စစ်ပွဲတွေဟာ ရုရှားနိုင်ငံပိုင်နက်တွေမှာ ဖြစ်ပွားတော့မှာဖြစ်ကြောင်း ယူကရိန်းသမ္မတပြော

 1698

ဂျန်ဇက် (NP News) - ဩဂုတ် ၂၄

ယူကရိန်း သမ္မတဇီလန်စကီးက ရုရှားဟာ ယူကရိန်းနိုင်ငံကိုဖျက်ဆီးဖို့ လိုလားနေကြောင်း၊ ဒါပေမဲ့ စစ်ပွဲဟာ ရုရှားနိုင်ငံဘက်ခြမ်းကို ကူးစက်လာတော့မှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းဟာ ရုရှားနိုင်ငံကို သြဂုတ်လအစောပိုင်းမှာ အံအားသင့်ဖွယ်တိုက်ခိုက်ခဲ့ပြီး ရုရှားပိုင်နက်အချို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ သြဂုတ်လအစောပိုင်းမှာ ရုရှားပိုင်နက်တွေဖြစ်တဲ့ Kursk ဒေသကို ရုတ်တရက်တိုက်ခိုက်ခဲ့ရာ အငြင်းပွားမှုအရှိန်မြင့်တက်လာနေကြောင်း သိရပါတယ်။ ယူကရိန်းဟာ ရုရှားကို အံအားသင့်အောင်ထပ်မံလုပ်ဆောင်ခဲ့ပြီး ရုရှားဟာ ပြန်လည်တည်ဆောက်မှုတွေ ဘယ်လိုလုပ် ဆောင်ရမလဲဆိုတာ သိစေလိုကြောင်း သမ္မတဇီလန်စကီးက ပြောပါတယ်။

၎င်းက "ရုရှားဟာ ကျွန်တော်တို့ကို ဖျက်ဆီးဖို့ ကြိုးပမ်းနေတယ်။ ဒီနေ့က ယူကရိန်းနိုင်ငံရဲ့ (၃၃)နှစ်ပြည့်လွတ်လပ်ရေးနေ့ဖြစ်တယ်။ ရန်သူတွေဟာ ကျွန်တော်တို့ပိုင်နက်ကို ဝင်ရောက်လာတယ်။ ကျွန်တော်တို့ကလည်း အဲဒီသူတွေကို မိခင်နိုင်ငံဘက်ကို ပြန်ပို့သွားမယ်။ ကျွန်တော်တို့ပိုင်နက်ကိုတိုက်ခိုက်လိုနေသူတွေဟာ လက်ရှိအချိန်မှာ သူတို့ပိုင်နက်တွေကို ပြန်လည်ကာကွယ်တာတွေလုပ်ဆောင်ရတော့မယ်။ ရုရှားပိုင်နက်တွေကို ပြန်လည်တိုက်ခိုက်တာက တရားမျှတမှုရှိနေပါတယ်"လို့ ပြောပါတယ်။

ဇီလန်စကီးက ရုရှားသမ္မတပူတင်ဟာ ရင်ပြင်နီမှာနေထိုင်နေရတဲ့ ကျန်းမာ ရေးမကောင်းတဲ့ သက်ကြီးရွယ်အိုတစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲ (၂)နှစ်ကျော်ကြာနေပြီး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနိုင်ခြင်းမရှိတဲ့အချိန်မှာ ယူကရိန်းက ရုရှားပိုင်နက်တွေကို တုံ့ပြန်တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။

zawgyi version
စစ္ပြဲေတြဟာ ႐ုရွားႏိုင္ငံပိုင္နက္ေတြမွာ ျဖစ္ပြားေတာ့မွာျဖစ္ေၾကာင္း ယူက ရိန္းသမၼတေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၄

ယူကရိန္း သမၼတဇီလန္စကီးက ႐ုရွားဟာ ယူကရိန္းႏိုင္ငံကိုဖ်က္ဆီးဖို႔ လိုလားေနေၾကာင္း၊ ဒါေပမဲ့ စစ္ပြဲဟာ ႐ုရွားႏိုင္ငံဘက္ျခမ္းကို ကူးစက္လာေတာ့မွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ယူကရိန္းဟာ ႐ုရွားႏိုင္ငံကို ၾသဂုတ္လအေစာပိုင္းမွာ အံအားသင့္ဖြယ္တိုက္ခိုက္ခဲ့ၿပီး ႐ုရွားပိုင္နက္အခ်ိဳ႕ကို သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ ယူကရိန္းတပ္ဖြဲ႕ေတြဟာ ၾသဂုတ္လအေစာပိုင္းမွာ ႐ုရွားပိုင္နက္ေတြျဖစ္တဲ့ Kursk ေဒသကို ႐ုတ္တရက္တိုက္ခိုက္ခဲ့ရာ အျငင္းပြားမႈအရွိန္ျမင့္တက္လာေနေၾကာင္း သိရပါတယ္။ ယူကရိန္းဟာ ႐ုရွားကို အံအားသင့္ေအာင္ထပ္မံလုပ္ေဆာင္ခဲ့ၿပီး ႐ုရွားဟာ ျပန္လည္တည္ေဆာက္မႈေတြ ဘယ္လိုလုပ္ ေဆာင္ရမလဲဆိုတာ သိေစလိုေၾကာင္း သမၼတဇီလန္စကီးက ေျပာပါတယ္။

၎က "႐ုရွားဟာ ကြၽန္ေတာ္တို႔ကို ဖ်က္ဆီးဖို႔ ႀကိဳးပမ္းေနတယ္။ ဒီေန႔က ယူကရိန္းႏိုင္ငံရဲ႕ (၃၃)ႏွစ္ျပည့္လြတ္လပ္ေရးေန႔ျဖစ္တယ္။ ရန္သူေတြဟာ ကြၽန္ေတာ္တို႔ပိုင္နက္ကို ဝင္ေရာက္လာတယ္။ ကြၽန္ေတာ္တို႔ကလည္း အဲဒီသူေတြကို မိခင္ႏိုင္ငံဘက္ကို ျပန္ပို႔သြားမယ္။ ကြၽန္ေတာ္တို႔ပိုင္နက္ကိုတိုက္ခိုက္လိုေနသူေတြဟာ လက္ရွိအခ်ိန္မွာ သူတို႔ပိုင္နက္ေတြကို ျပန္လည္ကာကြယ္တာေတြလုပ္ေဆာင္ရေတာ့မယ္။ ႐ုရွားပိုင္နက္ေတြကို ျပန္လည္တိုက္ခိုက္တာက တရားမွ်တမႈရွိေနပါတယ္"လို႔ ေျပာပါတယ္။

ဇီလန္စကီးက ႐ုရွားသမၼတပူတင္ဟာ ရင္ျပင္နီမွာေနထိုင္ေနရတဲ့ က်န္းမာ ေရးမေကာင္းတဲ့ သက္ႀကီး႐ြယ္အိုတစ္ဦးျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲ (၂)ႏွစ္ေက်ာ္ၾကာေနၿပီး အပစ္ခတ္ရပ္စဲေရး ေဆြးေႏြးႏိုင္ျခင္းမရွိတဲ့အခ်ိန္မွာ ယူကရိန္းက ႐ုရွားပိုင္နက္ေတြကို တုံ႔ျပန္တိုက္ခိုက္လာခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.