ဂျာမနီနိုင်ငံ Solingen တွင် ဓားထိုးတိုက်ခိုက်မှုအတွက် ISIL အဖွဲ့က ၎င်းတို့၏ လက်ချက်ဟုဆို

 471

ALynn (NP News) - သြဂုတ် ၂၅

ဂျာမနီနိုင်ငံ၊ Solingen မြို့တွင် လူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိသွားသော ဓားဖြင့် တိုက်ခိုက်မှုအတွက် ISIL (IS) က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ Amaq သတင်းဆိုက်တွင် ဖော်ပြထားသည်။ ၎င်းတို့၏ စနေနေ့ (ဩဂုတ်လ ၂၄ ရက်) က ထုတ်ပြန်ချက်တစ်ခုတွင် ကျူးလွန်သူသည် ခရစ်ယာန်များကို ပစ်မှတ်ထားပြီး ပါလက်စတိုင်း နှင့် မွတ်စလင်များ တိုက်ခိုက်ခံနေရမှုကို လက်စားချေရန်အတွက် IS စစ်သည်တစ်ဦးက ယင်းသို့ ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။

သောကြာနေ့ ညနေခင်းတွင် Solingen ၏ နှစ် ၆၅၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အတွက် ပွဲများ ကျင်းပ ရန်အတွက် ထောင်နှင့်ချီသော လူများ စုဝေးနေစဉ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသတ်ခံရသူများထဲတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ပါဝင်ကြောင်း သိရသည်။ အကြမ်းဖက်မှုတန်ပြန်ရေးကဏ္ဍမှ Markus Caspers က အာဏာပိုင်များသည် ပြစ်မှုကျူးလွန်သူကို ရှာမတွေ့သေးကြောင်း စနေနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦးကို စနေနေ့အစောပိုင်းက ဖမ်းဆီးခဲ့သည်။ အမျိုးသမီး မျက်မြင် သက်သေနှစ်ဦးက ရဲထံ ဆက်သွယ်မေးမြန်းပြီးနောက် ၎င်းကို ဖမ်းဆီးလိုက်ကြောင်း Caspers က ပြောကြားခဲ့ သည်။ တိုက်ခိုက်ခြင်းမပြုမီ ကောင်လေး နှင့် အမည်မသိသူ တစ်ယောက်ကြား ပြောနေသည့်စကားများကို နားထောင်ခဲ့ရာ နောက်ဆက်တွဲဖြစ်ရပ်များနှင့် သက်ဆိုင်သည့်အကြောင်းအရာများကို ပြောဆိုနေခဲ့ကြောင်း ၎င်းမျက်မြင်သက်သေနှစ်ဦးက ဆိုသည်။ အထူးတပ်ဖွဲ့များ အပါအဝင် ရဲများသည် Solingen မြို့လယ်ရှိ ခိုလှုံခွင့် ရှာဖွေသူများ၏ နေအိမ်ကိုလည်း ဝင်ရောက်စီးနင်းခဲ့ကြောင်း ဂျာမန်သတင်းဌာန DPA က ဖော်ပြခဲ့သည်။

ယခင်က ISIL တို့ တန်ခိုးထွားစဉ်က အီရတ် နှင့် ဆီးရီးယားရှိ ကျယ်ပြန့်သော နယ်မြေအများအပြားကို ထိန်းချုပ် ထားပြီး ကမ္ဘာတစ်ဝှမ်းတွင် လူအသေအပျောက်များသော တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့သည်။ သို့သော် အဆိုပါအဖွဲ့ သည် ၂၀၁၇ ခုနှစ်၊ ဆီးရီးယားပြည်တွင်းစစ်အတွင်း ထိန်းချုပ်ထားသည့်နယ်မြေအားလုံးကို ဆုံးရှုံးပြီးနောက် ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှု ပြိုလဲသွားခဲ့သည်။

Zawgyi Version;
ဂ်ာမနီႏိုင္ငံ Solingen တြင္ ဓားထိုးတိုက္ခိုက္မႈအတြက္ ISIL အဖြဲ႕က ၎တို႔၏ လက္ခ်က္ဟုဆို
ALynn (NP News) - ၾသဂုတ္ ၂၅

