ရုပ်ရှင်နဲ့ ရုပ်ရှင်လောကသားတွေ ပြည်သူ့အတွက် ဖြစ်ခဲ့သလား . . . (အပိုင်း - ၂)(အင်တာဗျူး)
2568
ယွန်း (NP News) - ဩဂုတ် ၂
မေး- ကျွန်တော်တို့နားလည်တာက ဒီမြေဒီရေဒီအသိုင်းအဝိုင်းမှာစားသောက်ပြီး ကြီးပြင်းလာတဲ့သူ တွေက အသိုင်းအဝိုင်း ပျက်လိုရာပျက်စီးကြောင်းလုပ်တာ မကောင်းတဲ့လုပ်ရပ်လို့ ဗုဒ္ဓကလည်း သင်ပြထား ပြီးသား။ ရုပ်ရှင်လောကသားက ရုပ်ရှင်နဲ့ထမင်းစားပြီး ရုပ်ရှင်လောကသားအချင်းချင်း ပြန်လည်တိုက်ခိုက် ပြောဆိုနေတာတွေက မကောင်းတဲ့လုပ်ရပ်လို့ ကျွန် တော်ကတော့ နားလည်ထားတယ်။ ပြည်တွင်းမှာကျန် နေခဲ့တဲ့သူတွေနဲ့ အဖွဲ့အစည်းတွေ ကမပြောကြတဲ့အခါကျတော့ သူတို့ပြောတာ မှန်တယ်လို့ တချို့သူတွေ က ထင်သလိုဖြစ်လာတယ်။ ရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာရှင်တွေက စုပေါင်းပြီးတော့၊ တိုင်ပင်ပြီး တော့ အပြင်ကရန်ကို ဘယ်လို ကာကွယ်မလဲဆိုတာ မျိုး စုစည်းတိုင်ပင်တာမျိုး လုပ်လို့ရလား။
ဖြေ- အမှန်ပြောရရင် အဲဒီလိုစိတ်ကူးတော့မရှိဘူး။ ဒါပေမဲ့ တတ်နိုင်သမျှ ရုပ်ရှင်လောကသားအတွက် အကျိုးရှိအောင် အခုဆိုရင် ဒီဘက်သုံးနှစ်အတွင်းမှာပဲ ၁၀ ကြိမ်လောက်ရှိပြီ ပံ့ပိုးပေးနေတာတွေရှိတယ်။ တတ်နိုင်သလောက်ပေါ့။ ဒါမျိုးတွေလုပ်မယ်။ ပြီး တော့ လောကအတွက် အကျိုးရှိအောင်ဘာလုပ်မလဲ လုပ်သွားရင်တော့ တုံ့ပြန်စရာမလိုဘူးထင်တယ်။ တိုင်းပြည်တစ်ခု ရှိခဲ့တယ်။ မြတ်စွာဘုရားကို ခဲနဲ့ တောင်ပေါက်တာ။ ဆဲလည်းဆဲတယ်။ ညီတော် အာနန္ဒာက မခံနိုင်တော့ အရှင်ဘုရားတပည့်တော်တို့ တစ်နေရာရွှေ့ကြရင်ကောင်းမယ်ထင်တယ်ပေါ့။ မြတ်စွာဘုရားက ' အာနန္ဒာ မင်းဒီကနေရွှေ့လို့ ဟိုရောက်ရင် ဟိုကလူက ဆဲပြီးခဲနဲ့ထုရင် ဘယ်လိုလုပ်မှာလဲ'။ အာနန္ဒာက 'တစ်နေရာရွှေ့မှာပေါ့ဘုရား'တဲ့။ ဒီတော့မြတ်စွာဘုရားက 'မင်းအဲဒီလိုရွှေ့နေရင်တော့ ပြီးမှာမဟုတ်တော့ဘူး။ အဲဒီတော့ ဒီမှာဖြစ်တာ ဒီမှာပဲ ဖြေရှင်းတာကောင်းတယ်'ဆိုပြီး ပြောတယ်တဲ့။ ဘုရားရဲ့အနေအထားကလည်း ပြန်တုံ့ပြန်တာမဟုတ်ဘူး။ သူ့လမ်းသူသွားတာပေါ့။ ကျွန်တော့်ကိုအား ရချင်မှလည်းအားရမယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ပြန်တုံ့ပြန်တာထက် ကိုယ့်အလုပ်ကိုယ် မှန်မှန်ကန် ကန်ရိုးရိုးသားသားနဲ့ လုပ်ပြသွားနိုင်ရင်တော့ ကျွန် တော်လည်း လိပ်ပြာသန့်မယ်ထင်တယ်။ ဝဋ်တွေ၊ ကံတွေရှိပါတယ်။ သွားလုပ်ရင် လုပ်တဲ့သူခံရမှာပဲ လေ။ အဲဒီလိုပဲကျွန်တော်ကတော့ သဘောထားလိုက်ပါတယ်။
မေး - နောက်တစ်ခုက ဥက္ကဋ္ဌရဲ့ ဖြတ်သန်းခဲ့တဲ့ သမိုင်းတစ်လျှောက် နှစ်ပေါင်းများစွာဖြတ်သန်းပြီးပြီဆိုတော့ ၈၈ တွေရော အကုန်လုံးရှုပ်ယှက်ခတ်နေ တာပေါ့။ ရုပ်ရှင်လောကသားနဲ့ နိုင်ငံရေးအရောင်နဲ့က ဒွန်တွဲဖို့လိုအပ်သလား၊ မလိုအပ်ဘူးလားပေါ့။
ဖြေ - ၁၉၄၆ ခုနှစ် ကျွန်ခေတ်မှာပဲ ဒါကြီးကို တည်ထောင်ခဲ့တာ (ရုပ်ရှင်အစည်းအရုံး)။ ဗိုလ်ချုပ်အောင်ဆန်းရဲ့တိုက်တွန်းမှုနဲ့ပဲလုပ်လာတာ။ ၁၉၄၉- ၅၀ လောက်ကျတော့ ရန်ကုန်အစိုးရဆိုပြီးဖြစ်နေတဲ့ အချိန်တုန်းက ကျွန်တော်တို့က အစိုးရဘက်ကရပ် တည်ပေးခဲ့တယ်။ ဆိုလိုချင်တာက အစိုးရဆိုတာက နိုင်ငံတော်ကိုကိုယ်စားပြုတဲ့အစိုးရ။ အစိုးရနဲ့တော့ ကျွန်တော်တို့မတည့်လို့တော့မရဘူးထင်တယ်။ ဘယ်သူပဲဖြစ်ဖြစ် ဦးသိန်းစိန်ပဲဖြစ်ဖြစ်၊ ဒေါ်စုပဲဖြစ်ဖြစ်၊ ဦးမင်းအောင်လှိုင်ပဲဖြစ်ဖြစ် ကျွန်တော်တို့က အဆင် ပြေအောင်တော့ နေကြရလိမ့်မယ်ထင်တယ်။ ဒါကိုသွားပြီးတော့ ကန့်လန့်တိုက်လို့တော့မရဘူးထင် တယ်။ ကျွန်တော့်ဘဝမှာလည်း အရောင်မရှိခဲ့ပါဘူး။ တစ်မျိုးပြောရရင်တော့ ဒါကြီးက ရယ်စရာကြီးများဖြစ် မလားမသိဘူး။ ကိုယ်စိတ်မပါရင် မလုပ်တာများတယ်။ လူကတော့အမျိုးမျိုးပေါ့ အရောင်ဆိုးချင်တဲ့သူလည်း ရှိတယ်။ မဆိုးချင်တဲ့သူလည်းရှိတယ်။ ကျွန်တော်ကတော့ အရောင်မဆိုးတဲ့ဘက်မှာရှိပါတယ်။
မေး- ရုပ်ရှင်ဆိုတာ ကျွန်တော်တို့ ပြည်သူလူထုအ ပေါ်မှာ တော်တော်လေးလွှမ်းမိုးမှုကြီးပါတယ်။ ရုပ်ရှင် လောကသားတွေက တစ်ခုခုလုပ်လိုက်တာနဲ့ လူထုက ရောယောင်ပါတာတွေ အမြဲတမ်းဖြစ်တတ်တယ်။ ကျွန်တော်တို့ အရမ်းစိုးရိမ်တယ်။ တိုင်းပြည် တစ်ပြည်မှာ ရုပ်ရှင်အနုပညာလောကသားတွေက ထိပ်ဆုံးကနေ ပါနေတော့ သူတို့တွေရဲ့ အတွေးမှန်၊ လမ်းမှန်နဲ့ လူထုကိုဦးဆောင်တာ ဖြစ်ဖို့လိုအပ်တယ် ဆိုတာ အမြဲမြင်တယ်။ ဥက္ကဋ္ဌအနေနဲ့ကကော အဲဒီ ကိစ္စကို ဘယ်လိုမျိုးမှတ်ချက်ပြုချင်လဲ။
ဖြေ- သူတို့ပြောတာကိုယုံပြီးတော့ မှားခဲ့တာတွေ လည်းရှိတယ်။ မှားတာမှ သနားစရာကောင်းလောက် အောင်မှားခဲ့တာပေါ့။ CDM ကိစ္စတွေဆိုရင်လည်း စိတ်မကောင်းစရာကိစ္စတွေ အများကြီးပေါ့။ ဒါက တော့ ကိုယ်တိုင်က ကိုယ့်စိတ်နဲ့ဆုံးမပြီးတော့ နေတတ်ကြဖို့တော့လိုတယ်ထင်တယ်။ စောစောက ပြောသလို ဘာသာရေးကိုင်းရှိုင်းဖို့နဲ့ ဘာသာရေး အပေါ် ယုံကြည်မှုနဲ့ဆိုရင်တော့ သူ့ဟာသူ ထိန်းသွား လိမ့်မယ်ထင်တာပဲ။ ဘာသာတရားမှာလည်း ဒါပဲ ပြောတာပဲဗျ။ ပုံမှန်အတိုင်းပဲ ရိုးသားမှုကို အခြေခံ မယ်။ စေတနာနဲ့ နှစ် (၈၀) လောက်ရှိတဲ့ ရုပ်ရှင်အစည်း အရုံးကြီး မပျက်စီးမပြိုပျက်အောင်ထိန်းသိမ်းမယ်။ ရုပ်ရှင်လောကကိုလည်း အတတ်နိုင်ဆုံးကောင်း အောင်လုပ်သွားမယ်။
မေး- များသောအားဖြင့် ပြည်ပထွက်ပြေးတဲ့ ရုပ်ရှင် သရုပ်ဆောင်တွေကတော့ ပြောနေတာရှိတယ်။ ရုပ်ရှင်အစည်းအရုံးမှာရှိတဲ့လူတွေရော၊ နောက်တစ်ခါ ကျန်နေတဲ့ဒီမှာရှိတဲ့ ရုပ်ရှင်လောကသားတွေကို ပြည် သူဘက်မှာမရပ်တဲ့လူတွေဆိုပြီး သုံးနှုန်းတာတွေ့ရတယ်။ ပြည်သူဆိုတဲ့စကားလုံးကို လှိုင်လှိုင်သုံးတာ တွေ့ရတယ်။ ပြည်သူဆိုတာက ဘယ်ဟာက ပြည်သူ လဲ သူတို့ပြောတဲ့သူက ပြည်သူလား ပြည်တွင်းမှာကျန် ခဲ့တဲ့သူက ပြည်သူလားပေါ့။ အဲဒါကိုတော့ ရုပ်ရှင် လောကကိုဦးဆောင်သူတစ်ယောက်အနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်လဲ။
