နေအိမ်မှ (၃)ရက်ခန့်ပျောက်ဆုံးသွားသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးကို ရေကန်အတွင်း သေဆုံးလျက်အနေအထားဖြင့် ပြန်လည်တွေ့ရှိ
15219
NP News - ဩဂုတ် ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နေအိမ်မှ (၃)ရက်ခန့် ပျောက်ဆုံးသွားသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးကို ရေကန်အတွင်း သေဆုံးလျက်အနေအထားဖြင့် ပြန်လည်တွေ့ရှိရကြောင်း ရာမညအရေးပေါ်လူမှု ကယ် ဆယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (ဇေယျာမြိုင်ရုံး) မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ အမျိုးသမီး၏ရုပ်အလောင်းကို ဩဂုတ်လ ၁၈ ရက်၊ ညနေ ၅ နာရီ ၃၅ မိနစ် အချိန်ခန့်က ဇေယျာမြိုင်ကန်တော်ဦး ရေကန်အတွင်းမှ ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ အသက် ၃၅ နှစ် အရွယ်ရှိပြီဖြစ် ကြောင်း သိရသည်။
“ကျွန်တော်တို့ဆီ ဆက်သွယ်လာလို့ သွားရောက်ကူညီတာ။ ပျောက်နေတာ ၃ ရက်လောက်ရှိပြီ။ အိမ်က မိသားစုတွေက သူ့ကို လိုက်မေးပြီး လိုက်ရှာနေတာ။ (အလောင်း) ပေါ်မှသိတာ သူတို့လူဆိုတာ။ အခုလို ရေကန်ထဲမှာ လာတွေ့တာပေါ့” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ရေနစ်သေဆုံးသူ တစ်ဦးအနေဖြင့် နှစ်ရက်ခွဲခန့် အကြာတွင် အလောင်းပြန်ပေါ်သည့်အတွက် သေဆုံးချိန်မှာ ပျောက်ဆုံးသွားသည့် အချိန်နှင့် အတူတူခန့်ရှိနိုင်ကြောင်းနှင့် အလောင်းတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
“(သေဆုံး) သူက ကျန်းမာရေး မကောင်းဘူးလို့ ပြောတယ်။ သူက ရန်ကုန် ဆေးရုံကြီးမှာ ဆေးသွားကုပြီး ပြန်လာတာ သုံးပတ်လောက်ပဲ ရှိသေးတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
zawgyi version
ေနအိမ္မွ (၃)ရက္ခန႔္ေပ်ာက္ဆုံးသြားေသာ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳး သမီးကို ေရကန္အတြင္း ေသဆုံးလ်က္အေနအထားျဖင့္ ျပန္လည္ေတြ႕ရွိ
NP News - ဩဂုတ္ ၁၉
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ေနအိမ္မွ (၃)ရက္ခန႔္ ေပ်ာက္ဆုံးသြားေသာ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးကို ေရကန္အတြင္း ေသဆုံးလ်က္အေနအထားျဖင့္ ျပန္လည္ေတြ႕ရွိရေၾကာင္း ရာမညအေရးေပၚလူမႈ ကယ္ ဆယ္ေရးႏွင့္ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ (ေဇယ်ာၿမိဳင္႐ုံး) မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ အမ်ိဳးသမီး၏႐ုပ္အေလာင္းကို ဩဂုတ္လ ၁၈ ရက္၊ ညေန ၅ နာရီ ၃၅ မိနစ္ အခ်ိန္ခန႔္က ေဇယ်ာၿမိဳင္ကန္ေတာ္ဦး ေရကန္အတြင္းမွ ဆယ္ယူရရွိခဲ့ေၾကာင္း သိရသည္။ ေသဆုံးသူမွာ အသက္ ၃၅ ႏွစ္ အ႐ြယ္ရွိၿပီျဖစ္ ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ဆီ ဆက္သြယ္လာလို႔ သြားေရာက္ကူညီတာ။ ေပ်ာက္ေနတာ ၃ ရက္ေလာက္ရွိၿပီ။ အိမ္က မိသားစုေတြက သူ႔ကို လိုက္ေမးၿပီး လိုက္ရွာေနတာ။ (အေလာင္း) ေပၚမွသိတာ သူတို႔လူဆိုတာ။ အခုလို ေရကန္ထဲမွာ လာေတြ႕တာေပါ့” ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။
ေရနစ္ေသဆုံးသူ တစ္ဦးအေနျဖင့္ ႏွစ္ရက္ခြဲခန႔္ အၾကာတြင္ အေလာင္းျပန္ေပၚသည့္အတြက္ ေသဆုံးခ်ိန္မွာ ေပ်ာက္ဆုံးသြားသည့္ အခ်ိန္ႏွင့္ အတူတူခန႔္ရွိႏိုင္ေၾကာင္းႏွင့္ အေလာင္းတြင္ ျပင္ပဒဏ္ရာ တစ္စုံတစ္ရာ မရွိေၾကာင္း သိရသည္။
“(ေသဆုံး) သူက က်န္းမာေရး မေကာင္းဘူးလို႔ ေျပာတယ္။ သူက ရန္ကုန္ ေဆး႐ုံႀကီးမွာ ေဆးသြားကုၿပီး ျပန္လာတာ သုံးပတ္ေလာက္ပဲ ရွိေသးတယ္” ဟု အထက္ပါတာဝန္ရွိသူက ဆိုသည္။ ေသဆုံးသူ၏ ႐ုပ္အေလာင္းကို ေမာ္လၿမိဳင္ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။