မြို့ကြီးများတွင် စက်သုံးဆီရရှိရေး တန်းစီတိုးဝှေ့ဝယ်ယူနေရပြီး ဈေးနှုန်းလည်းအနည်းငယ်မြင့်တက်လာ

 827

ပုံစာ - မန္တလေး၌ ဆီတန်းစီနေသည့် ကားများကို တွေ့ရစဥ်

သန့်ဇင် (NP News) - ဩဂုတ် ၃

မြို့ကြီးများတွင် စက်သုံးဆီရရှိရေး တန်းစီတိုးဝှေ့ဝယ်ယူနေရပြီး ဈေးနှုန်းလည်းအနည်းငယ်မြင့်တက်လာကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။

စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများဝင်ရောက်ရန် ဆောင်ရွက်ထားခြင်းကြောင့် စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ကြောင်း ဩဂုတ်လ ၁ ရက်တွင် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ဖူးသည်။

“လွန်ခဲ့တဲ့ ၂ ရက်လောက်တည်းက တန်းစီဝယ်နေရတာ။ အဲဒီမှာ ပတ်ရှာတော့ ဆိုင်တွေတော်တော်များများက ဒီဇယ်လည်းကုန်နေတယ်။ ဓာတ်ဆီလည်းကုန်တယ်။ ပိတ်ထားတာများတာပေါ့နော်။ အဲဒါနဲ့ ကျွန်တော်တို့ရှိတဲ့ဆိုင်သွားတော့လည်းပဲ တန်းစီရတာနဲ့တင် တော်တော်ကို တန်းစီရတယ်။ CNG gas သမားတွေတန်းစီတာကမှမြန်သေးတယ်။ ကျွန်တော်တို့တန်းစီရတာတော်တော်ကိုကြာတယ်။ မြန်တဲ့ဆိုင်မှာတန်းစီတာတောင် ကျွန်တော်တို့ (၂)နာရီကျော်လောက်တန်းစီရတယ်။ ဒီနေ့လည်း ဆိုင်တွေ တော်တော်များများ ပိတ်ထားတယ်”ဟု ရန်ကုန်မြို့ရှိ တက္ကစီယာဉ်မောင်းတစ်ဦးက NP News သို့ပြောသည်။

ထို့ပြင် မန္တလေးမြို့တွင်လည်း စက်သုံးဆီကို မြို့ခံပြည်သူအများစု တန်စီတိုးဝှေ့ဝယ်ယူနေကြရကြောင်း မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

“မန္တလေးမှာတော့မနေ့ကစဖြစ်တာ။ ဝယ်လို့မရတာတွေလည်းရှိရင်လည်းရှိမယ်။ အစ်မအိမ်ကနေဆို (၅)မိနစ်သာသာလောက် သွားရတယ်။ အဲလောက်ထိကို တန်းစီစောင့်နေကြတာ။ အဲဒါတောင်မနက်(၆)နာရီပဲရှိသေးတယ်။ အဲဒီမှာ နေ့ခင်းထိ ဆီတန်းစီနေတာ တစ်ပြလောက်ထိရှိသေးတယ်။ တန်းစီနေကြရတာ။ ဒီနေ့မှာတော့ BOCမှာ မနေ့ကထိတော့မများတော့ တစ်ပြလောက်တော့ရှိတယ် တန်းစီနေကြတာ။ ဆိုင်ကယ်တွေကနော့ (၂)ပြလောက်ထိရှိတယ်”ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်။

အလားတူ ပြည်မြို့တွင်လည်း တန်းစီဝယ်ယူနေရကာ ပြင်ပပေါက်ဈေးကြီးမြင့်မှုများလည်းရှိကြောင်း သိရသည်။

“မနေ့ကဆို ဝယ်လို့တောင်မရဘူး။ ဒီနေ့လည်းတန်းစီရမှာ ကားတန်းကြီးကရှည်လို့ပြန်လာတာ။ အဲဒါတောင် PT Power တစ်ခုပဲရတာ”ဟု ပြည်မြို့ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ၂၆၃၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၇၃၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၃၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၇၇၀ ကျပ်ဖြစ်ခဲ့ရာမှ ဩဂုတ် (၃) ရက်တွင် ၉၂ တစ်လီတာလျှင် ၂၇၇၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၈၉၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၄ ၅၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၉၂၀ ကျပ်ဖြစ်ကာ ယခုရက်ပိုင်းတွင် ဈေးအနည်းငယ်မြင့်တက်လာသည်ကိုတွေ့မြင်ရသည်။

zawgyi version
ၿမိဳ႕ႀကီးမ်ားတြင္ စက္သုံးဆီရရွိေရး တန္းစီတိုးေဝွ႔ဝယ္ယူေနရၿပီး ေဈးႏႈန္းလည္းအနည္းငယ္ျမင့္တက္လာ
သန႔္ဇင္ (NP News) - ဩဂုတ္ ၃

ၿမိဳ႕ႀကီးမ်ားတြင္ စက္သုံးဆီရရွိေရး တန္းစီတိုးေဝွ႔ဝယ္ယူေနရၿပီး ေဈးႏႈန္းလည္းအနည္းငယ္ျမင့္တက္လာေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။

စက္သုံးဆီဖူလုံစြာသုံးစြဲႏိုင္ေရးအတြက္ သိုေလွာင္ျဖန႔္ျဖဴးလ်က္ရွိသည့္အျပင္ ျပည္ပမွစက္သုံးဆီတင္သေဘၤာမ်ားဝင္ေရာက္ရန္ ေဆာင္႐ြက္ထားျခင္းေၾကာင့္ စက္သုံးဆီျပတ္လပ္မႈမရွိႏိုင္ေၾကာင္း ဩဂုတ္လ ၁ ရက္တြင္ စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ဖူးသည္။

“လြန္ခဲ့တဲ့ ၂ ရက္ေလာက္တည္းက တန္းစီဝယ္ေနရတာ။ အဲဒီမွာ ပတ္ရွာေတာ့ ဆိုင္ေတြေတာ္ေတာ္မ်ားမ်ားက ဒီဇယ္လည္းကုန္ေနတယ္။ ဓာတ္ဆီလည္းကုန္တယ္။ ပိတ္ထားတာမ်ားတာေပါ့ေနာ္။ အဲဒါနဲ႔ ကြၽန္ေတာ္တို႔ရွိတဲ့ဆိုင္သြားေတာ့လည္းပဲ တန္းစီရတာနဲ႔တင္ ေတာ္ေတာ္ကို တန္းစီရတယ္။ CNG gas သမားေတြတန္းစီတာကမွျမန္ေသးတယ္။ ကြၽန္ေတာ္တို႔တန္းစီရတာေတာ္ေတာ္ကိုၾကာတယ္။ ျမန္တဲ့ဆိုင္မွာတန္းစီတာေတာင္ ကြၽန္ေတာ္တို႔ (၂)နာရီေက်ာ္ေလာက္တန္းစီရတယ္။ ဒီေန႔လည္း ဆိုင္ေတြ ေတာ္ေတာ္မ်ားမ်ား ပိတ္ထားတယ္”ဟု ရန္ကုန္ၿမိဳ႕ရွိ တကၠစီယာဥ္ေမာင္းတစ္ဦးက NP News သို႔ေျပာသည္။

ထို႔ျပင္ မႏၲေလးၿမိဳ႕တြင္လည္း စက္သုံးဆီကို ၿမိဳ႕ခံျပည္သူအမ်ားစု တန္စီတိုးေဝွ႔ဝယ္ယူေနၾကရေၾကာင္း မႏၲေလးၿမိဳ႕ခံတစ္ဦးက ဆိုသည္။

“မႏၲေလးမွာေတာ့မေန႔ကစျဖစ္တာ။ ဝယ္လို႔မရတာေတြလည္းရွိရင္လည္းရွိမယ္။ အစ္မအိမ္ကေနဆို (၅)မိနစ္သာသာေလာက္ သြားရတယ္။ အဲေလာက္ထိကို တန္းစီေစာင့္ေနၾကတာ။ အဲဒါေတာင္မနက္(၆)နာရီပဲရွိေသးတယ္။ အဲဒီမွာ ေန႔ခင္းထိ ဆီတန္းစီေနတာ တစ္ျပေလာက္ထိရွိေသးတယ္။ တန္းစီေနၾကရတာ။ ဒီေန႔မွာေတာ့ BOCမွာ မေန႔ကထိေတာ့မမ်ားေတာ့ တစ္ျပေလာက္ေတာ့ရွိတယ္ တန္းစီေနၾကတာ။ ဆိုင္ကယ္ေတြကေနာ့ (၂)ျပေလာက္ထိရွိတယ္”ဟု မႏၲေလးေဒသခံတစ္ဦးက ေျပာသည္။

အလားတူ ျပည္ၿမိဳ႕တြင္လည္း တန္းစီဝယ္ယူေနရကာ ျပင္ပေပါက္ေဈးႀကီးျမင့္မႈမ်ားလည္းရွိေၾကာင္း သိရသည္။

“မေန႔ကဆို ဝယ္လို႔ေတာင္မရဘူး။ ဒီေန႔လည္းတန္းစီရမွာ ကားတန္းႀကီးကရွည္လို႔ျပန္လာတာ။ အဲဒါေတာင္ PT Power တစ္ခုပဲရတာ”ဟု ျပည္ၿမိဳ႕ေဒသခံတစ္ဦးက ေျပာသည္။

ၿပီးခဲ့သည့္ရက္သတၱပတ္က စက္သုံးဆီေဈးႏႈန္းမ်ားမွာ ၉၂ တစ္လီတာလွ်င္ ၂၆၃၀ က်ပ္၊ ၉၅ တစ္လီတာလွ်င္ ၂၇၃၀ က်ပ္၊ ႐ိုး႐ိုးဒီဇယ္ တစ္လီတာလွ်င္ ၂၃၆၅ က်ပ္၊ ပရီမီယံဒီဇယ္တစ္လီတာလွ်င္ ၂၇၇၀ က်ပ္ျဖစ္ခဲ့ရာမွ ဩဂုတ္ (၃) ရက္တြင္ ၉၂ တစ္လီတာလွ်င္ ၂၇၇၀ က်ပ္၊ ၉၅ တစ္လီတာလွ်င္ ၂၈၉၅ က်ပ္၊ ႐ိုး႐ိုးဒီဇယ္တစ္လီတာလွ်င္ ၂၄ ၅၀ က်ပ္၊ ပရီမီယံဒီဇယ္တစ္လီတာလွ်င္ ၂၉၂၀ က်ပ္ျဖစ္ကာ ယခုရက္ပိုင္းတြင္ ေဈးအနည္းငယ္ျမင့္တက္လာသည္ကိုေတြ႕ျမင္ရသည္။

Related news

© 2021. All rights reserved.