ဂျာမနီနိုင်ငံရှိ နေတိုးမဟာမိတ်အဖွဲ့၏လေတပ်အခြေစိုက်စခန်း၏ လုံခြုံရေးကို အမြင့်ဆုံးတပ်လှန့်ထား
705
ဂျန်ဇက် (NP News) - သြဂုတ် ၂၄
ထောက်လှမ်းရေးသတင်းအချက်လက်များကိုအခြေခံပြီး ခြိမ်းခြောက်မှုများ၊ တိုက်ခိုက်မှုများဖြစ်လာမည်ကို စိုးရိမ်ရသည့်အတွက် ဂျာမနီနိုင်ငံရှိ နေတိုးမဟာမိတ်လေတပ်အခြေစိုက်စခန်းကို သြဂုတ်လ ၂၃ ရက်တွင် လုံခြုံရေး အမြင့်ဆုံးတပ်လှန့်ထားရကြောင်း သိရသည်။ ဂျာမနီနိုင်ငံ Geilenkirchen မြို့ရှိ နေတိုးအခြေစိုက်လေတပ် အခြေစိုက်စခန်းကို အကြမ်းဖက်အဖွဲ့အစည်းများက တိုက်ခိုက်လာဖွယ်ရှိနေသည်ဆိုသော ထောက်လှမ်းရေး သတင်းအချက်အလက်များ လက်ခံရရှိခဲ့ပြီးနောက် လုံခြုံရေးတပ်လှန့်လိုက်ခြင်းဖြစ်ကြောင်း လေတပ်အခြေစိုက် စခန်းပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါလေတပ်အခြေစိုက်စခန်းတွင် နေတိုးမဟာမိတ်အဖွဲ့၏ AWACS အမျိုးအစား ထောက်လှမ်းရေးလေယာဉ် များ အဓိကထားရှိနေကြောင်း၊ လက်ရှိအချိန်တွင်လိုအပ်သော အစီမံများထားရှိကြောင်း လေတပ်အခြေစိုက်စခန်း ပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောဆိုခဲ့သည်။ နေတိုးမဟာမိတ်အဖွဲ့က ရုရှားနိုင်ငံသည် ဆိုင်ဘာတိုက်ခိုက်မှုများ နှင့် ဖျက်ဆီးမှုများ အပါအဝင် ရန်လိုသောလုပ်ရပ်များ လုပ်ဆောင်လာဖွယ်ရှိနေကြောင်း ယခင်တုန်းက သတိပေးချက် ထုတ်ပြန်ခဲ့ဖူးသည်။
ရုရှားအစိုးရကလည်း နေတိုးမဟာမိတ်အဖွဲ့သည် ရုရှားနိုင်ငံ၏ လုံခြုံရေးကိုခြိမ်းခြောက်နေကြောင်း စွပ်စွဲပြောဆို ထားသည်။ နေတိုးမဟာမိတ်အဖွဲ့အကြီးအကဲက မကြာသေးမီကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများသည် ရုရှား ထောက်လှမ်းရေးအဖွဲ့များ၏ လှုပ်ရှားမှုများနှင့် သက်ဆိုင်ဖွယ်ရှိနေကြောင်း ပြောဆိုထားသည်။ ရုရှားနှင့် နေတိုး မဟာမိတ်အဖွဲ့သည် ယူကရိန်းစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း တင်းမာမှုအရှိန်ပိုမိုမြင့်တက်လာနေပြီး နေတိုး မဟာမိတ်အဖွဲ့က ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ပိုမိုကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။
ပြီးခဲ့သောနှစ်ပိုင်းအတွင်း နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများတွင်ဖြစ်ပွားခဲ့သောအဖြစ်အပျက်များသည် ရုရှား ထောက်လှမ်းရေးအဖွဲ့များနှင့် ဆက်နွယ်နေဖွယ်ရှိကြောင်း နေတိုးအုပ်စုက စွပ်စွဲထားသည်။ နေတိုးမဟာမိတ်အဖွဲ့ သည် ရုရှားနိုင်ငံပိုင်နယ် နယ်စပ်နားတွင်တပ်ဖွဲ့ဝင်များ ဖြန့်ကြတ်ထားရန် စီစဉ်မှုအပြင် စစ်လက်နက်ပစ္စည်းများ ချထားရန် အရှိန်မြင့်ကြိုးပမ်းလာနေခြင်းကြောင့် တင်းမာမှုများပိုမိုဖြစ်လာနေကြောင်း သိရသည်။ နေတိုးအုပ်စု သည် ရုရှားနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော ဖင်လန်နိုင်ငံတွင် သံချပ်ကာကားများနှင့်အတူ တပ်ဖွဲ့ဝင်အရေ အတွက် ၅၀၀၀ ကျော် ဖြန့်ကြတ်ချထားရန် လက်ရှိအချိန်တွင် စီစဉ်နေကြောင်း သိရသည်။
