တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဩဂုတ်(၂၆)ရက်မှစတင် လျှောက်ထားနိုင်ပြီး လားရှိုးတက္ကသိုလ် အပါအဝင် တက္ကသိုလ်(၃)ခုကို ဖွင့်လှစ်နိုင်ခြင်း မရှိ
4942
ယွန်း (NP News) - ဩဂုတ် ၂ဝ
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဩဂုတ်(၂၆)ရက်မှစတင် လျှောက် ထားနိုင်ပြီး လားရှိုးတက္ကသိုလ်အပါအဝင် တက္ကသိုလ်(၃)ခုကို ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရကာ ထိုသို့ဖွင့်လှစ်နိုင်ခြင်းမရှိသေး သည့်အတွက် ကျောင်းသား၊ ကျောင်းသူများစွာ နစ်နာနေရကြောင်း NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
အကြမ်းဖက်သမားများက ကျောင်းတက်နေသော ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများကို အသက်ဘေးခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည့်အပြင် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ပညာရေးကဏ္ဍအတွက် ထိခိုက်ခြင်း သာမက လူ့စွမ်းအားအရင်းအမြစ် ပြုန်းတီးခြင်းလည်း ဖြစ်ပေါ်ခဲ့သည်။
ပညာရေးဝန်ကြီးဌာနက ဩဂုတ်(၁၅)ရက် ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်ပေါင်း(၂၆)ခုတွင် လျှောက်ထားခွင့်ပြုခဲ့ သော်လည်း ယခုပညာသင်နှစ်၌ လားရှိုးတက္ကသိုလ် အပါအဝင် လွိုင်ကော်တက္ကသိုလ်နှင့် တောင်ကုတ် တက္ကသိုလ်တို့မှာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါဝင်ခြင်းမရှိကြောင်းတွေ့မြင်ရသည်။
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် မိမိတို့ဖြေဆိုခဲ့သည့် စာစစ်ဌာနကြီးကြပ်ရေး မှူးများထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ် တမ်းချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ကို ဩဂုတ်လ(၂၆)ရက်မှစ၍ ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ကို တက္ကသိုလ်ပေါင်း(၂၃)ခု၌ ဩဂုတ်လ(၂၆) ရက်မှ စက်တင်ဘာလ (၁၂)ရက်အထိ စနေ၊ တနင်္ဂ နွေ ရုံးပိတ်ရက်များအပါအဝင် ပိတ်ရက်မရှိ လက်ခံ သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုထားသည်။
"တောင်ကုတ်ကို(ဆရာ၊ ဆရာမတွေ)ကျ တော့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့ ဘာတို့ ကို ပေါင်းတယ်။ လွိုင်ကော်ကကျတော့ တက္ကသိုလ် သုံးခုလားမသိဘူးပေါင်းတယ်။ လားရှိုးကတောင်ကြီး မှာပေါင်းတယ်။ မြင်းခြံဆိုရင် မန္တလေးကို လာပေါင်း တယ်။ မြင်းခြံလည်းပိတ်လိုက်တယ်ကြားတယ် Official ပိတ်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ မြင်းခြံက ဆရာ၊ ဆရာမတွေကိုတော့ မန္တလေးကိုလာတွဲ တာတော့ နောက်ဆုံးသိလိုက်တယ်။ တချို့ကျတော့ ကျောင်းကဖွင့်ပေမယ့် အတန်းတွေမရှိဘူး။ စစ်တွေ ဆိုလည်း အတန်းမရှိဘူး၊ ပိတ်တော့မပိတ်ဘူး။ တရား ဝင်ကတော့ လားရှိုးရယ်၊ တောင်ကုတ်ရယ်၊ လွိုင် ကော်ရယ်ပေါ့"ဟု တက္ကသိုလ်ကထိက တစ်ဦးက NP News ကို ပြောသည်။
