လုံခြုံစိတ်ချကောင်းမွန်ပါက လာမည့်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ပြည်ပခရီးသွား ပိုမိုဝင်ရောက်လာနိုင်
178
စော (NP News) - ဒီဇင်ဘာ ၁၈
မြန်မာနိုင်ငံရှိ ဒေသတွင်းခရီးစဉ်များ လုံခြုံစိတ်ချကောင်းမွန်ပါက လာမည့်နှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလတို့တွင် ပြည်ပခရီးသွား ပိုမိုဝင်ရောက်လာနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ချုပ် ဒုဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NP News ကို ပြောကြားချက်အရ သိရသည်။
ယခု ဒီဇင်ဘာလပိတ်ရက်တွင် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေအနေ သည် ပုံမှန်အားဖြင့် ဝင်ရောက်သည့်အရေအတွက် လျော့ကျလေ့ရှိကြောင်း သိရသည်။ “ ဒီဇင်ဘာမှာ ခရီးစဉ်ဒေသတွေက ကောင်းမွန်တယ်။ လုံခြုံစိတ်ချရတယ်ဆိုရင် လာမယ့် (၁)လပိုင်း၊ (၂)လပိုင်း ဇန်နဝါ ရီနဲ့ ဖေဖော်ဝါရီမှာ ခရီးသည်တွေ ပိုမိုဝင်ရောက်လာဖို့ရှိပါတယ်။ ပြည်ပခရီးသွားတွေလေ။ ကျွန်တော်တို့ ဘက်က နိုင်ငံရဲ့အခြေအနေ တည်ငြိမ်အေးချမ်းတယ်ဆိုရင် မျှော်လင့်လို့ရပါတယ်” ဟု ဦးနောင်း နောင်းဟန်က ပြောသည်။
မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများသည် ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ပြီး တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယနှင့် ဗီယက်နမ်တို့မှလည်း လာရောက်လည်ပတ်ခဲ့ရာ (၁၀)လတာ ကာလအတွင်း ပြည်ပခရီးသွား (၈၉၈,၉၇၁)ဦး ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။
“ဒီဇင်ဘာကလေ ကျွန်တော်တို့ မျှော်လင့်ထားတာတော့ ခရီးသည်များလိမ့်မယ်ပေါ့။ နိုဝင် ဘာလထက်တောင်မှ ကျော်သွားနိုင်ပါသေးတယ်။ ကျွန်တော်တို့ ဆယ်လပိုင်းမှာတုန်းကတော့ အောက် တိုဘာလမှာတော့ ခရီးသွားက မျှော်မှန်းထားတာထက် နည်းသွားတယ်ပေါ့။ နည်းသွားပြီးတော့ အခုဒီဇင်ဘာမှာတော့ စပြီးတော့ တချို့ရက်တွေဆိုရင် ဟိုတယ်တွေ အခန်းပြည့်သွားတဲ့အတွက် အခန်းမရတော့တာတွေရှိနေပါတယ်။ ဒီဇင်ဘာနဲ့ New Year ခရစ္စမတ်အချိန်မှာ ခရီးသွားလာမှုတွေ တစ်ချိန်ထိုး မြင့်တက်သွားပါလိမ့်မယ်” ဟု ၎င်းကဆက်လက် ပြောသည်။
