သံဃာတော်များ လိုက်ပါလာသည့် မော်တော်ယာဉ်များကို တာဝန်ရှိသူများက စစ်ဆေးလျှင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ညွှန်ကြားလွှာထုတ်ထား

 10228

သုတကျော် (NP News) - ဩဂုတ် ၆

သံဃာတော်များ လိုက်ပါလာသည့် မော်တော်ယာဉ်များကို တာဝန်ရှိသူများက စစ်ဆေးလျှင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကတဆင့် အစည်းအဝေးဆုံးဖြတ်ချက်အရ သံဃနာယက အဆင့်ဆင့်ထံ ညွှန်ကြားလွှာ ထုတ်ထားကြောင်း ဆရာတော် တစ်ပါးက NP News ကို မိန့်ကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်က ကျင်းပသော အဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီသတ္တရသမအစည်းအဝေးတွင် မော်တော် ယာဉ်များအား တာဝန်ရှိသူများက လုံခြုံရေးအရ စစ်ဆေးရာတွင် အစစ်ဆေး ခံယူတော်မူနိုင်ရေး နှင့် ဆရာတော် သံဃာတော်များအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရေး တိုင်းဒေသကြီး/ပြည်နယ် သံဃနာယက အဖွဲ့ (ဂိုဏ်းစုံ) များကတဆင့် မြို့နယ်သံဃနာယကအဖွဲ့ (ဂိုဏ်းစုံ)များထံ ညွှန်ကြားသွားရန်ဆိုသည့် ဆုံးဖြတ်ချက် ပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ လက်ရှိတွင် ညွှန်ကြားလွှာများကို အဆင့်ဆင့်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

“ဟုတ်တယ် သိပါတယ်။ အဲဒါကတော့ ထွက်တာက ၂၀၂၄ မှာ ပြန်ထွက်တာပေါ့။ ၂၀၂၂ လောက်တည်းက တစ်ခါထွက်လာဖူးတယ်။ ညွှန်ကြားလွှာပေါ့။ ဝင်းနိမ္မတာရုံ ဆရာတော်တို့ ဖြစ်တာကို အခြေခံပြီးတော့ နောက်တစ်ချိန်မှာ ဒီလိုပြဿနာတွေ မဖြစ်အောင် ပြန်ပြီးတော့ ထပ်ထုတ်တာပေါ့။ အရင်တခါတုန်းကတော့ ဗဟိုမဟုတ်ပဲဆိုင်ရာမြို့နယ်အလိုက် ထုတ်တာ မြင်တယ်။ အခုကတော့ ဗဟိုက တိုင်းနဲ့ပြည်နယ် အားလုံးမှာရှိတဲ့ သံဃနာယက တွေကတဆင့် ကျောင်းတိုက်တွေကို ပို့ခိုင်းတဲ့ သဘောပါပဲ။ အခုကတော့ ဗဟိုအဆင့် ဖြစ်သွားတာပေါ့”ဟု အထက်ပါ ဆရာတော်က မိန့်ကြားသည်။

မည်သည့် အဖွဲ့အစည်းကပင် ဖြစ်စေရပ်ခိုင်းပါက ကားကို ရပ်တန့်ရန် ပြောကြားထားပြီးဖြစ်ကြောင်းလည်း အထက်ပါ ဆရာတော်က မိန့်သည်။ “ဘုန်းတော်ကြီးတွေ အားလုံးကလည်း ဒါကို ကြိုဆိုတယ် လက်ခံတယ်။ အစဦး ဆုံးတည်းကလည်း အဲဒီလို ဖြစ်စေချင်တာပေါ့။ ဘုန်းတော်ကြီး မော်တော် ယာဉ်တွေလည်း စစ်ရင် တချို့က ဘုန်းကြီးကားဆို လွှတ်ပေးတာ။ ဦးဇင်းတို့က ပြောတယ် လွှတ်မပေးနဲ့ သေချာစစ်။ ဘုန်းကြီးကားတွေ အသုံးချပြီး မဟုတ်မဟတ်တွေ လုပ်ရင် နောက်ဆုံး သံဃာပုံရိပ်၊ သာသနာ ပုံရိပ်ထိခိုက်စေတာပေါ့။ အဲ့ဒါကြောင့် ကျကျနနစစ်ဆေးပါဆိုပြီး အရင်တည်းကလည်း ပြောဖူးတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

zawgyi version
သံဃာေတာ္မ်ား လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္မ်ားကို တာဝန္ရွိသူမ်ားက စစ္ေဆးလွ်င္ ပူးေပါင္းပါဝင္ ေဆာင္႐ြက္ရန္ ၫႊန္ၾကားလႊာထုတ္ထား
သုတေက်ာ္ (NP News) - ဩဂုတ္ ၆

