တရုတ်နိုင်ငံက ကုန်စည်(၃ ဒသမ ၂) မက်ထရစ်တန်အထိ သယ်ဆောင်နိုင်တဲ့ ကုန်တင်ဒရုန်းကို စမ်းသပ်မောင်းနှင်

 1064

Pika (NP News) - သြဂုတ် ၂၄

တရုတ်နိုင်ငံက ဒရုန်းထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဟာ ကုန်စည်(၃ ဒသမ ၂) မက်ထရစ်တန်အထိ သယ်ဆောင်နိုင်တဲ့ ဒရုန်းတစ်စီးကို စမ်းသပ်မောင်းနှင်ခဲ့ပြီးနောက် သမိုင်းမှတ်တမ်းသစ်တစ်ခုကို စိုက်ထူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဟူနန်ပြည်နယ်မှာ အခြေစိုက်တဲ့ ဒရုန်းထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုက တီထွင်ထားတဲ့ SA750U ဒရုန်းကို ဩဂုတ်လ (၂၂)ရက် အစောပိုင်းမှာ မိနစ်(၄၀)ခန့် စမ်းသပ်ပျံသန်းနိုင်ခဲ့တယ်လို့ Hunan Daily သတင်းစာက ရေးသားဖော်ပြ ခဲ့ပါတယ်။

အဲဒီဒရုန်းဟာ အမြင့်(၇၃၀၀)မီတာအထိ ပျံတက်နိုင်ပြီး အကွာအဝေး(၂၂၀၀)ကီလိုမီတာလောက်အထိ ပျံသန်းနိုင် တယ်လို့လည်း သိရပါတယ်။ ၂ဝ၃ဝ ပြည့်နှစ်မှာ ဒရုန်းလုပ်ငန်းဟာ အမေရိကန်ဒေါ်လာ(၂၈၀)ဘီလျံ ရှိတဲ့ လုပ်ငန်း ဖြစ်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောဆိုပြီးနောက် တရုတ်နိုင်ငံက ဒရုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ဒရုန်းတွေကို စမ်းသပ်ပျံသန်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။

ယခုလအစောပိုင်းမှာ စီချွမ်ပြည်နယ်အခြေစိုက် ဒရုန်းထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုက (၂)တန်အထိ သယ်ဆောင်နိုင် တဲ့ဒရုန်းကို စမ်းသပ်ပျံသန်းပြီးနောက် SA750U ဒရုန်းရဲ့ စမ်းသပ်ပျံသန်းမှုထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့(၂)လောက်က တရုတ်နိုင်ငံပိုင်လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်းဟာ (၇၀၀)ကီလိုဂရမ်အောက် သယ်ဆောင်နိုင်တဲ့ ဒရုန်းတစ်စင်းကို စမ်းသပ်ပျံသန်းခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

ကုန်တင်ဒရုန်းတွေဟာ ပို့ဆောင်ချိန် တိုတောင်းပြီး သယ်ယူစရိတ်သက်သာနိုင်တယ်လို့ တရုတ်စက်မှုလုပ်ငန်းတွေ က ပြောကြားထားပါတယ်။ ဒါ့ပြင် အဲဒီကုန်တင်ဒရုန်းတွေဟာ လေကြောင်းဆိုင်ရာအခြေခံအဆောက်အအုံတွေ နည်းပါးတဲ့နေရာတွေမှာလည်း ဆင်းသက်နိုင်တယ်လို့လည်း ပြောကြားထားပါတယ်။ တရုတ်နိုင်ငံဟာ ဒရုန်းတွေနဲ့ စီးပွားဖြစ်ပို့ဆောင်မှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက ပို့ဆောင်ရေးကုမ္ပဏီကြီး SF Express လက်အောက်မှာရှိတဲ့ကုမ္ပဏီတစ်ခုဟာ ဟိုင်နန်ကျွန်းကနေ Guangdong ပြည်နယ်ကို လတ်ဆတ်တဲ့အသီးတွေ ဒရုန်းနဲ့ စတင်ပေးပို့ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံက ကုန္စည္(၃ ဒသမ ၂) မက္ထရစ္တန္အထိ သယ္ေဆာင္ႏိုင္တဲ့ ကုန္တင္ဒ႐ုန္းကို စမ္းသပ္ေမာင္းႏွင္
Pika (NP News) - ၾသဂုတ္ ၂၄

