သိန်း(၁ဝ၅ဝ)တန် SKD ဆူဇူကီး အာတီကာ ဟိုက်ဘရစ်ကားကြောင့် ဈေးကွက်လှုပ်ခတ်နေ
6843
ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၂၆
သိန်း(၁ဝ၅ဝ)ဖြင့်ရောင်းချပေးမည့် ဆူဇူကီး အာတီကာ ဟိုက်ဘရစ် ကြောင့် လတ်တလောကားဈေး ကွက်အတွင်း ဝေဖန်မှုများ ထွက်ပေါ်နေပြီး ဈေးကွက်လှုပ်ခတ်မှုရှိနေကြောင်း ကားလုပ်ငန်းရှင် အသိုင်း အဝိုင်းမှ သိရသည်။
မြန်မာနိုင်ငံတွင် တစ်စိတ်တစ်ပိုင်းတပ်ဆင်ထုတ်လုပ်သော ဆူဇူကီး SKD ကားကုမ္ပဏီက လျှပ်စစ်နှင့် စက်သုံးဆီနှစ်မျိုးစပ် အာတီကာ ဟိုက်ဘရစ်ကား တစ်စီးလျှင် သိန်း(၁ဝ၅ဝ)ဖြင့်ရောင်းချမည်ဟု ဒီဇင်ဘာလ ၂၅ ရက်တွင် တရားဝင်ကြေညာသည်။ ယင်းကြေညာချက်အရလတ်တလော SKD ကားဈေးကွက်အတွင်း ကြီးစိုးနေသော ကားအမျိုးအစားများ ဈေးနှုန်းကျဆင်းလာနိုင်ကြောင်း သုံးသပ်မှုများထွက်ပေါ်နေသည့်အပြင် ပြင်ပဈေးကွက်အတွင်း SKD ကားများမှာ တပတ်ရစ်ဈေးကွက်အတွင်း ဈေး အမြင့်ပိုင်းတွင် ရှိနိုင်ကြောင်းသိရသည်။
"SKD ကားတွေက ဈေးကွက်ထဲမှာ အမြင့်တန်းမှာရှိနေတာ ဆူဇူကီးအာတီကာက သိန်းတစ်ထောင်တန် ဈေးဆိုရင် အပြိုင်အဆိုင်ရှိလာနိုင်တယ်။ လတ်တလော ဆူဇူကီးအာတီကာ တီ2၊ တီ4 တွေကတော့ဈေးပြန်ကျမယ်ထင်ပါတယ်"ဟု ကားဝယ်ရောင်းလုပ်ငန်းရှင် ဦးထွန်းက ပြောသည်။
ဆူဇူကီးကုမ္ပဏီသည် ၂ဝ၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံတွင်ရှိသော ကားစက်ရုံမှာ ပြိုင်ဆိုင်မှုပြင်းထန်းသော ကားဈေးကွက်ကြောင့် စက်ရုံရပ်နားထားရပြီး မြန်မာပြည်တွင်အကန့်အသတ်ဖြင့်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။ “တရားဝင်အရောင်းကိုယ်စားလှယ်တွေကတော့ စက်ရုံထုတ်ဈေးနဲ့ရောင်းမှာမဟုတ်ဘူး ဈေးကွက်ထဲမှာ အပြိုင်ဈေးဆွဲတင်ပြီး အမြင့်ဆုံးဈေးမှရောင်းမယ်ထင်ပါတယ်။ ကားခွဲတမ်းမရဘဲ အရှုံးခံပြီး ကားပြခန်းဖွင့်ခဲ့တာတွေက အချိန်ကြာပြီလေ။ မြန်မာပြည်က ဈေးကွက်လိုအပ်ချက်အတိုင်းဘဲ စက်ရုံကထုတ်မယ်ထင်ပါတယ်”ဟု ဝါရင့်ကားထုတ်လုပ်ရောင်းချသူ ကိုဇော်ထိုက်အေးက ပြောသည်။
လတ်တလောဈေးကွက်အတွင်း ဆူဇူကီးအာတီကာမှာ မြန်မာပြည်ဈေးကွက်တွင် လူကြိုက်များသည့် အိမ်သုံးလူစီးကားဖြစ်သည့်အပြင် ဟိုက်ဘရစ် အမျိုးအစားဖြစ်သောကြောင့် စိတ်ဝင်စားမှုမြင့်တက်နေသည်။
