သြစတြီးယားပါလီမန်က ရုရှားထံမှ ဓာတ်ငွေ့တင်သွင်းမှုကို ၂၀၂၇ ခုနှစ်တွင် အပြီးအပိုင် ဖယ်ရှားရန် သဘောတူညီခဲ့

 717

ALynn (NP News) - ဩဂုတ် ၅

သြစတြီးယား၏ အာဏာရညွန့်ပေါင်းအဖွဲ့သည် နိုင်ငံ၏ ရုရှားဓာတ်ငွေ့ ထောက်ပံ့မှုကို ၂၀၂၇ ခုနှစ်တွင် အပြီးအပိုင် ဖယ်ရှားရန် သဘောတူညီခဲ့ကြောင်း သိရသည်။

စာချုပ်မူကြမ်းကို ကိုးကား၍ မီဒီယာတစ်ခုဖြစ်သည့် Kurier က စနေနေ့ (ဩဂုတ်လ ၃ ရက်) တွင် ဖော်ပြခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် အီးယူ၏ မူဝါဒနှင့်အညီဖြစ်ပြီး "ရုရှားစွမ်းအင် တင်သွင်းမှုအပေါ် မှီခိုမှုကို လျှော့ချရန် ရည်ရွယ်သည်"ဟု သဘောတူညီချက်၏ဖော်ပြချက်အရ သိရသည်။ ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး Gazprom သည် သြစတြီးယားဓာတ်ငွေ့၏ ၈၀ နှင့် ၉၀ ရာခိုင်နှုန်းကြား ပံ့ပိုးပေးထားကြောင်း Kurier မှ မှတ်ချက်ပြုခဲ့သည်။

၎င်းသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက အစိုးရညွန့်ပေါင်းအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် Green Alternative Party ၏ တားဆီးမှုကြောင့် ဆုံးဖြတ်ရန်ကျန်ရစ်ခဲ့သည့် ကိစ္စရပ်လည်းဖြစ်သည်။ ၎င်းဆုံးဖြတ်ချက်ကို သဘောတူညီစွာ ချမှတ်နိုင်ရန်အတွက် Austrian People's Party (OVP) သည် Greens များနှင့်အလဲအလှယ်အဖြစ် ဘဏ္ဍာရေးဝန်ကြီး Magnus Brunner ကို လာမည့် သက်တမ်းတွင် ဥရောပကော်မရှင်နာအဖြစ် ထမ်းဆောင်ရန် အတည်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဩစတြီးယား လုံခြုံရေး မဟာဗျူဟာကို ဖက်ဒရယ် အဓိပတိက အပြီးသတ် ရေးဆွဲထားပြီး လာမည့် ရက်သတ္တပတ်များအတွင်း ထုတ်ပြန်သွားမည်ဟု သိရသည်။

တစ်ချိန်တည်းတွင် ပါလီမန်ရှိဒုတိယအဓိကပါတီဖြစ်သော သြစတြီးယားဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPO) မှ Green's Gas Act ကို မကြာသေးမီက ပယ်ချခဲ့ခြင်းကြောင့် ၂၀၂၇ ခုနှစ်တွင် ရုရှားဓာတ်ငွေ့ များကို နိုင်ငံအဆင့်ဖြတ်တောက်ရန်မူ အောင်မြင်နိုင်ပါ့မလား စောင့်ကြည့်ရဦးမည်ဖြစ်သလို ယခင် အစိုးရကလည်း Gazprom ကို 2040 အထိ သက်တမ်းတိုးခဲ့ကြောင်း တွေ့ရသည်။

အီးယူ၏ အဓိကဓာတ်ငွေ့တင်သွင်းသူဖြစ်သည့် Gazprom က မကြာသေးမီလများအတွင်း ဥရောပသို့ သဘာဝဓာတ်ငွေ့ တင်သွင်းမှုကို လေးပုံတစ်ပုံနီးပါး တိုးမြှင့်ခဲ့သည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် Nord Stream ပိုက်လိုင်းများ ပျက်စီးမှုများကြောင့် ၂၀၂၂ ခုနှစ်တွင် ဓာတ်ငွေ့တင်ပို့မှုများ သိသိသာသာ ကျဆင်းသွားခဲ့ဖူးသည်။ အီးယူသည် အမေရိကန်အပါအဝင် အခြားနိုင်ငံများမှ LNG တင်သွင်းမှုဖြင့် အစားထိုး ကျားကန်ခဲ့ရသည်။ ယင်းကြောင့် ဥရောပ၏ ဓာတ်ငွေ့သုံးသူများအတွက် ကုန်ကျစရိတ် သိသိသာသာ တိုးလာခဲ့သည်။ ထိုအတောအတွင်း ရုရှားသည် ဓာတ်ငွေ့ပေးပို့မှုကို အရှေ့ဘက်သို့ လမ်းကြောင်းပြောင်းကာ ၂၀၂၂ ခုနှစ် မတိုင်မီ တရုတ်ထံ တင်ပို့ရောင်းချမှုကို ထက်ဝက်နီးပါး အရောင်းမြှင့်တင်နိုင်ခဲ့သည်။

zawgyi version
ၾသစႀတီးယားပါလီမန္က ႐ုရွားထံမွ ဓာတ္ေငြ႕တင္သြင္းမႈကို ၂၀၂၇ ခုႏွစ္တြင္ အၿပီးအပိုင္ ဖယ္ရွားရန္ သေဘာတူညီခဲ့
ALynn (NP News) - ဩဂုတ္ ၅

