ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ

 407

စော (NP News) - နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွား ဧည့်သည်များ လေ့လာနိုင်ရန် တူးဖော်သုတေ သန ပြုလုပ်နေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်း သုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက NP News ကို ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ ကေတုမ တီမြို့ကို မင်းကြီးညိုက ၁၅၁၀ ပြည့်နှစ်တွင် တည် ထောင်ခဲ့ရာ ယခုအချိန်တွင် နှစ်ပေါင်း(၅၁၄) နှစ်ရှိနေပြီး ပဲခူးမြို့နယ်တွင်တည်ရှိသည့် ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတ ရားကြီး တည်ဆောက်ခဲ့သည့် ဟံသာဝတီမြို့ဟောင်းသည် နှစ်ပေါင်း (၄၅၀)ကျော် သက်တမ်းရှိပြီဖြစ်ကြောင်း သိရသည်။ မြို့ဟောင်းများကို တူးဖော်သုတေသနပြုလုပ်ရာတွင် အပိုင်းနှစ်ပိုင်းခွဲကာ ဆောင်ရွက်လျက်ရှိနေပြီး တစ်ပိုင်းမှာ မြို့ဟောင်းများကို စနစ်တကျပြန်လည်တူးဖော်သုတေသန ဆောင်ရွက်ခြင်းဖြစ်ကာ ကျန်တစ်ပိုင်းမှာ တူးဖော်သု တေ သနပြုလုပ်ရာတွင် ရှာဖွေတွေ့ရှိသော အဆောက်အအုံများကို ထိန်းသိမ်းခြင်းတို့ဖြစ်ကြောင်းသိရသည်။ ‘ ထိန်းသိမ်းရေးလုပ်ပြီးရင် အများပြည်သူ လေ့လာလို့ရ‌အောင် အထူးသဖြင့်ကတော့ Tourism ပေါ့။ Tourism လမ်းကြောင်းနဲ့ ချိတ်ဆက်ပြီးတော့ ခရီးသွားဧည့်သည်တွေ လာလေ့လာတဲ့အထိ Feasibilities တွေပေးပြီးတော့မှ အဲဒီလိုမျိုးတော့ ရည်မှန်းထားတယ်။ အထူးသဖြင့် တောင်ငူ ကေတု မတီမြို့ဟောင်းနဲ့ ဟံသာဝတီမြို့ဟောင်းပေါ့။ အဲဒီ နှစ်ခုကို ဒီခရီးသွားဧည့်သည်တွေ လာလေ့လာလို့ရအောင် ဖော်ဆောင်ဖို့အတွက်ကို တူးဖော်သုတေသနထိန်းသိမ်းပြီးတော့မှ သူနဲ့ Association ဖြစ်တဲ့ ဒီ Landscape ကို မူလဖြစ်ခဲ့တဲ့ ဒီ Landscape မပျောက်အောင် ပြန်လုပ်ပြီးတာ့မှ အယုဒ္ဓယတို့ ထိန်းသလိုမျိုး ဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်’ဟု ဦး ကျော်မျိုးဝင်းက ပြောသည်။