zawgyi version
သိန္း (၁ဝ၅ဝ)တန္ SKD ဆူဇူကီး အာတီကာ ဟိုက္ဘရစ္ကားေၾကာင့္ ေဈးကြက္လႈပ္ခတ္ေန
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၂၆
သိန္း(၁ဝ၅ဝ)ျဖင့္ေရာင္းခ်ေပးမည့္ ဆူဇူကီး အာတီကာ ဟိုက္ဘရစ္ ေၾကာင့္ လတ္တေလာကားေဈး ကြက္အတြင္း ေဝဖန္မႈမ်ား ထြက္ေပၚေနၿပီး ေဈးကြက္လႈပ္ခတ္မႈရွိေနေၾကာင္း ကားလုပ္ငန္းရွင္ အသိုင္း အဝိုင္းမွ သိရသည္။
ျမန္မာႏိုင္ငံတြင္ တစ္စိတ္တစ္ပိုင္းတပ္ဆင္ထုတ္လုပ္ေသာ ဆူဇူကီး SKD ကားကုမၸဏီက လွ်ပ္စစ္ႏွင့္ စက္သုံးဆီႏွစ္မ်ိဳးစပ္ အာတီကာ ဟိုက္ဘရစ္ကား တစ္စီးလွ်င္ သိန္း(၁ဝ၅ဝ)ျဖင့္ေရာင္းခ်မည္ဟု ဒီဇင္ဘာလ ၂၅ ရက္တြင္ တရားဝင္ေၾကညာသည္။ ယင္းေၾကညာခ်က္အရလတ္တေလာ SKD ကားေဈးကြက္အတြင္း ႀကီးစိုးေနေသာ ကားအမ်ိဳးအစားမ်ား ေဈးႏႈန္းက်ဆင္းလာႏိုင္ေၾကာင္း သုံးသပ္မႈမ်ားထြက္ေပၚေနသည့္အျပင္ ျပင္ပေဈးကြက္အတြင္း SKD ကားမ်ားမွာ တပတ္ရစ္ေဈးကြက္အတြင္း ေဈး အျမင့္ပိုင္းတြင္ ရွိႏိုင္ေၾကာင္းသိရသည္။
"SKD ကားေတြက ေဈးကြက္ထဲမွာ အျမင့္တန္းမွာရွိေနတာ ဆူဇူကီးအာတီကာက သိန္းတစ္ေထာင္တန္ ေဈးဆိုရင္ အၿပိဳင္အဆိုင္ရွိလာႏိုင္တယ္။ လတ္တေလာ ဆူဇူကီးအာတီကာ တီ2၊ တီ4 ေတြကေတာ့ေဈးျပန္က်မယ္ထင္ပါတယ္"ဟု ကားဝယ္ေရာင္းလုပ္ငန္းရွင္ ဦးထြန္းက ေျပာသည္။
ဆူဇူကီးကုမၸဏီသည္ ၂ဝ၂၅ ခုႏွစ္တြင္ ထိုင္းႏိုင္ငံတြင္ရွိေသာ ကားစက္႐ုံမွာ ၿပိဳင္ဆိုင္မႈျပင္းထန္းေသာ ကားေဈးကြက္ေၾကာင့္ စက္႐ုံရပ္နားထားရၿပီး ျမန္မာျပည္တြင္အကန႔္အသတ္ျဖင့္ထုတ္လုပ္ေရာင္းခ်လ်က္ရွိေၾကာင္း သိရသည္။ “တရားဝင္အေရာင္းကိုယ္စားလွယ္ေတြကေတာ့ စက္႐ုံထုတ္ေဈးနဲ႔ေရာင္းမွာမဟုတ္ဘူး ေဈးကြက္ထဲမွာ အၿပိဳင္ေဈးဆြဲတင္ၿပီး အျမင့္ဆုံးေဈးမွေရာင္းမယ္ထင္ပါတယ္။ ကားခြဲတမ္းမရဘဲ အရႈံးခံၿပီး ကားျပခန္းဖြင့္ခဲ့တာေတြက အခ်ိန္ၾကာၿပီေလ။ ျမန္မာျပည္က ေဈးကြက္လိုအပ္ခ်က္အတိုင္းဘဲ စက္႐ုံကထုတ္မယ္ထင္ပါတယ္”ဟု ဝါရင့္ကားထုတ္လုပ္ေရာင္းခ်သူ ကိုေဇာ္ထိုက္ေအးက ေျပာသည္။
လတ္တေလာေဈးကြက္အတြင္း ဆူဇူကီးအာတီကာမွာ ျမန္မာျပည္ေဈးကြက္တြင္ လူႀကိဳက္မ်ားသည့္ အိမ္သုံးလူစီးကားျဖစ္သည့္အျပင္ ဟိုက္ဘရစ္ အမ်ိဳးအစားျဖစ္ေသာေၾကာင့္ စိတ္ဝင္စားမႈျမင့္တက္ေနသည္။