ငံနှင့်ပူး ပေါင်းဆောင်ရွက်ရန် အရေးကြီးသည်။ သို့ဖြစ်ရာ ဝန်ကြီးချုပ်မိုဒီသည် ဒီမိုကရေစီနိုင်ငံကြီးဆိုသည့် ဂုဏ်သိက္ခာအရ သမ္မတပူတင်ကို လူကြားကောင်းရုံ ဖျောင်းဖြပြောဆိုမှုသာ ပြောဆိုမည်ဖြစ်သော်လည်း လက်တွေ့တွင်မူ ရုရှားကဲ့သို့သောနိုင်ငံနှင့် ကင်းကွာ နိုင်မည်မဟုတ်ပါ။
အိန္ဒိယနိုင်ငံအနေဖြင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများကို ဆန့်ကျင်မည်မဟုတ်သကဲ့သို့ အနောက်မဟုတ်သည့် ရုရှားနိုင်ငံနှင့်လည်း ဆက်ဆံ ရေး တိုးမြှင့်နိုင်မည့်နည်းလမ်းကို ရှာဖွေနေမည်သာ ဖြစ်သည်။ အိန္ဒိယနှင့် ရုရှားကြားဆက်ဆံရေးမှာ သမိုင်းကြောင်းနှင့်ချီ၍ ရှိလာခဲ့သည့် ဆက်ဆံရေးမျိုး ဖြစ်သည်။ ဝန်ကြီးချုပ်မိုဒီအနေဖြင့် ရုရှားသို့သွား ရောက်ပြီး သမ္မတပူတင်နှင့်တွေ့ဆုံခဲ့ခြင်းမှာ စစ် အေးခေတ်ကာလကတည်းက ရှိခဲ့ပြီးဖြစ်သည့် မဟာ ဗျူဟာမြောက်ဆက်ဆံရေးအထိုင်အတိုင်း ဆက် သွားနေခြင်းသာဖြစ်သည်။ အမေရိကန်နှင့် အနောက် နိုင်ငံများအနေဖြင့် ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားကိုတန်ပြန်ရာတွင် အိန္ဒိယနိုင်ငံကို မဟာမိတ် တစ်နိုင်ငံအဖြစ်ပါဝင်လာစေရန် ကြိုးပမ်းခြင်းမှာ ရေပေါ်တွင်အရုပ်ရေးသကဲ့သို့ အရာထင်လာနိုင်ဖွယ် မရှိကြောင်း ဝန်ကြီးချုပ်မိုဒီ၏ ရုရှားခရီးစဉ်က အထင်အရှား သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
zawgyi version
၀န္ႀကီးခ်ဳပ္ မိုဒီ ႐ုရွားကို ဘာေၾကာင့္သြားခဲ့တာလဲ (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ဇူလိုင္ ၃၁