တ႐ုတ္ႏိုင္ငံက ဒ႐ုန္းထုတ္လုပ္တဲ့ကုမၸဏီတစ္ခုဟာ ကုန္စည္(၃ ဒသမ ၂) မက္ထရစ္တန္အထိ သယ္ေဆာင္ႏိုင္တဲ့ ဒ႐ုန္းတစ္စီးကို စမ္းသပ္ေမာင္းႏွင္ခဲ့ၿပီးေနာက္ သမိုင္းမွတ္တမ္းသစ္တစ္ခုကို စိုက္ထူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
ဟူနန္ျပည္နယ္မွာ အေျခစိုက္တဲ့ ဒ႐ုန္းထုတ္လုပ္တဲ့ကုမၸဏီတစ္ခုက တီထြင္ထားတဲ့ SA750U ဒ႐ုန္းကို ဩဂုတ္လ (၂၂)ရက္ အေစာပိုင္းမွာ မိနစ္(၄၀)ခန႔္ စမ္းသပ္ပ်ံသန္းႏိုင္ခဲ့တယ္လို႔ Hunan Daily သတင္းစာက ေရးသားေဖာ္ျပ ခဲ့ပါတယ္။

အဲဒီဒ႐ုန္းဟာ အျမင့္(၇၃၀၀)မီတာအထိ ပ်ံတက္ႏိုင္ၿပီး အကြာအေဝး(၂၂၀၀)ကီလိုမီတာေလာက္အထိ ပ်ံသန္းႏိုင္ တယ္လို႔လည္း သိရပါတယ္။ ၂ဝ၃ဝ ျပည့္ႏွစ္မွာ ဒ႐ုန္းလုပ္ငန္းဟာ အေမရိကန္ေဒၚလာ(၂၈၀)ဘီလ်ံ ရွိတဲ့ လုပ္ငန္း ျဖစ္လာႏိုင္တယ္လို႔ အာဏာပိုင္ေတြက ေျပာဆိုၿပီးေနာက္ တ႐ုတ္ႏိုင္ငံက ဒ႐ုန္းထုတ္လုပ္တဲ့ကုမၸဏီေတြဟာ ၎တို႔ရဲ႕ဒ႐ုန္းေတြကို စမ္းသပ္ပ်ံသန္းမႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။

ယခုလအေစာပိုင္းမွာ စီခြၽမ္ျပည္နယ္အေျခစိုက္ ဒ႐ုန္းထုတ္လုပ္တဲ့ကုမၸဏီတစ္ခုက (၂)တန္အထိ သယ္ေဆာင္ႏိုင္ တဲ့ဒ႐ုန္းကို စမ္းသပ္ပ်ံသန္းၿပီးေနာက္ SA750U ဒ႐ုန္းရဲ႕ စမ္းသပ္ပ်ံသန္းမႈထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့(၂)ေလာက္က တ႐ုတ္ႏိုင္ငံပိုင္ေလေၾကာင္းလုပ္ငန္းေကာ္ပိုေရးရွင္းဟာ (၇၀၀)ကီလိုဂရမ္ေအာက္ သယ္ေဆာင္ႏိုင္တဲ့ ဒ႐ုန္းတစ္စင္းကို စမ္းသပ္ပ်ံသန္းခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။

ကုန္တင္ဒ႐ုန္းေတြဟာ ပို႔ေဆာင္ခ်ိန္ တိုေတာင္းၿပီး သယ္ယူစရိတ္သက္သာႏိုင္တယ္လို႔ တ႐ုတ္စက္မႈလုပ္ငန္းေတြ က ေျပာၾကားထားပါတယ္။ ဒါ့ျပင္ အဲဒီကုန္တင္ဒ႐ုန္းေတြဟာ ေလေၾကာင္းဆိုင္ရာအေျခခံအေဆာက္အအုံေတြ နည္းပါးတဲ့ေနရာေတြမွာလည္း ဆင္းသက္ႏိုင္တယ္လို႔လည္း ေျပာၾကားထားပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ဒ႐ုန္းေတြနဲ႔ စီးပြားျဖစ္ပို႔ေဆာင္မႈေတြကို စတင္လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ ေမလတုန္းက ပို႔ေဆာင္ေရးကုမၸဏီႀကီး SF Express လက္ေအာက္မွာရွိတဲ့ကုမၸဏီတစ္ခုဟာ ဟိုင္နန္ကြၽန္းကေန Guangdong ျပည္နယ္ကို လတ္ဆတ္တဲ့အသီးေတြ ဒ႐ုန္းနဲ႔ စတင္ေပးပို႔ခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.