တောင်ဒဂုံတွင် ဖယ်ရီကား နှင့် ဘက်ထရီစက်ဘီးတို့တိုက်မိရာမှ ကျူရှင်ဆရာမတစ်ဦး ပွဲချင်းပြီးသေဆုံး
907
သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် ဖယ်ရီကားနှင့် ဘက်ထရီစက်ဘီးတို့တိုက်မိရာမှ ကျူရှင်ဆရာမ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ရှင်သန်ခွင့်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၁၆ ရက်) ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က တောင်ဒဂုံမြို့နယ်၊ ၂၄ ရပ်ကွက်၊ လှော်ကားလမ်း နှင့် မြိတ်လမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကြားတာတော့ ဖယ်ရီကားကမီးနီဖြတ်မောင်းပြီးဝင်တိုက်သွားတာလို့သိရတယ်။ လမ်းပေါ်က Citymart ထိပ်ကနေ တိုက်သွားတာ။ ဓာတ်တိုင်တစ်တိုင်စာလောက်ညပ်ပါသွားတာ။ ကားအောက်မှာ ညပ်နေလို့ မီးသတ်ကို အကြောင်းကြားပြီး မီးသတ်က စက်အားနဲ့ဆွဲမြှောက်ပြီး ထုတ်ရတာ”ဟု ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဘက်ထရီစက်ဘီးစီးနင်းလာသည့် အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတွင် ထိခိုဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားအောက်ကနေ Body ကိုဆွဲထုတ်ပြီးတော့ ယာဉ်ထိန်းရဲကလည်း သူ့အိမ်ကိုဖုန်းဆက်တာပေါ့။ သူအိမ်ကရောက်လာလို့ပြောပြတာက ကျူရှင်လိုက်သင်နေတဲ့ ဆရာမလို့သိရတယ်။ ကားကမီးနီဖြတ်မောင်းတယ်ဆိုတာက ဘေးကပြောစကားပေမယ့် ကျွန်တော်ကတော့ မီးနီဖြတ်မောင်းတာတော့မဖြစ်သင့်ပါဘူး။ ဘယ်လောက်ကြီးပဲအရေးကြီးနေပါစေ။ လူ့အသက်တစ်ချောင်းဆုံးရှုံးသွားရတာတော့ မကောင်းဘူးပေါ့”ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို ရှင်သန်ခွင့်လူမှုကူညီရေးအသင်းက မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
zawgyi version
ေတာင္ဒဂုံတြင္ ဖယ္ရီကား ႏွင့္ ဘက္ထရီစက္ဘီးတို႔တိုက္မိရာမွ က်ဴရွင္ဆရာမတစ္ဦး ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၇
ရန္ကုန္တိုင္း၊ ေတာင္ဒဂုံၿမိဳ႕နယ္တြင္ ဖယ္ရီကားႏွင့္ ဘက္ထရီစက္ဘီးတို႔တိုက္မိရာမွ က်ဴရွင္ဆရာမ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ရွင္သန္ခြင့္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာလ ၁၆ ရက္) ညေန ၃ နာရီဝန္းက်င္အခ်ိန္ခန႔္က ေတာင္ဒဂုံၿမိဳ႕နယ္၊ ၂၄ ရပ္ကြက္၊ ေလွာ္ကားလမ္း ႏွင့္ ၿမိတ္လမ္းေထာင့္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ၾကားတာေတာ့ ဖယ္ရီကားကမီးနီျဖတ္ေမာင္းၿပီးဝင္တိုက္သြားတာလို႔သိရတယ္။ လမ္းေပၚက Citymart ထိပ္ကေန တိုက္သြားတာ။ ဓာတ္တိုင္တစ္တိုင္စာေလာက္ညပ္ပါသြားတာ။ ကားေအာက္မွာ ညပ္ေနလို႔ မီးသတ္ကို အေၾကာင္းၾကားၿပီး မီးသတ္က စက္အားနဲ႔ဆြဲေျမႇာက္ၿပီး ထုတ္ရတာ”ဟု ရွင္သန္ခြင့္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ဘက္ထရီစက္ဘီးစီးနင္းလာသည့္ အသက္(၃၅)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတြင္ ထိခိုဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ကားေအာက္ကေန Body ကိုဆြဲထုတ္ၿပီးေတာ့ ယာဥ္ထိန္းရဲကလည္း သူ႔အိမ္ကိုဖုန္းဆက္တာေပါ့။ သူအိမ္ကေရာက္လာလို႔ေျပာျပတာက က်ဴရွင္လိုက္သင္ေနတဲ့ ဆရာမလို႔သိရတယ္။ ကားကမီးနီျဖတ္ေမာင္းတယ္ဆိုတာက ေဘးကေျပာစကားေပမယ့္ ကြၽန္ေတာ္ကေတာ့ မီးနီျဖတ္ေမာင္းတာေတာ့မျဖစ္သင့္ပါဘူး။ ဘယ္ေလာက္ႀကီးပဲအေရးႀကီးေနပါေစ။ လူ႔အသက္တစ္ေခ်ာင္းဆုံးရႈံးသြားရတာေတာ့ မေကာင္းဘူးေပါ့”ဟု ၎က ဆိုသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသမီး၏ ႐ုပ္အေလာင္းကို ရွင္သန္ခြင့္လူမႈကူညီေရးအသင္းက ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေမဓာဝီေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။