လက်ရှိတွင် ကေတုမတီမြို့ဟောင်း၌ မြို့ရိုးနှင့် ပြအိုများ၊ ဟံသာဝတီမြို့ဟောင်း၌ အင်းဝတံခါးမှ တောင်ငူတံခါး ကြားရှိ ပြအိုးများနှင့် တောင်ငူတံခါး ပေါက်ကို တူးဖော်သုတေသနပြုလုပ်ရန် စီစဉ်ဆောင် ရွက်နေကြောင်း သိရသည်။ ‘သရေခေတ္တရာက ပြီးခဲ့တဲ့နှစ်က နန်းတော်ရာ ကျုံး၊ ရေကျုံးပေါ့။ တောင်ဘက်ရေကျုံးကို တူးဖော်သုတေသန လုပ်ပြီးသွားပြီ။ အခုအရှေ့ဘက်နဲ့ အနောက်ဘက်ကို ဆက်ပြီးတော့ လုပ်ဖို့ရှိတယ်။ လုပ်ဖို့ရှိတဲ့နေရာမှာ ထူးခြားတာ ကတော့ နန်းမြို့ရိုးအရှေ့ဘက်ကျုံးထဲမှာပေါ့။ နဂို မူလတုန်းက တံခါးအဖြစ် အသုံးပြုခဲ့တယ်လို့ယူဆရတဲ့ အုတ်ဖိနပ်တွေ တော်တော်များများတွေ့တယ်။ အဲဒီနေရာမှာလည်း အမိုးအုတ်ကြွပ်ပြားတွေတွေ့တယ်။ ဒါကြောင့်မို့ ပျူခေတ်ရဲ့ ကျုံးကူးတံခါးတွေက အမိုးတွေနဲ့ပါ သေချာခမ်း ခမ်းနားနားလုပ်ခဲ့တယ်လို့ ယူဆလို့ရတယ်’ဟု ၎င်းကဆက်လက် ပြောသည်။

အဆိုပါ သရေခေတ္တရာမြို့ဟောင်းသည် မြန်မာနိုင်ငံတွင်ရှိသည့် ပျူမြို့ဟောင်းများအနက် အကြီးဆုံး နှင့် သက်တမ်းအရှည်ဆုံးမြို့ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့သည်။

‘သရေခေတ္တရာလည်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့တဲ့ သုံးလေးနှစ်ကတည်းကစတင်ပြီး Tourism လမ်းကြောင်းကို ဖော်ဆောင်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သရေခေတ္တရာက ကမ္ဘာ့အမွေ အနှစ်က (၂၀၁၄) တည်းက ဝင်ထားတာဆိုတော့လေ။ ဒီဟာကလည်း နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အမွေအနှစ်ဆိုက်ဖြစ်နေတဲ့ အတွက် ကြောင့် အဲဒီမှာရှိတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ Tourism လုပ် ငန်းရှင်တွေအကုန်လုံးကလည်း ခရီးသွားဝန်ဆောင် မှုဖော်ဆောင်နေတာကြာပါပြီ။ အဲဒါတွေကလည်း ကျွန်တော်တို့ တူးဖော်သုတေသနပြုထွက်ပေါ်လာတဲ့ တွေ့ရှိလာတဲ့ ပစ္စည်းတွေကို ပြတိုက်မှာ ထားပြီးတော့ အများပြည်သူလေ့လာနိုင်အောင် ဆက်ပြီးတော့ ဆောင်ရွက်မှာပါ’ဟု ၎င်းကပြောသည်။

zawgyi version
ေကတုမတီၿမိဳ႕ေဟာင္းႏွင့္ ဟံသာဝတီၿမိဳ႕ေဟာင္းတို႔ကို ခရီးသြားမ်ား ေလ့ လာႏိုင္ရန္ တူးေဖာ္သုေတသနျပဳေန
ေစာ (NP News) - ႏိုဝင္ဘာ ၂၂

ပဲခူးတိုင္းေဒသႀကီးအတြင္းရွိ ေကတုမတီၿမိဳ႕ေဟာင္းႏွင့္ ဟံသာဝတီၿမိဳ႕ေဟာင္းတို႔ကို ခရီးသြား ဧည့္သည္မ်ား ေလ့လာႏိုင္ရန္ တူးေဖာ္သုေတ သန ျပဳလုပ္ေနေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွး ေဟာင္း သုေတသႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက ၫႊန္ၾကားေရးမႉး ဦးေက်ာ္မ်ိဳးဝင္းက NP News ကို ေျပာသည္။

