ရုရှားက ဓါတ်ရောင်ခြည်ဒဏ်ခံ အမိုးအကာအများအပြား ထုတ်လုပ်နေ
587
Pika (NP News) - နိုဝင်ဘာ ၂ဝ
ရုရှားနိုင်ငံဟာ ဓါတ်ရောင်ခြည်နဲ့ ရောင်ခြည်လှိုင်းလုံးတွေအပါအဝင် လူလုပ်ခြိမ်းခြောက်မှုတွေနဲ့ သဘာဝဘေး အန္တရာယ်တွေကို ကာကွယ်နိုင်တဲ့ ဗုံးအမိုးအကာတွေကို အများအပြား စတင်ထုတ်လုပ်နေပြီလို့ အရေးပေါ်ဝန်ကြီး ဌာနရဲ့သုတေသနအဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။
“KUB-M” အမိုးအကာတွေဟာ မာကျောပြီးဒဏ်ခံနိုင်တဲ့ ကွန်တိန်နာတွေနဲ့ဆင်တူတယ်လို့လည်း သိရပါတယ်။ အဲဒီအမိုးအကာတွေဟာ ဓါတ်ရောင်ခြည်သင့်မှုတွေ၊ ကျည်ဆန်တွေ၊ အပျက်အစီးတွေနဲ့ မီးလောင်ကျွမ်းမှုဒဏ်တွေ ကိုကာကွယ်ပေးနိုင်ပြီး ရုရှားနိုင်ငံရဲ့ကျယ်ပြန်တဲ့မြောက်ပိုင်းဒေသတွေမှာ ဖြန့်ကျက်ချထားပုံပေါ်တယ်လို့ သုတေသနအဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အမိုးအကာတစ်ခုမှာ လူပေါင်း(၅၄)ဦးဆံ့ပြီး အပိုမော်လ်ဂျူးတွေ ထပ်ထည့်နိုင်တယ်လို့လည်း သုတေသန အဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ အန္တရာယ်အရှိဆုံးအဆင့်ကို ဝင်ရောက်နေပြီဖြစ်တယ်လို့ အချို့အရာရှိတွေက ပြောကြားခဲ့ပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ထိုးစစ်ဆင်မှုတွေက်ု ပိုမိုလုပ်တောင်လာမှုနဲ့အတူ အရေးအကြီးဆုံးအခြေအနေကို ရောက်ရှိနေတာမျိုးလည်း ဖြစ်ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ရုရှားပိုင်နက်တွင်းကို ပစ်ခတ်တိုက်ခိုက်ဖို့အတွက် အမေရိကန်ရဲ့တာဝေးပစ် ဒုံးကျည်တွေအသုံးပြုခွင့်ပေးဖို့ သဘောတူထားတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဂျိုးဘိုင်ဒန်အစိုးရရဲ့မဆင်ခြင် တဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး လက်တုံ့ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရက န်ုဝင်ဘာလ (၁၈) ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Zawgyi Version;
႐ုရွားက ဓါတ္ေရာင္ျခည္ဒဏ္ခံ အမိုးအကာအမ်ားအျပား ထုတ္လုပ္ေန
Pika (NP News) - ႏိုဝင္ဘာ ၂ဝ
႐ုရွားႏိုင္ငံဟာ ဓါတ္ေရာင္ျခည္နဲ႔ ေရာင္ျခည္လႈိင္းလုံးေတြအပါအဝင္ လူလုပ္ၿခိမ္းေျခာက္မႈေတြနဲ႔ သဘာဝေဘး အႏၲရာယ္ေတြကို ကာကြယ္ႏိုင္တဲ့ ဗုံးအမိုးအကာေတြကို အမ်ားအျပား စတင္ထုတ္လုပ္ေနၿပီလို႔ အေရးေပၚဝန္ႀကီး ဌာနရဲ႕သုေတသနအဖြဲ႕အစည္းက ေျပာၾကားခဲ့ပါတယ္။
“KUB-M” အမိုးအကာေတြဟာ မာေက်ာၿပီးဒဏ္ခံႏိုင္တဲ့ ကြန္တိန္နာေတြနဲ႔ဆင္တူတယ္လို႔လည္း သိရပါတယ္။ အဲဒီအမိုးအကာေတြဟာ ဓါတ္ေရာင္ျခည္သင့္မႈေတြ၊ က်ည္ဆန္ေတြ၊ အပ်က္အစီးေတြနဲ႔ မီးေလာင္ကြၽမ္းမႈဒဏ္ေတြ ကိုကာကြယ္ေပးႏိုင္ၿပီး ႐ုရွားႏိုင္ငံရဲ႕က်ယ္ျပန္တဲ့ေျမာက္ပိုင္းေဒသေတြမွာ ျဖန္႔က်က္ခ်ထားပုံေပၚတယ္လို႔ သုေတသနအဖြဲ႕အစည္းက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အမိုးအကာတစ္ခုမွာ လူေပါင္း(၅၄)ဦးဆံ့ၿပီး အပိုေမာ္လ္ဂ်ဴးေတြ ထပ္ထည့္ႏိုင္တယ္လို႔လည္း သုေတသန အဖြဲ႕အစည္းက ေျပာၾကားခဲ့ပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ အႏၲရာယ္အရွိဆုံးအဆင့္ကို ဝင္ေရာက္ေနၿပီျဖစ္တယ္လို႔ အခ်ိဳ႕အရာရွိေတြက ေျပာၾကားခဲ့ပါတယ္။ ႐ုရွားတပ္ဖြဲ႕ေတြဟာ ထိုးစစ္ဆင္မႈေတြက္ု ပိုမိုလုပ္ေတာင္လာမႈနဲ႔အတူ အေရးအႀကီးဆုံးအေျခအေနကို ေရာက္ရွိေနတာမ်ိဳးလည္း ျဖစ္ပါတယ္။
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ႐ုရွားပိုင္နက္တြင္းကို ပစ္ခတ္တိုက္ခိုက္ဖို႔အတြက္ အေမရိကန္ရဲ႕တာေဝးပစ္ ဒုံးက်ည္ေတြအသုံးျပဳခြင့္ေပးဖို႔ သေဘာတူထားတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဂ်ိဳးဘိုင္ဒန္အစိုးရရဲ႕မဆင္ျခင္ တဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး လက္တုံ႔ျပန္မႈေတြလုပ္ေဆာင္သြားမယ္လို႔ ႐ုရွားအစိုးရက ႏ္ုဝင္ဘာလ (၁၈) ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။