ဖြေ- ကျွန်တော်ကိုယ်တိုင်လည်းခံစားရတာရှိတယ်။ ဘာလို့လဲဆိုရင် အင်မတန်စိတ်ဝမ်းကွဲရတယ်။ ခံစား ရတယ်။ အဲဒီအတွက်လည်း ကျွန်တော်စိတ်မကောင်း ဘူး။ ဘယ်လိုပဲကိုယ်ကကောင်းအောင်လုပ်နေ လုပ် နေ သူတို့က ဓမ္မနဲ့အဓမ္မဆိုပြီးပြောကြတယ်။ ဓမ္မနဲ့ အဓမ္မက ဘာကိုလဲဆိုတော့လည်း သူတို့ပြောတာက တစ်မျိုးကြီးပဲ။ ဘာသာရေးနဲ့ယှဉ်ပြီးတော့ အနှစ်သာရရှိရှိပြောတာမျိုးမဟုတ်ဘူး။ မတရားယူတဲ့သူက အဓမ္မပေါ့ဆိုတာမျိုးလောက်နဲ့တင် ပြောသွားတာဆို တော့လည်းခက်တာပေါ့လေ။ ကျွန်တော် ဝမ်းအနည်း ဆုံးကတော့ ကျွန်တော့်ငယ်သူငယ်ချင်းတချို့က တစ် မျိုးဖြစ်သွားကြတယ်။ မြန်မာနိုင်ငံမှာ အဆုံးရှုံး အကြီးဆုံးက စိတ်ဝမ်းကွဲတာပဲ။ ဆရာတော်ကြီးပြော သလို ကျွန်တော်တို့ရဲ့သွေးကိုက ကွဲတတ်တဲ့သွေး ရှိရင် ကျွန်တော်အဲဒီသွေးတွေကို ဖောက်တောင်ထုတ် ပစ်လိုက်ချင်တယ်။ အဲဒီတော့ ပုံမှန်အတိုင်းပဲ ကျွန်တော်သွားပါမယ်။ စောစောကပြောသလို ဆဲဆဲဆိုဆို၊ ခဲနဲ့ပဲပစ်ပစ် လုပ်စရာရှိတာ လုပ်သွားရမှာပါပဲ။
မေး- ရုပ်ရှင်လောကကြီးတစ်ခုလုံးကို ပျက်စီးရာ ပျက်စီးကြောင်း လှုံ့ဆော်နေတဲ့သူတွေနဲ့ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးဘက်က ကာကွယ်ပေးမှုနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးပြင်ဆင်ထားလဲ။
ဖြေ-ကျွန်တော်က မှတ်တမ်းတွေလုပ်တယ်။ တစ်ချိန်က ရုပ်ရှင်အစည်းအရုံးဦးဆောင်မှုမှားသွားတဲ့မှတ် တမ်းတွေလည်းရှိတယ်။ နောက်တစ်ခုက ရုပ်ရှင် အစည်းအရုံးကိုပဲ သရော်ပြောင်လှောင်တဲ့ကိစ္စတွေ လည်းရှိတယ်။ ကျွန်တော့်ဆီမှာ မှတ်တမ်းတွေရှိတယ်။ နောက်တစ်ခုက အကယ်ဒမီကိစ္စတွေမှာ အကဲဖြတ်ရ တဲ့သူတွေက တော်တော်ခက်ပါတယ်။ အစ်ကိုလေး ဘိုကလေးတင့်အောင်ပြောတဲ့စကားနဲ့ပြောရင် မင်း တော်တော်မိုက်တဲ့ကောင်ကွာတဲ့။ သူများအဆဲခံရ မယ့်အလုပ် လုပ်ရလားတဲ့။ ဒါပေမဲ့ ကျွန်တော့်မှာ တာဝန်ရှိတာကိုး။ လုပ်ပေးရမယ့်တာဝန်ရှိတော့ လုပ် တာပါပဲ။ ဒါတွေလည်း ကျွန်တော် မှတ်တမ်းလုပ်ထား တယ်။ မှတ်တမ်းရှိတော့ ဘာရှိလဲဆိုတော့ ဦးကြည်စိုး ထွန်း ခင်ဗျားမသမာမှုလုပ်တယ်ဆိုရင် ချိတ်ခွာလေ။ မဲပုံးတွေရှိတယ်။ မဲပုံးတွေထဲမှာ ကျွန်တော်ရေးတာ ချည်းပဲမဟုတ်ဘူး။ အကဲဖြတ်တဲ့သူတွေရဲ့ မှတ်တမ်း တွေရှိတယ်။ အကုန်လုံး ကျွန်တော် သိမ်းထားတယ်။ ကျွန်တော်တစ်ယောက်တည်း လုပ်လို့မရဘူး။ မင်း မ တရားဘူးထင်ရင် မင်းဖွင့်လေ။ အလကားတော့ဖွင့်လို့ မရဘူး။ ရုပ်ရှင်အစည်းအရုံးကို သိန်း ၁၀ဝ ထည့်။ ငါဖွင့်ပေးမယ်။ နာမည်သိချင်သေးလား နောက်ထပ် သိန်း ၁၀ဝ ထည့် ငါပေးမယ်။ သူ့ကားမပေးလို့ ပြော လာတဲ့အခါကျရင် ကျွန်တော် တစ်ယောက်တည်းပေး တာမဟုတ်ဘူး။ ဒီမှာ ပေးတဲ့သူတွေရှိတယ်။ အဲဒီစာရင်းတွေကျွန်တော့်ဆီမှာရှိတယ်။ သိမ်းထားတယ်၊ ချိပ်ပိတ်ထားတယ်။ အကုန်လုံးကတော့ မှတ်တမ်း ထားပါတယ်။ ကျွန်တော်သည် နောင် မတွန်းလှန်တဲ့သူ ဖြစ်ရင်ဖြစ်မယ်။ သို့သော် ကျွန်တော်လိပ်ပြာသန့်တယ်။ လိပ်ပြာသန့်သန့်နဲ့ ဒီမှာလုပ်သွားမယ်။ သေတော့ လည်း လိပ်ပြာသန့်သန့်နဲ့ ကျွန်တော်သေသွားမယ်။
မေး- ဥက္ကဋ္ဌတို့ရဲ့ အတွေ့အကြုံ၊ သမ္ဘာနဲ့ အနုပညာ ရှင်တစ်ယောက်ဟာ နိုင်ငံနဲ့ပတ်သက်လာရင် ဘယ် လိုရပ်တည်ဖို့လိုအပ်သလဲ။ လူထုပေါ်မှာ အတွေးမှား၊ အမြင်မှားတွေနဲ့ ဦးဆောင်သွားရင် သူ့နောက်ပါသွား တဲ့သူက တစ်ပြုံကြီးပဲ။ အနုပညာရှင်ဆိုတာကို ဘယ် လိုမျိုးအဓိပ္ပာယ်ဖွင့်ပေးချင်လဲ။
ဖြေ- အမှန်ကတော့ ကျွန်တော်ထင်တာ အနုပညာရှင် ဖြစ်တယ်ဆိုတာ ကံပစ်ချလိုက်တာပဲဗျ။ ကျွန်တော့် စိတ်ထဲမှာ ငယ်ငယ်ကတည်းက ဒါတွေကရှိနေတယ်။ ဒါပေမဲ့ ကျွန်တော်သွားနေတဲ့လမ်းကြောင်းက အနုပ ညာလမ်းကြောင်းမဟုတ်ဘူးပေါ့။ စာမေးပွဲတွေဖြေမယ်။ အောင်မယ်။ ဘွဲ့ရတယ်။ ဘွဲ့ရတာကလည်း သတ်သတ် ဘူမိဗေဒဆိုတာ ဒါနဲ့မဆိုင်သလိုဖြစ်နေတာ။ နောက် ကျွန်တော့်စိတ်ကူးနဲ့ စာရေးဆရာဖြစ် ချင်တယ်။ သီချင်းရေးဆရာဖြစ်ချင်တယ်။ အဲဒီကနေ ရုပ်ရှင်ဒါရိုက်တာဖြစ်လာတာ။ ဘာခံယူချက်ဖြစ် လာလဲဆိုတော့ အနုပညာသည်တစ်ယောက်က အနုပညာသည်ဖြစ်လာတာနဲ့ သူရဲ့ ဆည်းပူးလာတဲ့ ပညာနဲ့ သူ့နိုင်ငံ၊ သူ့လူမျိုးကိုတော့ ထိန်းသိမ်းရလိမ့် မယ်။ ထိန်းသိမ်းတဲ့တာဝန် သူ့မှာရှိလာပြီ။ ပိုပြီးတော့ သူများထက်လည်းရှိတယ်။ ပိုပြီးရှိတယ်ဆိုတာက အများနဲ့ဆက်ဆံတဲ့သူဆိုတော့ အများကနေပြီးတော့ မှားယွင်းတာတွေရှိမှာပေါ့။ အဲဒါကို သူရဲ့အနုပညာလက်နက်လို့ပြောမှာပေါ့။ အဲဒါနဲ့ ကာကွယ်ပေးရမှာ။ ရိုးသားမှုရယ်၊ စေတနာရယ်၊ သည်းခံတဲ့စိတ်ရယ်နဲ့ နေလာခဲ့တာဟာ ဆုံးရှုံးမှုတော့မဖြစ်ဘူးထင်တယ်။ သိပ်ပြီး မကြီးကျယ်မအောင်မြင်တောင်မှ နစ်နာမှု တွေ၊ ဆုံးရှုံးမှုတွေနည်းလာတယ်ဗျ။ အဲဒီလိုတော့ ကျွန်တော်ကတော့ တွေ့လာတာပေါ့။ အခု သုံးနှစ် ကြာတဲ့အချိန်မှာ ပြန်စဉ်းစားလိုက်တော့ ကျွန်တော့် ဟာကျွန်တော်တော့ ကျေနပ်နေမိတာပေါ့နော်။ ငါတော့အမှားအယွင်းတော့ မရှိသေးဘူးဆိုတာမျိုး ပေါ့။ သူတို့ကိုသွားပြီး ကိုယ်မကြိုက်တိုင်းဟာတွေကို သွားပြီးပြောနေရင် ဒီမှာလုပ်နေတဲ့ဟာတွေ နည်း နည်းခက်သွားမှာရှိတယ်။ တစ်ခါတလေကျ တော် တော်သည်းခံရပါတယ်။ သည်းခံရတာမှ ဟိုဘက်ဒီ ဘက်၊ ဟိုနေရာဒီနေရာ တော်တော်သည်းခံရတယ်။ ဒါပေမဲ့ ဒါတွေက ကောင်းဖို့ပဲဖြစ်လာပါတယ်။ လူကဗျာ ခင်ဗျားဖြစ်ဖြစ် သေချာတာတစ်ခုရှိတယ်။ သေမှာဗျ။ အနှေးနဲ့အမြန်ပဲ။ ငါသည်မုချသေရမည်၊ ဘယ်အ ချိန်မှန်းတော့မသိဘူးပေါ့။ ကျွန်တော်ကတော့ အဲဒီအ တိုင်းတွေးပါတယ်။ အားလုံးကတော့ အဆင်ပြေရင် ကောင်းတာပဲ။ အဆင်ပြေစေချင်ပါတယ်။ ခင်ဗျား လည်း မီဒီယာသမားတစ်ယောက်ဖြစ်တော့ မီဒီယာ ကိုကောင်းစေချင်မှာပဲ။ မီဒီယာကိုထိလာရင်တော့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကာကွယ်ချင် စိတ်တော့ဖြစ်မှာပဲ။ သို့သော် ခင်ဗျားရဲ့ လေ့လာမှုအား တွေ၊ ဆင်ခြင်တုံတရားတွေကျတော့ ခင်ဗျားရဲ့ရပ် တည်ချက်က ဝုန်းခနဲဒိုင်းခနဲဖြစ်ချင်မှဖြစ်မှာပေါ့။ ခင်ဗျားထက် ကျွန်တော်က အသက်ပိုကြီးတော့ ကျွန် တော်ကပိုပျော့တာပေါ့။ စိတ်ထဲကတော့ ရှိတာပေါ့။ အညာသားဆိုတော့ပိုဆိုးတာပေါ့။ ခင်ဗျားတို့ ဧရာဝ တီသားထက်ကို အညာသားတွေက ပိုဆိုးတယ်။