သတ်မှတ်ရက်ကျော်လွန်ပြီး လျှောက်ထားသူများသည် အဆင့်မြင့် ပညာဦးစီးဌာန(ရန်ကုန်ရုံး ခွဲ) သထုံလမ်း၊ ကမာရွတ်မြို့နယ် ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရန် ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ အဆိုပါတက္ကသိုလ်ဝင်ခွင့်ခေါ်ယူခြင်း သည် သီးခြားဝင်ခွင့်ခေါ်ယူသော တက္ကသိုလ်မှအပ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များအားလုံးအတွက် အကျုံးဝင်ပြီး ကြေညာချက်တွင်ပါရှိသည့် တက္က သိုလ်များအတွက်သာ ဝင်ခွင့်ခေါ်ယူခြင်း မဟုတ် ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထားသည်။ကြေညာချက်တွင်ပါရှိသည့် တက္ကသိုလ် (၂၃)ခုသည် ဝင်ခွင့်လျှောက်လွှာများကို ပြန်လည် လက်ခံမည့် နေရာဌာနများဖြစ်ကြောင်း စာစစ်ဦးစီးဌာနက ဆိုထားသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြီးခဲ့သည့် မတ်လ(၁၁)ရက်တွင် ကျင်းပခဲ့ပြီး အောင်စာရင်းကို ဇွန်လ (၁၁)ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ တွင် ဝင်ရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိခဲ့ပြီး ၇၄,၅၉၂ ဦးအောင်မြင်ခဲ့သည့်အတွက် ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
zawgyi version
တကၠသိုလ္ဝင္ခြင့္ ေလွ်ာက္လႊာမ်ားကို ဩဂုတ္(၂၆)ရက္မွစတင္ ေလွ်ာက္ ထားႏိုင္ၿပီး လားရႈိးတကၠသိုလ္ အပါအဝင္ တကၠသိုလ္(၃)ခုကို ဖြင့္လွစ္ႏိုင္ျခင္း မရွိ
ယြန္း (NP News) - ဩဂုတ္ ၂ဝ
တကၠသိုလ္ဝင္ခြင့္ေလွ်ာက္လႊာမ်ားကို ဩဂုတ္(၂၆)ရက္မွစတင္ ေလွ်ာက္ ထားႏိုင္ၿပီး လားရႈိးတကၠသိုလ္အပါအဝင္ တကၠသိုလ္(၃)ခုကို ဖြင့္လွစ္ႏိုင္ျခင္းမရွိေၾကာင္း ပညာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရသိရကာ ထိုသို႔ဖြင့္လွစ္ႏိုင္ျခင္းမရွိေသး သည့္အတြက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားစြာ နစ္နာေနရေၾကာင္း NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
အၾကမ္းဖက္သမားမ်ားက ေက်ာင္းတက္ေနေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ဆရာ၊ ဆရာမမ်ားကို အသက္ေဘးၿခိမ္းေျခာက္မႈမ်ား ျပဳလုပ္ခဲ့ၾကသည့္အျပင္ ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္းမ်ား ျပဳလုပ္ခဲ့ေသာေၾကာင့္ ပညာေရးက႑အတြက္ ထိခိုက္ျခင္း သာမက လူ႔စြမ္းအားအရင္းအျမစ္ ျပဳန္းတီးျခင္းလည္း ျဖစ္ေပၚခဲ့သည္။
ပညာေရးဝန္ႀကီးဌာနက ဩဂုတ္(၁၅)ရက္ ထုတ္ျပန္ခ်က္အရ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္တြင္ တကၠသိုလ္ေပါင္း(၂၆)ခုတြင္ ေလွ်ာက္ထားခြင့္ျပဳခဲ့ ေသာ္လည္း ယခုပညာသင္ႏွစ္၌ လားရႈိးတကၠသိုလ္ အပါအဝင္ လြိဳင္ေကာ္တကၠသိုလ္ႏွင့္ ေတာင္ကုတ္ တကၠသိုလ္တို႔မွာ ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ပါဝင္ျခင္းမရွိေၾကာင္းေတြ႕ျမင္ရသည္။
