ရုရှား နဲ့ ယူကရိန်းကြား အကျဉ်းသားဦးရေ(၁၀၀)ကျော်စီ လဲလှယ်မှု ပြုလုပ်

 300

Pika (NP News) - ဩဂုတ် ၂၅

ယူကရိန်းက ရုရှားနိုင်ငံ ကာ့စ်ဒေသကို ကျူးကျော်တိုက်ခိုက်ပြီး သီတင်း ပတ်(၂)ပတ်ကျော်အကြာ ဩဂုတ်လ(၂၄)ရက်နေ့မှာ ရုရှားနဲ့ယူကရိန်းတို့ဟာ အကျဉ်းသား(၁၁၅)ဦးစီ အပြန်အလှန်လဲလှယ်မှု လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ယူကရိန်းက ရုရှားနိုင်ငံ ကာ့စ်ဒေသကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုတွေ အမျိုးမျိုးရှိနေတဲ့အချိန်မှာပဲ ၎င်းတို့ကြားအကျဉ်းသားလဲလှယ်မှုထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အဲဒီအကျဉ်း သားလဲလှယ်ရေးသဘောတူညီချက်ကို ရရှိအောင် ကြားဝင်စေ့စပ်ပေးခဲ့တဲ့ ယူအေအီးနိုင်ငံကို ကျေးဇူးတင်တယ်လို့ ရုရှားနဲ့ယူကရိန်း နှစ်ဖက်စလုံးကပြောကြားခဲ့ပါတယ်။

ယူကရိန်းသမ္မတဇီလန်စကီးက 'ကျွန်တော်တို့ရဲ့နိုင်ငံသား(၁၁၅)ဦးဟာ ဒီနေ့မှာပဲ နေအိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ သူတို့တွေဟာ အမျိုးသားစောင့်တပ်ဖွဲ့၊ လက်နက်ကိုင်တပ်ဖွဲ့၊ ရေတပ်၊ နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ စစ်သားတွေပဲဖြစ်ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းအလံကို ခန္ဓာကိုယ်မှာရစ်ပတ်ထားတဲ့ အမျိုးသားတွေရဲ့ဓါတ်ပုံကို ဇီလန်စကီးက ဆိုရှယ်မီဒီယာပေါ်မှာတင်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လ(၆) ရက်နေ့ကစတင်လုပ်ဆောင်ခဲ့တဲ့ ရုရှားနိုင်ငံကာ့စ်ဒေသကို ကျူးကျော်တိုက်ခိုက်မှုအတွင်း ရုရှားစစ်သားရာချီကို ဖမ်းဆီးခဲ့တယ်လို့ ယူကရိန်းဘက်က ပြောကြားထားပါတယ်။

အဲဒီအကျဉ်းသားလဲလှယ်မှုကို ရုရှားဘက်ကအတည်ပြုခဲ့ပြီး ကာ့စ်ဒေသမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရုရှားစစ်သား(၁၁၅)ဦးကို ဘေးကင်းကင်းနဲ့ အောင်မြင်စွာ ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက 'အကျဉ်းသားလဲလှယ်မှုသဘောတူညီချက်ရလဒ်အနေနဲ့ ကာ့စ်ဒေသမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရုရှားစစ်သား(၁၁၅)ဦးကို ဘေးကင်းကင်းနဲ့ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။ ယခုအချိန်မှာ ရုရှားစစ်သား(၁၁၅)ဦးဟာ အိမ်နီးချင်း ဘီလာရုစ်နိုင်ငံမှာရှိနေပြီး စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ဆေးကုသမှုတွေလုပ်ဆောင်ပြီးနောက် မကြာမီအချိန်အတွင်း ရုရှားနိုင်ငံတွင်းကို ပြန်လည်ခေါ်ဆောင်လာမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ဟာ စစ်ပွဲဖြစ်ပွားနေတဲ့အချိန်(၂)နှစ်ကျော်ကာလအတွင်း အကျဉ်း သားလဲလှယ်မှုတွေကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
႐ုရွား နဲ႔ ယူကရိန္းၾကား အက်ဥ္းသားဦးေရ(၁၀၀)ေက်ာ္စီ လဲလွယ္မႈ ျပဳလုပ္
Pika (NP News) - ဩဂုတ္ ၂၅