ဂ်ာမနီႏိုင္ငံ၊ Solingen ၿမိဳ႕တြင္ လူ ၃ ဦး ေသဆုံးၿပီး ၈ ဦး ဒဏ္ရာရရွိသြားေသာ ဓားျဖင့္ တိုက္ခိုက္မႈအတြက္ ISIL (IS) က ၎တို႔၏ လက္ခ်က္ျဖစ္ေၾကာင္း အဆိုပါအဖြဲ႕၏ Amaq သတင္းဆိုက္တြင္ ေဖာ္ျပထားသည္။ ၎တို႔၏ စေနေန႔ (ဩဂုတ္လ ၂၄ ရက္) က ထုတ္ျပန္ခ်က္တစ္ခုတြင္ က်ဴးလြန္သူသည္ ခရစ္ယာန္မ်ားကို ပစ္မွတ္ထားၿပီး ပါလက္စတိုင္း ႏွင့္ မြတ္စလင္မ်ား တိုက္ခိုက္ခံေနရမႈကို လက္စားေခ်ရန္အတြက္ IS စစ္သည္တစ္ဦးက ယင္းသို႔ ေဆာင္႐ြက္ခဲ့သည္ဟု ေဖာ္ျပထားသည္။

ေသာၾကာေန႔ ညေနခင္းတြင္ Solingen ၏ ႏွစ္ ၆၅၀ ျပည့္ ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္အတြက္ ပြဲမ်ား က်င္းပ ရန္အတြက္ ေထာင္ႏွင့္ခ်ီေသာ လူမ်ား စုေဝးေနစဥ္ တိုက္ခိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ အသတ္ခံရသူမ်ားထဲတြင္ အမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသားႏွစ္ဦး ပါဝင္ေၾကာင္း သိရသည္။ အၾကမ္းဖက္မႈတန္ျပန္ေရးက႑မွ Markus Caspers က အာဏာပိုင္မ်ားသည္ ျပစ္မႈက်ဴးလြန္သူကို ရွာမေတြ႕ေသးေၾကာင္း စေနေန႔ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

အသက္ ၁၅ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးကို စေနေန႔အေစာပိုင္းက ဖမ္းဆီးခဲ့သည္။ အမ်ိဳးသမီး မ်က္ျမင္ သက္ေသႏွစ္ဦးက ရဲထံ ဆက္သြယ္ေမးျမန္းၿပီးေနာက္ ၎ကို ဖမ္းဆီးလိုက္ေၾကာင္း Caspers က ေျပာၾကားခဲ့ သည္။ တိုက္ခိုက္ျခင္းမျပဳမီ ေကာင္ေလး ႏွင့္ အမည္မသိသူ တစ္ေယာက္ၾကား ေျပာေနသည့္စကားမ်ားကို နားေထာင္ခဲ့ရာ ေနာက္ဆက္တြဲျဖစ္ရပ္မ်ားႏွင့္ သက္ဆိုင္သည့္အေၾကာင္းအရာမ်ားကို ေျပာဆိုေနခဲ့ေၾကာင္း ၎မ်က္ျမင္သက္ေသႏွစ္ဦးက ဆိုသည္။ အထူးတပ္ဖြဲ႕မ်ား အပါအဝင္ ရဲမ်ားသည္ Solingen ၿမိဳ႕လယ္ရွိ ခိုလႈံခြင့္ ရွာေဖြသူမ်ား၏ ေနအိမ္ကိုလည္း ဝင္ေရာက္စီးနင္းခဲ့ေၾကာင္း ဂ်ာမန္သတင္းဌာန DPA က ေဖာ္ျပခဲ့သည္။

ယခင္က ISIL တို႔ တန္ခိုးထြားစဥ္က အီရတ္ ႏွင့္ ဆီးရီးယားရွိ က်ယ္ျပန႔္ေသာ နယ္ေျမအမ်ားအျပားကို ထိန္းခ်ဳပ္ ထားၿပီး ကမာၻတစ္ဝွမ္းတြင္ လူအေသအေပ်ာက္မ်ားေသာ တိုက္ခိုက္မႈမ်ားစြာ ျပဳလုပ္ခဲ့သည္။ သို႔ေသာ္ အဆိုပါအဖြဲ႕ သည္ ၂၀၁၇ ခုႏွစ္၊ ဆီးရီးယားျပည္တြင္းစစ္အတြင္း ထိန္းခ်ဳပ္ထားသည့္နယ္ေျမအားလုံးကို ဆုံးရႈံးၿပီးေနာက္ ၎၏ ရက္စက္ၾကမ္းၾကဳတ္ေသာ အုပ္ခ်ဳပ္မႈ ၿပိဳလဲသြားခဲ့သည္။

Related news

© 2021. All rights reserved.