မော်စကိုက အစ္စရေးသည် နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေသည်ဟု စွပ်စွဲထား

 715

ALynn (NP News) - ဩဂုတ် ၁

ဘေရွတ်မြို့ကို အစ္စရေးက ယခုသီတင်းပတ်အတွင်း ဗုံးကြဲတိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေ၏ အခြေခံစည်းမျဉ်းများကို ချိုးဖောက်ပြီး အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ ဖြစ်ပွားစေမည့် အန္တရာယ်များရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၃၁ ရက်) တွင် ပြောကြားခဲ့သည်။

အစောပိုင်းတွင် အစ္စရေးသည် လက်ဘနွန်မြို့တော်ရှိ ဟစ်ဇ်ဘိုလာ တပ်မှူးတစ်ဦးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ တိုက်ခိုက်မှုသည် ဘေရွတ်မြို့၏ အကြီးဆုံးဆေးရုံများအနီးရှိ လူနေရပ်ကွက်တစ်ခုကို ထိမှန်ခဲ့ကြောင်း ဝန်ကြီးဌာန၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Andrey Nastasyin က မော်စကိုတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ တိုက်ပွဲတွင် အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးအပါအဝင် လူအများအပြား သေဆုံးခဲ့ပြီး ဆေးရုံသည် ဆိုးရွားစွာ ပျက်စီးခဲ့ပြီး လူ (၈၀)ကျော် ဒဏ်ရာရခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစ္စရေး၏ လုပ်ရပ်များသည် လက်ဘနွန်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာဥပဒေ၏ အခြေခံ စံနှုန်းများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းမှလွဲ၍ ဘာမှမဟုတ်ကြောင်း လက်ထောက်ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်သည် ဒေသတွင်း တင်းမာမှုများ ပိုမိုဖြစ်ပွားလာ နိုင်ကြောင်း ၎င်းက သတိပေးခဲ့ပြီး တိုက်ခိုက်မှုအပြီးတွင် ထိန်းထိန်းသိမ်းသိမ်းပြုကြရန် နှစ်ဖက် စလုံးအား တိုက်တွန်းခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ရုရှားနိုင်ငံသားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သံတမန်၏ ပြောကြားချက်အရ သိရသည်။ လက်ဘနွန်သို့ ခရီးသွားခြင်းကို ရှောင်ရှားကြရန် ရုရှားနိုင်ငံသားများအား နှိုးဆော်ထားသည်။

ဟစ်ဇ်ဘိုလာအဖွဲ့က ဘောလုံးကွင်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ရပ်တွင် လူ (၁၂)ဦး သေဆုံးခဲ့သည်။ အစ္စရေးတွင် ဟစ်ဇ်ဘိုလာအဖွဲ့၏ ယင်း တိုက်ခိုက်မှုသည် “မျဉ်းနီကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုက တာဝန်မရှိကြောင်း ငြင်းဆိုသော်လည်း အစ္စရေး၏ တိုက်ခိုက်မှုကို တုံ့ပြန်သွားမည်ဟု သတိပေးခဲ့သည်။

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့သည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကြားတွင် လအတော်ကြာ ဒုံးကျည်နှင့် ဒရုန်းများ အပြန်အလှန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အစ္စရေးနှင့် လက်ဘနွန်အခြေစိုက်အဖွဲ့တို့ကြား တင်းမာမှုများ မြင့်တက်စေခဲ့သည်။ နယ်စပ် ဖြတ်ကျော်တိုက်ခိုက်မှုများကြောင့် နယ်စပ်နှစ်ဘက်ရှိ လူ ၂၀၀,၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။

zawgyi version
ေမာ္စကိုက အစၥေရးသည္ ႏိုင္ငံတကာဥပေဒကို ျပင္းျပင္းထန္ထန္ခ်ိဳးေဖာက္ေနသည္ဟု စြပ္စြဲထား
ALynn (NP News) - ဩဂုတ္ ၁

ေဘ႐ြတ္ၿမိဳ႕ကို အစၥေရးက ယခုသီတင္းပတ္အတြင္း ဗုံးႀကဲတိုက္ခိုက္ျခင္းသည္ ႏိုင္ငံတကာဥပေဒ၏ အေျခခံစည္းမ်ဥ္းမ်ားကို ခ်ိဳးေဖာက္ၿပီး အေရွ႕အလယ္ပိုင္းတြင္ ပဋိပကၡမ်ား ျဖစ္ပြားေစမည့္ အႏၲရာယ္မ်ားရွိေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဗုဒၶဟူးေန႔ (ဇူလိုင္လ ၃၁ ရက္) တြင္ ေျပာၾကားခဲ့သည္။