ယူကရိန္းက ႐ုရွားႏိုင္ငံ ကာ့စ္ေဒသကို က်ဴးေက်ာ္တိုက္ခိုက္ၿပီး သီတင္း ပတ္(၂)ပတ္ေက်ာ္အၾကာ ဩဂုတ္လ(၂၄)ရက္ေန႔မွာ ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ အက်ဥ္းသား(၁၁၅)ဦးစီ အျပန္အလွန္လဲလွယ္မႈ လုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ယူကရိန္းက ႐ုရွားႏိုင္ငံ ကာ့စ္ေဒသကို က်ဴးေက်ာ္ဝင္ေရာက္တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ထင္ေၾကးေပးမႈေတြ အမ်ိဳးမ်ိဳးရွိေနတဲ့အခ်ိန္မွာပဲ ၎တို႔ၾကားအက်ဥ္းသားလဲလွယ္မႈထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။ အဲဒီအက်ဥ္း သားလဲလွယ္ေရးသေဘာတူညီခ်က္ကို ရရွိေအာင္ ၾကားဝင္ေစ့စပ္ေပးခဲ့တဲ့ ယူေအအီးႏိုင္ငံကို ေက်းဇူးတင္တယ္လို႔ ႐ုရွားနဲ႔ယူကရိန္း ႏွစ္ဖက္စလုံးကေျပာၾကားခဲ့ပါတယ္။

ယူကရိန္းသမၼတဇီလန္စကီးက 'ကြၽန္ေတာ္တို႔ရဲ႕ႏိုင္ငံသား(၁၁၅)ဦးဟာ ဒီေန႔မွာပဲ ေနအိမ္ကို ျပန္လည္ေရာက္ရွိလာခဲ့ပါၿပီ။ သူတို႔ေတြဟာ အမ်ိဳးသားေစာင့္တပ္ဖြဲ႕၊ လက္နက္ကိုင္တပ္ဖြဲ႕၊ ေရတပ္၊ နယ္ျခားေစာင့္တပ္ဖြဲ႕ေတြရဲ႕ စစ္သားေတြပဲျဖစ္ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းအလံကို ခႏၶာကိုယ္မွာရစ္ပတ္ထားတဲ့ အမ်ိဳးသားေတြရဲ႕ဓါတ္ပုံကို ဇီလန္စကီးက ဆိုရွယ္မီဒီယာေပၚမွာတင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ဩဂုတ္လ(၆) ရက္ေန႔ကစတင္လုပ္ေဆာင္ခဲ့တဲ့ ႐ုရွားႏိုင္ငံကာ့စ္ေဒသကို က်ဴးေက်ာ္တိုက္ခိုက္မႈအတြင္း ႐ုရွားစစ္သားရာခ်ီကို ဖမ္းဆီးခဲ့တယ္လို႔ ယူကရိန္းဘက္က ေျပာၾကားထားပါတယ္။

အဲဒီအက်ဥ္းသားလဲလွယ္မႈကို ႐ုရွားဘက္ကအတည္ျပဳခဲ့ၿပီး ကာ့စ္ေဒသမွာ ဖမ္းဆီးခံခဲ့ရတဲ့ ႐ုရွားစစ္သား(၁၁၅)ဦးကို ေဘးကင္းကင္းနဲ႔ ေအာင္ျမင္စြာ ျပန္လည္ေခၚေဆာင္လာႏိုင္ခဲ့တယ္လို႔ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက 'အက်ဥ္းသားလဲလွယ္မႈသေဘာတူညီခ်က္ရလဒ္အေနနဲ႔ ကာ့စ္ေဒသမွာ ဖမ္းဆီးခံခဲ့ရတဲ့ ႐ုရွားစစ္သား(၁၁၅)ဦးကို ေဘးကင္းကင္းနဲ႔ျပန္လည္ေခၚေဆာင္လာႏိုင္ခဲ့ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။ ယခုအခ်ိန္မွာ ႐ုရွားစစ္သား(၁၁၅)ဦးဟာ အိမ္နီးခ်င္း ဘီလာ႐ုစ္ႏိုင္ငံမွာရွိေနၿပီး စိတ္ပိုင္းဆိုင္ရာနဲ႔႐ုပ္ပိုင္းဆိုင္ရာ ေဆးကုသမႈေတြလုပ္ေဆာင္ၿပီးေနာက္ မၾကာမီအခ်ိန္အတြင္း ႐ုရွားႏိုင္ငံတြင္းကို ျပန္လည္ေခၚေဆာင္လာမယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ စစ္ပြဲျဖစ္ပြားေနတဲ့အခ်ိန္(၂)ႏွစ္ေက်ာ္ကာလအတြင္း အက်ဥ္း သားလဲလွယ္မႈေတြကို အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.