တကၠသိုလ္ဝင္ခြင့္ေလွ်ာက္ထားႏိုင္ရန္အတြက္ မိမိတို႔ေျဖဆိုခဲ့သည့္ စာစစ္ဌာနႀကီးၾကပ္ေရး မႉးမ်ားထံတြင္ အမွတ္စာရင္း၊ အရည္အခ်င္းမွတ္ တမ္းခ်ဳပ္ရမွတ္အဆင့္၊ တကၠသိုလ္ဝင္ခြင့္လမ္းၫႊန္စာအုပ္ႏွင့္ တကၠသိုလ္ဝင္ခြင့္ေလွ်ာက္ထားရမည့္ ပုံစံစာအိတ္ကို ဩဂုတ္လ(၂၆)ရက္မွစ၍ ထုတ္ယူႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါတကၠသိုလ္ဝင္ခြင့္ ေလွ်ာက္လႊာစာအိတ္ကို တကၠသိုလ္ေပါင္း(၂၃)ခု၌ ဩဂုတ္လ(၂၆) ရက္မွ စက္တင္ဘာလ (၁၂)ရက္အထိ စေန၊ တနဂၤ ေႏြ ႐ုံးပိတ္ရက္မ်ားအပါအဝင္ ပိတ္ရက္မရွိ လက္ခံ သြားမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက ဆိုထားသည္။
"ေတာင္ကုတ္ကို(ဆရာ၊ ဆရာမေတြ)က် ေတာ့ ရန္ကုန္အေနာက္ပိုင္းတကၠသိုလ္တို႔ ဘာတို႔ ကို ေပါင္းတယ္။ လြိဳင္ေကာ္ကက်ေတာ့ တကၠသိုလ္ သုံးခုလားမသိဘူးေပါင္းတယ္။ လားရႈိးကေတာင္ႀကီး မွာေပါင္းတယ္။ ျမင္းၿခံဆိုရင္ မႏၲေလးကို လာေပါင္း တယ္။ ျမင္းၿခံလည္းပိတ္လိုက္တယ္ၾကားတယ္ Official ပိတ္တာေတာ့မဟုတ္ဘူး။ ဒါေပမဲ့ ျမင္းၿခံက ဆရာ၊ ဆရာမေတြကိုေတာ့ မႏၲေလးကိုလာတြဲ တာေတာ့ ေနာက္ဆုံးသိလိုက္တယ္။ တခ်ိဳ႕က်ေတာ့ ေက်ာင္းကဖြင့္ေပမယ့္ အတန္းေတြမရွိဘူး။ စစ္ေတြ ဆိုလည္း အတန္းမရွိဘူး၊ ပိတ္ေတာ့မပိတ္ဘူး။ တရား ဝင္ကေတာ့ လားရႈိးရယ္၊ ေတာင္ကုတ္ရယ္၊ လြိဳင္ ေကာ္ရယ္ေပါ့"ဟု တကၠသိုလ္ကထိက တစ္ဦးက NP News ကို ေျပာသည္။
သတ္မွတ္ရက္ေက်ာ္လြန္ၿပီး ေလွ်ာက္ထားသူမ်ားသည္ အဆင့္ျမင့္ ပညာဦးစီးဌာန(ရန္ကုန္႐ုံး ခြဲ) သထုံလမ္း၊ ကမာ႐ြတ္ၿမိဳ႕နယ္ ရန္ကုန္ၿမိဳ႕သို႔ ေပးပို႔ေလွ်ာက္ထားရန္ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ထားသည္။ အဆိုပါတကၠသိုလ္ဝင္ခြင့္ေခၚယူျခင္း သည္ သီးျခားဝင္ခြင့္ေခၚယူေသာ တကၠသိုလ္မွအပ တစ္ႏိုင္ငံလုံးရွိ တကၠသိုလ္မ်ားအားလုံးအတြက္ အက်ဳံးဝင္ၿပီး ေၾကညာခ်က္တြင္ပါရွိသည့္ တကၠ သိုလ္မ်ားအတြက္သာ ဝင္ခြင့္ေခၚယူျခင္း မဟုတ္ ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက အသိေပးထားသည္။ေၾကညာခ်က္တြင္ပါရွိသည့္ တကၠသိုလ္ (၂၃)ခုသည္ ဝင္ခြင့္ေလွ်ာက္လႊာမ်ားကို ျပန္လည္ လက္ခံမည့္ ေနရာဌာနမ်ားျဖစ္ေၾကာင္း စာစစ္ဦးစီးဌာနက ဆိုထားသည္။
၂၀၂၄ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို ၿပီးခဲ့သည့္ မတ္လ(၁၁)ရက္တြင္ က်င္းပခဲ့ၿပီး ေအာင္စာရင္းကို ဇြန္လ (၁၁)ရက္တြင္ ထုတ္ျပန္ခဲ့သည္။ ၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္ တကၠသိုလ္ ဝင္စာေမးပြဲ တြင္ ဝင္ေရာက္ေျဖဆိုသူဦးေရ ၁၂၈,၆၃၅ ဦးရွိခဲ့ၿပီး ၇၄,၅၉၂ ဦးေအာင္ျမင္ခဲ့သည့္အတြက္ ၅၇ ဒသမ ၉၀ ရာခိုင္ႏႈန္း ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။