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္ရွိ ေကတုမ တီၿမိဳ႕ကို မင္းႀကီးညိဳက ၁၅၁၀ ျပည့္ႏွစ္တြင္ တည္ ေထာင္ခဲ့ရာ ယခုအခ်ိန္တြင္ ႏွစ္ေပါင္း(၅၁၄) ႏွစ္ရွိေနၿပီး ပဲခူးၿမိဳ႕နယ္တြင္တည္ရွိသည့္ ဆင္ျဖဴမ်ားရွင္ ဘုရင့္ေနာင္မင္းတ ရားႀကီး တည္ေဆာက္ခဲ့သည့္ ဟံသာဝတီၿမိဳ႕ေဟာင္းသည္ ႏွစ္ေပါင္း (၄၅၀)ေက်ာ္ သက္တမ္းရွိၿပီျဖစ္ေၾကာင္း သိရသည္။ ၿမိဳ႕ေဟာင္းမ်ားကို တူးေဖာ္သုေတသနျပဳလုပ္ရာတြင္ အပိုင္းႏွစ္ပိုင္းခြဲကာ ေဆာင္႐ြက္လ်က္ရွိေနၿပီး တစ္ပိုင္းမွာ ၿမိဳ႕ေဟာင္းမ်ားကို စနစ္တက်ျပန္လည္တူးေဖာ္သုေတသန ေဆာင္႐ြက္ျခင္းျဖစ္ကာ က်န္တစ္ပိုင္းမွာ တူးေဖာ္သု ေတ သနျပဳလုပ္ရာတြင္ ရွာေဖြေတြ႕ရွိေသာ အေဆာက္အအုံမ်ားကို ထိန္းသိမ္းျခင္းတို႔ျဖစ္ေၾကာင္းသိရသည္။ ‘ ထိန္းသိမ္းေရးလုပ္ၿပီးရင္ အမ်ားျပည္သူ ေလ့လာလို႔ရ‌ေအာင္ အထူးသျဖင့္ကေတာ့ Tourism ေပါ့။ Tourism လမ္းေၾကာင္းနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ခရီးသြားဧည့္သည္ေတြ လာေလ့လာတဲ့အထိ Feasibilities ေတြေပးၿပီးေတာ့မွ အဲဒီလိုမ်ိဳးေတာ့ ရည္မွန္းထားတယ္။ အထူးသျဖင့္ ေတာင္ငူ ေကတု မတီၿမိဳ႕ေဟာင္းနဲ႔ ဟံသာဝတီၿမိဳ႕ေဟာင္းေပါ့။ အဲဒီ ႏွစ္ခုကို ဒီခရီးသြားဧည့္သည္ေတြ လာေလ့လာလို႔ရေအာင္ ေဖာ္ေဆာင္ဖို႔အတြက္ကို တူးေဖာ္သုေတသနထိန္းသိမ္းၿပီးေတာ့မွ သူနဲ႔ Association ျဖစ္တဲ့ ဒီ Landscape ကို မူလျဖစ္ခဲ့တဲ့ ဒီ Landscape မေပ်ာက္ေအာင္ ျပန္လုပ္ၿပီးတာ့မွ အယုဒၶယတို႔ ထိန္းသလိုမ်ိဳး ေဆာင္႐ြက္ဖို႔ ရည္မွန္းထားပါတယ္’ဟု ဦး ေက်ာ္မ်ိဳးဝင္းက ေျပာသည္။

