ဦးစိုင်းလင်း အလွန် မိုင်းလားကို ကိုးကန့်မိခင်အစား ဦးထိန်လင်း ဦးဆောင်ဖွယ်ရှိ
3489
သုတကျော် (NP News) - ဩဂုတ် ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ-၄ (မိုင်းလား) ခေါင်းဆောင် NDAA ဥက္ကဋ္ဌ ဦးစိုင်း လင်းကွယ်လွန်ပြီးနောက် ခေါင်းဆောင်သစ်အဖြစ် သားဖြစ်သူ ဦးထိန်လင်းတာဝန်ယူပါက မိုင်းလား၏ ပြည်တွင်းရေးရပ်တည်ချက် ပြောင်းလဲဖွယ်မရှိကြောင်း မြန်မာ့နိုင်ငံရေး သုံးသပ်လေ့လာသူ တစ်ဦးက NP News သို့ပြောသည်။
အသက်(၇၆)နှစ်အရွယ်ရှိပြီဖြစ်သော ဦးစိုင်းလင်းသည် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ သွား ရောက်ဆေးကုသနေရင်းမှ ကွယ်လွန်သွားခဲ့ရခြင်း ဖြစ်ကြောင်း ဩဂုတ်လ(၈)ရက်တွင် သတင်းများ စတင်ထွက်လာခဲ့သည်။ သို့သော်လည်း ဩဂုတ်လ (၉)ရက်က ထုတ်ပြန်ခဲ့သော ဈာပနကော်မတီ၏စာတွင်မူ ဩဂုတ်လ(၇)ရက် ည(၁၀)နာရီ(၄၀)မိနစ်တွင် နေအိမ်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းအပြင် ဦးစိုင်းလင်း ၏ဈာပနကို ဩဂုတ်လ(၂၃)ရက်တွင် မိုင်းလားမြို့ ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေး ကော်မတီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဦးစိုင်းလင်းသည် လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်း၌ တိုက်ပွဲများ ဖော်ဆောင်နေသော NDAA တည်ထောင်သူ ဖုန်ကြားရှင်၏ သမီး ဒေါ်နန်းရင်နှင့် လက်ထပ်ထားသောကြောင့် သားမက်တော်စပ်သည့်အပြင်လက်ရှိ NDAA ခေါင်းဆောင် ဖုန်တာရွှင်နှင့် ယောက်ဖတော်စပ်သူလည်း ဖြစ်သည်။
ထို့ပြင် ဖုန်ကြားရှင် အရေးနိမ့်နေစဉ် (၂၀ဝ၉) ခုနှစ်ကာလအတွင်းကလည်း ဦးစိုင်းလင်း က အထူးဒေသ (၄ )တွင် ခိုလှုံခွင့်ပေးခဲ့ဖူးသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၃)ရက်က အထူး ဒေသ(၄)၏ (၂၀၂၄)ခုနှစ် ပထမနှစ်ဝက် လုပ်ငန်း အစည်းအဝေးပြုလုပ်ခဲ့ရာတွင် အထူး ဒေသ(၄)သည် ဘက်မလိုက်သည့် နိုင်ငံရေး ရပ်တည်ချက်ကို ဆုပ်ကိုင်ထားပြီး အမြင်မတူမှု များကို နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းကြရန် တိုက်တွန်းကြောင်း၊ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့် ရှောက်ပြီး တိုင်းရင်းသား အဆင့်မြင့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအဖြစ်ရရှိအောင် ဆက်လက်ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း အတွင်းရေးမှူးချုပ် ဦးထိန်လင်းက ပြောကြားထားသည်။