လက္ရွိ ကမာၻ႔အက်ပ္အတည္းမ်ားထဲတြင္ ႐ုရွား-ယူကရိန္းပဋိပကၡသည္ ကမာၻ႔ႏိုင္ငံမ်ားအေပၚ ႐ိုက္ခတ္မႈအႀကီးမားဆုံးဟုဆိုႏိုင္သည္။ အဆိုပါ အက်ပ္အတည္းႏွင့္ပတ္သက္၍ ႐ုရွားႏိုင္ငံက ယူက ရိန္းကို က်ဴးေက်ာ္တိုက္ခိုက္သည္ဟုဆိုကာ ျပစ္တင္ ရႈတ္ခ်သည့္အုပ္စုႏွင့္ ျပစ္တင္ရႈတ္ခ်ျခင္းမရွိသည့္ အုပ္စုဟူ၍ အုပ္စုႏွစ္စုကြဲျပားေနသည္။ ႐ုရွားႏိုင္ငံကို ျပစ္တင္ရႈတ္ခ်ျခင္းမရွိသည့္အုပ္စုထဲတြင္ အိႏၵိယႏိုင္ ငံလည္းအပါအဝင္ျဖစ္သည္။ အိႏၵိယ ဝန္ႀကီးခ်ဳပ္မိုဒီ သည္ တတိယသက္တမ္း ေ႐ြးခ်ယ္ တင္ေျမႇာက္ခံရၿပီး ေနာက္ ႐ုရွားႏိုင္ငံသို႔သြားေရာက္ခဲ့ရာ အေနာက္ႏိုင္ငံ မ်ားက အေလးထားေစာင့္ၾကည့္ ခဲ့ရသည့္ခရီးစဥ္တစ္ ခုျဖစ္ခဲ့သည္။ အေမရိကန္ႏွင့္ယူကရိန္းႏိုင္ငံတို႔သည္ ဝန္ႀကီးခ်ဳပ္မိုဒီ၏ခရီးစဥ္အေပၚ ျပစ္တင္ေဝဖန္ခဲ့ၾကသည္။
အိႏၵိယႏိုင္ငံအေနျဖင့္ ႐ုရွားႏိုင္ငံႏွင့္ ခိုင္မာသည့္ ဆက္ဆံေရး ဆက္လက္ထားရွိျခင္းျဖင့္ အခြင့္အလမ္း ရရွိႏိုင္မည္မဟုတ္ေၾကာင္း အေမရိကန္အမ်ိဳးသား လုံၿခဳံေရးအႀကံေပးJake Sullivan က သတိေပး ေျပာဆိုခဲ့သည္။ အလားတူ အေမရိကန္ႏိုင္ငံအေနျဖင့္ အိႏၵိယႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံတို႔၏ ဆက္ဆံေရးအေပၚ စိုးရိမ္မိေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဌာန ေျပာခြင့္ရပုဂၢိဳလ္Matthew Miler ကလည္း ေျပာဆိုခဲ့သည္။ ထို႔ျပင္ အိႏၵိယႏိုင္ငံဆိုင္ရာ အေမရိ ကန္သံအမတ္ႀကီး Eric Garcetti ကလည္း အိႏၵိယ ႏိုင္ငံအေနျဖင့္ အေမရိကန္ႏိုင္ငံႏွင့္ မိတ္ေဆြျဖစ္မႈကို တန္ဖိုးတစ္စုံတစ္ရာမထားဘဲမရႏိုင္ဟု သတိေပး ေျပာဆိုခဲ့သည္။ ယူကရိန္းသမၼတ ဇဲလန္းစကီးက လည္း ကမာၻ႔အႀကီးဆုံး ဒီမိုကေရစီႏိုင္ငံတစ္ႏိုင္ငံမွ ေခါင္းေဆာင္တစ္ဦးအေနျဖင့္ သမၼတပူတင္ကို ဖက္ လဲတကင္း ေပြ႕ဖက္ႏႈတ္ဆက္ေနသည္ကို ေတြ႕ျမင္ရ သည္မွာ ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းအားထုတ္မႈအေပၚ ႀကီးမားသည့္ထိုးႏွက္ခ်က္တစ္ခုအျဖစ္ ခံစားရသည့္ အတြက္ မ်ားစြာစိတ္ပ်က္ရသည္ဟု ၎၏ တြစ္တာ စာမ်က္ႏွာတြင္ ရင္ဖြင့္ခဲ့သည္။