မေး - ၂၁ အခင်းအကျင်းဖြစ်ပြီးတဲ့နောက်မှာ အနုပညာရှင်တွေ အရေးယူခံရမှုပြဿနာတွေလည်း ရင်ဆိုင်ခဲ့ရတာတွေ့ရတယ်။ ဒီဖြစ်စဉ်တွေပေါ်မှာ ရုပ်ရှင်အစည်းအရုံးက ဘယ်လိုကြားဝင်စေ့စပ်မှုတွေ၊ ကူညီဆောင်ရွက်တာတွေရှိခဲ့လဲ။
ဖြေ- ရှိတာက ရှိခဲ့ပါတယ်။ သရုပ်ဆောင်လင်မယား နှစ်ယောက်ဆို ကျွန်တော်တို့လုပ်ပေးလိုက်တယ်။ တကယ်တမ်းကျတော့ ရုပ်ရှင်အစည်းအရုံးအပေါ်မှာ ငဲ့တာမရှိဘူး။ ကြည့်တာမရှိဘူး။ ကြည့်နေကျဟာ တောင်မကြည့်ဘူးပေါ့။ အဲဒီတုန်းကဆို သေကောင် ပေါင်းလဲဖြစ်တယ်ဆိုလို့ ကျွန်တော်တို့မှာ လိုက်လုပ် ပေးလိုက်ရတာ။ နောက်တစ်ယောက်ကတော့ တော် တော်ဆိုးတယ်။ ဒါရိုက်တာတစ်ယောက်ပေါ့ ဒီ လောက်ဆိုခင်ဗျားသိမှာပါ။ သူလည်းအချုပ်ခံရတဲ့ အခါ သူ့ညီမတွေ၊ အစ်မတွေကလာပြောတယ်။ ကျွန်တော့်မှာလိုက်လုပ်ပေး။ ထွက်သွားတဲ့အခါကျ တော့ မြန်မာ ကားတောင်မကြည့်ပါဘူးဆိုတော့ ကျွန်တော်ဘယ် လိုခံစားရမလဲ။ ဒါမျိုးလေးတွေပေါ့ တော်တော်သည်းခံရပါတယ်။ ဆဲတာဗျ ကျွန်တော် တို့ကို ဒီအဘိုးကြီးတွေ ဘာနားမလည် ညာနားမလည် နဲ့ပေါ့။ အခု အဲဒီကောင်တွေဂျွမ်းပစ်နေပြီ။ ဆဲတဲ့ ကောင်တွေဘယ်ရောက်သွားလဲဆိုတော့ တပ်ဘက် ရောက်လာတယ်။ အံ့ဩစရာသိပ်ကောင်းတာ။
မေး- ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ တစ်ယောက်ဖြစ် လာပြီဆိုရင်(သို့မဟုတ်) အများကို ကိုယ်စားပြုတဲ့သူ ဖြစ်လာပြီဆိုရင် အဲဒီကိုယ်စားပြုမှုက မလိုအပ်တဲ့ ကိစ္စတွေမှာ ဝင်မပါရတော့ဘူး။ ဘာဖြစ်လို့လဲဆို ပုံရိပ် ကြီးလိုဖြစ်သွားတာကို။ ကိုယ့်အသင်းအဖွဲ့၊ အများ ပြည်သူအကျိုးစီးပွားနဲ့ ကိုယ်ကျိုးစီးပွား ဆိုတာရှိ တယ်။ ကိုယ်ကျိုးစီးပွားကိုရှောင်ရတယ်။ ကိုယ့်ခံစား ချက်နဲ့လုပ်လို့ရတယ်ဆိုရင် အစည်းအရုံးရဲ့ဥက္ကဋ္ဌနေ ရာကထွက်။ အဲဒီလိုဟာမျိုးတွေရှိတယ်။
ဖြေ- ခင်ဗျားလည်းဖတ်ဖူးမယ်ထင်တယ်။ ဆရာ ဇော်ဂျီ ကျွန်တော်သိပ်ကြိုက်တာ။ ဆရာဇော်ဂျီက စာပေအကဲဖြတ်မှာ ဥက္ကဋ္ဌ။ အဲဒီအချိန်မှာ သူ့ကို ဆုပေးတာ သူကမယူဘူး။ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ မယူဘူး။ ကျွန်တော်အဲဒါတွေကို အားကျတယ်။ လေးလည်းလေးစားတယ်။ နောက်တစ်ခုရှိသေးတယ် သခင်ဝတင်။ သခင်ဝတင်ဆိုတာက ရုပ်ရှင်အစည်း အရုံးမှာလည်း အကျိုးရှိပါတယ်။ ၁၉၈၀ ကျော် လောက်မှာ မဆလအစိုးရကနေပြီးတော့ ကားလေး တွေပေးတယ်။ လျှောက်ပါလို့ပြောတာ သူကမ လျှောက်ဘူး။ သူတို့က တကယ့်နိုင်ငံရေးသမား တကယ်တော်တဲ့လူကြီးတွေ။ ပေးချင်လွန်းလို့ ဟိုက လျှောက်ပါဆိုတာ မလျှောက်ဘူး။ ဘယ်လောက် ကောင်းလဲ စိတ်ဓာတ်တွေ။ အဲဒီစိတ်ဓာတ်တွေ ကျွန်တော်က အားလည်းကျတယ်။ လေးလည်းလေး စားတယ်။ ကျွန်တော်ကလည်း ဘာသာရေးမပါရင်မ ပြောတတ်သလောက်ဖြစ်နေပြီ။ ရှင်အာနန္ဒာလိုပေါ့ နော်။ ရှင်အာနန္ဒာက ဘုရားရဲ့အလုပ်အကျွေး ရဟန်း အနေနဲ့လုပ်ချင်တော့ တောင်းပါလားဆိုတော့ တောင်းလို့ရတဲ့အရာက တန်ဖိုးမရှိဘူးတဲ့။ အဲဒီ စကားက ဒီနေ့ဒီခေတ်မှာဆို သိပ်ကောင်းတာနော်။ ကျွန်တော်သိပ်သဘောကျတာပဲ။ တောင်းလို့ရတဲ့ဟာ က တန်ဖိုးမရှိဘူး။
မေး- ရုပ်ရှင်လောကသားတွေက ပြည်သူလူထုကို အကျိုးပြန်ပြုရတယ်။ ရုပ်ရှင်လောကသားတွေက ပြည်သူလူထုကို အကျိုးပြန်ပြုခဲ့ပါတယ်ဆိုတဲ့ ပြယုဂ် ကို ရုပ်ရှင်လောကသားတွေကိုမေးရင် သူတို့ ဘယ်လို ပြန်ဖြေကြမလဲ။
ဖြေ- သူတို့ဖြေမှာကတော့ ပြန်ပြီးတော့ ကျေးဇူး ပြုတယ်။ ကပြတယ်၊ ဖျော်ဖြေတယ်၊ လိုအပ်တဲ့နေရာမှာ ဝင်လုပ်ပေးတယ်။ ကျွန်တော့်သဘောပြောရရင် တော့ ကျေးဇူးဆပ်နည်းက အကောင်းဆုံးတစ်နည်းပဲရှိ တယ်။ အဲဒါကတော့ စိတ်တွေလွဲမှားအောင်မဖြစ်ဖို့ ပေါ့။ စိတ်ဓာတ်တွေမှန်ဖို့၊ စိတ်ဓာတ်တွေမြင့်လာဖို့ အဲဒါမျိုးတွေကို ကျွန်တော်တို့က လိုတယ်။ ဆိုပါတော့ မလိုအပ်ဘဲနဲ့ ဆေးလိပ်သောက်တာ ဘာလို့ထည့်မှာလဲ။ မလိုအပ်ဘဲနဲ့ ဆေးလိပ်သောက်တာ ကျွန်တော်မထည့်ဘူး။ လိုအပ်ရင်တော့ထည့်ရတာပေါ့ဗျာ။ အရက်သောက်တာမျိုး။ အဲဒါမျိုးတွေကို တောင်းလာ တဲ့အခါကျ ကျွန်တော်စိတ်ညစ်ရတယ်။ အကျိုးမဲ့တာ မျိုးတွေမပြပါနဲ့၊ မလုပ်ပါနဲ့။ ဒါပြည်သူကိုပေးဆပ်တာပဲ။ အတွေးလွဲ၊ အမြင်လွဲတွေမဖြစ်ဘဲနဲ့ အမြင်မှန် ဖြစ်အောင်လုပ်ပေးနိုင်ရင် အဲဒီလူက ရုပ်ရှင်လောက ကိုပေးဆပ်တဲ့နေရာမှာတော့ အကောင်းဆုံးပဲ။ ကား တစ်ခုပြလိုက်တယ် Entertainment ဖြစ်တယ်ဆို လည်း အကျိုးတော့ရှိတာပဲလေ။ သို့သော် တစ်ခုတော့ ကျန်စေချင်တယ်။ ဆိုပါတော့ "မွှေး"ဆိုတဲ့ရုပ်ရှင် ဇာတ်ကားဆို ကျွန်တော်ငယ်ငယ်တုန်းက ကြည့်လိုက် ရတယ်။ အဲဒီဇာတ်ကားထဲမှာဆို လူတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့နေရာမှာ ပိုင်ဆိုင်မှမ ဟုတ်ဘူး။ စွန့်လွှတ်နိုင်တာလည်း ယောကျာ်းပီသတာ ပဲ။ ခင်ဗျားကြည့်ဖူးလားတော့မသိဘူး။ Roman Holiday ဆိုတဲ့ကားဆိုရင် ဒီကားထဲကမင်းသမီးက နိုင်ငံတစ်ခုရဲ့ဥသျှောင် ဟိုကောင်က အမေရိကန်သ တင်းထောက် မမျှော်လင့်ဘဲနဲ့ နှစ်ယောက်ချစ်သွားကြ တယ်။ နောက်ဆုံးကျတော့ ကိုယ့်ဘဝမှန် ကိုယ် သိတဲ့အခါကျတော့ မင်းသမီးကလည်း သူ့ရဲ့တိုင်း ပြည်အတွက်လိုအပ်တယ်ဆိုတာသိတယ်။ အမေရိ ကန်သတင်းထောက်ကလည်း ဒီအမျိုးသမီးက သူ့ တိုင်းပြည်အတွက် သူ့ကိုလိုအပ်တယ်။ သူ့ကိုငါ အပိုင်စီးလို့မရဘူးဆိုတာ နားလည်တယ်။ အဲဒီဟာ လေးရိုက်သွားတာ ရုပ်ရှင်မှာ ဘယ်လောက်ကျေးဇူး ရှိလဲ။ ဆိုလိုတာက စွန့်လွှတ်တန်ရင်စွန့်လွှတ်ရတယ်။ ခုန"မွှေး"လိုပေါ့ဗျာ။ အဲဒီလိုကားမျိုးတွေများ ချင်တယ်။ ကိုငြိမ်းကျော်ရဲ့ဝတ္ထုတွေပေါ့။ တကယ်လူ စိတ်ရှိအောင်လုပ်ပေးတာ သူတို့က။ ကိုယ်နိုင်ရမှ မဟုတ်ဘူး။ တကယ်စာနာရမယ် ဒါမျိုးလေးတွေဖြစ် စေချင်တာ။ စိတ်ထဲမှာ စာနာသွားတယ်။ ရုပ်ရှင်ကား တစ်ကားကြည့်ရင် စိတ်ထဲမှာကောင်းသွားတယ် အဲဒီလိုဖြစ်စေချင်တာ။ Roman Holiday ဆိုတာကြည့်လိုက်ပါ ရုပ်ရှင်က ပေးတဲ့ဟာက ဒါပဲဆို တာမြင်ရလိမ့်မယ်။
