စားသုံးသူ တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ တိုးချဲ့ဖွင့်နိုင်‌ရေးဆောင်ရွက်မည်

 335

Pearl(NP News)- ဇွန် ၅
စားသုံးသူ တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ အချက်အလက်များအရ အသိရသည်။
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၅ ကို ပြီးခဲ့ငည့်ရက်ပ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်- ၅၂ ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ တိုးချဲ့ဖွင့်လှစ်နိုင်‌ရေးနှင့်စပ်လျဉ်း၍ မကွေးခရိုင်၊ သရက်ခရိုင်နှင့် မင်းဘူးခရိုင်တို့တွင် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် စုစုပေါင်း ၅၁ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး တိုင်ကြားမှု လက်ခံဖြေရှင်းသည့်လုပ်ငန်းစဉ်ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ကျန်ဒေသများတွင်လည်း တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။
လက်ရှိကာလတွင်လည်း စားသုံးသူတိုင်ကြားမှုအများဆုံးဖြစ်သော အွန်လိုင်းငွေကြေးဝန်ဆောင်မှုကဏ္ဍ၊ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် မော်တော်ယာဉ်အရောင်းကဏ္ဍများနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးသူဘက်က မှားယွင်းမှုများ၊ ပျက်ကွက်မှုများကြောင့် ဖြစ်ပေါ်လာသော စားသုံးသူနစ်နာဆုံးရှုံးမှုများကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ဖြေရှင်းဆောင်ရွက်ပေးရန် ကျန်ရှိနေသော တိုင်ကြားမှုများကိုလည်း ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက တိုက်တွန်းပြောကြားခဲ့သည်။
စားသုံးသူ အသိပညာပေးဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ လူဦးရေ ၆ ဒသမ ၄၀ သန်းကို အသိပညာပေး‌ဆောင်ရွက်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၁၂ ဒသမ ၄၈ ရာခိုင်နှုန်းကျော် လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့ရာ စားသုံးသူအသိပညာပေးကဏ္ဍ ကိုလည်း နယ်ပယ်အသီးသီးတွင် တိုးချဲ့ဆောင်ရွက်သွားရန် ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီများအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် လုပ်ငန်းသဘောသဘာဝချင်းဆက်စပ်နေသော ကုန်ဈေးနှုန်းတည်ငြိမ်‌ရေး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်စပ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောခဲ့ကြားသည်။

Zawgyi Version:
စားသုံးသူ တိုင္ၾကားမႈလက္ခံေဆာင္႐ြက္ေရးစင္တာမ်ား တိုးခ်ဲ႕ဖြင့္ႏိုင္‌ေရးေဆာင္႐ြက္မည္
Pearl(NP News)- ဇြန္ ၅
စားသုံးသူ တိုင္ၾကားမႈလက္ခံေဆာင္႐ြက္ေရးစင္တာမ်ား တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ေရးေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ စားသုံးသူကာကြယ္ေရး ေကာ္မရွင္၏ အခ်က္အလက္မ်ားအရ အသိရသည္။
ျမန္မာႏိုင္ငံ စားသုံးသူကာကြယ္ေရးေကာ္မရွင္၏ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး ၂/၂၀၂၅ ကို ၿပီးခဲ့ငည့္ရက္ပ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ႐ုံးအမွတ္- ၅၂ ၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါအစည္းအေဝးတြင္ စားသုံးသူသတင္းျပန္ၾကားေရးႏွင့္ တိုင္ၾကားမႈလက္ခံေဆာင္႐ြက္ေရးစင္တာမ်ား တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္‌ေရးႏွင့္စပ္လ်ဥ္း၍ မေကြးခ႐ိုင္၊ သရက္ခ႐ိုင္ႏွင့္ မင္းဘူးခ႐ိုင္တို႔တြင္ တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ခဲ့သည့္အတြက္ စုစုေပါင္း ၅၁ ခု ဖြင့္လွစ္ႏိုင္ခဲ့ၿပီး တိုင္ၾကားမႈ လက္ခံေျဖရွင္းသည့္လုပ္ငန္းစဥ္ကို ပိုမိုထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ေရးႏွင့္ က်န္ေဒသမ်ားတြင္လည္း တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးထြန္းအုံက ေျပာသည္။
လက္ရွိကာလတြင္လည္း စားသုံးသူတိုင္ၾကားမႈအမ်ားဆုံးျဖစ္ေသာ အြန္လိုင္းေငြေၾကးဝန္ေဆာင္မႈက႑၊ ဆက္သြယ္ေရးဝန္ေဆာင္မႈက႑ႏွင့္ ေမာ္ေတာ္ယာဥ္အေရာင္းက႑မ်ားႏွင့္ပတ္သက္၍ ဝန္ေဆာင္မႈေပးသူဘက္က မွားယြင္းမႈမ်ား၊ ပ်က္ကြက္မႈမ်ားေၾကာင့္ ျဖစ္ေပၚလာေသာ စားသုံးသူနစ္နာဆုံးရႈံးမႈမ်ားကို ေျဖရွင္းေပးႏိုင္ခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ ေျဖရွင္းေဆာင္႐ြက္ေပးရန္ က်န္ရွိေနေသာ တိုင္ၾကားမႈမ်ားကိုလည္း ထိထိေရာက္ေရာက္ ေျဖရွင္းေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးထြန္းအုံက တိုက္တြန္းေျပာၾကားခဲ့သည္။
စားသုံးသူ အသိပညာေပးေဆာင္႐ြက္မႈႏွင့္ စပ္လ်ဥ္း၍ ၂၀၁၆ ခုႏွစ္ ဧၿပီ ၁ ရက္မွ ၂၀၂၅ ခုႏွစ္ ဧၿပီလကုန္အထိ လူဦးေရ ၆ ဒသမ ၄၀ သန္းကို အသိပညာေပး‌ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး တစ္ႏိုင္ငံလုံးရွိ လူဦးေရ၏ ၁၂ ဒသမ ၄၈ ရာခိုင္ႏႈန္းေက်ာ္ လႊမ္းၿခဳံေဆာင္႐ြက္ႏိုင္ခဲ့ရာ စားသုံးသူအသိပညာေပးက႑ ကိုလည္း နယ္ပယ္အသီးသီးတြင္ တိုးခ်ဲ႕ေဆာင္႐ြက္သြားရန္ ၊ ျပည္ေထာင္စုနယ္ေျမ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္စားသုံးသူေရးရာေကာ္မတီမ်ားအေနျဖင့္ စားသုံးသူကာကြယ္ေရးႏွင့္ လုပ္ငန္းသေဘာသဘာဝခ်င္းဆက္စပ္ေနေသာ ကုန္ေဈးႏႈန္းတည္ၿငိမ္‌ေရး၊ တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးကိစၥရပ္မ်ား၊ စားသုံးသူကာကြယ္ေရးဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ဆက္စပ္ ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီး ဦးထြန္းအုံက ေျပာခဲ့ၾကားသည္။

Related news

© 2021. All rights reserved.