တိုက်ကြီးမြို့တွင် ကလေးကို တိမ်းရှောင်သော YBS ယာဥ်က တစ်ဖက်လမ်းကြောမှ YBS ယာဉ်ကို တိုက်မိခဲ့ရာ (၂)ဦးပွဲချင်းပြီး သေဆုံး

5170

ချယ်ရီ (NP News) - ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကလေးကို တိမ်းရှောင်သော YBS Mini Bus က တစ်ဖက်ယာဉ် ကြောမှ YBS ယာဉ်ကို တိုက်မိတိမ်းမှောက်ရာ (၂)ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဥူးမာဃ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာလ ၇ ရက်)၊ နံနက်ပိုင်း ၁ဝ နာရီ ၅၆ မိနစ်ဝန်းကျင်အချိန်ခန့်က တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ တာဂွကျေးရွာ၊ ရေတံခါးအကျော်ကွေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဥက္ကံအထွက်မှာ YBS 106 ကားကို Mini Bus 123 တိုက်ကြီးကားက ဝင်တိုက်မိတာပါ။ အိမ်စီးကားပေါ်က ကလေးတစ်ယောက်က အပေါ့သွားပြီး ကားပေါ်ပြန်တက်မယ့်အချိန် အဲဒီကလေးကို ရှောင်ရင်းနဲ့ ဥက္ကံကနေ ထွက်လာတဲ့ကားကို တစ်ခြမ်းဝင်တိုက်မိတာပေါ့။ ပြီးတော့ အဲဒီ Mini Bus က တုံးလုံးလဲ သွားတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ယာဉ်မောင်း အပါအဝင် (၉)ဦးအနက် ခရီးသည် (၂)ဦးမှာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံး၍ (၆)ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“တစ်ယောက်က ခေါင်းထိပြီးတော့ ဆုံးသွားတယ်။ တစ်ယောက်ကတော့ ညှပ်နေတယ်။ ခုနမှ ကရိန်းနဲ့ထုတ်ပြီး တာ။ ဒဏ်ရာရ လူနာ(၆)ယောက် တစ်ယောက်ကတော့ စိုးရိမ်ရတယ် ခေါင်းကွဲသွားတာ။ ကျန်တဲ့သူတွေကတော့ ကျိုးပဲ့တာမရှိဘူး။ ထိခိုက်ပွန်းပဲ့ လောက်ပဲ။ စိုးရိမ်ရတဲ့သူကိုတော့ တိုက်ကြီး ဆေးရုံမှာ တင်ထားတယ်။ အဲဒါကနေပြီးတော့ စစ်ဆေးချက် ဘာညာယူပြီး ရန်ကုန်ကို ဆက်လွှဲဖို့ အခြေနေရှိတယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသူ (၂)ဦးမှာ အသက်(၃၀)နှင့် (၄၀)ကြားရှိ အမျိုးသမီးများဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရရှိသူ(၆)ဦးအနက် တစ်ဦးမှာ ဦးခေါင်းပြင်းထန်ဒဏ်ရာ ရရှိပြီး အခြားသူများမှာ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ကားက လမ်းဘေးတော့ ရပ်ထားတယ်။ ဒါပေမယ့် ရေတံခါးနားမှာ ကွေ့လေးတစ်ခုရှိတယ်။ ကွေ့လေးအလွန်မှာ သူတို့က အပေါ့အပါး ဆင်းသွားလိုက်တော့ မျက်ကွယ်လိုဖြစ်သွားတာပေါ့။ အတိုက်ခံရတဲ့ ကားကတော့ ညာဘက် အခြမ်း ကြေသွားတာပေါ့။ လူတွေကတော့ ဘာမှ မဖြစ်ပေမယ့် ကားကတော့ တော်တော်ထိသွားတယ်” ဟု ၎င်းက ပြောပြချက်အရ သိရသည်။