မေး- အခုဆို တချို့ပရိသတ်အတော်များများ ပြောတာတွေရှိတယ်။ အခြောက်ကားတွေရိုက်ပြရင် အကုန်လုံးခြောက်ကုန်မှာပေါ့။ ပေါကား တွေကြည့်ပါ များရင်လည်း ကြာရင်လူတွေက ပေါတောတောဖြစ် လာနိုင်တယ် စသည်ဖြင့်ပေါ့။ လူတွေရဲ့စိတ်နှလုံးငြိမ်း ချမ်းအေးချမ်းအောင် စိတ်ပိုင်းကြည်နူးမှုတွေ ရသတွေခံစားရအောင် ဒါမျိုးတွေမရိုက်ဘဲနဲ့ အခြောက် ကားတွေရိုက် လူမိုက်လူရမ်းကား ကားတွေရိုက်ပြ၊ လူသတ်ကားတွေရိုက်ပြနေရင် အမြဲလိုလို ဒါချည်းပဲ ဖြစ်လာရင် ကြာလာရင် တိုင်းပြည်မှာရှိတဲ့လူတွေရဲ့ အတွေးထဲမှာ အမှန်တွေလိုထင်လာပြီး အဲဒီအတိုင်း လုပ်ကြတယ်။ အတုခိုးတာပေါ့။ အဲဒီအချိန်ကျရင် ရုပ်ရှင်က လူထုကို Entertainment ပေးတာ မဟုတ်တော့ဘဲ အဖျက်အမှောင့်စိတ်တွေဝင်အောင် လုပ်တာပဲဆိုပြီး ပြောစရာတွေဖြစ်လာတယ်။ ဥက္ကဋ္ဌအနေနဲ့ ဒီအပေါ်မှာ လောက သားတွေအားလုံးအတွက် ရော၊ ပြည်သူအတွက်ရော ဘယ်လိုမှတ်ချက်ပြောလို့ရ မလဲ။
ဖြေ- ပဟာသငရဲသွားမယ့်ကောင်တွေပဲ။ အဲဒါပဲ ကျွန်တော်ကတော့ ပြောချင်တယ်။ သိပ်ကြောက်စရာ ကောင်းတယ်။ ဂီတ၊ သဘင်၊ ရုပ်ရှင်ဆိုတာ ရည်ရွယ် ချက်မှားပြီဆိုရင် ကြောက်စရာကောင်းတယ်။ ကျွန် တော်တို့မှာလည်း တားရတာခက်တယ်။ ဘာလုပ်ပြနိုင်မလဲ။ အရှိန်အဟုန်နဲ့ခေတ်ကြီးက စီးဆင်းလာတာကြီးကို ဘယ့်နှယ်လုပ်မလဲ။ မတား နိုင်ဘူးဆိုတော့ လည်းမဖြစ်နိုင်ဘူးပေါ့။ chicken soup ထဲကလို ကြယ်ငါးတွေကို ပင်လယ်ထဲကို ပြန်ပစ်သလိုပေါ့။ အဲဒီလောက်လေးပဲ ကျွန်တော်တို့တတ်နိုင်တယ်။ ကြယ်ငါးတွေအကုန်လုံးကို ပင်လယ်ထဲရောက်အောင် တော့ ကျွန်တော်တို့မလုပ်နိုင်ဘူး။ အရှိန်အဟုန်ကြီးက ကြီးလာတာကို။ စဉ်းစားကြည့်လေ ထိုင်းမှာတောင်မှ လိင်တူလက်ထက်တယ်။ ဒါကျွန်တော်တို့ လုံးဝလက် မခံနိုင်တဲ့ဟာတွေ။
မေး- ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ကို ကျွန်တော် စကားပြောဖူးတယ်။ သူတို့ပြောတဲ့တုံ့ပြန်ချက်ရှိတယ်။ တကယ်လို့ရုပ်ရှင်ကားတစ်ကားရိုက်တဲ့အခါမှာ ပရိ သတ်မကြည့်တဲ့ကားမျိုးရိုက်မိလို့ရှိရင် သူတို့ရှုံးမယ်။ အဲဒါကြောင့် ရုပ်ရှင်အကျိုးအမြတ်ရှိအောင် စီးပွား ရေးအရ ဒါတွေရိုက်ရတာ။ မရိုက်ရင် ရပ်တည်လို့မရ ဖြစ်သွားမှာဆိုပြီးပြောတယ်။ ကျွန်တော်တို့နားလည် တာက ဒါဆိုရင် ရုပ်ရှင်က အကျိုးအမြတ်ရတဲ့နောက် ကိုပဲလိုက်မှာလား။ ဒီဘက်ကလူထုကို စိတ်နှလုံးချမ်း မြေ့အောင်မလုပ်တော့ဘူးလားဆိုတဲ့မေးခွန်းကို မေးတဲ့အခါ သူတို့ မဖြေနိုင်ကြဘူး။ ဥက္ကဋ္ဌအနေနဲ့ကော ဘယ်လို အကြံပြုချင်လဲ။
ဖြေ- ဘာသာရေးအဆုံးအမနည်းတာပါမယ်ထင် တယ်။ ဘာသာရေးအဆုံးအမရှိတယ်၊ နားလည် တယ်ဆိုရင်တော့ ကိုယ့်လုပ်ငန်းသည် သမာအာဇီဝ ဖြစ် မဖြစ် ကျွန်တော်က ပြောလို့ကောင်းမလား။ ရုပ်ရှင်လုပ်ငန်းသည် သမာအာဇီဝမဖြစ်ဘူးလို့ပြောရင် ကြိုက်ပါ့မလား။ ဒါပေမဲ့ မဖြစ်ဘူးဗျ။ ရှင်းနေတာပဲ ငရဲရောက်မယ့်ကိစ္စကြီး အဲဒါလေးတော့ဆင်ခြင်ဖို့ ကောင်းတယ်။ စိတ်ထားကောင်းအောင်ထားကြ။
မေး- လူတွေကြားထဲမှာ ပြောတဲ့အသံလေးတွေလည်း ဥက္ကဋ္ဌတို့ကြားပါလိမ့်မယ်။ အနုပညာသမားတွေ ဒီအ ခင်းအကျင်းမှာ 'ဒုက္ခတော်တော်ပေးခဲ့တဲ့ကောင်တွေ'လို့ပြောကြတယ်။ အဲဒီလို အပြောခံရတဲ့အခါ ရုပ်ရှင် လောကသားတွေထဲက တစ်ယောက်ဆိုတော့ ဘယ် လိုခံစားချက်မျိုးဖြစ်လဲ။ နောက်တစ်ခုက လောကကြီး ကို ဘယ်လိုဖြစ်စေချင်လဲ။
ဖြေ- သူတို့မှားသလိုမမှားအောင်ပေါ့။ တတ်နိုင်သလောက်ဖျောင်းဖြပေးရတာပေါ့။ ဖျောင်းဖြတဲ့အခါ ကျတော့ ကိုယ်က အဓမ္မဘက်တော်သားဖြစ်သွားတာ လည်းရှိတယ်လေ။ ဒါကိုလည်း ကြည့်နေ ရသေးတာ ပေါ့။ တချို့က ဆုံးမတာကိုနားလည်တာလည်းရှိတယ်။ တချို့က နားမလည်ဘူး။ အဲဒီအခါကျတော့ ခက်တာ ပေါ့။ မှားတာကတော့ တော်တော်မှားတာ။ တော် တော့်ကို သူများကိုဒုက္ခပေးလိုက်တာ။ နောက်တစ်ခုရှိ တယ်။ ခင်ဗျား သတိထားမိမလားမသိဘူး။ စာပေ ဟောပြောပွဲတွေလည်း ထွက်တဲ့အခါကျတော့ နောက်ပိုင်းကျတော့ စာပေဟောပြောပွဲက သိပ် ကြောက်စရာကောင်းတယ်။ ကျွန်တော် ဘယ်တော့မှ နောက်ကမတက်တော့ဘူး။ ရှေ့ကတက်ပြီး ပြေးတာ ပဲ။ ရိုးရိုးပဲပြောတယ်။ ဘာလို့လဲဆိုတော့ ဆွလုံးတွေ ရှိတယ်လေ။ ဆွလုံးတွေက တော်တော်ဆိုးတာ။ အဲဒီဆွလုံးတွေကြောင့် အခုဒုက္ခရောက်တာ။
မေး- ဥက္ကဋ္ဌတို့ အနုပညာလောကသားမပြောနဲ့ ကျွန် တော်တို့ဂျာနယ်လစ်တွေတောင် ပြည်သူလူထုရဲ့အသံတချို့ထွက်လာတယ်။ ကျွန်တော်တို့ဂျာနယ်လစ် တွေက တိုင်းပြည်ဖျက်ကောင်တွေတဲ့။ ကျွန်တော် စိတ်ထဲမကောင်းဘူး။ ဥက္ကဋ္ဌတို့ အနုပညာသမားတွေ ကိုလည်း တိုင်းပြည်ကိုဒုက္ခပေးတဲ့ကောင်တွေ၊ တိုင်း ပြည်ကိုချောက်ထဲကန်ချတဲ့ကောင်တွေဆိုပြီး အနုပ ညာရှင်တချို့ကို ခေါင်းစဉ်တပ်ပြီးတော့ ပြောကြတဲ့အ ခါ ကိုယ့်လောကသားလည်းဖြစ်တော့ ဒါကိုကြည့်ပြီး ဘယ်လိုမှတ်ချက်ပေးချင်လဲ။
ဖြေ- အကောင်းဆုံးလုပ်ဖို့ပါပဲ။ အဲဒီလိုမဖြစ်အောင် တော့လုပ်တယ်။ ကိုယ့်ဟာကိုကောင်းအောင်သွား နေတယ်။
မေး- နောက်ဆုံးတစ်ခုကတော့ ရှေ့ဆုံးမှာမေး တဲ့အတိုင်းပဲ ရုပ်ရှင်သည်ပြည်သူ့အတွက်ဆိုတော့ ဒီအခင်းအကျင်းတွေအကုန်ခြုံပြီး ကြည့်လိုက်တဲ့ အခါမှာ ရုပ်ရှင်က ပြည်သူ့အတွက် ဖြစ်ခဲ့လား။
ဖြေ- ဖျော်ဖြေရေးသက်သက်ကြည့်မယ်ဆိုရင်တော့ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေ တော် တော်စိတ်ညစ်ပြီး တော်တော်ဒုက္ခရောက်နေတဲ့ အချိန်မှာ ရုပ်ရှင်လာကြည့်တယ်ဆိုတာ သူတို့ရဲ့ စိတ်ထွက်ပေါက်လေးတစ်ခုပေါ့။ အဲဒါလေးကတော့ ရုပ်ရှင်သည်ပြည်သူ့အတွက်လို့ စွဲပြီးတော့ယူရင် တော့ရတာပေါ့။ သို့သော်လည်း ခုနကလို ပြည်သူ တွေရဲ့စိတ်ဓာတ်ပိုမိုကောင်းမွန်လာဖို့၊ ပိုပြီးတော့တိုး တက်လာဖို့ ပညာတရားနဲ့ အကြင်တရား ဒီနှစ်ခုတိုး တက်လိုက်ရင် လူ့လောကကြီးက ကောင်းတာပဲ။ အဲဒီ နှစ်ခုတိုးတက်အောင် လုပ်နိုင်ရင်ပိုကောင်းတာပေါ့။ အခုက တော့ သာမန်ဖျော်ဖြေမှုအတွက်ကတော့ ရုပ် ရှင်သည်ပြည်သူ့အတွက်ဖြစ်ပါတယ်လို့ပဲ ပြောချင် တာပေါ့။
ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ ကျေးဇူးတင်ပါတယ်။
zawgyi version
႐ုပ္ရွင္နဲ႔ ႐ုပ္ရွင္ေလာကသားေတြ ျပည္သူ႔အတြက္ ျဖစ္ခဲ့သလား . . . (အပိုင္း - ၂)(အင္တာဗ်ဴး)
ယြန္း (NP News) - ဩဂုတ္ ၂
ေမး- ကြၽန္ေတာ္တို႔နားလည္တာက ဒီေျမဒီေရဒီအသိုင္းအဝိုင္းမွာစားေသာက္ၿပီး ႀကီးျပင္းလာတဲ့သူ ေတြက အသိုင္းအဝိုင္း ပ်က္လိုရာပ်က္စီးေၾကာင္းလုပ္တာ မေကာင္းတဲ့လုပ္ရပ္လို႔ ဗုဒၶကလည္း သင္ျပထား ၿပီးသား။ ႐ုပ္ရွင္ေလာကသားက ႐ုပ္ရွင္နဲ႔ထမင္းစားၿပီး ႐ုပ္ရွင္ေလာကသားအခ်င္းခ်င္း ျပန္လည္တိုက္ခိုက္ ေျပာဆိုေနတာေတြက မေကာင္းတဲ့လုပ္ရပ္လို႔ ကြၽန္ ေတာ္ကေတာ့ နားလည္ထားတယ္။ ျပည္တြင္းမွာက်န္ ေနခဲ့တဲ့သူေတြနဲ႔ အဖြဲ႕အစည္းေတြ ကမေျပာၾကတဲ့အခါက်ေတာ့ သူတို႔ေျပာတာ မွန္တယ္လို႔ တခ်ိဳ႕သူေတြ က ထင္သလိုျဖစ္လာတယ္။ ႐ုပ္ရွင္အစည္းအ႐ုံးနဲ႔ အႏုပညာရွင္ေတြက စုေပါင္းၿပီးေတာ့၊ တိုင္ပင္ၿပီး ေတာ့ အျပင္ကရန္ကို ဘယ္လို ကာကြယ္မလဲဆိုတာ မ်ိဳး စုစည္းတိုင္ပင္တာမ်ိဳး လုပ္လို႔ရလား။
ေျဖ- အမွန္ေျပာရရင္ အဲဒီလိုစိတ္ကူးေတာ့မရွိဘူး။ ဒါေပမဲ့ တတ္ႏိုင္သမွ် ႐ုပ္ရွင္ေလာကသားအတြက္ အက်ိဳးရွိေအာင္ အခုဆိုရင္ ဒီဘက္သုံးႏွစ္အတြင္းမွာပဲ ၁၀ ႀကိမ္ေလာက္ရွိၿပီ ပံ့ပိုးေပးေနတာေတြရွိတယ္။ တတ္ႏိုင္သေလာက္ေပါ့။ ဒါမ်ိဳးေတြလုပ္မယ္။ ၿပီး ေတာ့ ေလာကအတြက္ အက်ိဳးရွိေအာင္ဘာလုပ္မလဲ လုပ္သြားရင္ေတာ့ တုံ႔ျပန္စရာမလိုဘူးထင္တယ္။ တိုင္းျပည္တစ္ခု ရွိခဲ့တယ္။ ျမတ္စြာဘုရားကို ခဲနဲ႔ ေတာင္ေပါက္တာ။ ဆဲလည္းဆဲတယ္။ ညီေတာ္ အာနႏၵာက မခံႏိုင္ေတာ့ အရွင္ဘုရားတပည့္ေတာ္တို႔ တစ္ေနရာေ႐ႊ႕ၾကရင္ေကာင္းမယ္ထင္တယ္ေပါ့။ ျမတ္စြာဘုရားက ' အာနႏၵာ မင္းဒီကေနေ႐ႊ႕လို႔ ဟိုေရာက္ရင္ ဟိုကလူက ဆဲၿပီးခဲနဲ႔ထုရင္ ဘယ္လိုလုပ္မွာလဲ'။ အာနႏၵာက 'တစ္ေနရာေ႐ႊ႕မွာေပါ့ဘုရား'တဲ့။ ဒီေတာ့ျမတ္စြာဘုရားက 'မင္းအဲဒီလိုေ႐ႊ႕ေနရင္ေတာ့ ၿပီးမွာမဟုတ္ေတာ့ဘူး။ အဲဒီေတာ့ ဒီမွာျဖစ္တာ ဒီမွာပဲ ေျဖရွင္းတာေကာင္းတယ္'ဆိုၿပီး ေျပာတယ္တဲ့။ ဘုရားရဲ႕အေနအထားကလည္း ျပန္တုံ႔ျပန္တာမဟုတ္ဘူး။ သူ႔လမ္းသူသြားတာေပါ့။ ကြၽန္ေတာ့္ကိုအား ရခ်င္မွလည္းအားရမယ္။ ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ ျပန္တုံ႔ျပန္တာထက္ ကိုယ့္အလုပ္ကိုယ္ မွန္မွန္ကန္ ကန္႐ိုး႐ိုးသားသားနဲ႔ လုပ္ျပသြားႏိုင္ရင္ေတာ့ ကြၽန္ ေတာ္လည္း လိပ္ျပာသန႔္မယ္ထင္တယ္။ ဝဋ္ေတြ၊ ကံေတြရွိပါတယ္။ သြားလုပ္ရင္ လုပ္တဲ့သူခံရမွာပဲ ေလ။ အဲဒီလိုပဲကြၽန္ေတာ္ကေတာ့ သေဘာထားလိုက္ပါတယ္။
ေမး - ေနာက္တစ္ခုက ဥကၠ႒ရဲ႕ ျဖတ္သန္းခဲ့တဲ့ သမိုင္းတစ္ေလွ်ာက္ ႏွစ္ေပါင္းမ်ားစြာျဖတ္သန္းၿပီးၿပီဆိုေတာ့ ၈၈ ေတြေရာ အကုန္လုံးရႈပ္ယွက္ခတ္ေန တာေပါ့။ ႐ုပ္ရွင္ေလာကသားနဲ႔ ႏိုင္ငံေရးအေရာင္နဲ႔က ဒြန္တြဲဖို႔လိုအပ္သလား၊ မလိုအပ္ဘူးလားေပါ့။
ေျဖ - ၁၉၄၆ ခုႏွစ္ ကြၽန္ေခတ္မွာပဲ ဒါႀကီးကို တည္ေထာင္ခဲ့တာ (႐ုပ္ရွင္အစည္းအ႐ုံး)။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕တိုက္တြန္းမႈနဲ႔ပဲလုပ္လာတာ။ ၁၉၄၉- ၅၀ ေလာက္က်ေတာ့ ရန္ကုန္အစိုးရဆိုၿပီးျဖစ္ေနတဲ့ အခ်ိန္တုန္းက ကြၽန္ေတာ္တို႔က အစိုးရဘက္ကရပ္ တည္ေပးခဲ့တယ္။ ဆိုလိုခ်င္တာက အစိုးရဆိုတာက ႏိုင္ငံေတာ္ကိုကိုယ္စားျပဳတဲ့အစိုးရ။ အစိုးရနဲ႔ေတာ့ ကြၽန္ေတာ္တို႔မတည့္လို႔ေတာ့မရဘူးထင္တယ္။ ဘယ္သူပဲျဖစ္ျဖစ္ ဦးသိန္းစိန္ပဲျဖစ္ျဖစ္၊ ေဒၚစုပဲျဖစ္ျဖစ္၊ ဦးမင္းေအာင္လႈိင္ပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔က အဆင္ ေျပေအာင္ေတာ့ ေနၾကရလိမ့္မယ္ထင္တယ္။ ဒါကိုသြားၿပီးေတာ့ ကန႔္လန႔္တိုက္လို႔ေတာ့မရဘူးထင္ တယ္။ ကြၽန္ေတာ့္ဘဝမွာလည္း အေရာင္မရွိခဲ့ပါဘူး။ တစ္မ်ိဳးေျပာရရင္ေတာ့ ဒါႀကီးက ရယ္စရာႀကီးမ်ားျဖစ္ မလားမသိဘူး။ ကိုယ္စိတ္မပါရင္ မလုပ္တာမ်ားတယ္။ လူကေတာ့အမ်ိဳးမ်ိဳးေပါ့ အေရာင္ဆိုးခ်င္တဲ့သူလည္း ရွိတယ္။ မဆိုးခ်င္တဲ့သူလည္းရွိတယ္။ ကြၽန္ေတာ္ကေတာ့ အေရာင္မဆိုးတဲ့ဘက္မွာရွိပါတယ္။
ေမး- ႐ုပ္ရွင္ဆိုတာ ကြၽန္ေတာ္တို႔ ျပည္သူလူထုအ ေပၚမွာ ေတာ္ေတာ္ေလးလႊမ္းမိုးမႈႀကီးပါတယ္။ ႐ုပ္ရွင္ ေလာကသားေတြက တစ္ခုခုလုပ္လိုက္တာနဲ႔ လူထုက ေရာေယာင္ပါတာေတြ အၿမဲတမ္းျဖစ္တတ္တယ္။ ကြၽန္ေတာ္တို႔ အရမ္းစိုးရိမ္တယ္။ တိုင္းျပည္ တစ္ျပည္မွာ ႐ုပ္ရွင္အႏုပညာေလာကသားေတြက ထိပ္ဆုံးကေန ပါေနေတာ့ သူတို႔ေတြရဲ႕ အေတြးမွန္၊ လမ္းမွန္နဲ႔ လူထုကိုဦးေဆာင္တာ ျဖစ္ဖို႔လိုအပ္တယ္ ဆိုတာ အၿမဲျမင္တယ္။ ဥကၠ႒အေနနဲ႔ကေကာ အဲဒီ ကိစၥကို ဘယ္လိုမ်ိဳးမွတ္ခ်က္ျပဳခ်င္လဲ။
ေျဖ- သူတို႔ေျပာတာကိုယုံၿပီးေတာ့ မွားခဲ့တာေတြ လည္းရွိတယ္။ မွားတာမွ သနားစရာေကာင္းေလာက္ ေအာင္မွားခဲ့တာေပါ့။ CDM ကိစၥေတြဆိုရင္လည္း စိတ္မေကာင္းစရာကိစၥေတြ အမ်ားႀကီးေပါ့။ ဒါက ေတာ့ ကိုယ္တိုင္က ကိုယ့္စိတ္နဲ႔ဆုံးမၿပီးေတာ့ ေနတတ္ၾကဖို႔ေတာ့လိုတယ္ထင္တယ္။ ေစာေစာက ေျပာသလို ဘာသာေရးကိုင္းရႈိင္းဖို႔နဲ႔ ဘာသာေရး အေပၚ ယုံၾကည္မႈနဲ႔ဆိုရင္ေတာ့ သူ႔ဟာသူ ထိန္းသြား လိမ့္မယ္ထင္တာပဲ။ ဘာသာတရားမွာလည္း ဒါပဲ ေျပာတာပဲဗ်။ ပုံမွန္အတိုင္းပဲ ႐ိုးသားမႈကို အေျခခံ မယ္။ ေစတနာနဲ႔ ႏွစ္ (၈၀) ေလာက္ရွိတဲ့ ႐ုပ္ရွင္အစည္း အ႐ုံးႀကီး မပ်က္စီးမၿပိဳပ်က္ေအာင္ထိန္းသိမ္းမယ္။ ႐ုပ္ရွင္ေလာကကိုလည္း အတတ္ႏိုင္ဆုံးေကာင္း ေအာင္လုပ္သြားမယ္။
ေမး- မ်ားေသာအားျဖင့္ ျပည္ပထြက္ေျပးတဲ့ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ေတြကေတာ့ ေျပာေနတာရွိတယ္။ ႐ုပ္ရွင္အစည္းအ႐ုံးမွာရွိတဲ့လူေတြေရာ၊ ေနာက္တစ္ခါ က်န္ေနတဲ့ဒီမွာရွိတဲ့ ႐ုပ္ရွင္ေလာကသားေတြကို ျပည္ သူဘက္မွာမရပ္တဲ့လူေတြဆိုၿပီး သုံးႏႈန္းတာေတြ႕ရတယ္။ ျပည္သူဆိုတဲ့စကားလုံးကို လႈိင္လႈိင္သုံးတာ ေတြ႕ရတယ္။ ျပည္သူဆိုတာက ဘယ္ဟာက ျပည္သူ လဲ သူတို႔ေျပာတဲ့သူက ျပည္သူလား ျပည္တြင္းမွာက်န္ ခဲ့တဲ့သူက ျပည္သူလားေပါ့။ အဲဒါကိုေတာ့ ႐ုပ္ရွင္ ေလာကကိုဦးေဆာင္သူတစ္ေယာက္အေနနဲ႔ ဘယ္လို မွတ္ခ်က္ေပးခ်င္လဲ။
