အမေရိကန်ရဲ့ နျူကလီးယားမဟာဗျူဟာမြောက်အစီအစဉ်ကို မြောက်ကိုရီးယားပြင်းပြင်းထန်ထန်ရှုတ်ချ
326
Pika (NP News) - သြဂုတ် ၂၄
ယခုနှစ်အတွင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အတည်ပြုခဲ့တဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ နျူကလီးယား မဟာဗျူဟာမြောက်အစီအစဉ်ကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချတယ်လို့ မြောက်ကိုရီးယားအစိုးရက ဩဂုတ်လ (၂၄)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်အစိုးရရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း မြောက်ကိုရီးယားအစိုးရ က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက “အမေရိကန်ရဲ့အန္တရာယ်ရှိတဲ့ နျူကလီးယားအနေအထားပြုပြင်ပြောင်းလဲမှုကနေဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကို ထိန်းချုပ် ပြီး လုံးဝ ပပျောက်သွားအောင်လုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ရဲ့မဟာဗျူဟာမြောက်အင်အားကို မြှင့်တင်သွား မှာပါ။ အမေရိကန်ရဲ့တိုးမြင့်လာတဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် ကာကွယ်ရေးစွမ်းရည် တွေကိုမြှင့်တင်ဖို့ အခြားနိုင်ငံတွေရဲ့ကြိုးပမ်းမှုကို ကျူးကျော်မှုတွေ လုပ်ဆောင်ဖို့အတွက် နျူကလီးယားလက်နက် တွေ တည်ဆောက်နေတာလို့ ပြောလို့မရပါဘူး။ အခြားနိုင်ငံတွေဆီက နျူကလီးယားခြိမ်းခြောက်မှုကို အမေရိကန် က ဘယ်လိုပဲ ချဲ့ကားပြောနေပါစေ မြောက်ကိုရီးယားက နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွား တွေကို ခိုင်ခိုင်မာမာ ကာကွယ်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်အတည်ပြုခဲ့တဲ့ နျူကလီးယား မဟာဗျူဟာမြောက်အစီအစဉ်ဟာ အခြားနိုင်ငံတွေအတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘူးလို့လည်း အမေရိကန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားတို့ရဲ့အလားအလာရှိတဲ့ နျူကလီးယားစိန်ခေါ်မှုတွေအတွက် ပြင်ဆင်မှုတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အမေရိကန်အစိုးရရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Zawgyi Version;
အေမရိကန္ရဲ႕ န်ဴကလီးယားမဟာဗ်ဴဟာေျမာက္အစီအစဥ္ကို ေျမာက္ကိုရီးယားျပင္းျပင္းထန္ထန္ရႈတ္ခ်
Pika (NP News) - ၾသဂုတ္ ၂၄
ယခုႏွစ္အတြင္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က အတည္ျပဳခဲ့တဲ့ ျပန္လည္ျပင္ဆင္ထားတဲ့ န်ဴကလီးယား မဟာဗ်ဴဟာေျမာက္အစီအစဥ္ကို ျပင္းျပင္းထန္ထန္ျပစ္တင္ရႈတ္ခ်တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ဩဂုတ္လ (၂၄)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္အစိုးရရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး စိုးရိမ္မိတယ္လို႔လည္း ေျမာက္ကိုရီးယားအစိုးရ က ေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက “အေမရိကန္ရဲ႕အႏၲရာယ္ရွိတဲ့ န်ဴကလီးယားအေနအထားျပဳျပင္ေျပာင္းလဲမႈကေနျဖစ္ေပၚလာႏိုင္တဲ့ လုံၿခဳံေရးဆိုင္ရာစိန္ေခၚမႈေတြကို ထိန္းခ်ဳပ္ ၿပီး လုံးဝ ပေပ်ာက္သြားေအာင္လုပ္ေဆာင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ရဲ႕မဟာဗ်ဴဟာေျမာက္အင္အားကို ျမႇင့္တင္သြား မွာပါ။ အေမရိကန္ရဲ႕တိုးျမင့္လာတဲ့ န်ဴကလီးယားၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ဖို႔အတြက္ ကာကြယ္ေရးစြမ္းရည္ ေတြကိုျမႇင့္တင္ဖို႔ အျခားႏိုင္ငံေတြရဲ႕ႀကိဳးပမ္းမႈကို က်ဴးေက်ာ္မႈေတြ လုပ္ေဆာင္ဖို႔အတြက္ န်ဴကလီးယားလက္နက္ ေတြ တည္ေဆာက္ေနတာလို႔ ေျပာလို႔မရပါဘူး။ အျခားႏိုင္ငံေတြဆီက န်ဴကလီးယားၿခိမ္းေျခာက္မႈကို အေမရိကန္ က ဘယ္လိုပဲ ခ်ဲ႕ကားေျပာေနပါေစ ေျမာက္ကိုရီးယားက ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာနဲ႔ လုံၿခဳံေရးအက်ိဳးစီးပြား ေတြကို ခိုင္ခိုင္မာမာ ကာကြယ္ဖို႔အတြက္ ဆက္လက္လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
သမၼတဂ်ိဳးဘိုင္ဒန္အတည္ျပဳခဲ့တဲ့ န်ဴကလီးယား မဟာဗ်ဴဟာေျမာက္အစီအစဥ္ဟာ အျခားႏိုင္ငံေတြအတြက္ ၿခိမ္းေျခာက္မႈတစ္ခု မဟုတ္ဘူးလို႔လည္း အေမရိကန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ တ႐ုတ္၊ ႐ုရွားနဲ႔ ေျမာက္ကိုရီးယားတို႔ရဲ႕အလားအလာရွိတဲ့ န်ဴကလီးယားစိန္ေခၚမႈေတြအတြက္ ျပင္ဆင္မႈတစ္စိတ္တစ္ပိုင္းျဖစ္တဲ့ အေမရိကန္အစိုးရရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး စိုးရိမ္မိတယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။