ပြဿနာတွေကိုဖြေရှင်းဖို့အတွက် ဆွေးနွေးပွဲလုပ်ဆောင်ဖို့ ဥရောပသမဂ္ဂကို အီရန်နိုင်ငံခြားရေးဝန်ကြီးအသစ် တောင်းဆို

 223

Pika (NP News) - သြဂုတ် ၂၄

အီရန်နိုင်ငံခြားရေးဝန်ကြီးအသစ် Abbas Araghchi သည် ဥရောပသမဂ္ဂထိပ်တန်းသံတမန် နှင့် ဖုန်းခေါ်ဆိုမှုများ လုပ်ဆောင်ခဲ့ပြီးနောက် နှစ်ဖက်စလုံးကြားဖြစ်ပွားနေသောပြဿနာများကို ဖြေရှင်းရန်အတွက် ဆွေးနွေးပွဲများ လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
Abbas Araghchi က “အပြန်အလှန်လေးစားမှုကို အခြေခံတဲ့ပတ်ဝန်းကျင်မှာ ဥရောပသမဂ္ဂနဲ့အတူ ဖွံ့ဖြိုးတိုးတက် တဲ့ ဆက်ဆံရေးကို အီရန်နိုင်ငံက ကြိုဆိုပါတယ်” ဟု ပြောခဲ့သည်။ မကြာသေးမီနှစ်များအတွင်း အီရန် နှင့် ဥရောပသမဂ္ဂကြား ဆက်ဆံရေးမှာ တဖြည်းဖြည်းယိုယွင်းပျက်စီးလာခဲ့ခြင်းဖြစ်သည်။ အီရန်သည် ၎င်း၏ နျူကလီးယားလုပ်ဆောင်မှုကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ပြီး ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်ကို အကူအညီများ ထောက်ပံ့ပေးနေကြောင်း ဥရောပသမဂ္ဂက စွပ်စွဲပြောခဲ့သည်။

ထို့ပြင် အီရန်နိုင်ငံသည် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေသည့် ရုရှား၏ စစ်ပွဲကို ထောက်ခံခဲ့ပြီး လူ့အခွင့် အရေးချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း ဥရောပသမဂ္ဂက ထပ်မံစွပ်စွဲပြောခဲ့ဖူးသည်။ Abbas Araghchi က “ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် နှစ်ဖက်စလုံးကြားဖြစ်ပွားနေတဲ့ပြဿနာတွေကိုဖြေရှင်းဖို့ ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ဥရောပနိုင်ငံတွေရဲ့မှားယွင်းနေတဲ့မူဝါဒတွေကို မှန်ကန်အောင် လုပ်ဆောင် ဖို့အတွက် ဆွေးနွေးပွဲလုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ပြောခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးအသစ် Abbas Araghchi နှင့် ဖုန်းခေါ်ဆိုမှုအတွင်း နှစ်ဖက်ကြားအပြန်အလှန်အကျိုးရှိစေမည့် ဆွေးနွေးပွဲအသစ် လုပ်ဆောင်ရန် အလားအလာများကို ဆွေးနွေးခဲ့ကြောင်း ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ် က ပြောကြားခဲ့သည်။

ထို့ပြင် ယင်းကဲ့သို့သော အရေးကြီးသည့်ဆွေးနွေးပွဲတွင် ဒေသတွင်းတင်းမာမှုများကို ဖယ်ရှားပစ်ရန် လိုအပ်ကြောင်းလည်း ဂျိုးဆက်ဘော်ရဲလ်က ပြောကြားခဲ့သည်။

Zawgyi Version;
ျပႆနာေတြကိုေျဖရွင္းဖို႔အတြက္ ေဆြးေႏြးပြဲလုပ္ေဆာင္ဖို႔ ဥေရာပသမဂၢကို အီရန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္ ေတာင္းဆို
Pika (NP News) - ၾသဂုတ္ ၂၄

အီရန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္ Abbas Araghchi သည္ ဥေရာပသမဂၢထိပ္တန္းသံတမန္ ႏွင့္ ဖုန္းေခၚဆိုမႈမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏွစ္ဖက္စလုံးၾကားျဖစ္ပြားေနေသာျပႆနာမ်ားကို ေျဖရွင္းရန္အတြက္ ေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္ ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။
Abbas Araghchi က “အျပန္အလွန္ေလးစားမႈကို အေျခခံတဲ့ပတ္ဝန္းက်င္မွာ ဥေရာပသမဂၢနဲ႔အတူ ဖြံ႕ၿဖိဳးတိုးတက္ တဲ့ ဆက္ဆံေရးကို အီရန္ႏိုင္ငံက ႀကိဳဆိုပါတယ္” ဟု ေျပာခဲ့သည္။ မၾကာေသးမီႏွစ္မ်ားအတြင္း အီရန္ ႏွင့္ ဥေရာပသမဂၢၾကား ဆက္ဆံေရးမွာ တျဖည္းျဖည္းယိုယြင္းပ်က္စီးလာခဲ့ျခင္းျဖစ္သည္။ အီရန္သည္ ၎၏ န်ဴကလီးယားလုပ္ေဆာင္မႈကို ထိန္းခ်ဳပ္ရန္ ပ်က္ကြက္ခဲ့ၿပီး ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ ဟားမက္ကို အကူအညီမ်ား ေထာက္ပံ့ေပးေနေၾကာင္း ဥေရာပသမဂၢက စြပ္စြဲေျပာခဲ့သည္။

ထို႔ျပင္ အီရန္ႏိုင္ငံသည္ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ေနသည့္ ႐ုရွား၏ စစ္ပြဲကို ေထာက္ခံခဲ့ၿပီး လူ႔အခြင့္ အေရးခ်ိဳးေဖာက္မႈမ်ားကို က်ဴးလြန္ေနေၾကာင္း ဥေရာပသမဂၢက ထပ္မံစြပ္စြဲေျပာခဲ့ဖူးသည္။ Abbas Araghchi က “ဆက္ဆံေရးဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ႏွစ္ဖက္စလုံးၾကားျဖစ္ပြားေနတဲ့ျပႆနာေတြကိုေျဖရွင္းဖို႔ ေဆြးေႏြးပြဲေတြ လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ ၿပီးေတာ့ ဥေရာပႏိုင္ငံေတြရဲ႕မွားယြင္းေနတဲ့မူဝါဒေတြကို မွန္ကန္ေအာင္ လုပ္ေဆာင္ ဖို႔အတြက္ ေဆြးေႏြးပြဲလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္” ဟု ေျပာခဲ့သည္။ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္ Abbas Araghchi ႏွင့္ ဖုန္းေခၚဆိုမႈအတြင္း ႏွစ္ဖက္ၾကားအျပန္အလွန္အက်ိဳးရွိေစမည့္ ေဆြးေႏြးပြဲအသစ္ လုပ္ေဆာင္ရန္ အလားအလာမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း ဥေရာပသမဂၢႏိုင္ငံျခားေရးမူဝါဒအႀကီးအကဲ ဂ်ိဳးဆက္ေဘာ္ရဲလ္ က ေျပာၾကားခဲ့သည္။

ထို႔ျပင္ ယင္းကဲ့သို႔ေသာ အေရးႀကီးသည့္ေဆြးေႏြးပြဲတြင္ ေဒသတြင္းတင္းမာမႈမ်ားကို ဖယ္ရွားပစ္ရန္ လိုအပ္ေၾကာင္းလည္း ဂ်ိဳးဆက္ေဘာ္ရဲလ္က ေျပာၾကားခဲ့သည္

Related news

© 2021. All rights reserved.