ေျဖ- ကြၽန္ေတာ္ကိုယ္တိုင္လည္းခံစားရတာရွိတယ္။ ဘာလို႔လဲဆိုရင္ အင္မတန္စိတ္ဝမ္းကြဲရတယ္။ ခံစား ရတယ္။ အဲဒီအတြက္လည္း ကြၽန္ေတာ္စိတ္မေကာင္း ဘူး။ ဘယ္လိုပဲကိုယ္ကေကာင္းေအာင္လုပ္ေန လုပ္ ေန သူတို႔က ဓမၼနဲ႔အဓမၼဆိုၿပီးေျပာၾကတယ္။ ဓမၼနဲ႔ အဓမၼက ဘာကိုလဲဆိုေတာ့လည္း သူတို႔ေျပာတာက တစ္မ်ိဳးႀကီးပဲ။ ဘာသာေရးနဲ႔ယွဥ္ၿပီးေတာ့ အႏွစ္သာရရွိရွိေျပာတာမ်ိဳးမဟုတ္ဘူး။ မတရားယူတဲ့သူက အဓမၼေပါ့ဆိုတာမ်ိဳးေလာက္နဲ႔တင္ ေျပာသြားတာဆို ေတာ့လည္းခက္တာေပါ့ေလ။ ကြၽန္ေတာ္ ဝမ္းအနည္း ဆုံးကေတာ့ ကြၽန္ေတာ့္ငယ္သူငယ္ခ်င္းတခ်ိဳ႕က တစ္ မ်ိဳးျဖစ္သြားၾကတယ္။ ျမန္မာႏိုင္ငံမွာ အဆုံးရႈံး အႀကီးဆုံးက စိတ္ဝမ္းကြဲတာပဲ။ ဆရာေတာ္ႀကီးေျပာ သလို ကြၽန္ေတာ္တို႔ရဲ႕ေသြးကိုက ကြဲတတ္တဲ့ေသြး ရွိရင္ ကြၽန္ေတာ္အဲဒီေသြးေတြကို ေဖာက္ေတာင္ထုတ္ ပစ္လိုက္ခ်င္တယ္။ အဲဒီေတာ့ ပုံမွန္အတိုင္းပဲ ကြၽန္ေတာ္သြားပါမယ္။ ေစာေစာကေျပာသလို ဆဲဆဲဆိုဆို၊ ခဲနဲ႔ပဲပစ္ပစ္ လုပ္စရာရွိတာ လုပ္သြားရမွာပါပဲ။
ေမး- ႐ုပ္ရွင္ေလာကႀကီးတစ္ခုလုံးကို ပ်က္စီးရာ ပ်က္စီးေၾကာင္း လႈံ႕ေဆာ္ေနတဲ့သူေတြနဲ႔ပတ္သက္ၿပီး ႐ုပ္ရွင္အစည္းအ႐ုံးဘက္က ကာကြယ္ေပးမႈနဲ႔ ပတ္သက္ၿပီး ဘယ္လိုမ်ိဳးျပင္ဆင္ထားလဲ။
ေျဖ-ကြၽန္ေတာ္က မွတ္တမ္းေတြလုပ္တယ္။ တစ္ခ်ိန္က ႐ုပ္ရွင္အစည္းအ႐ုံးဦးေဆာင္မႈမွားသြားတဲ့မွတ္ တမ္းေတြလည္းရွိတယ္။ ေနာက္တစ္ခုက ႐ုပ္ရွင္ အစည္းအ႐ုံးကိုပဲ သေရာ္ေျပာင္ေလွာင္တဲ့ကိစၥေတြ လည္းရွိတယ္။ ကြၽန္ေတာ့္ဆီမွာ မွတ္တမ္းေတြရွိတယ္။ ေနာက္တစ္ခုက အကယ္ဒမီကိစၥေတြမွာ အကဲျဖတ္ရ တဲ့သူေတြက ေတာ္ေတာ္ခက္ပါတယ္။ အစ္ကိုေလး ဘိုကေလးတင့္ေအာင္ေျပာတဲ့စကားနဲ႔ေျပာရင္ မင္း ေတာ္ေတာ္မိုက္တဲ့ေကာင္ကြာတဲ့။ သူမ်ားအဆဲခံရ မယ့္အလုပ္ လုပ္ရလားတဲ့။ ဒါေပမဲ့ ကြၽန္ေတာ့္မွာ တာဝန္ရွိတာကိုး။ လုပ္ေပးရမယ့္တာဝန္ရွိေတာ့ လုပ္ တာပါပဲ။ ဒါေတြလည္း ကြၽန္ေတာ္ မွတ္တမ္းလုပ္ထား တယ္။ မွတ္တမ္းရွိေတာ့ ဘာရွိလဲဆိုေတာ့ ဦးၾကည္စိုး ထြန္း ခင္ဗ်ားမသမာမႈလုပ္တယ္ဆိုရင္ ခ်ိတ္ခြာေလ။ မဲပုံးေတြရွိတယ္။ မဲပုံးေတြထဲမွာ ကြၽန္ေတာ္ေရးတာ ခ်ည္းပဲမဟုတ္ဘူး။ အကဲျဖတ္တဲ့သူေတြရဲ႕ မွတ္တမ္း ေတြရွိတယ္။ အကုန္လုံး ကြၽန္ေတာ္ သိမ္းထားတယ္။ ကြၽန္ေတာ္တစ္ေယာက္တည္း လုပ္လို႔မရဘူး။ မင္း မ တရားဘူးထင္ရင္ မင္းဖြင့္ေလ။ အလကားေတာ့ဖြင့္လို႔ မရဘူး။ ႐ုပ္ရွင္အစည္းအ႐ုံးကို သိန္း ၁၀ဝ ထည့္။ ငါဖြင့္ေပးမယ္။ နာမည္သိခ်င္ေသးလား ေနာက္ထပ္ သိန္း ၁၀ဝ ထည့္ ငါေပးမယ္။ သူ႔ကားမေပးလို႔ ေျပာ လာတဲ့အခါက်ရင္ ကြၽန္ေတာ္ တစ္ေယာက္တည္းေပး တာမဟုတ္ဘူး။ ဒီမွာ ေပးတဲ့သူေတြရွိတယ္။ အဲဒီစာရင္းေတြကြၽန္ေတာ့္ဆီမွာရွိတယ္။ သိမ္းထားတယ္၊ ခ်ိပ္ပိတ္ထားတယ္။ အကုန္လုံးကေတာ့ မွတ္တမ္း ထားပါတယ္။ ကြၽန္ေတာ္သည္ ေနာင္ မတြန္းလွန္တဲ့သူ ျဖစ္ရင္ျဖစ္မယ္။ သို႔ေသာ္ ကြၽန္ေတာ္လိပ္ျပာသန႔္တယ္။ လိပ္ျပာသန႔္သန႔္နဲ႔ ဒီမွာလုပ္သြားမယ္။ ေသေတာ့ လည္း လိပ္ျပာသန႔္သန႔္နဲ႔ ကြၽန္ေတာ္ေသသြားမယ္။
ေမး- ဥကၠ႒တို႔ရဲ႕ အေတြ႕အႀကဳံ၊ သမာၻနဲ႔ အႏုပညာ ရွင္တစ္ေယာက္ဟာ ႏိုင္ငံနဲ႔ပတ္သက္လာရင္ ဘယ္ လိုရပ္တည္ဖို႔လိုအပ္သလဲ။ လူထုေပၚမွာ အေတြးမွား၊ အျမင္မွားေတြနဲ႔ ဦးေဆာင္သြားရင္ သူ႔ေနာက္ပါသြား တဲ့သူက တစ္ၿပဳံႀကီးပဲ။ အႏုပညာရွင္ဆိုတာကို ဘယ္ လိုမ်ိဳးအဓိပၸာယ္ဖြင့္ေပးခ်င္လဲ။
ေျဖ- အမွန္ကေတာ့ ကြၽန္ေတာ္ထင္တာ အႏုပညာရွင္ ျဖစ္တယ္ဆိုတာ ကံပစ္ခ်လိုက္တာပဲဗ်။ ကြၽန္ေတာ့္ စိတ္ထဲမွာ ငယ္ငယ္ကတည္းက ဒါေတြကရွိေနတယ္။ ဒါေပမဲ့ ကြၽန္ေတာ္သြားေနတဲ့လမ္းေၾကာင္းက အႏုပ ညာလမ္းေၾကာင္းမဟုတ္ဘူးေပါ့။ စာေမးပြဲေတြေျဖမယ္။ ေအာင္မယ္။ ဘြဲ႕ရတယ္။ ဘြဲ႕ရတာကလည္း သတ္သတ္ ဘူမိေဗဒဆိုတာ ဒါနဲ႔မဆိုင္သလိုျဖစ္ေနတာ။ ေနာက္ ကြၽန္ေတာ့္စိတ္ကူးနဲ႔ စာေရးဆရာျဖစ္ ခ်င္တယ္။ သီခ်င္းေရးဆရာျဖစ္ခ်င္တယ္။ အဲဒီကေန ႐ုပ္ရွင္ဒါ႐ိုက္တာျဖစ္လာတာ။ ဘာခံယူခ်က္ျဖစ္ လာလဲဆိုေတာ့ အႏုပညာသည္တစ္ေယာက္က အႏုပညာသည္ျဖစ္လာတာနဲ႔ သူရဲ႕ ဆည္းပူးလာတဲ့ ပညာနဲ႔ သူ႔ႏိုင္ငံ၊ သူ႔လူမ်ိဳးကိုေတာ့ ထိန္းသိမ္းရလိမ့္ မယ္။ ထိန္းသိမ္းတဲ့တာဝန္ သူ႔မွာရွိလာၿပီ။ ပိုၿပီးေတာ့ သူမ်ားထက္လည္းရွိတယ္။ ပိုၿပီးရွိတယ္ဆိုတာက အမ်ားနဲ႔ဆက္ဆံတဲ့သူဆိုေတာ့ အမ်ားကေနၿပီးေတာ့ မွားယြင္းတာေတြရွိမွာေပါ့။ အဲဒါကို သူရဲ႕အႏုပညာလက္နက္လို႔ေျပာမွာေပါ့။ အဲဒါနဲ႔ ကာကြယ္ေပးရမွာ။ ႐ိုးသားမႈရယ္၊ ေစတနာရယ္၊ သည္းခံတဲ့စိတ္ရယ္နဲ႔ ေနလာခဲ့တာဟာ ဆုံးရႈံးမႈေတာ့မျဖစ္ဘူးထင္တယ္။ သိပ္ၿပီး မႀကီးက်ယ္မေအာင္ျမင္ေတာင္မွ နစ္နာမႈ ေတြ၊ ဆုံးရႈံးမႈေတြနည္းလာတယ္ဗ်။ အဲဒီလိုေတာ့ ကြၽန္ေတာ္ကေတာ့ ေတြ႕လာတာေပါ့။ အခု သုံးႏွစ္ ၾကာတဲ့အခ်ိန္မွာ ျပန္စဥ္းစားလိုက္ေတာ့ ကြၽန္ေတာ့္ ဟာကြၽန္ေတာ္ေတာ့ ေက်နပ္ေနမိတာေပါ့ေနာ္။ ငါေတာ့အမွားအယြင္းေတာ့ မရွိေသးဘူးဆိုတာမ်ိဳး ေပါ့။ သူတို႔ကိုသြားၿပီး ကိုယ္မႀကိဳက္တိုင္းဟာေတြကို သြားၿပီးေျပာေနရင္ ဒီမွာလုပ္ေနတဲ့ဟာေတြ နည္း နည္းခက္သြားမွာရွိတယ္။ တစ္ခါတေလက် ေတာ္ ေတာ္သည္းခံရပါတယ္။ သည္းခံရတာမွ ဟိုဘက္ဒီ ဘက္၊ ဟိုေနရာဒီေနရာ ေတာ္ေတာ္သည္းခံရတယ္။ ဒါေပမဲ့ ဒါေတြက ေကာင္းဖို႔ပဲျဖစ္လာပါတယ္။ လူကဗ်ာ ခင္ဗ်ားျဖစ္ျဖစ္ ေသခ်ာတာတစ္ခုရွိတယ္။ ေသမွာဗ်။ အေႏွးနဲ႔အျမန္ပဲ။ ငါသည္မုခ်ေသရမည္၊ ဘယ္အ ခ်ိန္မွန္းေတာ့မသိဘူးေပါ့။ ကြၽန္ေတာ္ကေတာ့ အဲဒီအ တိုင္းေတြးပါတယ္။ အားလုံးကေတာ့ အဆင္ေျပရင္ ေကာင္းတာပဲ။ အဆင္ေျပေစခ်င္ပါတယ္။ ခင္ဗ်ား လည္း မီဒီယာသမားတစ္ေယာက္ျဖစ္ေတာ့ မီဒီယာ ကိုေကာင္းေစခ်င္မွာပဲ။ မီဒီယာကိုထိလာရင္ေတာ့ ဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ ကာကြယ္ခ်င္ စိတ္ေတာ့ျဖစ္မွာပဲ။ သို႔ေသာ္ ခင္ဗ်ားရဲ႕ ေလ့လာမႈအား ေတြ၊ ဆင္ျခင္တုံတရားေတြက်ေတာ့ ခင္ဗ်ားရဲ႕ရပ္ တည္ခ်က္က ဝုန္းခနဲဒိုင္းခနဲျဖစ္ခ်င္မွျဖစ္မွာေပါ့။ ခင္ဗ်ားထက္ ကြၽန္ေတာ္က အသက္ပိုႀကီးေတာ့ ကြၽန္ ေတာ္ကပိုေပ်ာ့တာေပါ့။ စိတ္ထဲကေတာ့ ရွိတာေပါ့။ အညာသားဆိုေတာ့ပိုဆိုးတာေပါ့။ ခင္ဗ်ားတို႔ ဧရာဝ တီသားထက္ကို အညာသားေတြက ပိုဆိုးတယ္။