ဝန္ႀကီးခ်ဳပ္မိုဒီ၏႐ုရွားခရီးစဥ္သည္ အေမရိ ကန္ႏွင့္ အိႏၵိယႏိုင္ငံတို႔၏ ဆက္ဆံေရးကို ထိခိုက္ ေစႏိုင္သည္ဟု ယူဆခ်က္မ်ားလည္းရွိသည္။ သို႔ ေသာ္ ဝန္ႀကီးခ်ဳပ္မိုဒီကလည္း သူ႔တြက္ကိန္းႏွင့္သူ ရွိၿပီးျဖစ္ပါလိမ့္မည္။ ဝန္ႀကီးခ်ဳပ္မိုဒီအေနျဖင့္ အေမ ရိကန္ႏိုင္ငံႏွင့္ဆက္ဆံေရးတြင္ ႏွစ္အေတာ္ၾကာ အ ေတြ႕အႀကဳံရရွိၿပီးခ်ိန္တြင္ ႐ုရွားႏိုင္ငံႏွင့္ ဆက္ဆံေရး ကိုလည္း ဆက္လက္ထိန္းသိမ္းရန္အတြက္ ေမာ္စကို သို႔ သြားေရာက္ခဲ့ျခင္းျဖစ္ပုံရသည္။ ဝန္ႀကီးခ်ဳပ္မိုဒီ သည္ လြန္ခဲ့သည့္ဆယ္စုႏွစ္ တစ္စုေက်ာ္ကာလ အတြင္း ႐ုရွားႏိုင္ငံသို႔(၆)ႀကိမ္သြား ေရာက္ခဲ့ဖူးသကဲ့ သို႔ သမၼတပူတင္ႏွင့္ အနည္းဆုံး (၁၇)ႀကိမ္ ေတြ႕ဆုံခဲ့ ဖူးသည္။ အေနာက္ႏိုင္ငံမ်ားထဲတြင္ အိႏၵိယႏိုင္ငံ၏ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ဟု ဆိုရမည့္ အေမရိကန္ႏိုင္ငံသည္ ဝန္ႀကီးခ်ဳပ္မိုဒီကို သမၼတပူတင္အေပၚ ၎၏ ဩဇာကိုအသုံးခ်ၿပီး ယူကရိန္းကိုတိုက္ခိုက္မႈ အဆုံးသတ္ရန္ ဖိအားေပးေစလိုပုံရသည္။ ဝန္ႀကီး ခ်ဳပ္မိုဒီအေနျဖင့္ ႐ုရွားကိုဖိအားေပးရာတြင္ လုံေလာက္သည့္အားစိုက္ထုတ္မႈမရွိဟု အေနာက္ႏိုင္ငံ မ်ားက ယုံၾကည္ေနၾကသည္။
ေလ့လာသူမ်ား၏အဆိုအရ အိႏၵိယႏိုင္ငံသည္ ၎က်င့္သုံးေနသည့္ ႏိုင္ငံစုံဆက္ဆံေရးကို ဆက္ လက္ကိုင္စြဲႏိုင္စြမ္းရွိေၾကာင္း ျပသလိုျခင္းျဖစ္သကဲ့သို႔ လာမည့္ ႏိုဝင္ဘာေ႐ြးေကာက္ပြဲတြင္ သမၼတေဟာင္း ေဒၚနယ္ထရမ့္ ျပန္လည္အႏိုင္ရရွိလာၿပီး ႐ုရွားအေပၚ ထားရွိသည့္သေဘာထားမွာလည္း ေပ်ာ့ေပ်ာင္းလာ လိမ့္မည္ဟု တြက္ဆထားပုံရသည္။ ဝန္ႀကီးခ်ဳပ္မိုဒီ သည္ သမၼတေဟာင္း ေဒၚနယ္ထရမ့္ကို ကြၽႏု္ပ္၏ မိတ္ေဆြဟုပင္ေခၚဆိုခဲ့ဖူးသည္။ ေခတ္စကားႏွင့္ဆိုရ လွ်င္ ဝန္ႀကီးခ်ဳပ္မိုဒီသည္ သမၼတေဟာင္း ေဒၚနယ္ ထရမ့္ႏွင့္ ရင္ဘတ္ခ်င္းနီးသည္ဟု ဆိုရမည္ျဖစ္သည္။
