ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ မြေပြိုမှုကြောင့် အနည်းဆုံး လူ(၉)ဦး သေဆုံး
158
ရောင်နီ (NP News) - နိုဝင်ဘာ ၂၅
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ သောကြာနေ့(နိုဝင်ဘာ ၂၂ ရက်) နှောင်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှုကြောင့် ကလေးခုနစ်ဦး အပါအဝင် အနည်းဆုံး လူ(၉)ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။
ကွန်ဂိုနိုင်ငံ၊ တောင်ကီဗူး ပြည်နယ်ရှိ ကာဘူလူ ရွာမှာ မြေပြိုမှုဖြစ်ခဲ့တာဖြစ်ပြီး မိသားတစ်စုတည်းကပဲ ကလေး ၇ ဦးနဲ့ မိခင်ဖြစ်သူ သေဆုံးခဲ့တယ်လို့ နယ်မြေအုပ်ချုပ်ရေးမှူး သောမက်ခ်ဘာကန်ဂါက စနေနေ့(နိုဝင်ဘာ ၂၃ ရက်) မှာ ပြောကြားခဲ့ပါတယ်။ အခြားကလေးငယ်တစ်ဦးလည်း အဆိုပါမြေပြိုမှုကြောင့် သေဆုံးခဲ့တယ်လို့ ဘာကန်ဂါ က ပြောကြားပါတယ်။
အခြားပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်တာကြောင့် သေဆုံးသူဦးရေ တိုးလာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် နေအိမ် ၇ လုံး ရေနဲ့မျောပါသွားခဲ့ပြီး အိမ် ၃၁ လုံး ပျက်စီးသွားခဲ့တယ်လို့ ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းက ပြောပါတယ်။
ကမ္ဘာကြီး အပူချိန် ပြင်းထန်နေခြင်းကြောင့် အာဖရိကဒေသမှာလည်း ရာသီဥတု ပိုမိုပြင်းထန်လာတဲ့ဒဉ်ကို ခံစားနေရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကလည်း ကွန်ဂိုနိုင်ငံ အနောက်တောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံမွာ ေျမၿပိဳမႈေၾကာင့္ အနည္းဆုံး လူ(၉)ဦး ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၅
ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံ အေရွ႕ပိုင္းမွာ ေသာၾကာေန႔(ႏိုဝင္ဘာ ၂၂ ရက္) ေႏွာင္းပိုင္းက မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေျမၿပိဳက်မႈေၾကာင့္ ကေလးခုနစ္ဦး အပါအဝင္ အနည္းဆုံး လူ(၉)ဦး ေသဆုံးခဲ့တယ္လို႔ ေဒသဆိုင္ရာတာဝန္ရွိသူတစ္ဦးက ေျပာၾကားပါတယ္။
ကြန္ဂိုႏိုင္ငံ၊ ေတာင္ကီဗူး ျပည္နယ္ရွိ ကာဘူလူ ႐ြာမွာ ေျမၿပိဳမႈျဖစ္ခဲ့တာျဖစ္ၿပီး မိသားတစ္စုတည္းကပဲ ကေလး ၇ ဦးနဲ႔ မိခင္ျဖစ္သူ ေသဆုံးခဲ့တယ္လို႔ နယ္ေျမအုပ္ခ်ဳပ္ေရးမႉး ေသာမက္ခ္ဘာကန္ဂါက စေနေန႔(ႏိုဝင္ဘာ ၂၃ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။ အျခားကေလးငယ္တစ္ဦးလည္း အဆိုပါေျမၿပိဳမႈေၾကာင့္ ေသဆုံးခဲ့တယ္လို႔ ဘာကန္ဂါ က ေျပာၾကားပါတယ္။
အျခားေပ်ာက္ဆုံးေနသူေတြကို ဆက္လက္ရွာေဖြေနဆဲ ျဖစ္တာေၾကာင့္ ေသဆုံးသူဦးေရ တိုးလာႏိုင္ဖြယ္ရွိတယ္လို႔ ဆိုပါတယ္။မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေျမၿပိဳမႈေၾကာင့္ ေနအိမ္ ၇ လုံး ေရနဲ႔ေမ်ာပါသြားခဲ့ၿပီး အိမ္ ၃၁ လုံး ပ်က္စီးသြားခဲ့တယ္လို႔ ေဒသခံအရပ္ဘက္လူမႈအဖြဲ႕အစည္းက ေျပာပါတယ္။
ကမာၻႀကီး အပူခ်ိန္ ျပင္းထန္ေနျခင္းေၾကာင့္ အာဖရိကေဒသမွာလည္း ရာသီဥတု ပိုမိုျပင္းထန္လာတဲ့ဒဥ္ကို ခံစားေနရပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလကလည္း ကြန္ဂိုႏိုင္ငံ အေနာက္ေတာင္ပိုင္းမွာ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ျမစ္ကမ္းပါးၿပိဳက်မႈေၾကာင့္ အနည္းဆုံး လူ ၁၂ ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။