Zawgyi Version;
တိုက္ႀကီးၿမိဳ႕တြင္ ကေလးကို တိမ္းေရွာင္ေသာ YBS ယာဥ္က တစ္ဖက္လမ္းေၾကာမွ YBS ယာဥ္ကို တိုက္မိခဲ့ရာ (၂)ဦးပြဲခ်င္းၿပီး ေသဆုံး
ခ်ယ္ရီ (NP News) - ဒီဇင္ဘာ ၇
ရန္ကုန္တိုင္းေဒသႀကီး၊ တိုက္ႀကီးၿမိဳ႕နယ္တြင္ ကေလးကို တိမ္းေရွာင္ေသာ YBS Mini Bus က တစ္ဖက္ယာဥ္ ေၾကာမွ YBS ယာဥ္ကို တိုက္မိတိမ္းေမွာက္ရာ (၂)ဦးပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္း ဥဴးမာဃ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ ယေန႔ (ဒီဇင္ဘာလ ၇ ရက္)၊ နံနက္ပိုင္း ၁ဝ နာရီ ၅၆ မိနစ္ဝန္းက်င္အခ်ိန္ခန႔္က တိုက္ႀကီးၿမိဳ႕နယ္၊ ရန္ကုန္-ျပည္လမ္း၊ တာဂြေက်း႐ြာ၊ ေရတံခါးအေက်ာ္ေကြ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဥကၠံအထြက္မွာ YBS 106 ကားကို Mini Bus 123 တိုက္ႀကီးကားက ဝင္တိုက္မိတာပါ။ အိမ္စီးကားေပၚက ကေလးတစ္ေယာက္က အေပါ့သြားၿပီး ကားေပၚျပန္တက္မယ့္အခ်ိန္ အဲဒီကေလးကို ေရွာင္ရင္းနဲ႔ ဥကၠံကေန ထြက္လာတဲ့ကားကို တစ္ျခမ္းဝင္တိုက္မိတာေပါ့။ ၿပီးေတာ့ အဲဒီ Mini Bus က တုံးလုံးလဲ သြားတယ္” ဟု အထက္ပါတာဝန္ရွိသူက ဆိုသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာေသာ ယာဥ္ေမာင္း အပါအဝင္ (၉)ဦးအနက္ ခရီးသည္ (၂)ဦးမွာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံး၍ (၆)ဦးမွာ ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။
“တစ္ေယာက္က ေခါင္းထိၿပီးေတာ့ ဆုံးသြားတယ္။ တစ္ေယာက္ကေတာ့ ညႇပ္ေနတယ္။ ခုနမွ ကရိန္းနဲ႔ထုတ္ၿပီး တာ။ ဒဏ္ရာရ လူနာ(၆)ေယာက္ တစ္ေယာက္ကေတာ့ စိုးရိမ္ရတယ္ ေခါင္းကြဲသြားတာ။ က်န္တဲ့သူေတြကေတာ့ က်ိဳးပဲ့တာမရွိဘူး။ ထိခိုက္ပြန္းပဲ့ ေလာက္ပဲ။ စိုးရိမ္ရတဲ့သူကိုေတာ့ တိုက္ႀကီး ေဆး႐ုံမွာ တင္ထားတယ္။ အဲဒါကေနၿပီးေတာ့ စစ္ေဆးခ်က္ ဘာညာယူၿပီး ရန္ကုန္ကို ဆက္လႊဲဖို႔ အေျခေနရွိတယ္” ဟု ၎က ဆိုသည္။
ေသဆုံးသူ (၂)ဦးမွာ အသက္(၃၀)ႏွင့္ (၄၀)ၾကားရွိ အမ်ိဳးသမီးမ်ားျဖစ္ၾကၿပီး ထိခိုက္ဒဏ္ရာရရွိသူ(၆)ဦးအနက္ တစ္ဦးမွာ ဦးေခါင္းျပင္းထန္ဒဏ္ရာ ရရွိၿပီး အျခားသူမ်ားမွာ ပြန္းပဲ့ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
“ကားက လမ္းေဘးေတာ့ ရပ္ထားတယ္။ ဒါေပမယ့္ ေရတံခါးနားမွာ ေကြ႕ေလးတစ္ခုရွိတယ္။ ေကြ႕ေလးအလြန္မွာ သူတို႔က အေပါ့အပါး ဆင္းသြားလိုက္ေတာ့ မ်က္ကြယ္လိုျဖစ္သြားတာေပါ့။ အတိုက္ခံရတဲ့ ကားကေတာ့ ညာဘက္ အျခမ္း ေၾကသြားတာေပါ့။ လူေတြကေတာ့ ဘာမွ မျဖစ္ေပမယ့္ ကားကေတာ့ ေတာ္ေတာ္ထိသြားတယ္” ဟု ၎က ေျပာျပခ်က္အရ သိရသည္။