ဒေါ်နယ်ထရမ့် သမ္မတအဖြစ်ပြန်လည်ရွေးခံရမယ်ဆိုရင် နျူကလီးယားဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ မြောက်ကိုရီးယားအစိုးရ မျက်စိကျနေဟုဆို
595
Pika (NP News) - သြဂုတ် ၁
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် ရွေးချယ်ခံရပြီး စေ့စပ်ညှိနှိုင်းရေး ဗျူဟာသစ်တစ်ရပ်ကို လုပ်ဆောင်ခဲ့မယ်ဆိုရင် မြောက်ကိုရီးယားက အမေရိကန် နဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ကို ပြန်လည်လုပ်ဆောင်လိုနေတယ်လို့ တောင်ကိုရီးယားကိုထွက်ပြေးခဲ့တဲ့မြောက်ကိုရီးယား အကြီးတန်းသံတမန် တစ်ဦးက ပြောကြားခဲ့ပါတယ်။
ကျူးဘားနိုင်ငံကနေ မြောက်ကိုရီးယားသံတမန် Ri Il Gyuရဲ့ ထွက်ပြေးလွတ်မြောက်မှုဟာ ပြီးခဲ့တဲ့လက ကမ္ဘာတစ်ဝှမ်းမှာ ကြီးမားတဲ့သတင်းခေါင်းစဉ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ Ri Il Gyu ဟာ ၂၀၁၆ ခုနှစ်ကတည်းက တောင်ကိုရီးယားဘက်ကို ထွက်ပြေးသွားခဲ့တဲ့ အဆင့်အမြင့်ဆုံး မြောက်ကိုရီးယား သံတမန် ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားဟာ ရုရှား၊ အမေရိကန် နဲ့ ဂျပန်တို့ကို ယခုနှစ်နဲ့ လာမယ့်နှစ်တွေအတွက် နိုင်ငံခြားရေး မူဝါဒဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့ Ri Il Gyu က နိုင်ငံတကာမီဒီယာတွေနဲ့ ပထမဆုံးအင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ရုရှားနဲ့ဆက်ဆံရေးတွေကို မြှင့်တင်နေတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ဒေါ်နယ်ထရမ့်က လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတအဖြစ် ပြန်လည်အရွေးခံခဲ့ရမယ်ဆိုရင် အမေရိကန် နဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ပြန်လည်လုပ်ဆောင်လိုနေတယ်လို့ ၎င်းက ပြောခဲ့ပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားသံတမန်တွေဟာ ၎င်းတို့ရဲ့လက်နက်အစီအစဉ်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းဖို့ ရည်ရွယ်ချက်နဲ့အတူ နျူကလီးယားဆွေးနွေးပွဲတွေ ပြန်လည်လုပ်ဆောင်ဖို့အတွက် မဟာဗျူဟာ တစ်ရပ်ကို ရေးဆွဲနေတယ်လို့ Ri Il Gyu က ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ ၂၀၁၉ ခုနှစ်က ဗီယက်နမ်မှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးဟာ ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး ပြိုပျက်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Zawgyi Version;
ေဒၚနယ္ထရမ့္ သမၼတအျဖစ္ျပန္လည္ေ႐ြးခံရမယ္ဆိုရင္ န်ဴကလီးယားေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔ ေျမာက္ကိုရီးယားအစိုးရ မ်က္စိက်ေနဟုဆို
Pika (NP News) - ၾသဂုတ္ ၁
အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္က သမၼတအျဖစ္ ေ႐ြးခ်ယ္ခံရၿပီး ေစ့စပ္ညႇိႏႈိင္းေရး ဗ်ဴဟာသစ္တစ္ရပ္ကို လုပ္ေဆာင္ခဲ့မယ္ဆိုရင္ ေျမာက္ကိုရီးယားက အေမရိကန္ နဲ႔ န်ဴကလီးယားေဆြးေႏြးပြဲေတြ ကို ျပန္လည္လုပ္ေဆာင္လိုေနတယ္လို႔ ေတာင္ကိုရီးယားကိုထြက္ေျပးခဲ့တဲ့ေျမာက္ကိုရီးယား အႀကီးတန္းသံတမန္ တစ္ဦးက ေျပာၾကားခဲ့ပါတယ္။
က်ဴးဘားႏိုင္ငံကေန ေျမာက္ကိုရီးယားသံတမန္ Ri Il Gyuရဲ႕ ထြက္ေျပးလြတ္ေျမာက္မႈဟာ ၿပီးခဲ့တဲ့လက ကမာၻတစ္ဝွမ္းမွာ ႀကီးမားတဲ့သတင္းေခါင္းစဥ္ျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။ Ri Il Gyu ဟာ ၂၀၁၆ ခုႏွစ္ကတည္းက ေတာင္ကိုရီးယားဘက္ကို ထြက္ေျပးသြားခဲ့တဲ့ အဆင့္အျမင့္ဆုံး ေျမာက္ကိုရီးယား သံတမန္ ျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ေျမာက္ကိုရီးယားဟာ ႐ုရွား၊ အေမရိကန္ နဲ႔ ဂ်ပန္တို႔ကို ယခုႏွစ္နဲ႔ လာမယ့္ႏွစ္ေတြအတြက္ ႏိုင္ငံျခားေရး မူဝါဒဦးစားေပးအျဖစ္ သတ္မွတ္ထားတယ္လို႔ Ri Il Gyu က ႏိုင္ငံတကာမီဒီယာေတြနဲ႔ ပထမဆုံးအင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။ ႐ုရွားနဲ႔ဆက္ဆံေရးေတြကို ျမႇင့္တင္ေနတဲ့ ေျမာက္ကိုရီးယားႏိုင္ငံဟာ ေဒၚနယ္ထရမ့္က လာမယ့္အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ သမၼတအျဖစ္ ျပန္လည္အေ႐ြးခံခဲ့ရမယ္ဆိုရင္ အေမရိကန္ နဲ႔ န်ဴကလီးယားေဆြးေႏြးပြဲေတြ ျပန္လည္လုပ္ေဆာင္လိုေနတယ္လို႔ ၎က ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေျမာက္ကိုရီးယားသံတမန္ေတြဟာ ၎တို႔ရဲ႕လက္နက္အစီအစဥ္ေတြအေပၚ ပိတ္ဆို႔အေရးယူမႈေတြ ႐ုတ္သိမ္းဖို႔ ရည္႐ြယ္ခ်က္နဲ႔အတူ န်ဴကလီးယားေဆြးေႏြးပြဲေတြ ျပန္လည္လုပ္ေဆာင္ဖို႔အတြက္ မဟာဗ်ဴဟာ တစ္ရပ္ကို ေရးဆြဲေနတယ္လို႔ Ri Il Gyu က ေျပာၾကားခဲ့ပါတယ္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းနဲ႔ ေဒၚနယ္ထရမ့္တို႔ရဲ႕ ၂၀၁၉ ခုႏွစ္က ဗီယက္နမ္မွာ က်င္းပခဲ့တဲ့ ထိပ္သီးအစည္းအေဝးဟာ ပိတ္ဆို႔အေရးယူမႈေတြနဲ႔ပတ္သက္ၿပီး ၿပိဳပ်က္သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။