]ဘာမဆို ဖြစ်နိုင်တာပဲလေ။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့။ သူ့မိန်းမ (ဒေါ်နန်းရင်) က ဒေသကို ကိုင်တွယ်တာထက် သူ့သားကိုင်တွယ်တာ ကတော့ သူ့ရဲ့လမ်းစဉ်တွေ ဘာတွေ ညာတွေက နဂိုအတိုင်းပဲ ရှိလိမ့်မယ်။ သူ့မိန်းမဆိုရင်တော့ သူ့အစ်ကိုရဲ့လွှမ်း မိုးမှုတွေ ဘာတွေရှိလာနိုင်ပြီး ပြောင်းလဲမှုလည်းရှိလာနိုင်ခြေရှိတယ်}ဟု မြန်မာ့ နိုင်ငံအရေး သုံးသပ် လေ့လာသူတစ်ဦးကဆိုသည်။
ဆိုလိုသည်မှာ မိုင်းလားဒေသအပေါ် ဖုန်ကြားရှင်၏ ကိုးကန့်လက်နက်ကိုင်များက လွှမ်း မိုးမှုရှိနေပြီး ဦးစိုင်းလင်း သက်ရှိထင်ရှားရှိစဉ်က ပင်လျှင် ယောက္ခမတော်စပ်သူ ဖုန်ကြားရှင်နှင့် ယောက်ဖတော်စပ်သူ ဖုန်တာရွှင့်တို့ကို ဇနီးသည် အလိုကျ လိုက်လျော၍ အကာအကွယ်ပေးခဲ့ရ ခြင်းများစွာရှိခဲ့ဖူးသည်။
အထူးဒေသ(၄)အုပ်ချုပ်ရေးပိုင်းသည် လက်ဝဲဆန်သည့်အပြင် တရုတ်နိုင်ငံနှင့်လည်း ခင် မင်ရင်းနှီးမှု ရှိနေကြောင်း ၄င်းကဆိုသည်။ 'ဦးဆောင်သူထဲမှာ အပြင်က NDAA တို့ ဘာတို့ထဲက လာပြီးတော့ယူမယ်လို့ မထင်ဘူး။ ပြီးတော့ မိုင်းလားဆိုတာကလည်း အပစ်ရပ်ထား တာ နှစ်(၃၀)ကျော်ပြီလေ။ ဒါကြောင့် ပြောင်းလဲဖွယ်ရာ မရှိဘူးလို့မြင်တယ်။ သူက အသားကျနေတဲ့ ဒေသတစ်ခုပေါ့။ စောင့်ကြည့်ရမယ့်အခြေအနေပါ။ ကျွန်တော်တို့ သိသလောက်ဆိုရင်တော့ မိုင်းလားဟာ NDAA အရေးမှာ နောက်ကွယ်ကရှိနိုင်ပါ တယ်။ ဒါပေမဲ့ အခုသူတို့နေတဲ့ပုံစံအတိုင်းပဲ ဆက် ရှိနေမှာပါ'ဟု မိုင်းလားဒေသအကြောင်းသိရှိသူ အမည်မ ဖော်လိုသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ သတင်းရင်းမြစ်တစ်ဦးကဆိုသည်။
zawgyi version
ဦးစိုင္းလင္း အလြန္ မိုင္းလားကို ကိုးကန႔္မိခင္အစား ဦးထိန္လင္း ဦးေဆာင္ဖြယ္ရွိ
သုတေက်ာ္ (NP News) - ဩဂုတ္ ၁၃
ရွမ္းျပည္နယ္အေရွ႕ပိုင္း အထူးေဒသ-၄ (မိုင္းလား) ေခါင္းေဆာင္ NDAA ဥကၠ႒ ဦးစိုင္း လင္းကြယ္လြန္ၿပီးေနာက္ ေခါင္းေဆာင္သစ္အျဖစ္ သားျဖစ္သူ ဦးထိန္လင္းတာဝန္ယူပါက မိုင္းလား၏ ျပည္တြင္းေရးရပ္တည္ခ်က္ ေျပာင္းလဲဖြယ္မရွိေၾကာင္း ျမန္မာ့ႏိုင္ငံေရး သုံးသပ္ေလ့လာသူ တစ္ဦးက NP News သို႔ေျပာသည္။
အသက္(၇၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေသာ ဦးစိုင္းလင္းသည္ တ႐ုတ္ႏိုင္ငံ ကြမ္က်ိဳးၿမိဳ႕၌ သြား ေရာက္ေဆးကုသေနရင္းမွ ကြယ္လြန္သြားခဲ့ရျခင္း ျဖစ္ေၾကာင္း ဩဂုတ္လ(၈)ရက္တြင္ သတင္းမ်ား စတင္ထြက္လာခဲ့သည္။ သို႔ေသာ္လည္း ဩဂုတ္လ (၉)ရက္က ထုတ္ျပန္ခဲ့ေသာ ဈာပနေကာ္မတီ၏စာတြင္မူ ဩဂုတ္လ(၇)ရက္ ည(၁၀)နာရီ(၄၀)မိနစ္တြင္ ေနအိမ္၌ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ ယင္းအျပင္ ဦးစိုင္းလင္း ၏ဈာပနကို ဩဂုတ္လ(၂၃)ရက္တြင္ မိုင္းလားၿမိဳ႕ ၌ က်င္းပသြားမည္ျဖစ္ေၾကာင္း ဈာပနက်င္းပေရး ေကာ္မတီ၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။ ဦးစိုင္းလင္းသည္ လက္ရွိ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၌ တိုက္ပြဲမ်ား ေဖာ္ေဆာင္ေနေသာ NDAA တည္ေထာင္သူ ဖုန္ၾကားရွင္၏ သမီး ေဒၚနန္းရင္ႏွင့္ လက္ထပ္ထားေသာေၾကာင့္ သားမက္ေတာ္စပ္သည့္အျပင္လက္ရွိ NDAA ေခါင္းေဆာင္ ဖုန္တာ႐ႊင္ႏွင့္ ေယာက္ဖေတာ္စပ္သူလည္း ျဖစ္သည္။
