Star Ferry ရေလမ်းခရီးဝန်ဆောင်မှုရပ်နားမယ်
412
NP News - ဒီဇင်ဘာ ၁၉
သန်လျင်တံတားအဆင်း Star City အိမ်ရာ၌ နေထိုင်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေရန် ဝန်ဆောင်ပေး ထားသည် Star Ferry ဝန်ဆောင်မှုလုပ်ငန်းကို လာမည့်ရက်အနည်းငယ်အတွင်း ရပ်နားသွားမည်ဟု သိရသည်။
၄ လမ်းသွား အမှတ်(၃) သန်လျင်တံတားအသစ် ဖွင့်လှစ်ထားပြီး သွားလာရေး အဆင်ပြေနေသည့်အတွက် Star Ferry ရေကြောင်းဝန်ဆောင်မှုကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မှစတင်ကာ အပြီးရပ်နားမည်ဟု သိရသည်။
"Star Ferry ရေလမ်း ဝန်ဆောင်မှုကို ဒီဇင်ဘာ ၃၁ ထိပဲပြေးဆွဲတော့မှာပါ။ ၁ ရက်နေ့ကစပြီး ရေလမ်းကနေသွားလို့မရတော့ပါဘူး။ ရေလမ်းဝန်ဆောင်မှုကို ရပ်လိုက်တာပါ။ သင်္ဘောနဲ့က ဒီလကုန် ၃၁ ရက် အထိပဲ ဆွဲပေးတော့မှာပါ။ အဲဒီအတွက် Shuttle Bus တွေ ပြောင်းလဲပြေးဆွဲပေးသွားမှာပါ။ Shuttle Bus ကတော့ ကားနဲ့ပဲ သွားရတော့မှာဖြစ်ပါတယ်” လို့ Star Ferry ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကစတင်ကာ Star Ferry ဝန်ဆောင်မှုရပ်နားပြီး Shuttle Bus ဝန်ဆောင်မှုအသစ် ပြေးဆွဲပေးသွားမည်ဖြစ်သည်။
အမှတ်(၁) သန်လျင်တံတား အဟောင်းတစ်စင်းသာ အသုံးပြုခဲ့ရစဉ်ကာလအတွင်း အိမ်ရာဝင်းနေထိုင်သူတွေ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေဖိုရန် Star Ferry ဝန်ဆောင်မှုကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလကစတင် အကောင် အထည်ဖော်ဆောင်ရွက်ပေးထားခဲ့ခြင်းဖြစ်သည်။
Zawgyi Version;
Star Ferry ေရလမ္းခရီးဝန္ေဆာင္မႈရပ္နားမယ္
NP News - ဒီဇင္ဘာ ၁၉
သန္လ်င္တံတားအဆင္း Star City အိမ္ရာ၌ ေနထိုင္သူမ်ား လမ္းပန္းဆက္သြယ္ေရး အဆင္ေျပရန္ ဝန္ေဆာင္ေပး ထားသည္ Star Ferry ဝန္ေဆာင္မႈလုပ္ငန္းကို လာမည့္ရက္အနည္းငယ္အတြင္း ရပ္နားသြားမည္ဟု သိရသည္။
၄ လမ္းသြား အမွတ္(၃) သန္လ်င္တံတားအသစ္ ဖြင့္လွစ္ထားၿပီး သြားလာေရး အဆင္ေျပေနသည့္အတြက္ Star Ferry ေရေၾကာင္းဝန္ေဆာင္မႈကို ၂၀၂၅ ခုႏွစ္ ဇန္နဝါရီ ၁ ရက္ မွစတင္ကာ အၿပီးရပ္နားမည္ဟု သိရသည္။
"Star Ferry ေရလမ္း ဝန္ေဆာင္မႈကို ဒီဇင္ဘာ ၃၁ ထိပဲေျပးဆြဲေတာ့မွာပါ။ ၁ ရက္ေန႔ကစၿပီး ေရလမ္းကေနသြားလို႔မရေတာ့ပါဘူး။ ေရလမ္းဝန္ေဆာင္မႈကို ရပ္လိုက္တာပါ။ သေဘၤာနဲ႔က ဒီလကုန္ ၃၁ ရက္ အထိပဲ ဆြဲေပးေတာ့မွာပါ။ အဲဒီအတြက္ Shuttle Bus ေတြ ေျပာင္းလဲေျပးဆြဲေပးသြားမွာပါ။ Shuttle Bus ကေတာ့ ကားနဲ႔ပဲ သြားရေတာ့မွာျဖစ္ပါတယ္” လို႔ Star Ferry ဝန္ေဆာင္မႈလုပ္ငန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
၂၀၂၅ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ကစတင္ကာ Star Ferry ဝန္ေဆာင္မႈရပ္နားၿပီး Shuttle Bus ဝန္ေဆာင္မႈအသစ္ ေျပးဆြဲေပးသြားမည္ျဖစ္သည္။
အမွတ္(၁) သန္လ်င္တံတား အေဟာင္းတစ္စင္းသာ အသုံးျပဳခဲ့ရစဥ္ကာလအတြင္း အိမ္ရာဝင္းေနထိုင္သူေတြ လမ္းပန္းဆက္သြယ္ေရးအဆင္ေျပေစဖိုရန္ Star Ferry ဝန္ေဆာင္မႈကို ၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလကစတင္ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ေပးထားခဲ့ျခင္းျဖစ္သည္။