သမၼတေဟာင္း ေဒၚနယ္ထရမ့္သည္ မၾကာေသး မီရက္ပိုင္းအတြင္းက ေသနတ္သမားတစ္ဦး၏ ပစ္ ခတ္လုပ္ႀကံျခင္းခံခဲ့ရၿပီး ၎၏နား႐ြက္ကို ရွပ္၍ထိ မွန္ခဲ့သည္။ အဆိုပါလုပ္ႀကံမႈႏွင့္ပတ္သက္၍ ကမာၻ႔သတင္းမီဒီယာမ်ားတြင္ အေရးတယူေဖာ္ျပခဲ့သည္။ ယင္းတိုက္ခိုက္မႈႏွင့္ပတ္သက္၍ ျပစ္တင္ရႈတ္ခ် ေၾကာင္း ဝန္ႀကီးခ်ဳပ္မိုဒီက ၎၏တြစ္တာ စာမ်က္ႏွာ တြင္ေဖာ္ျပခဲ့သည္။ ေခါင္းေဆာင္ႏွစ္ဦးတို႔သည္ လြန္ ခဲ့သည့္ႏွစ္အနည္းငယ္အတြင္းက ပူးတြဲေဆာင္႐ြက္ သည့္ public events မ်ားကို ပူးတြဲ က်င္းပခဲ့ၾကဖူးသည္။ ဝန္ႀကီးခ်ဳပ္မိုဒီအစိုးရအေနျဖင့္ ႏိုဝင္ဘာေ႐ြးေကာက္ပြဲအၿပီးတြင္ သမၼတေဟာင္း ေဒၚနယ္ထရမ့္ အာဏာျပန္ရလာလိမ့္မည္ဟု ယုံၾကည္မႈျမင့္မားေန ျခင္းျဖစ္သည္ဟု အိႏၵိယအစိုးရအရာရွိတစ္ဦးကလည္းေျပာသည္။ ေသနတ္ပစ္ခံရၿပီးေနာက္ သမၼတ ေဟာင္းေဒၚနယ္ထရမ့္၏ပုံရိပ္မွာလည္း ပိုမိုျမင့္တက္ လာခဲ့သည္။ မ်က္ႏွာတြင္ ေသြး စြန္းေနသည့္အခ်ိန္ မွာပင္ ေလထဲတြင္ လက္သီးဆုပ္ျပခဲ့ျခင္းသည္ပင္ ၎ကို လူထုေထာက္ခံမႈ ပိုမိုျမင့္တက္ေစခဲ့သည္ဟု စစ္တမ္းအခ်ိဳ႕ကဆိုသည္။
ေလ့လာသူမ်ား၏အဆိုအရ သမၼတေဟာင္း ေဒၚနယ္ထရမ့္ တစ္ေက်ာ့ျပန္သမၼတျဖစ္လာခဲ့ပါက ႐ုရွားကိုအေၾကာင္းျပဳၿပီး အိႏၵိယႏိုင္ငံအေပၚေပးေန သည့္ဖိအားမ်ား ေလ်ာ့က်လာႏိုင္သည္ဟုဆိုသည္။ ေဒၚနယ္ထရမ့္ တစ္ေက်ာ့ျပန္သမၼတျဖစ္လာပါက ႐ုရွား-အိႏၵိယ ဆက္ဆံေရးအေပၚ အာ႐ုံစိုက္ေနမည္ မဟုတ္ဟု Albany တကၠသိုလ္မွ ႏိုင္ငံေရးသိပၸံ တြဲဖက္ပါေမာကၡတစ္ဦးျဖစ္သူ Christopher Clary က သုံးသပ္သည္။ ေဒၚနယ္ထရမ့္၏ ပထမသက္တမ္း ကာလကလည္း အေမရိကန္၏ၿပိဳင္ဘက္ တ႐ုတ္ႏိုင္ငံ အေပၚတြင္သာ မဟာဗ်ဴဟာေျမာက္ အာ႐ုံစိုက္ခဲ့ျခင္း ျဖစ္သည္။ အိႏၵိယႏိုင္ငံကလည္း တ႐ုတ္ႏိုင္ငံကို မူအားျဖင့္ ၿခိမ္းေျခာက္မႈအျဖစ္ ယူဆထားသည္။
ေသခ်ာသည္မွာ အိႏၵိယ-႐ုရွား ဆက္ဆံေရး သည္ ရွည္လ်ားသည့္သမိုင္းေၾကာင္းရွိထားၿပီးျဖစ္ သည္။ အိႏၵိယႏိုင္ငံသည္ စစ္ေအးခတ္ကာလအ ေတာအတြင္း ဆိုဗီယက္ျပည္ေထာင္စုေခတ္ကတည္း က ႐ုရွားႏွင့္ဆက္ဆံေရးရွိခဲ့ျခင္းျဖစ္သည္။ ႐ုရွားႏိုင္ငံ ကလည္း အိႏၵိယႏိုင္ငံႏွင့္ဆက္ဆံေရးကို ပိုေနၿမဲက်ား ေနၿမဲအတိုင္း ဆက္လက္ထိန္းသိမ္းထားခဲ့သည္။ သမိုင္းေၾကာင္းကို ျပန္ၾကည့္မည္ဆိုပါကလည္း ႐ုရွား ႏိုင္ငံသည္ အိႏၵိယႏိုင္ငံအတြက္ လက္နက္ႏွင့္အျခား ကာကြယ္ေရးပစၥည္းမ်ား အဓိက ေထာက္ပံ့ေပးသည့္ ႏိုင္ငံျဖစ္သည္။ အထူးသျဖင့္ MIG ႏွင့္Sukhoi ဖိုက္တာဂ်က္ေလယာဥ္မွ S-400 မစ္ဆိုင္းဖ်က္ ကာကြယ္ေရးစနစ္မ်ားအထိ အိႏၵိယႏိုင္ငံကို ေရာင္း ခ်ေပးခဲ့သည္။ အိႏၵိယႏိုင္ငံသည္ ႐ုရွား-ယူကရိန္း စစ္ပြဲ စတင္ခ်ိန္ကတည္းက ႐ုရွား ေရနံမ်ားကို သိသိ သာသာ တိုးျမႇင့္ဝယ္ယူခဲ့သည္။ အိႏၵိယႏိုင္ငံသည္ ယခုအခါ ႐ုရွားႏိုင္ငံ၏ ေရနံအမ်ားဆုံးဝယ္ယူသည့္ ႏိုင္ငံလည္းျဖစ္သည္။ ထိုသို႔ေသာ ေရနံဝယ္ယူမႈမ်ား ေၾကာင့္ အိႏၵိယ-႐ုရွား စုစုေပါင္း ကုန္သြယ္မႈပမာဏ မွာလည္း လြန္ခဲ့သည့္ ႏွစ္အနည္းငယ္အတြင္းတြင္ (၁၀) ဘီလ်ံသာရွိခဲ့ရာမွ ယခုအခါ (၆၃) ဘီလ်ံအထိ ခုန္တက္သြားခဲ့ၿပီ ျဖစ္သည္။