ထို႔ျပင္ ဖုန္ၾကားရွင္ အေရးနိမ့္ေနစဥ္ (၂၀ဝ၉) ခုႏွစ္ကာလအတြင္းကလည္း ဦးစိုင္းလင္း က အထူးေဒသ (၄ )တြင္ ခိုလႈံခြင့္ေပးခဲ့ဖူးသည္။ ၿပီးခဲ့သည့္ ဩဂုတ္လ (၃)ရက္က အထူး ေဒသ(၄)၏ (၂၀၂၄)ခုႏွစ္ ပထမႏွစ္ဝက္ လုပ္ငန္း အစည္းအေဝးျပဳလုပ္ခဲ့ရာတြင္ အထူး ေဒသ(၄)သည္ ဘက္မလိုက္သည့္ ႏိုင္ငံေရး ရပ္တည္ခ်က္ကို ဆုပ္ကိုင္ထားၿပီး အျမင္မတူမႈ မ်ားကို ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားမွတစ္ဆင့္ ေျဖရွင္းၾကရန္ တိုက္တြန္းေၾကာင္း၊ ႏိုင္ငံေတာ္၏ တည္ၿငိမ္ေအးခ်မ္းေရးကို ကာကြယ္ေစာင့္ ေရွာက္ၿပီး တိုင္းရင္းသား အဆင့္ျမင့္ကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ရေဒသအျဖစ္ရရွိေအာင္ ဆက္လက္ႀကိဳး ပမ္းသြားမည္ျဖစ္ေၾကာင္း အတြင္းေရးမႉးခ်ဳပ္ ဦးထိန္လင္းက ေျပာၾကားထားသည္။
]ဘာမဆို ျဖစ္ႏိုင္တာပဲေလ။ ဒါေပမဲ့ တစ္ခုေတာ့ ရွိတာေပါ့။ သူ႔မိန္းမ (ေဒၚနန္းရင္) က ေဒသကို ကိုင္တြယ္တာထက္ သူ႔သားကိုင္တြယ္တာ ကေတာ့ သူ႔ရဲ႕လမ္းစဥ္ေတြ ဘာေတြ ညာေတြက နဂိုအတိုင္းပဲ ရွိလိမ့္မယ္။ သူ႔မိန္းမဆိုရင္ေတာ့ သူ႔အစ္ကိုရဲ႕လႊမ္း မိုးမႈေတြ ဘာေတြရွိလာႏိုင္ၿပီး ေျပာင္းလဲမႈလည္းရွိလာႏိုင္ေျခရွိတယ္}ဟု ျမန္မာ့ ႏိုင္ငံအေရး သုံးသပ္ ေလ့လာသူတစ္ဦးကဆိုသည္။
ဆိုလိုသည္မွာ မိုင္းလားေဒသအေပၚ ဖုန္ၾကားရွင္၏ ကိုးကန႔္လက္နက္ကိုင္မ်ားက လႊမ္း မိုးမႈရွိေနၿပီး ဦးစိုင္းလင္း သက္ရွိထင္ရွားရွိစဥ္က ပင္လွ်င္ ေယာကၡမေတာ္စပ္သူ ဖုန္ၾကားရွင္ႏွင့္ ေယာက္ဖေတာ္စပ္သူ ဖုန္တာ႐ႊင့္တို႔ကို ဇနီးသည္ အလိုက် လိုက္ေလ်ာ၍ အကာအကြယ္ေပးခဲ့ရ ျခင္းမ်ားစြာရွိခဲ့ဖူးသည္။
အထူးေဒသ(၄)အုပ္ခ်ဳပ္ေရးပိုင္းသည္ လက္ဝဲဆန္သည့္အျပင္ တ႐ုတ္ႏိုင္ငံႏွင့္လည္း ခင္ မင္ရင္းႏွီးမႈ ရွိေနေၾကာင္း ၄င္းကဆိုသည္။ 'ဦးေဆာင္သူထဲမွာ အျပင္က NDAA တို႔ ဘာတို႔ထဲက လာၿပီးေတာ့ယူမယ္လို႔ မထင္ဘူး။ ၿပီးေတာ့ မိုင္းလားဆိုတာကလည္း အပစ္ရပ္ထား တာ ႏွစ္(၃၀)ေက်ာ္ၿပီေလ။ ဒါေၾကာင့္ ေျပာင္းလဲဖြယ္ရာ မရွိဘူးလို႔ျမင္တယ္။ သူက အသားက်ေနတဲ့ ေဒသတစ္ခုေပါ့။ ေစာင့္ၾကည့္ရမယ့္အေျခအေနပါ။ ကြၽန္ေတာ္တို႔ သိသေလာက္ဆိုရင္ေတာ့ မိုင္းလားဟာ NDAA အေရးမွာ ေနာက္ကြယ္ကရွိႏိုင္ပါ တယ္။ ဒါေပမဲ့ အခုသူတို႔ေနတဲ့ပုံစံအတိုင္းပဲ ဆက္ ရွိေနမွာပါ'ဟု မိုင္းလားေဒသအေၾကာင္းသိရွိသူ အမည္မ ေဖာ္လိုသည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ သတင္းရင္းျမစ္တစ္ဦးကဆိုသည္။