ေမး - ၂၁ အခင္းအက်င္းျဖစ္ၿပီးတဲ့ေနာက္မွာ အႏုပညာရွင္ေတြ အေရးယူခံရမႈျပႆနာေတြလည္း ရင္ဆိုင္ခဲ့ရတာေတြ႕ရတယ္။ ဒီျဖစ္စဥ္ေတြေပၚမွာ ႐ုပ္ရွင္အစည္းအ႐ုံးက ဘယ္လိုၾကားဝင္ေစ့စပ္မႈေတြ၊ ကူညီေဆာင္႐ြက္တာေတြရွိခဲ့လဲ။
ေျဖ- ရွိတာက ရွိခဲ့ပါတယ္။ သ႐ုပ္ေဆာင္လင္မယား ႏွစ္ေယာက္ဆို ကြၽန္ေတာ္တို႔လုပ္ေပးလိုက္တယ္။ တကယ္တမ္းက်ေတာ့ ႐ုပ္ရွင္အစည္းအ႐ုံးအေပၚမွာ ငဲ့တာမရွိဘူး။ ၾကည့္တာမရွိဘူး။ ၾကည့္ေနက်ဟာ ေတာင္မၾကည့္ဘူးေပါ့။ အဲဒီတုန္းကဆို ေသေကာင္ ေပါင္းလဲျဖစ္တယ္ဆိုလို႔ ကြၽန္ေတာ္တို႔မွာ လိုက္လုပ္ ေပးလိုက္ရတာ။ ေနာက္တစ္ေယာက္ကေတာ့ ေတာ္ ေတာ္ဆိုးတယ္။ ဒါ႐ိုက္တာတစ္ေယာက္ေပါ့ ဒီ ေလာက္ဆိုခင္ဗ်ားသိမွာပါ။ သူလည္းအခ်ဳပ္ခံရတဲ့ အခါ သူ႔ညီမေတြ၊ အစ္မေတြကလာေျပာတယ္။ ကြၽန္ေတာ့္မွာလိုက္လုပ္ေပး။ ထြက္သြားတဲ့အခါက် ေတာ့ ျမန္မာ ကားေတာင္မၾကည့္ပါဘူးဆိုေတာ့ ကြၽန္ေတာ္ဘယ္ လိုခံစားရမလဲ။ ဒါမ်ိဳးေလးေတြေပါ့ ေတာ္ေတာ္သည္းခံရပါတယ္။ ဆဲတာဗ် ကြၽန္ေတာ္ တို႔ကို ဒီအဘိုးႀကီးေတြ ဘာနားမလည္ ညာနားမလည္ နဲ႔ေပါ့။ အခု အဲဒီေကာင္ေတြဂြၽမ္းပစ္ေနၿပီ။ ဆဲတဲ့ ေကာင္ေတြဘယ္ေရာက္သြားလဲဆိုေတာ့ တပ္ဘက္ ေရာက္လာတယ္။ အံ့ဩစရာသိပ္ေကာင္းတာ။
ေမး- ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ တစ္ေယာက္ျဖစ္ လာၿပီဆိုရင္(သို႔မဟုတ္) အမ်ားကို ကိုယ္စားျပဳတဲ့သူ ျဖစ္လာၿပီဆိုရင္ အဲဒီကိုယ္စားျပဳမႈက မလိုအပ္တဲ့ ကိစၥေတြမွာ ဝင္မပါရေတာ့ဘူး။ ဘာျဖစ္လို႔လဲဆို ပုံရိပ္ ႀကီးလိုျဖစ္သြားတာကို။ ကိုယ့္အသင္းအဖြဲ႕၊ အမ်ား ျပည္သူအက်ိဳးစီးပြားနဲ႔ ကိုယ္က်ိဳးစီးပြား ဆိုတာရွိ တယ္။ ကိုယ္က်ိဳးစီးပြားကိုေရွာင္ရတယ္။ ကိုယ့္ခံစား ခ်က္နဲ႔လုပ္လို႔ရတယ္ဆိုရင္ အစည္းအ႐ုံးရဲ႕ဥကၠ႒ေန ရာကထြက္။ အဲဒီလိုဟာမ်ိဳးေတြရွိတယ္။
ေျဖ- ခင္ဗ်ားလည္းဖတ္ဖူးမယ္ထင္တယ္။ ဆရာ ေဇာ္ဂ်ီ ကြၽန္ေတာ္သိပ္ႀကိဳက္တာ။ ဆရာေဇာ္ဂ်ီက စာေပအကဲျဖတ္မွာ ဥကၠ႒။ အဲဒီအခ်ိန္မွာ သူ႔ကို ဆုေပးတာ သူကမယူဘူး။ ဥကၠ႒ တစ္ေယာက္အေနနဲ႔ မယူဘူး။ ကြၽန္ေတာ္အဲဒါေတြကို အားက်တယ္။ ေလးလည္းေလးစားတယ္။ ေနာက္တစ္ခုရွိေသးတယ္ သခင္ဝတင္။ သခင္ဝတင္ဆိုတာက ႐ုပ္ရွင္အစည္း အ႐ုံးမွာလည္း အက်ိဳးရွိပါတယ္။ ၁၉၈၀ ေက်ာ္ ေလာက္မွာ မဆလအစိုးရကေနၿပီးေတာ့ ကားေလး ေတြေပးတယ္။ ေလွ်ာက္ပါလို႔ေျပာတာ သူကမ ေလွ်ာက္ဘူး။ သူတို႔က တကယ့္ႏိုင္ငံေရးသမား တကယ္ေတာ္တဲ့လူႀကီးေတြ။ ေပးခ်င္လြန္းလို႔ ဟိုက ေလွ်ာက္ပါဆိုတာ မေလွ်ာက္ဘူး။ ဘယ္ေလာက္ ေကာင္းလဲ စိတ္ဓာတ္ေတြ။ အဲဒီစိတ္ဓာတ္ေတြ ကြၽန္ေတာ္က အားလည္းက်တယ္။ ေလးလည္းေလး စားတယ္။ ကြၽန္ေတာ္ကလည္း ဘာသာေရးမပါရင္မ ေျပာတတ္သေလာက္ျဖစ္ေနၿပီ။ ရွင္အာနႏၵာလိုေပါ့ ေနာ္။ ရွင္အာနႏၵာက ဘုရားရဲ႕အလုပ္အေကြၽး ရဟန္း အေနနဲ႔လုပ္ခ်င္ေတာ့ ေတာင္းပါလားဆိုေတာ့ ေတာင္းလို႔ရတဲ့အရာက တန္ဖိုးမရွိဘူးတဲ့။ အဲဒီ စကားက ဒီေန႔ဒီေခတ္မွာဆို သိပ္ေကာင္းတာေနာ္။ ကြၽန္ေတာ္သိပ္သေဘာက်တာပဲ။ ေတာင္းလို႔ရတဲ့ဟာ က တန္ဖိုးမရွိဘူး။
ေမး- ႐ုပ္ရွင္ေလာကသားေတြက ျပည္သူလူထုကို အက်ိဳးျပန္ျပဳရတယ္။ ႐ုပ္ရွင္ေလာကသားေတြက ျပည္သူလူထုကို အက်ိဳးျပန္ျပဳခဲ့ပါတယ္ဆိုတဲ့ ျပယုဂ္ ကို ႐ုပ္ရွင္ေလာကသားေတြကိုေမးရင္ သူတို႔ ဘယ္လို ျပန္ေျဖၾကမလဲ။
ေျဖ- သူတို႔ေျဖမွာကေတာ့ ျပန္ၿပီးေတာ့ ေက်းဇူး ျပဳတယ္။ ကျပတယ္၊ ေဖ်ာ္ေျဖတယ္၊ လိုအပ္တဲ့ေနရာမွာ ဝင္လုပ္ေပးတယ္။ ကြၽန္ေတာ့္သေဘာေျပာရရင္ ေတာ့ ေက်းဇူးဆပ္နည္းက အေကာင္းဆုံးတစ္နည္းပဲရွိ တယ္။ အဲဒါကေတာ့ စိတ္ေတြလြဲမွားေအာင္မျဖစ္ဖို႔ ေပါ့။ စိတ္ဓာတ္ေတြမွန္ဖို႔၊ စိတ္ဓာတ္ေတြျမင့္လာဖို႔ အဲဒါမ်ိဳးေတြကို ကြၽန္ေတာ္တို႔က လိုတယ္။ ဆိုပါေတာ့ မလိုအပ္ဘဲနဲ႔ ေဆးလိပ္ေသာက္တာ ဘာလို႔ထည့္မွာလဲ။ မလိုအပ္ဘဲနဲ႔ ေဆးလိပ္ေသာက္တာ ကြၽန္ေတာ္မထည့္ဘူး။ လိုအပ္ရင္ေတာ့ထည့္ရတာေပါ့ဗ်ာ။ အရက္ေသာက္တာမ်ိဳး။ အဲဒါမ်ိဳးေတြကို ေတာင္းလာ တဲ့အခါက် ကြၽန္ေတာ္စိတ္ညစ္ရတယ္။ အက်ိဳးမဲ့တာ မ်ိဳးေတြမျပပါနဲ႔၊ မလုပ္ပါနဲ႔။ ဒါျပည္သူကိုေပးဆပ္တာပဲ။ အေတြးလြဲ၊ အျမင္လြဲေတြမျဖစ္ဘဲနဲ႔ အျမင္မွန္ ျဖစ္ေအာင္လုပ္ေပးႏိုင္ရင္ အဲဒီလူက ႐ုပ္ရွင္ေလာက ကိုေပးဆပ္တဲ့ေနရာမွာေတာ့ အေကာင္းဆုံးပဲ။ ကား တစ္ခုျပလိုက္တယ္ Entertainment ျဖစ္တယ္ဆို လည္း အက်ိဳးေတာ့ရွိတာပဲေလ။ သို႔ေသာ္ တစ္ခုေတာ့ က်န္ေစခ်င္တယ္။ ဆိုပါေတာ့ "ေမႊး"ဆိုတဲ့႐ုပ္ရွင္ ဇာတ္ကားဆို ကြၽန္ေတာ္ငယ္ငယ္တုန္းက ၾကည့္လိုက္ ရတယ္။ အဲဒီဇာတ္ကားထဲမွာဆို လူတစ္ေယာက္က မိန္းမတစ္ေယာက္ကို ခ်စ္တဲ့ေနရာမွာ ပိုင္ဆိုင္မွမ ဟုတ္ဘူး။ စြန႔္လႊတ္ႏိုင္တာလည္း ေယာက်ာ္းပီသတာ ပဲ။ ခင္ဗ်ားၾကည့္ဖူးလားေတာ့မသိဘူး။ Roman Holiday ဆိုတဲ့ကားဆိုရင္ ဒီကားထဲကမင္းသမီးက ႏိုင္ငံတစ္ခုရဲ႕ဥေသွ်ာင္ ဟိုေကာင္က အေမရိကန္သ တင္းေထာက္ မေမွ်ာ္လင့္ဘဲနဲ႔ ႏွစ္ေယာက္ခ်စ္သြားၾက တယ္။ ေနာက္ဆုံးက်ေတာ့ ကိုယ့္ဘဝမွန္ ကိုယ္ သိတဲ့အခါက်ေတာ့ မင္းသမီးကလည္း သူ႔ရဲ႕တိုင္း ျပည္အတြက္လိုအပ္တယ္ဆိုတာသိတယ္။ အေမရိ ကန္သတင္းေထာက္ကလည္း ဒီအမ်ိဳးသမီးက သူ႔ တိုင္းျပည္အတြက္ သူ႔ကိုလိုအပ္တယ္။ သူ႔ကိုငါ အပိုင္စီးလို႔မရဘူးဆိုတာ နားလည္တယ္။ အဲဒီဟာ ေလး႐ိုက္သြားတာ ႐ုပ္ရွင္မွာ ဘယ္ေလာက္ေက်းဇူး ရွိလဲ။ ဆိုလိုတာက စြန႔္လႊတ္တန္ရင္စြန႔္လႊတ္ရတယ္။ ခုန"ေမႊး"လိုေပါ့ဗ်ာ။ အဲဒီလိုကားမ်ိဳးေတြမ်ား ခ်င္တယ္။ ကိုၿငိမ္းေက်ာ္ရဲ႕ဝတၳဳေတြေပါ့။ တကယ္လူ စိတ္ရွိေအာင္လုပ္ေပးတာ သူတို႔က။ ကိုယ္ႏိုင္ရမွ မဟုတ္ဘူး။ တကယ္စာနာရမယ္ ဒါမ်ိဳးေလးေတြျဖစ္ ေစခ်င္တာ။ စိတ္ထဲမွာ စာနာသြားတယ္။ ႐ုပ္ရွင္ကား တစ္ကားၾကည့္ရင္ စိတ္ထဲမွာေကာင္းသြားတယ္ အဲဒီလိုျဖစ္ေစခ်င္တာ။ Roman Holiday ဆိုတာၾကည့္လိုက္ပါ ႐ုပ္ရွင္က ေပးတဲ့ဟာက ဒါပဲဆို တာျမင္ရလိမ့္မယ္။