ပြည်တွင်းခရီးသွားများအနေဖြင့် နိုဝင်ဘာလမှစ၍ တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသခရီးစဉ်များသို့ ပြန်လည်သွားရောက်လည်ပတ်မှုများ ရှိလာကြောင်း သိရသည်။ “ ပုံမှန်တော့ ကမ်းခြေဒေသတွေကတော့ ပုံမှန်သွားလာတာထက် ပိုများတယ်။ ဒါ့ပြင် ပုဂံ လိုနေရာမျိုးတွေ တော်တော်လေးများလာပါတယ်။ ပုဂံမှာဆိုလည်း ဟိုတယ်တွေ တော်တော်များများ လည်း အခန်းပြည့်ဖြစ်နေပြီလို့ သတင်းအရသိရှိထားပါတယ်။ နောက်တစ်ခါ ကျိုက်ထီးရိုးဘက်ကို သွားတာလေး ခရီးတိုသွားတာမျိုးတွေကတစ်ဆင့် ဘားအံ့တို့ထိတောင် သွားလာမှုတွေရှိနေပါတယ်။ နောက်တစ်ခါ ရှမ်းပြည်က ကလော၊ ပင်းတယနဲ့တောင်ကြီးခရီးစဉ်တွေ အင်းလေးခရီးစဉ်တွေ အဲဒီ ခရီးစဉ်တွေ ဒီဇင်ဘာမှာ တော်တော်လေးသွားကြပါတယ်” ဟု ၎င်းက ပြောသည်။
ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလပိုင်းက ပွင့်လင်း ရာသီကာလအတွင်း ဦးစားပေးသွားလာလည်ပတ်သင့်သည့် ခရီးစဉ်ဒေသ (၁၄) ခုကို ခရီးသွားအကြံပြု ချက်တွင်ဖော်ပြထားပြီး ယခုနှစ်၌ ဒေသတွင်းမတည်ငြိမ်မှုများနှင့် ရေဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများကြောင့် အချို့နေရာများသို့ သွားရောက် လည်ပတ်ရန် အခက်အခဲများရှိနေခဲ့သည်။
zawgyi version
လုံၿခဳံစိတ္ခ်ေကာင္းမြန္ပါက လာမည့္ႏွစ္ ဇန္နဝါရီလႏွင့္ ေဖေဖာ္ဝါရီလတို႔တြင္ ျပည္ပခရီးသြား ပိုမိုဝင္ေရာက္လာႏိုင္
ေစာ (NP News) - ဒီဇင္ဘာ ၁၈
ျမန္မာႏိုင္ငံရွိ ေဒသတြင္းခရီးစဥ္မ်ား လုံၿခဳံစိတ္ခ်ေကာင္းမြန္ပါက လာမည့္ႏွစ္ ဇန္နဝါရီလ ႏွင့္ ေဖေဖာ္ဝါရီလတို႔တြင္ ျပည္ပခရီးသြား ပိုမိုဝင္ေရာက္လာႏိုင္ေၾကာင္း ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ ခ်ဳပ္ ဒုဥကၠ႒ ဦးေနာင္းေနာင္းဟန္က NP News ကို ေျပာၾကားခ်က္အရ သိရသည္။
ယခု ဒီဇင္ဘာလပိတ္ရက္တြင္ ျမန္မာႏိုင္ငံသို႔ ျပည္ပခရီးသြားဧည့္သည္ဝင္ေရာက္မႈအေျခအေန သည္ ပုံမွန္အားျဖင့္ ဝင္ေရာက္သည့္အေရအတြက္ ေလ်ာ့က်ေလ့ရွိေၾကာင္း သိရသည္။ “ ဒီဇင္ဘာမွာ ခရီးစဥ္ေဒသေတြက ေကာင္းမြန္တယ္။ လုံၿခဳံစိတ္ခ်ရတယ္ဆိုရင္ လာမယ့္ (၁)လပိုင္း၊ (၂)လပိုင္း ဇန္နဝါ ရီနဲ႔ ေဖေဖာ္ဝါရီမွာ ခရီးသည္ေတြ ပိုမိုဝင္ေရာက္လာဖို႔ရွိပါတယ္။ ျပည္ပခရီးသြားေတြေလ။ ကြၽန္ေတာ္တို႔ ဘက္က ႏိုင္ငံရဲ႕အေျခအေန တည္ၿငိမ္ေအးခ်မ္းတယ္ဆိုရင္ ေမွ်ာ္လင့္လို႔ရပါတယ္” ဟု ဦးေနာင္း ေနာင္းဟန္က ေျပာသည္။
