ဖိလစ်ပိုင်မှာ ၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံး မျောက်ကျောက်ရောဂါလူနာ တွေ့ရှိလာ

 476

ရောင်နီ (NP News) - ဩဂုတ် ၂ဝ

ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံး မျောက်ကျောက် ဗိုင်းရပ်စ် (mpox) ကူးစက်ခံရသူအသစ်ကို တွေ့ရှိလာခဲ့တယ်လို့ ကျန်းမာရေးဌာနက တနင်္လာနေ့ (သြဂုတ်လ ၁၉ ရက်)မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါလူနာဟာ ဖိလစ်ပိုင်နိုင်ငံပြင်ပ ခရီးသွားရာဇဝင်မရှိတဲ့ အသက် ၃၃ နှစ်အရွယ် ဖိလစ်ပိုင် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခုတွေ့ရတဲ့ မျောက်ကျောက်ရောဂါ(mpox) ဟာ ဒီအာကွန် ဂိုနိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ မျောက်ကျောက်ရောဂါ(mpox) လို ဗားရှင်းအသစ် ဟုတ်၊ မဟုတ်ကိုတော့ ဆက်လက် စစ်ဆေးနေဆဲဖြစ်ပြီး အဖြေကို သိရတာနဲ့ ချက်ချင်းအသိပေးမယ်"လို့ ပြောရေးဆိုခွင့်ရှိသူ အဲလ်ဘတ်ဒို မင်ဂိုက ပြောကြားခဲ့ပါတယ်။

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတဲ့ mpox ဗိုင်းရပ်စ်ရဲ့ ပုံစံအသစ်ဟာ ပုံမှန်အနီးကပ် ထိတွေ့မှုကနေ တစ်ဆင့် အလွယ် တကူ ကူးစက်ပျံ့နှံ့သွားနိုင်တာကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ပြင် ဆွီဒင်နိုင်ငံမှာ mpox မျိုးကွဲအသစ်ကို ကြာသပ တေးနေ့(ဩဂုတ် ၁၅ ရက်)က တွေ့ရှိကြောင်း အတည်ပြုခဲ့ပြီး ပါကစ္စတန်နိုင်ငံမှာလည်း ပင်လယ်ကွေ့နိုင်ငံမှပြန်လာတဲ့ လူနာတစ်ဦးမှာ mpox ဗိုင်း ရပ်စ်ကူးစက်မှု အနည်းဆုံးတစ်မှုကို သောကြာနေ့ (ဩဂုတ်လ ၁၆ ရက်) က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

zawgyi version
ဖိလစ္ပိုင္မွာ ၂၀၂၄ ခုႏွစ္ရဲ႕ ပထမဆုံး ေမ်ာက္ေက်ာက္ေရာဂါလူနာ ေတြ႕ရွိလာ
ေရာင္နီ (NP News) - ဩဂုတ္ ၂ဝ

ဖိလစ္ပိုင္ႏိုင္ငံမွာ ၂၀၂၄ ခုႏွစ္ရဲ႕ ပထမဆုံး ေမ်ာက္ေက်ာက္ ဗိုင္းရပ္စ္ (mpox) ကူးစက္ခံရသူအသစ္ကို ေတြ႕ရွိလာခဲ့တယ္လို႔ က်န္းမာေရးဌာနက တနလၤာေန႔ (ၾသဂုတ္လ ၁၉ ရက္)မွာ ေျပာၾကားခဲ့ပါတယ္။

အဆိုပါလူနာဟာ ဖိလစ္ပိုင္ႏိုင္ငံျပင္ပ ခရီးသြားရာဇဝင္မရွိတဲ့ အသက္ ၃၃ ႏွစ္အ႐ြယ္ ဖိလစ္ပိုင္ အမ်ိဳးသားတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမဲ့ အခုေတြ႕ရတဲ့ ေမ်ာက္ေက်ာက္ေရာဂါ(mpox) ဟာ ဒီအာကြန္ ဂိုႏိုင္ငံမွာ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ေမ်ာက္ေက်ာက္ေရာဂါ(mpox) လို ဗားရွင္းအသစ္ ဟုတ္၊ မဟုတ္ကိုေတာ့ ဆက္လက္ စစ္ေဆးေနဆဲျဖစ္ၿပီး အေျဖကို သိရတာနဲ႔ ခ်က္ခ်င္းအသိေပးမယ္"လို႔ ေျပာေရးဆိုခြင့္ရွိသူ အဲလ္ဘတ္ဒို မင္ဂိုက ေျပာၾကားခဲ့ပါတယ္။

ကြန္ဂိုဒီမိုကရက္တစ္ သမၼတႏိုင္ငံမွာ ကူးစက္ျဖစ္ပြားေနတဲ့ mpox ဗိုင္းရပ္စ္ရဲ႕ ပုံစံအသစ္ဟာ ပုံမွန္အနီးကပ္ ထိေတြ႕မႈကေန တစ္ဆင့္ အလြယ္ တကူ ကူးစက္ပ်ံ႕ႏွံ႔သြားႏိုင္တာေၾကာင့္ တစ္ကမာၻလုံးဆိုင္ရာ စိုးရိမ္ပူပန္မႈကို ျဖစ္ေပၚေစပါတယ္။ ဒါ့ျပင္ ဆြီဒင္ႏိုင္ငံမွာ mpox မ်ိဳးကြဲအသစ္ကို ၾကာသပ ေတးေန႔(ဩဂုတ္ ၁၅ ရက္)က ေတြ႕ရွိေၾကာင္း အတည္ျပဳခဲ့ၿပီး ပါကစၥတန္ႏိုင္ငံမွာလည္း ပင္လယ္ေကြ႕ႏိုင္ငံမွျပန္လာတဲ့ လူနာတစ္ဦးမွာ mpox ဗိုင္း ရပ္စ္ကူးစက္မႈ အနည္းဆုံးတစ္မႈကို ေသာၾကာေန႔ (ဩဂုတ္လ ၁၆ ရက္) က ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.