တရုတ်နိုင်ငံ ချန်ဒီ မူလတန်းကျောင်း အပြင်ဘက်မှာ ယာဉ်တိုက်မှုဖြစ်ပွား၊ ကလေးငယ် အများအပြား ဒဏ်ရာရ

 107

ရောင်နီ (NP News) - နိုဝင်ဘာ ၂ဝ

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်း အပြင်ဘက်မှာ ကားတစ်စီး ယာဉ်တိုက် မှုဖြစ်ပွားခဲ့ပြီး ကျောင်းသား ကလေးငယ် အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောကြားပါတယ်။

"ကျောင်းသား ကလေးငယ် အများအပြား ဒဏ်ရာရခဲ့တာဖြစ်ပြီး အရေအတွက် အတိအကျကို စုံစမ်းစစ်ဆေးနေပါ တယ်” လို့ နိုင်ငံပိုင် ရုပ်သံ CCTV က ပြောကြားပါတယ်။ ယာဉ်တိုက်မှုဟာ တမင်သက်သက် ပြုလုပ်ခြင်းလား မတော်တဆပဲလား ဆိုတာကိုတော့ မသိရသေးပါဘူး။ အဆိုပါဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေတဲ့ အသက် ၃၉ နှစ် အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံ ပို့ဆောင် ထားပြီး လက်ရှိတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။

အဖြစ်အပျက်ဟာ လူဦးရေ ၅ သန်းကျော် နေထိုင်ရာ ဟူနန်ပြည်နယ်၊ အလယ်ပိုင်း ချန်ဒီမြို့ရှိ ယုံအန် မူလတန်း ကျောင်း အပြင်ဘက်မှာ နိုဝင်ဘာ ၁၉ ရက် နံနက် ၇ နာရီ ၅ဝ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ ခ်န္ဒီ မူလတန္းေက်ာင္း အျပင္ဘက္မွာ ယာဥ္တိုက္မႈျဖစ္ပြား၊ ကေလးငယ္ အမ်ားအျပား ဒဏ္ရာရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂ဝ

တ႐ုတ္ႏိုင္ငံအလယ္ပိုင္း ဟူနန္ျပည္နယ္ရွိ မူလတန္းေက်ာင္းတစ္ေက်ာင္း အျပင္ဘက္မွာ ကားတစ္စီး ယာဥ္တိုက္ မႈျဖစ္ပြားခဲ့ၿပီး ေက်ာင္းသား ကေလးငယ္ အမ်ားအျပား ဒဏ္ရာရရွိခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာက ေျပာၾကားပါတယ္။

"ေက်ာင္းသား ကေလးငယ္ အမ်ားအျပား ဒဏ္ရာရခဲ့တာျဖစ္ၿပီး အေရအတြက္ အတိအက်ကို စုံစမ္းစစ္ေဆးေနပါ တယ္” လို႔ ႏိုင္ငံပိုင္ ႐ုပ္သံ CCTV က ေျပာၾကားပါတယ္။ ယာဥ္တိုက္မႈဟာ တမင္သက္သက္ ျပဳလုပ္ျခင္းလား မေတာ္တဆပဲလား ဆိုတာကိုေတာ့ မသိရေသးပါဘူး။ အဆိုပါျဖစ္စဥ္မွာ ပါဝင္ပတ္သက္ေနတဲ့ အသက္ ၃၉ ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။ ဒဏ္ရာရသူေတြကို ေဆး႐ုံ ပို႔ေဆာင္ ထားၿပီး လက္ရွိေတာ့ အသက္အႏၲရာယ္ မစိုးရိမ္ရဘူးလို႔ သိရပါတယ္။

အျဖစ္အပ်က္ဟာ လူဦးေရ ၅ သန္းေက်ာ္ ေနထိုင္ရာ ဟူနန္ျပည္နယ္၊ အလယ္ပိုင္း ခ်န္ဒီၿမိဳ႕ရွိ ယုံအန္ မူလတန္း ေက်ာင္း အျပင္ဘက္မွာ ႏိုဝင္ဘာ ၁၉ ရက္ နံနက္ ၇ နာရီ ၅ဝ မိနစ္ခန႔္မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.