ျမန္မာႏိုင္ငံသို႔လာေရာက္သည့္ ႏိုင္ငံျခားသား ခရီးသြားမ်ားသည္ ထိုင္းႏိုင္ငံမွ အမ်ားဆုံးျဖစ္ၿပီး တ႐ုတ္၊ ကိုရီးယား၊ ဂ်ပန္၊ အိႏၵိယႏွင့္ ဗီယက္နမ္တို႔မွလည္း လာေရာက္လည္ပတ္ခဲ့ရာ (၁၀)လတာ ကာလအတြင္း ျပည္ပခရီးသြား (၈၉၈,၉၇၁)ဦး ရွိခဲ့ေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြား ဝန္ႀကီးဌာန၏ အခ်က္ အလက္မ်ားအရ သိရသည္။
“ဒီဇင္ဘာကေလ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ထားတာေတာ့ ခရီးသည္မ်ားလိမ့္မယ္ေပါ့။ ႏိုဝင္ ဘာလထက္ေတာင္မွ ေက်ာ္သြားႏိုင္ပါေသးတယ္။ ကြၽန္ေတာ္တို႔ ဆယ္လပိုင္းမွာတုန္းကေတာ့ ေအာက္ တိုဘာလမွာေတာ့ ခရီးသြားက ေမွ်ာ္မွန္းထားတာထက္ နည္းသြားတယ္ေပါ့။ နည္းသြားၿပီးေတာ့ အခုဒီဇင္ဘာမွာေတာ့ စၿပီးေတာ့ တခ်ိဳ႕ရက္ေတြဆိုရင္ ဟိုတယ္ေတြ အခန္းျပည့္သြားတဲ့အတြက္ အခန္းမရေတာ့တာေတြရွိေနပါတယ္။ ဒီဇင္ဘာနဲ႔ New Year ခရစၥမတ္အခ်ိန္မွာ ခရီးသြားလာမႈေတြ တစ္ခ်ိန္ထိုး ျမင့္တက္သြားပါလိမ့္မယ္” ဟု ၎ကဆက္လက္ ေျပာသည္။
ျပည္တြင္းခရီးသြားမ်ားအေနျဖင့္ ႏိုဝင္ဘာလမွစ၍ ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပုံပ်ံပြဲေၾကာင့္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေဒသခရီးစဥ္မ်ားသို႔ ျပန္လည္သြားေရာက္လည္ပတ္မႈမ်ား ရွိလာေၾကာင္း သိရသည္။ “ ပုံမွန္ေတာ့ ကမ္းေျခေဒသေတြကေတာ့ ပုံမွန္သြားလာတာထက္ ပိုမ်ားတယ္။ ဒါ့ျပင္ ပုဂံ လိုေနရာမ်ိဳးေတြ ေတာ္ေတာ္ေလးမ်ားလာပါတယ္။ ပုဂံမွာဆိုလည္း ဟိုတယ္ေတြ ေတာ္ေတာ္မ်ားမ်ား လည္း အခန္းျပည့္ျဖစ္ေနၿပီလို႔ သတင္းအရသိရွိထားပါတယ္။ ေနာက္တစ္ခါ က်ိဳက္ထီး႐ိုးဘက္ကို သြားတာေလး ခရီးတိုသြားတာမ်ိဳးေတြကတစ္ဆင့္ ဘားအံ့တို႔ထိေတာင္ သြားလာမႈေတြရွိေနပါတယ္။ ေနာက္တစ္ခါ ရွမ္းျပည္က ကေလာ၊ ပင္းတယနဲ႔ေတာင္ႀကီးခရီးစဥ္ေတြ အင္းေလးခရီးစဥ္ေတြ အဲဒီ ခရီးစဥ္ေတြ ဒီဇင္ဘာမွာ ေတာ္ေတာ္ေလးသြားၾကပါတယ္” ဟု ၎က ေျပာသည္။
ဟိုတယ္ႏွင့္ခရီးသြားဝန္ႀကီးဌာနက ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ စက္တင္ဘာလပိုင္းက ပြင့္လင္း ရာသီကာလအတြင္း ဦးစားေပးသြားလာလည္ပတ္သင့္သည့္ ခရီးစဥ္ေဒသ (၁၄) ခုကို ခရီးသြားအႀကံျပဳ ခ်က္တြင္ေဖာ္ျပထားၿပီး ယခုႏွစ္၌ ေဒသတြင္းမတည္ၿငိမ္မႈမ်ားႏွင့္ ေရေဘးျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားေၾကာင့္ အခ်ိဳ႕ေနရာမ်ားသို႔ သြားေရာက္ လည္ပတ္ရန္ အခက္အခဲမ်ားရွိေနခဲ့သည္။