လက္ရွိတြင္ ေကတုမတီၿမိဳ႕ေဟာင္း၌ ၿမိဳ႕႐ိုးႏွင့္ ျပအိုမ်ား၊ ဟံသာဝတီၿမိဳ႕ေဟာင္း၌ အင္းဝတံခါးမွ ေတာင္ငူတံခါး ၾကားရွိ ျပအိုးမ်ားႏွင့္ ေတာင္ငူတံခါး ေပါက္ကို တူးေဖာ္သုေတသနျပဳလုပ္ရန္ စီစဥ္ေဆာင္ ႐ြက္ေနေၾကာင္း သိရသည္။ ‘သေရေခတၱရာက ၿပီးခဲ့တဲ့ႏွစ္က နန္းေတာ္ရာ က်ဳံး၊ ေရက်ဳံးေပါ့။ ေတာင္ဘက္ေရက်ဳံးကို တူးေဖာ္သုေတသန လုပ္ၿပီးသြားၿပီ။ အခုအေရွ႕ဘက္နဲ႔ အေနာက္ဘက္ကို ဆက္ၿပီးေတာ့ လုပ္ဖို႔ရွိတယ္။ လုပ္ဖို႔ရွိတဲ့ေနရာမွာ ထူးျခားတာ ကေတာ့ နန္းၿမိဳ႕႐ိုးအေရွ႕ဘက္က်ဳံးထဲမွာေပါ့။ နဂို မူလတုန္းက တံခါးအျဖစ္ အသုံးျပဳခဲ့တယ္လို႔ယူဆရတဲ့ အုတ္ဖိနပ္ေတြ ေတာ္ေတာ္မ်ားမ်ားေတြ႕တယ္။ အဲဒီေနရာမွာလည္း အမိုးအုတ္ႂကြပ္ျပားေတြေတြ႕တယ္။ ဒါေၾကာင့္မို႔ ပ်ဴေခတ္ရဲ႕ က်ဳံးကူးတံခါးေတြက အမိုးေတြနဲ႔ပါ ေသခ်ာခမ္း ခမ္းနားနားလုပ္ခဲ့တယ္လို႔ ယူဆလို႔ရတယ္’ဟု ၎ကဆက္လက္ ေျပာသည္။

အဆိုပါ သေရေခတၱရာၿမိဳ႕ေဟာင္းသည္ ျမန္မာႏိုင္ငံတြင္ရွိသည့္ ပ်ဴၿမိဳ႕ေဟာင္းမ်ားအနက္ အႀကီးဆုံး ႏွင့္ သက္တမ္းအရွည္ဆုံးၿမိဳ႕ျဖစ္ၿပီး ၂၀၁၄ ခုႏွစ္တြင္ ကမာၻ႔အေမြအႏွစ္စာရင္းဝင္အျဖစ္ သတ္မွတ္ခဲ့သည္။

‘သေရေခတၱရာလည္း ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕က ၿပီးခဲ့တဲ့ သုံးေလးႏွစ္ကတည္းကစတင္ၿပီး Tourism လမ္းေၾကာင္းကို ေဖာ္ေဆာင္ေနတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သေရေခတၱရာက ကမာၻ႔အေမြ အႏွစ္က (၂၀၁၄) တည္းက ဝင္ထားတာဆိုေတာ့ေလ။ ဒီဟာကလည္း ႏိုင္ငံတကာအသိအမွတ္ျပဳထားတဲ့ ကမာၻ႔အေမြအႏွစ္ဆိုက္ျဖစ္ေနတဲ့ အတြက္ ေၾကာင့္ အဲဒီမွာရွိတဲ့ ဟိုတယ္လုပ္ငန္းရွင္ေတြ Tourism လုပ္ ငန္းရွင္ေတြအကုန္လုံးကလည္း ခရီးသြားဝန္ေဆာင္ မႈေဖာ္ေဆာင္ေနတာၾကာပါၿပီ။ အဲဒါေတြကလည္း ကြၽန္ေတာ္တို႔ တူးေဖာ္သုေတသနျပဳထြက္ေပၚလာတဲ့ ေတြ႕ရွိလာတဲ့ ပစၥည္းေတြကို ျပတိုက္မွာ ထားၿပီးေတာ့ အမ်ားျပည္သူေလ့လာႏိုင္ေအာင္ ဆက္ၿပီးေတာ့ ေဆာင္႐ြက္မွာပါ’ဟု ၎ကေျပာသည္။

Related news

© 2021. All rights reserved.