အေစာပိုင္းတြင္ အစၥေရးသည္ လက္ဘႏြန္ၿမိဳ႕ေတာ္ရွိ ဟစ္ဇ္ဘိုလာ တပ္မႉးတစ္ဦးကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း အတည္ျပဳခဲ့သည္။ တိုက္ခိုက္မႈသည္ ေဘ႐ြတ္ၿမိဳ႕၏ အႀကီးဆုံးေဆး႐ုံမ်ားအနီးရွိ လူေနရပ္ကြက္တစ္ခုကို ထိမွန္ခဲ့ေၾကာင္း ဝန္ႀကီးဌာန၏ လက္ေထာက္ေျပာေရးဆိုခြင့္ရွိသူ Andrey Nastasyin က ေမာ္စကိုတြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲအတြင္း သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။ တိုက္ပြဲတြင္ အမ်ိဳးသမီးတစ္ဦးႏွင့္ ကေလးႏွစ္ဦးအပါအဝင္ လူအမ်ားအျပား ေသဆုံးခဲ့ၿပီး ေဆး႐ုံသည္ ဆိုး႐ြားစြာ ပ်က္စီးခဲ့ၿပီး လူ (၈၀)ေက်ာ္ ဒဏ္ရာရခဲ့ေၾကာင္း ၎က ေျပာၾကားခဲ့သည္။

အစၥေရး၏ လုပ္ရပ္မ်ားသည္ လက္ဘႏြန္၏ အခ်ဳပ္အျခာအာဏာႏွင့္ ႏိုင္ငံတကာဥပေဒ၏ အေျခခံ စံႏႈန္းမ်ားကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္ျခင္းမွလြဲ၍ ဘာမွမဟုတ္ေၾကာင္း လက္ေထာက္ေျပာေရး ဆိုခြင့္ရွိသူက ေျပာၾကားခဲ့သည္။ ယင္းျဖစ္ရပ္သည္ ေဒသတြင္း တင္းမာမႈမ်ား ပိုမိုျဖစ္ပြားလာ ႏိုင္ေၾကာင္း ၎က သတိေပးခဲ့ၿပီး တိုက္ခိုက္မႈအၿပီးတြင္ ထိန္းထိန္းသိမ္းသိမ္းျပဳၾကရန္ ႏွစ္ဖက္ စလုံးအား တိုက္တြန္းခဲ့သည္။ အဆိုပါ တိုက္ခိုက္မႈအတြင္း ႐ုရွားႏိုင္ငံသားမ်ား ထိခိုက္ဒဏ္ရာရရွိမႈမရွိေၾကာင္း သံတမန္၏ ေျပာၾကားခ်က္အရ သိရသည္။ လက္ဘႏြန္သို႔ ခရီးသြားျခင္းကို ေရွာင္ရွားၾကရန္ ႐ုရွားႏိုင္ငံသားမ်ားအား ႏႈိးေဆာ္ထားသည္။

ဟစ္ဇ္ဘိုလာအဖြဲ႕က ေဘာလုံးကြင္းကို ဒုံးက်ည္ျဖင့္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ရပ္တြင္ လူ (၁၂)ဦး ေသဆုံးခဲ့သည္။ အစၥေရးတြင္ ဟစ္ဇ္ဘိုလာအဖြဲ႕၏ ယင္း တိုက္ခိုက္မႈသည္ “မ်ဥ္းနီကို ေက်ာ္ျဖတ္ခဲ့ျခင္းျဖစ္သည္”ဟုလည္း ၎က ေျပာၾကားခဲ့သည္။ လက္ဘႏြန္အေျခစိုက္ ဟစ္ဇ္ဘိုလာအုပ္စုက တာဝန္မရွိေၾကာင္း ျငင္းဆိုေသာ္လည္း အစၥေရး၏ တိုက္ခိုက္မႈကို တုံ႔ျပန္သြားမည္ဟု သတိေပးခဲ့သည္။

အစၥေရးႏွင့္ ဟစ္ဇ္ဘိုလာတို႔သည္ ဂါဇာကမ္းေျမာင္ေဒသတြင္ အစၥေရး၏ စစ္ေရးလႈပ္ရွားမႈမ်ားၾကားတြင္ လအေတာ္ၾကာ ဒုံးက်ည္ႏွင့္ ဒ႐ုန္းမ်ား အျပန္အလွန္ ပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့ျခင္းေၾကာင့္ အစၥေရးႏွင့္ လက္ဘႏြန္အေျခစိုက္အဖြဲ႕တို႔ၾကား တင္းမာမႈမ်ား ျမင့္တက္ေစခဲ့သည္။ နယ္စပ္ ျဖတ္ေက်ာ္တိုက္ခိုက္မႈမ်ားေၾကာင့္ နယ္စပ္ႏွစ္ဘက္ရွိ လူ ၂၀၀,၀၀၀ နီးပါးကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းခဲ့ရသည္။

Related news

© 2021. All rights reserved.