ထိုသို႔ေသာ ေရနံဝယ္ယူမႈမ်ားေၾကာင့္ အေနာက္ ႏိုင္ငံမ်ား၏ ဖိအားႏွင့္ေဝဖန္မႈမ်ားကို ေတြ႕ႀကဳံခဲ့ရ သည္။ အိႏၵိယႏိုင္ငံ၏ ေရနံဝယ္ယူမႈေၾကာင့္ ရရွိသည့္ ဘ႑ာေရးအရင္းအျမစ္သည္ ႐ုရွားအတြက္ အ ေထာက္အပံ့ျဖစ္ေစသည္ဟု စြပ္စြဲေျပာဆိုခဲ့ၾကသည္။ အိႏၵိယႏိုင္ငံကမူ ေဝဖန္စြပ္စြဲမႈကိုပယ္ခ်ခဲ့ၿပီး ႐ုရွား ေရနံမ်ားဝယ္ယူျခင္းေၾကာင့္ ကမာၻ႔ေရနံေဈးႏႈန္းကို ပင္ တည္ၿငိမ္ေစသည္ဟုတုံ႔ျပန္ခဲ့သည္။ အိႏၵိယႏိုင္ ငံအေနျဖင့္ မိမိႏိုင္ငံ၏အမ်ိဳးသားအက်ိဳးစီးပြားႏွင့္ လြတ္လပ္သည့္ ႏိုင္ငံျခားေရးမူဝါဒကို ခ်မွတ္က်င့္သုံး ေနျခင္းျဖစ္သည္ဟုလည္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ဝန္ႀကီးခ်ဳပ္မိုဒီ၏ ႐ုရွားခရီးစဥ္မွာ ယူကရိန္းသမၼတ ဇဲလန္းစကီး ေနတိုးထိပ္သီးအစည္းအေဝးတက္ ေရာက္ရန္ အေမရိကန္ႏိုင္ငံသို႔ မသြားေရာက္မီ တစ္ရက္အလိုတြင္ သြားေရာက္ခဲ့ျခင္းျဖစ္သည္။ ဝန္ႀကီးခ်ဳပ္မိုဒီ၏ခရီးစဥ္ အခ်ိန္ေ႐ြးခ်ယ္မႈမွာ ဇဲလန္စကီးကို သူရဲေကာင္းတစ္ဦးသဖြယ္ဆက္ဆံသည့္ အေမရိကန္ႏိုင္ငံအတြက္ ကသိကေအာက္ျဖစ္ေစမွာ ေသခ်ာသည္။
အိႏၵိယ-အေမရိကန္ဆက္ဆံေရးမွာ အေျခခံ အားျဖင့္ ခိုင္မာမႈရွိၿပီးျဖစ္ရာ ဝန္ႀကီးခ်ဳပ္မိုဒီ၏ ႐ုရွား ခရီးစဥ္ေၾကာင့္ ခိုင္မာၿပီး ဆက္ဆံေရးအေပၚ ထိခိုက္ မႈမရွိႏိုင္ဟု Christopher Clary က ယူဆသည္။ အိႏၵိယႏိုင္ငံသည္ ၂၀၂၄ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ွ်ေကိ ထိပ္သီးအစည္းအေဝးကို လက္ခံက်င္းပမည့္ အလားအလာရွိသည္ဟု အမည္မေဖာ္လိုသည့္ အိႏၵိယအစိုးရ အရာရွိတစ္ဦးကေျပာဆိုသည္။ တ႐ုတ္ ႏိုင္ငံသည္ ဩစေၾတးလ်၊ အိႏၵိယ၊ ဂ်ပန္ႏွင့္ အေမရိ ကန္ႏိုင္ငံတို႔ ပါဝင္ဖြဲ႕စည္းထားသည့္ Quad အဖြဲ႕ကို ၎၏႐ုန္းထမႈအတြက္ ၿခိမ္းေျခာက္မႈအျဖစ္ရႈျမင္သည္။