သံဃာေတာ္မ်ား လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္မ်ားကို တာဝန္ရွိသူမ်ားက စစ္ေဆးလွ်င္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ရန္ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ကတဆင့္ အစည္းအေဝးဆုံးျဖတ္ခ်က္အရ သံဃနာယက အဆင့္ဆင့္ထံ ၫႊန္ၾကားလႊာ ထုတ္ထားေၾကာင္း ဆရာေတာ္ တစ္ပါးက NP News ကို မိန႔္ၾကားသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၆ ရက္က က်င္းပေသာ အဌမအႀကိမ္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ၄၇ ပါး စုံညီသတၱရသမအစည္းအေဝးတြင္ ေမာ္ေတာ္ ယာဥ္မ်ားအား တာဝန္ရွိသူမ်ားက လုံၿခဳံေရးအရ စစ္ေဆးရာတြင္ အစစ္ေဆး ခံယူေတာ္မူႏိုင္ေရး ႏွင့္ ဆရာေတာ္ သံဃာေတာ္မ်ားအေနျဖင့္ ပူးေပါင္းပါဝင္ ေဆာင္႐ြက္ေရး တိုင္းေဒသႀကီး/ျပည္နယ္ သံဃနာယက အဖြဲ႕ (ဂိုဏ္းစုံ) မ်ားကတဆင့္ ၿမိဳ႕နယ္သံဃနာယကအဖြဲ႕ (ဂိုဏ္းစုံ)မ်ားထံ ၫႊန္ၾကားသြားရန္ဆိုသည့္ ဆုံးျဖတ္ခ်က္ ပါဝင္ခဲ့ေၾကာင္း သိရသည္။ အဆိုပါကိစၥႏွင့္ ပတ္သက္၍ လက္ရွိတြင္ ၫႊန္ၾကားလႊာမ်ားကို အဆင့္ဆင့္ထုတ္ျပန္ထားၿပီး ျဖစ္ေၾကာင္းလည္း သိရသည္။

“ဟုတ္တယ္ သိပါတယ္။ အဲဒါကေတာ့ ထြက္တာက ၂၀၂၄ မွာ ျပန္ထြက္တာေပါ့။ ၂၀၂၂ ေလာက္တည္းက တစ္ခါထြက္လာဖူးတယ္။ ၫႊန္ၾကားလႊာေပါ့။ ဝင္းနိမၼတာ႐ုံ ဆရာေတာ္တို႔ ျဖစ္တာကို အေျခခံၿပီးေတာ့ ေနာက္တစ္ခ်ိန္မွာ ဒီလိုျပႆနာေတြ မျဖစ္ေအာင္ ျပန္ၿပီးေတာ့ ထပ္ထုတ္တာေပါ့။ အရင္တခါတုန္းကေတာ့ ဗဟိုမဟုတ္ပဲဆိုင္ရာၿမိဳ႕နယ္အလိုက္ ထုတ္တာ ျမင္တယ္။ အခုကေတာ့ ဗဟိုက တိုင္းနဲ႔ျပည္နယ္ အားလုံးမွာရွိတဲ့ သံဃနာယက ေတြကတဆင့္ ေက်ာင္းတိုက္ေတြကို ပို႔ခိုင္းတဲ့ သေဘာပါပဲ။ အခုကေတာ့ ဗဟိုအဆင့္ ျဖစ္သြားတာေပါ့”ဟု အထက္ပါ ဆရာေတာ္က မိန႔္ၾကားသည္။

မည္သည့္ အဖြဲ႕အစည္းကပင္ ျဖစ္ေစရပ္ခိုင္းပါက ကားကို ရပ္တန႔္ရန္ ေျပာၾကားထားၿပီးျဖစ္ေၾကာင္းလည္း အထက္ပါ ဆရာေတာ္က မိန႔္သည္။ “ဘုန္းေတာ္ႀကီးေတြ အားလုံးကလည္း ဒါကို ႀကိဳဆိုတယ္ လက္ခံတယ္။ အစဦး ဆုံးတည္းကလည္း အဲဒီလို ျဖစ္ေစခ်င္တာေပါ့။ ဘုန္းေတာ္ႀကီး ေမာ္ေတာ္ ယာဥ္ေတြလည္း စစ္ရင္ တခ်ိဳ႕က ဘုန္းႀကီးကားဆို လႊတ္ေပးတာ။ ဦးဇင္းတို႔က ေျပာတယ္ လႊတ္မေပးနဲ႔ ေသခ်ာစစ္။ ဘုန္းႀကီးကားေတြ အသုံးခ်ၿပီး မဟုတ္မဟတ္ေတြ လုပ္ရင္ ေနာက္ဆုံး သံဃာပုံရိပ္၊ သာသနာ ပုံရိပ္ထိခိုက္ေစတာေပါ့။ အဲ့ဒါေၾကာင့္ က်က်နနစစ္ေဆးပါဆိုၿပီး အရင္တည္းကလည္း ေျပာဖူးတယ္”ဟု ဆရာေတာ္က မိန႔္ၾကားသည္။

Related news

© 2021. All rights reserved.