ၾသစႀတီးယား၏ အာဏာရၫြန႔္ေပါင္းအဖြဲ႕သည္ ႏိုင္ငံ၏ ႐ုရွားဓာတ္ေငြ႕ ေထာက္ပံ့မႈကို ၂၀၂၇ ခုႏွစ္တြင္ အၿပီးအပိုင္ ဖယ္ရွားရန္ သေဘာတူညီခဲ့ေၾကာင္း သိရသည္။

စာခ်ဳပ္မူၾကမ္းကို ကိုးကား၍ မီဒီယာတစ္ခုျဖစ္သည့္ Kurier က စေနေန႔ (ဩဂုတ္လ ၃ ရက္) တြင္ ေဖာ္ျပခဲ့သည္။ အဆိုပါ ဆုံးျဖတ္ခ်က္သည္ အီးယူ၏ မူဝါဒႏွင့္အညီျဖစ္ၿပီး "႐ုရွားစြမ္းအင္ တင္သြင္းမႈအေပၚ မွီခိုမႈကို ေလွ်ာ့ခ်ရန္ ရည္႐ြယ္သည္"ဟု သေဘာတူညီခ်က္၏ေဖာ္ျပခ်က္အရ သိရသည္။ ႐ုရွားႏိုင္ငံပိုင္ စြမ္းအင္ကုမၸဏီႀကီး Gazprom သည္ ၾသစႀတီးယားဓာတ္ေငြ႕၏ ၈၀ ႏွင့္ ၉၀ ရာခိုင္ႏႈန္းၾကား ပံ့ပိုးေပးထားေၾကာင္း Kurier မွ မွတ္ခ်က္ျပဳခဲ့သည္။

၎သည္ ၿပီးခဲ့သည့္ႏွစ္ကုန္ပိုင္းက အစိုးရၫြန႔္ေပါင္းအဖြဲ႕၏ တစ္စိတ္တစ္ပိုင္းျဖစ္သည့္ Green Alternative Party ၏ တားဆီးမႈေၾကာင့္ ဆုံးျဖတ္ရန္က်န္ရစ္ခဲ့သည့္ ကိစၥရပ္လည္းျဖစ္သည္။ ၎ဆုံးျဖတ္ခ်က္ကို သေဘာတူညီစြာ ခ်မွတ္ႏိုင္ရန္အတြက္ Austrian People's Party (OVP) သည္ Greens မ်ားႏွင့္အလဲအလွယ္အျဖစ္ ဘ႑ာေရးဝန္ႀကီး Magnus Brunner ကို လာမည့္ သက္တမ္းတြင္ ဥေရာပေကာ္မရွင္နာအျဖစ္ ထမ္းေဆာင္ရန္ အတည္ျပဳေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။ ဩစႀတီးယား လုံၿခဳံေရး မဟာဗ်ဴဟာကို ဖက္ဒရယ္ အဓိပတိက အၿပီးသတ္ ေရးဆြဲထားၿပီး လာမည့္ ရက္သတၱပတ္မ်ားအတြင္း ထုတ္ျပန္သြားမည္ဟု သိရသည္။

တစ္ခ်ိန္တည္းတြင္ ပါလီမန္ရွိဒုတိယအဓိကပါတီျဖစ္ေသာ ၾသစႀတီးယားဆိုရွယ္ဒီမိုကရက္တစ္ပါတီ (SPO) မွ Green's Gas Act ကို မၾကာေသးမီက ပယ္ခ်ခဲ့ျခင္းေၾကာင့္ ၂၀၂၇ ခုႏွစ္တြင္ ႐ုရွားဓာတ္ေငြ႕ မ်ားကို ႏိုင္ငံအဆင့္ျဖတ္ေတာက္ရန္မူ ေအာင္ျမင္ႏိုင္ပါ့မလား ေစာင့္ၾကည့္ရဦးမည္ျဖစ္သလို ယခင္ အစိုးရကလည္း Gazprom ကို 2040 အထိ သက္တမ္းတိုးခဲ့ေၾကာင္း ေတြ႕ရသည္။

အီးယူ၏ အဓိကဓာတ္ေငြ႕တင္သြင္းသူျဖစ္သည့္ Gazprom က မၾကာေသးမီလမ်ားအတြင္း ဥေရာပသို႔ သဘာဝဓာတ္ေငြ႕ တင္သြင္းမႈကို ေလးပုံတစ္ပုံနီးပါး တိုးျမႇင့္ခဲ့သည္။ အေနာက္ႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈမ်ားႏွင့္ Nord Stream ပိုက္လိုင္းမ်ား ပ်က္စီးမႈမ်ားေၾကာင့္ ၂၀၂၂ ခုႏွစ္တြင္ ဓာတ္ေငြ႕တင္ပို႔မႈမ်ား သိသိသာသာ က်ဆင္းသြားခဲ့ဖူးသည္။ အီးယူသည္ အေမရိကန္အပါအဝင္ အျခားႏိုင္ငံမ်ားမွ LNG တင္သြင္းမႈျဖင့္ အစားထိုး က်ားကန္ခဲ့ရသည္။ ယင္းေၾကာင့္ ဥေရာပ၏ ဓာတ္ေငြ႕သုံးသူမ်ားအတြက္ ကုန္က်စရိတ္ သိသိသာသာ တိုးလာခဲ့သည္။ ထိုအေတာအတြင္း ႐ုရွားသည္ ဓာတ္ေငြ႕ေပးပို႔မႈကို အေရွ႕ဘက္သို႔ လမ္းေၾကာင္းေျပာင္းကာ ၂၀၂၂ ခုႏွစ္ မတိုင္မီ တ႐ုတ္ထံ တင္ပို႔ေရာင္းခ်မႈကို ထက္ဝက္နီးပါး အေရာင္းျမႇင့္တင္ႏိုင္ခဲ့သည္။

Related news

© 2021. All rights reserved.