Zawgyi Version;
ဂ်ာမနီႏိုင္ငံရွိ ေနတိုးမဟာမိတ္အဖြဲ႕၏ေလတပ္အေျခစိုက္စခန္း၏ လုံၿခဳံေရးကို အျမင့္ဆုံးတပ္လွန႔္ထား
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၄
ေထာက္လွမ္းေရးသတင္းအခ်က္လက္မ်ားကိုအေျခခံၿပီး ၿခိမ္းေျခာက္မႈမ်ား၊ တိုက္ခိုက္မႈမ်ားျဖစ္လာမည္ကို စိုးရိမ္ရသည့္အတြက္ ဂ်ာမနီႏိုင္ငံရွိ ေနတိုးမဟာမိတ္ေလတပ္အေျခစိုက္စခန္းကို ၾသဂုတ္လ ၂၃ ရက္တြင္ လုံၿခဳံေရး အျမင့္ဆုံးတပ္လွန႔္ထားရေၾကာင္း သိရသည္။ ဂ်ာမနီႏိုင္ငံ Geilenkirchen ၿမိဳ႕ရွိ ေနတိုးအေျခစိုက္ေလတပ္ အေျခစိုက္စခန္းကို အၾကမ္းဖက္အဖြဲ႕အစည္းမ်ားက တိုက္ခိုက္လာဖြယ္ရွိေနသည္ဆိုေသာ ေထာက္လွမ္းေရး သတင္းအခ်က္အလက္မ်ား လက္ခံရရွိခဲ့ၿပီးေနာက္ လုံၿခဳံေရးတပ္လွန႔္လိုက္ျခင္းျဖစ္ေၾကာင္း ေလတပ္အေျခစိုက္ စခန္းေျပာေရးဆိုခြင့္ရွိသူက ေျပာသည္။
အဆိုပါေလတပ္အေျခစိုက္စခန္းတြင္ ေနတိုးမဟာမိတ္အဖြဲ႕၏ AWACS အမ်ိဳးအစား ေထာက္လွမ္းေရးေလယာဥ္ မ်ား အဓိကထားရွိေနေၾကာင္း၊ လက္ရွိအခ်ိန္တြင္လိုအပ္ေသာ အစီမံမ်ားထားရွိေၾကာင္း ေလတပ္အေျခစိုက္စခန္း ေျပာေရးဆိုခြင့္ရွိသူက ထပ္မံေျပာဆိုခဲ့သည္။ ေနတိုးမဟာမိတ္အဖြဲ႕က ႐ုရွားႏိုင္ငံသည္ ဆိုင္ဘာတိုက္ခိုက္မႈမ်ား ႏွင့္ ဖ်က္ဆီးမႈမ်ား အပါအဝင္ ရန္လိုေသာလုပ္ရပ္မ်ား လုပ္ေဆာင္လာဖြယ္ရွိေနေၾကာင္း ယခင္တုန္းက သတိေပးခ်က္ ထုတ္ျပန္ခဲ့ဖူးသည္။
႐ုရွားအစိုးရကလည္း ေနတိုးမဟာမိတ္အဖြဲ႕သည္ ႐ုရွားႏိုင္ငံ၏ လုံၿခဳံေရးကိုၿခိမ္းေျခာက္ေနေၾကာင္း စြပ္စြဲေျပာဆို ထားသည္။ ေနတိုးမဟာမိတ္အဖြဲ႕အႀကီးအကဲက မၾကာေသးမီကျဖစ္ပြားခဲ့ေသာ တိုက္ခိုက္မႈမ်ားသည္ ႐ုရွား ေထာက္လွမ္းေရးအဖြဲ႕မ်ား၏ လႈပ္ရွားမႈမ်ားႏွင့္ သက္ဆိုင္ဖြယ္ရွိေနေၾကာင္း ေျပာဆိုထားသည္။ ႐ုရွားႏွင့္ ေနတိုး မဟာမိတ္အဖြဲ႕သည္ ယူကရိန္းစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း တင္းမာမႈအရွိန္ပိုမိုျမင့္တက္လာေနၿပီး ေနတိုး မဟာမိတ္အဖြဲ႕က ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ပိုမိုကူညီေထာက္ပံ့ေပးေနေၾကာင္း သိရသည္။
ၿပီးခဲ့ေသာႏွစ္ပိုင္းအတြင္း ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္ျဖစ္ပြားခဲ့ေသာအျဖစ္အပ်က္မ်ားသည္ ႐ုရွား ေထာက္လွမ္းေရးအဖြဲ႕မ်ားႏွင့္ ဆက္ႏြယ္ေနဖြယ္ရွိေၾကာင္း ေနတိုးအုပ္စုက စြပ္စြဲထားသည္။ ေနတိုးမဟာမိတ္အဖြဲ႕ သည္ ႐ုရွားႏိုင္ငံပိုင္နယ္ နယ္စပ္နားတြင္တပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကတ္ထားရန္ စီစဥ္မႈအျပင္ စစ္လက္နက္ပစၥည္းမ်ား ခ်ထားရန္ အရွိန္ျမင့္ႀကိဳးပမ္းလာေနျခင္းေၾကာင့္ တင္းမာမႈမ်ားပိုမိုျဖစ္လာေနေၾကာင္း သိရသည္။ ေနတိုးအုပ္စု သည္ ႐ုရွားႏိုင္ငံႏွင့္နယ္စပ္ခ်င္းထိစပ္ေနေသာ ဖင္လန္ႏိုင္ငံတြင္ သံခ်ပ္ကာကားမ်ားႏွင့္အတူ တပ္ဖြဲ႕ဝင္အေရ အတြက္ ၅၀၀၀ ေက်ာ္ ျဖန႔္ၾကတ္ခ်ထားရန္ လက္ရွိအခ်ိန္တြင္ စီစဥ္ေနေၾကာင္း သိရသည္။