ဝန္ႀကီးခ်ဳပ္ မိုဒီသည္ ေမာ္စကိုသို႔ သြားေရာက္ခဲ့သည့္ခရီးစဥ္အတြင္း ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္၍ သမၼတပူတင္ကို က႑ေကာစလုပ္ရန္ အစီအစဥ္မရွိခဲ့ ေပ။ ထိုသို႔ျပဳလုပ္မည့္အစား ႏွစ္ႏိုင္ငံၾကား ရွိရင္းစြဲ မဟာဗ်ဴဟာေျမာက္ စီးပြားေရးဆက္ဆံမႈကို ပိုမိုခိုင္ မာေစရန္သာရည္႐ြယ္ခဲ့ပုံရသည္။ တစ္နည္းအားျဖင့္ အိႏၵိယေခါင္းေဆာင္၏ ႐ုရွားႏွင့္ ထိေတြ႕ဆက္ဆံမႈ တစ္စိတ္တစ္ပိုင္းမွာ ေဒသတြင္းၿပိဳင္ဘက္ တ႐ုတ္ ႏိုင္ငံအေပၚ ႐ုရွားႏိုင္ငံ၏ မွီခိုမႈကိုေလွ်ာ့ခ်ရန္ ႀကိဳး ပမ္းျခင္းလည္းျဖစ္ႏိုင္သည္။ အျခားတစ္ဖက္တြင္ လည္း ဝန္ႀကီးခ်ဳပ္မိုဒီသည္ အေရွ႕ႏွင့္အေနာက္ၾကား ခက္ခဲသည့္အေျခအေနတစ္ရပ္တြင္ သတိႀကီးစြာ ထားၿပီး ရပ္တည္ႏိုင္ရန္ ႀကိဳးပမ္းေနျခင္းလည္းျဖစ္ သည္။ ဝန္ႀကီးခ်ဳပ္မိုဒီအေနျဖင့္ တတိယသက္တမ္း ကာလ၏ ပထမဆုံးႏိုင္ငံေတာ္အဆင့္ခရီးစဥ္အျဖစ္ ႐ုရွားႏိုင္ငံသို႔သြားေရာက္ခဲ့ျခင္းမွာ ႐ုရွားႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးအေပၚ အေလးထားေၾကာင္း ျပသလိုက္ျခင္းလည္း ျဖစ္သည္။
ဝန္ႀကီးခ်ဳပ္မိုဒီသည္ ၂၀၂၃ ခုႏွစ္ ဇြန္လတြင္ အေမရိကန္သို႔သြားေရာက္ခဲ့ၿပီး သမၼတ ဂ်ိဳးဘိုင္ဒန္ ႏွင့္ေတြ႕ဆုံခဲ့သည္။ ေခါင္းေဆာင္ႏွစ္ဦးတို႔သည္ ကာ ကြယ္ေရး၊ ကုန္သြယ္ေရးႏွင့္ နည္းပညာဆိုင္ရာ မိတ္ ဖက္အျဖစ္ ပူးေပါင္းေဆာင္႐ြက္ရန္ အေလးအနက္ ေဆြးေႏြးခဲ့ၾကသည္။ ထို႔ျပင္ ေဒသတြင္းတြင္ တ႐ုတ္ ႏိုင္ငံ၏ ဩဇာႀကီးမားလာမႈႏွင့္ပတ္သက္၍လည္း ထပ္တူစိုးရိမ္မႈရွိေၾကာင္း အေလးအနက္ေျပာဆိုခဲ့ ၾကသည္။ အိႏၵိယႏိုင္ငံသည္ ယူကရိန္းကို တိုက္ခိုက္ ခဲ့ျခင္းႏွင့္ပတ္သက္၍ ႐ုရွားအေပၚ ျပစ္တင္ရႈတ္ခ်ရန္ ျငင္းဆန္ခဲ့သကဲ့သို႔ ကုလသမဂၢတြင္လည္း ယူကရိန္း အေရးႏွင့္ပတ္သက္သည့္ ဆုံးျဖတ္ခ်က္အားလုံးကို လည္း လက္ေရွာင္ေနခဲ့သည္။ ဝန္ႀကီးခ်ဳပ္မိုဒီသည္ ႐ုရွား-ယူကရိန္း ပဋိပကၡႏွင့္ပတ္သက္၍ ညင္သာ ေပ်ာ့ေပ်ာင္းစြာခ်ဥ္းကပ္သည့္နည္းလမ္းကိုသာ ေ႐ြး ခ်ယ္ခဲ့သည္။ ယေန႔ေခတ္သည္ စစ္ေရးနည္းလမ္းျဖင့္ ေျဖရွင္းရမည့္ေခတ္မဟုတ္ေတာ့ေၾကာင္း ၂၀၂၂ ခုႏွစ္က ဥဇဘက္ကစၥတန္ႏိုင္ငံတြင္က်င္းပသည့္ ေဒသတြင္း ထိပ္သီးအစည္းအေဝး ေဘးပန္းအစည္း အေဝးတစ္ခုတြင္ သမၼတပူတင္ကိုေျပာဆိုခဲ့ဖူးသည္။ အိႏၵိယႏိုင္ငံအေနျဖင့္ စြမ္းအင္က႑ႏွင့္ အရပ္ဘက္ သုံး န်ဴကလီးယားက႑အတြက္ ႐ုရွားႏိုင္ငံႏွင့္ပူး ေပါင္းေဆာင္႐ြက္ရန္ အေရးႀကီးသည္။ သို႔ျဖစ္ရာ ဝန္ႀကီးခ်ဳပ္မိုဒီသည္ ဒီမိုကေရစီႏိုင္ငံႀကီးဆိုသည့္ ဂုဏ္သိကၡာအရ သမၼတပူတင္ကို လူၾကားေကာင္း႐ုံ ေဖ်ာင္းျဖေျပာဆိုမႈသာ ေျပာဆိုမည္ျဖစ္ေသာ္လည္း လက္ေတြ႕တြင္မူ ႐ုရွားကဲ့သို႔ေသာႏိုင္ငံႏွင့္ ကင္းကြာ ႏိုင္မည္မဟုတ္ပါ။
အိႏၵိယႏိုင္ငံအေနျဖင့္ အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံမ်ားကို ဆန႔္က်င္မည္မဟုတ္သကဲ့သို႔ အေနာက္မဟုတ္သည့္ ႐ုရွားႏိုင္ငံႏွင့္လည္း ဆက္ဆံ ေရး တိုးျမႇင့္ႏိုင္မည့္နည္းလမ္းကို ရွာေဖြေနမည္သာ ျဖစ္သည္။ အိႏၵိယႏွင့္ ႐ုရွားၾကားဆက္ဆံေရးမွာ သမိုင္းေၾကာင္းႏွင့္ခ်ီ၍ ရွိလာခဲ့သည့္ ဆက္ဆံေရးမ်ိဳး ျဖစ္သည္။ ဝန္ႀကီးခ်ဳပ္မိုဒီအေနျဖင့္ ႐ုရွားသို႔သြား ေရာက္ၿပီး သမၼတပူတင္ႏွင့္ေတြ႕ဆုံခဲ့ျခင္းမွာ စစ္ ေအးေခတ္ကာလကတည္းက ရွိခဲ့ၿပီးျဖစ္သည့္ မဟာ ဗ်ဴဟာေျမာက္ဆက္ဆံေရးအထိုင္အတိုင္း ဆက္ သြားေနျခင္းသာျဖစ္သည္။ အေမရိကန္ႏွင့္ အေနာက္ ႏိုင္ငံမ်ားအေနျဖင့္ ယူကရိန္းအေရးႏွင့္ပတ္သက္၍ ႐ုရွားကိုတန္ျပန္ရာတြင္ အိႏၵိယႏိုင္ငံကို မဟာမိတ္ တစ္ႏိုင္ငံအျဖစ္ပါဝင္လာေစရန္ ႀကိဳးပမ္းျခင္းမွာ ေရေပၚတြင္အ႐ုပ္ေရးသကဲ့သို႔ အရာထင္လာႏိုင္ဖြယ္ မရွိေၾကာင္း ဝန္ႀကီးခ်ဳပ္မိုဒီ၏ ႐ုရွားခရီးစဥ္က အထင္အရွား သက္ေသျပလိုက္ျခင္းပင္ ျဖစ္သည္။