နီပေါနိုင်ငံမှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အိန္ဒိယခရီးသွား(၂၇)ဦးသေဆုံး

 433

Pika (NP News) - သြဂုတ် ၂၄

နီပေါနိုင်ငံမှာ အိန္ဒိယခရီးသွားတွေတင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးဟာ အဝေးပြေးလမ်းမပေါ်ကနေ မြစ်ထဲ ကို ထိုးကျတိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူ(၂၇)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လမ်းမကောင်းခြင်း၊ ပြုပြင်ထိန်းသိမ်းမှု မရှိတဲ့ယာဉ်တွေနဲ့ မဆင်မခြင်မောင်းနှင်တာတွေကြောင့် နီပေါနိုင်ငံမှာ လူအသေအပျောက်များတဲ့ ယာဉ်မတော်တဆမှုတွေ အဖြစ်များတယ်လို့လည်း သိရပါတယ်။ အဲဒီဘတ်စ်ကားဟာ ပိုခါရာမြို့ကနေ Kathmandu မြို့ကို သွားလာနေတာဖြစ်ပြီး ဩဂုတ်လ(၂၃)ရက် မွန်းလွဲပိုင်းမှာ Tanahun ခရိုင် အလယ်ပိုင်းမှာ ယခုလိုတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ Tanahun ခရိုင်အရာရှိ Janardan Gautam က “ခရီးသည်(၄၃)ဦး လိုက်ပါလာတဲ့ ဘတ်စ်ကားဟာ မြစ်ထဲကို ထိုးကျတိမ်းမှောက်ခဲ့ပြီး အနည်းဆုံး လူ(၂၇)ဦး သေဆုံးခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ခရီးသည်တွေကို ရေစီးသန်နေတဲ့ Marsyangdi မြစ်အတွင်း ကနေ ဆွဲထုတ်ဖို့အတွက် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူ(၁၆)ဦးကို ဆေးကုသမှုတွေ လုပ်ဆောင်ဖို့အတွက် စစ်ဘက်ဆိုင်ရာရဟတ်ယာဉ်နဲ့ Kathmandu မြို့ကို ပို့ဆောင်ခဲ့တယ်လို့ လည်း သိရပါတယ်။ နီပေါနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလအထိ(၁၂)လအတွင်း ယာဉ်မတော်တဆမှုတွေကြောင့် လူ(၂၄၀၀) နီးပါး သေဆုံးခဲ့တယ်လို့ နီပေါအစိုးရရဲ့အချက်အလက်တွေအရ သိရပါတယ်။

Zawgyi Version;
နီေပါႏိုင္ငံမွာ ဘတ္စ္ကားတစ္စီးတိမ္းေမွာက္ခဲ့ၿပီး အိႏၵိယခရီးသြား(၂၇)ဦးေသဆုံး
Pika (NP News) - ၾသဂုတ္ ၂၄

နီေပါႏိုင္ငံမွာ အိႏၵိယခရီးသြားေတြတင္ေဆာင္လာတဲ့ ဘတ္စ္ကားတစ္စီးဟာ အေဝးေျပးလမ္းမေပၚကေန ျမစ္ထဲ ကို ထိုးက်တိမ္းေမွာက္ခဲ့ရာ အနည္းဆုံးလူ(၂၇)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၁၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

လမ္းမေကာင္းျခင္း၊ ျပဳျပင္ထိန္းသိမ္းမႈ မရွိတဲ့ယာဥ္ေတြနဲ႔ မဆင္မျခင္ေမာင္းႏွင္တာေတြေၾကာင့္ နီေပါႏိုင္ငံမွာ လူအေသအေပ်ာက္မ်ားတဲ့ ယာဥ္မေတာ္တဆမႈေတြ အျဖစ္မ်ားတယ္လို႔လည္း သိရပါတယ္။ အဲဒီဘတ္စ္ကားဟာ ပိုခါရာၿမိဳ႕ကေန Kathmandu ၿမိဳ႕ကို သြားလာေနတာျဖစ္ၿပီး ဩဂုတ္လ(၂၃)ရက္ မြန္းလြဲပိုင္းမွာ Tanahun ခ႐ိုင္ အလယ္ပိုင္းမွာ ယခုလိုတိမ္းေမွာက္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ Tanahun ခ႐ိုင္အရာရွိ Janardan Gautam က “ခရီးသည္(၄၃)ဦး လိုက္ပါလာတဲ့ ဘတ္စ္ကားဟာ ျမစ္ထဲကို ထိုးက်တိမ္းေမွာက္ခဲ့ၿပီး အနည္းဆုံး လူ(၂၇)ဦး ေသဆုံးခဲ့ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ကယ္ဆယ္ေရးသမားေတြဟာ အသက္ရွင္က်န္ရစ္ခဲ့တဲ့ခရီးသည္ေတြကို ေရစီးသန္ေနတဲ့ Marsyangdi ျမစ္အတြင္း ကေန ဆြဲထုတ္ဖို႔အတြက္ ခက္ခက္ခဲခဲ႐ုန္းကန္ခဲ့ရတယ္လို႔ သိရပါတယ္။ ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ လူ(၁၆)ဦးကို ေဆးကုသမႈေတြ လုပ္ေဆာင္ဖို႔အတြက္ စစ္ဘက္ဆိုင္ရာရဟတ္ယာဥ္နဲ႔ Kathmandu ၿမိဳ႕ကို ပို႔ေဆာင္ခဲ့တယ္လို႔ လည္း သိရပါတယ္။ နီေပါႏိုင္ငံမွာ ၿပီးခဲ့တဲ့ ဧၿပီလအထိ(၁၂)လအတြင္း ယာဥ္မေတာ္တဆမႈေတြေၾကာင့္ လူ(၂၄၀၀) နီးပါး ေသဆုံးခဲ့တယ္လို႔ နီေပါအစိုးရရဲ႕အခ်က္အလက္ေတြအရ သိရပါတယ္။

Related news

© 2021. All rights reserved.