ေမး- အခုဆို တခ်ိဳ႕ပရိသတ္အေတာ္မ်ားမ်ား ေျပာတာေတြရွိတယ္။ အေျခာက္ကားေတြ႐ိုက္ျပရင္ အကုန္လုံးေျခာက္ကုန္မွာေပါ့။ ေပါကား ေတြၾကည့္ပါ မ်ားရင္လည္း ၾကာရင္လူေတြက ေပါေတာေတာျဖစ္ လာႏိုင္တယ္ စသည္ျဖင့္ေပါ့။ လူေတြရဲ႕စိတ္ႏွလုံးၿငိမ္း ခ်မ္းေအးခ်မ္းေအာင္ စိတ္ပိုင္းၾကည္ႏူးမႈေတြ ရသေတြခံစားရေအာင္ ဒါမ်ိဳးေတြမ႐ိုက္ဘဲနဲ႔ အေျခာက္ ကားေတြ႐ိုက္ လူမိုက္လူရမ္းကား ကားေတြ႐ိုက္ျပ၊ လူသတ္ကားေတြ႐ိုက္ျပေနရင္ အၿမဲလိုလို ဒါခ်ည္းပဲ ျဖစ္လာရင္ ၾကာလာရင္ တိုင္းျပည္မွာရွိတဲ့လူေတြရဲ႕ အေတြးထဲမွာ အမွန္ေတြလိုထင္လာၿပီး အဲဒီအတိုင္း လုပ္ၾကတယ္။ အတုခိုးတာေပါ့။ အဲဒီအခ်ိန္က်ရင္ ႐ုပ္ရွင္က လူထုကို Entertainment ေပးတာ မဟုတ္ေတာ့ဘဲ အဖ်က္အေမွာင့္စိတ္ေတြဝင္ေအာင္ လုပ္တာပဲဆိုၿပီး ေျပာစရာေတြျဖစ္လာတယ္။ ဥကၠ႒အေနနဲ႔ ဒီအေပၚမွာ ေလာက သားေတြအားလုံးအတြက္ ေရာ၊ ျပည္သူအတြက္ေရာ ဘယ္လိုမွတ္ခ်က္ေျပာလို႔ရ မလဲ။
ေျဖ- ပဟာသငရဲသြားမယ့္ေကာင္ေတြပဲ။ အဲဒါပဲ ကြၽန္ေတာ္ကေတာ့ ေျပာခ်င္တယ္။ သိပ္ေၾကာက္စရာ ေကာင္းတယ္။ ဂီတ၊ သဘင္၊ ႐ုပ္ရွင္ဆိုတာ ရည္႐ြယ္ ခ်က္မွားၿပီဆိုရင္ ေၾကာက္စရာေကာင္းတယ္။ ကြၽန္ ေတာ္တို႔မွာလည္း တားရတာခက္တယ္။ ဘာလုပ္ျပႏိုင္မလဲ။ အရွိန္အဟုန္နဲ႔ေခတ္ႀကီးက စီးဆင္းလာတာႀကီးကို ဘယ့္ႏွယ္လုပ္မလဲ။ မတား ႏိုင္ဘူးဆိုေတာ့ လည္းမျဖစ္ႏိုင္ဘူးေပါ့။ chicken soup ထဲကလို ၾကယ္ငါးေတြကို ပင္လယ္ထဲကို ျပန္ပစ္သလိုေပါ့။ အဲဒီေလာက္ေလးပဲ ကြၽန္ေတာ္တို႔တတ္ႏိုင္တယ္။ ၾကယ္ငါးေတြအကုန္လုံးကို ပင္လယ္ထဲေရာက္ေအာင္ ေတာ့ ကြၽန္ေတာ္တို႔မလုပ္ႏိုင္ဘူး။ အရွိန္အဟုန္ႀကီးက ႀကီးလာတာကို။ စဥ္းစားၾကည့္ေလ ထိုင္းမွာေတာင္မွ လိင္တူလက္ထက္တယ္။ ဒါကြၽန္ေတာ္တို႔ လုံးဝလက္ မခံႏိုင္တဲ့ဟာေတြ။
ေမး- ႐ုပ္ရွင္ထုတ္လုပ္သူတစ္ေယာက္ကို ကြၽန္ေတာ္ စကားေျပာဖူးတယ္။ သူတို႔ေျပာတဲ့တုံ႔ျပန္ခ်က္ရွိတယ္။ တကယ္လို႔႐ုပ္ရွင္ကားတစ္ကား႐ိုက္တဲ့အခါမွာ ပရိ သတ္မၾကည့္တဲ့ကားမ်ိဳး႐ိုက္မိလို႔ရွိရင္ သူတို႔ရႈံးမယ္။ အဲဒါေၾကာင့္ ႐ုပ္ရွင္အက်ိဳးအျမတ္ရွိေအာင္ စီးပြား ေရးအရ ဒါေတြ႐ိုက္ရတာ။ မ႐ိုက္ရင္ ရပ္တည္လို႔မရ ျဖစ္သြားမွာဆိုၿပီးေျပာတယ္။ ကြၽန္ေတာ္တို႔နားလည္ တာက ဒါဆိုရင္ ႐ုပ္ရွင္က အက်ိဳးအျမတ္ရတဲ့ေနာက္ ကိုပဲလိုက္မွာလား။ ဒီဘက္ကလူထုကို စိတ္ႏွလုံးခ်မ္း ေျမ့ေအာင္မလုပ္ေတာ့ဘူးလားဆိုတဲ့ေမးခြန္းကို ေမးတဲ့အခါ သူတို႔ မေျဖႏိုင္ၾကဘူး။ ဥကၠ႒အေနနဲ႔ေကာ ဘယ္လို အႀကံျပဳခ်င္လဲ။
ေျဖ- ဘာသာေရးအဆုံးအမနည္းတာပါမယ္ထင္ တယ္။ ဘာသာေရးအဆုံးအမရွိတယ္၊ နားလည္ တယ္ဆိုရင္ေတာ့ ကိုယ့္လုပ္ငန္းသည္ သမာအာဇီဝ ျဖစ္ မျဖစ္ ကြၽန္ေတာ္က ေျပာလို႔ေကာင္းမလား။ ႐ုပ္ရွင္လုပ္ငန္းသည္ သမာအာဇီဝမျဖစ္ဘူးလို႔ေျပာရင္ ႀကိဳက္ပါ့မလား။ ဒါေပမဲ့ မျဖစ္ဘူးဗ်။ ရွင္းေနတာပဲ ငရဲေရာက္မယ့္ကိစၥႀကီး အဲဒါေလးေတာ့ဆင္ျခင္ဖို႔ ေကာင္းတယ္။ စိတ္ထားေကာင္းေအာင္ထားၾက။
ေမး- လူေတြၾကားထဲမွာ ေျပာတဲ့အသံေလးေတြလည္း ဥကၠ႒တို႔ၾကားပါလိမ့္မယ္။ အႏုပညာသမားေတြ ဒီအ ခင္းအက်င္းမွာ 'ဒုကၡေတာ္ေတာ္ေပးခဲ့တဲ့ေကာင္ေတြ'လို႔ေျပာၾကတယ္။ အဲဒီလို အေျပာခံရတဲ့အခါ ႐ုပ္ရွင္ ေလာကသားေတြထဲက တစ္ေယာက္ဆိုေတာ့ ဘယ္ လိုခံစားခ်က္မ်ိဳးျဖစ္လဲ။ ေနာက္တစ္ခုက ေလာကႀကီး ကို ဘယ္လိုျဖစ္ေစခ်င္လဲ။
ေျဖ- သူတို႔မွားသလိုမမွားေအာင္ေပါ့။ တတ္ႏိုင္သေလာက္ေဖ်ာင္းျဖေပးရတာေပါ့။ ေဖ်ာင္းျဖတဲ့အခါ က်ေတာ့ ကိုယ္က အဓမၼဘက္ေတာ္သားျဖစ္သြားတာ လည္းရွိတယ္ေလ။ ဒါကိုလည္း ၾကည့္ေန ရေသးတာ ေပါ့။ တခ်ိဳ႕က ဆုံးမတာကိုနားလည္တာလည္းရွိတယ္။ တခ်ိဳ႕က နားမလည္ဘူး။ အဲဒီအခါက်ေတာ့ ခက္တာ ေပါ့။ မွားတာကေတာ့ ေတာ္ေတာ္မွားတာ။ ေတာ္ ေတာ့္ကို သူမ်ားကိုဒုကၡေပးလိုက္တာ။ ေနာက္တစ္ခုရွိ တယ္။ ခင္ဗ်ား သတိထားမိမလားမသိဘူး။ စာေပ ေဟာေျပာပြဲေတြလည္း ထြက္တဲ့အခါက်ေတာ့ ေနာက္ပိုင္းက်ေတာ့ စာေပေဟာေျပာပြဲက သိပ္ ေၾကာက္စရာေကာင္းတယ္။ ကြၽန္ေတာ္ ဘယ္ေတာ့မွ ေနာက္ကမတက္ေတာ့ဘူး။ ေရွ႕ကတက္ၿပီး ေျပးတာ ပဲ။ ႐ိုး႐ိုးပဲေျပာတယ္။ ဘာလို႔လဲဆိုေတာ့ ဆြလုံးေတြ ရွိတယ္ေလ။ ဆြလုံးေတြက ေတာ္ေတာ္ဆိုးတာ။ အဲဒီဆြလုံးေတြေၾကာင့္ အခုဒုကၡေရာက္တာ။
ေမး- ဥကၠ႒တို႔ အႏုပညာေလာကသားမေျပာနဲ႔ ကြၽန္ ေတာ္တို႔ဂ်ာနယ္လစ္ေတြေတာင္ ျပည္သူလူထုရဲ႕အသံတခ်ိဳ႕ထြက္လာတယ္။ ကြၽန္ေတာ္တို႔ဂ်ာနယ္လစ္ ေတြက တိုင္းျပည္ဖ်က္ေကာင္ေတြတဲ့။ ကြၽန္ေတာ္ စိတ္ထဲမေကာင္းဘူး။ ဥကၠ႒တို႔ အႏုပညာသမားေတြ ကိုလည္း တိုင္းျပည္ကိုဒုကၡေပးတဲ့ေကာင္ေတြ၊ တိုင္း ျပည္ကိုေခ်ာက္ထဲကန္ခ်တဲ့ေကာင္ေတြဆိုၿပီး အႏုပ ညာရွင္တခ်ိဳ႕ကို ေခါင္းစဥ္တပ္ၿပီးေတာ့ ေျပာၾကတဲ့အ ခါ ကိုယ့္ေလာကသားလည္းျဖစ္ေတာ့ ဒါကိုၾကည့္ၿပီး ဘယ္လိုမွတ္ခ်က္ေပးခ်င္လဲ။
ေျဖ- အေကာင္းဆုံးလုပ္ဖို႔ပါပဲ။ အဲဒီလိုမျဖစ္ေအာင္ ေတာ့လုပ္တယ္။ ကိုယ့္ဟာကိုေကာင္းေအာင္သြား ေနတယ္။
ေမး- ေနာက္ဆုံးတစ္ခုကေတာ့ ေရွ႕ဆုံးမွာေမး တဲ့အတိုင္းပဲ ႐ုပ္ရွင္သည္ျပည္သူ႔အတြက္ဆိုေတာ့ ဒီအခင္းအက်င္းေတြအကုန္ၿခဳံၿပီး ၾကည့္လိုက္တဲ့ အခါမွာ ႐ုပ္ရွင္က ျပည္သူ႔အတြက္ ျဖစ္ခဲ့လား။
ေျဖ- ေဖ်ာ္ေျဖေရးသက္သက္ၾကည့္မယ္ဆိုရင္ေတာ့ ျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ျပည္သူေတြ ေတာ္ ေတာ္စိတ္ညစ္ၿပီး ေတာ္ေတာ္ဒုကၡေရာက္ေနတဲ့ အခ်ိန္မွာ ႐ုပ္ရွင္လာၾကည့္တယ္ဆိုတာ သူတို႔ရဲ႕ စိတ္ထြက္ေပါက္ေလးတစ္ခုေပါ့။ အဲဒါေလးကေတာ့ ႐ုပ္ရွင္သည္ျပည္သူ႔အတြက္လို႔ စြဲၿပီးေတာ့ယူရင္ ေတာ့ရတာေပါ့။ သို႔ေသာ္လည္း ခုနကလို ျပည္သူ ေတြရဲ႕စိတ္ဓာတ္ပိုမိုေကာင္းမြန္လာဖို႔၊ ပိုၿပီးေတာ့တိုး တက္လာဖို႔ ပညာတရားနဲ႔ အၾကင္တရား ဒီႏွစ္ခုတိုး တက္လိုက္ရင္ လူ႔ေလာကႀကီးက ေကာင္းတာပဲ။ အဲဒီ ႏွစ္ခုတိုးတက္ေအာင္ လုပ္ႏိုင္ရင္ပိုေကာင္းတာေပါ့။ အခုက ေတာ့ သာမန္ေဖ်ာ္ေျဖမႈအတြက္ကေတာ့ ႐ုပ္ ရွင္သည္ျပည္သူ႔အတြက္ျဖစ္ပါတယ္လို႔ပဲ ေျပာခ်င္ တာေပါ့။
ဟုတ္ကဲ့ပါ ဥကၠ႒ ေက်းဇူးတင္ပါတယ္။