Robert F. Kennedy Jr ၏ ထောက်ခံမှုကို ဒေါ်နယ်ထရမ့် လက်ခံ

 698

ALynn (NP News) - သြဂုတ် ၂၅

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် Robert F. Kennedy Jr ၏ ထောက်ခံမှုကို လက်ခံခဲ့သည်။ RFK Jr. သည် တစ်သီးပုဂ္ဂလအဖြစ် ပြည်နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို အဆုံးသတ်မည်ဟု ပြောကြားခဲ့သည်။
သောကြာနေ့ (ဩဂုတ်လ ၂၃ ရက်) တွင် ကြေညာချက်ထုတ်ပြီး နာရီပိုင်းအကြာ အရီဇိုးနားပြည်နယ်၊ Glendale တွင် ရီပတ်ဘလစ်ကန်သမ္မတလောင်းများ စုဝေးမှုအတွင်း အသက် ၇ဝ နှစ်အရွယ် RFK Jr. သည် စင်မြင့်ပေါ်တွင် ထရမ့် နှင့် ပူးပေါင်းခဲ့သည်။
ထရမ့်သည် "အမေရိကန်ကို တစ်ဖန်ပြန်လည်ကျန်းမာစေမည်ဖြစ်သလို အာဏာရှင်စနစ်မှ ကျွန်ုပ်တို့ကို ကာကွယ် ပေးမည့်သမ္မတ" ဖြစ်ကြောင်း RFK Jr. က ပြောကြားခဲ့သည်။

ထရမ့်သည် ၎င်း၏ ထောက်ခံမှုအတွက် RFK Jr. ကို ကျေးဇူးတင်ကြောင်းပြောပြီး ၎င်း၏ဖခင် အမေရိကန် အထက်လွှတ်တော်အမတ် Robert Kennedy နှင့် ၎င်း၏ ဦးလေးဖြစ်သူ John F. Kennedy တို့က ၎င်းအတွက် ဂုဏ်ယူနေလိမ့်မည်ဟု ပြောကြားခဲ့သည်။ ထရမ့်သည် နိုဝင်ဘာလရွေးကောက်ပွဲတွင် အနိုင်ရပါက RFK Jr. အား ဂုဏ်ပြုသောအားဖြင့် ၎င်းသည် “သမ္မတ John F. Kennedy လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သူများကို စုံစမ်းရန် အတွက် လွတ်လပ်သောကော်မရှင်အသစ်” ကို တည်ထောင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ဒီမိုကရက်တစ်ဟောင်း RFK Jr. သည် ဒီမိုကရက်တစ်ပါတီ၏ အမည်စာရင်းတင်သွင်းမှုအတွက် ယမန်နှစ်က အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကို စိန်ခေါ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ပါတီတွင်း အဟန့်အတားများနှင့် ရင်ဆိုင်ခဲ့ရပြီး လွန်ခဲ့သည့် အောက်တိုဘာလတွင် အခြားပါတီတစ်ခုကို ကြေညာခဲ့သည်။ သောကြာနေ့တွင်မူ ၎င်းက ပြိုင်ပွဲမှ နုတ်ထွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ရီပတ်ဘလစ်ကန်သမ္မတလောင်းထရမ့်ကို ထောက်ခံအားပေးသွားမည်ဟု ဆိုသည်။

Zawgyi Version;
Robert F. Kennedy Jr ၏ ေထာက္ခံမႈကို ေဒၚနယ္ထရမ့္ လက္ခံ
ALynn (NP News) - ၾသဂုတ္ ၂၅

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္သည္ Robert F. Kennedy Jr ၏ ေထာက္ခံမႈကို လက္ခံခဲ့သည္။ RFK Jr. သည္ တစ္သီးပုဂၢလအျဖစ္ ျပည္နယ္မ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းကို အဆုံးသတ္မည္ဟု ေျပာၾကားခဲ့သည္။
ေသာၾကာေန႔ (ဩဂုတ္လ ၂၃ ရက္) တြင္ ေၾကညာခ်က္ထုတ္ၿပီး နာရီပိုင္းအၾကာ အရီဇိုးနားျပည္နယ္၊ Glendale တြင္ ရီပတ္ဘလစ္ကန္သမၼတေလာင္းမ်ား စုေဝးမႈအတြင္း အသက္ ၇ဝ ႏွစ္အ႐ြယ္ RFK Jr. သည္ စင္ျမင့္ေပၚတြင္ ထရမ့္ ႏွင့္ ပူးေပါင္းခဲ့သည္။
ထရမ့္သည္ "အေမရိကန္ကို တစ္ဖန္ျပန္လည္က်န္းမာေစမည္ျဖစ္သလို အာဏာရွင္စနစ္မွ ကြၽႏ္ုပ္တို႔ကို ကာကြယ္ ေပးမည့္သမၼတ" ျဖစ္ေၾကာင္း RFK Jr. က ေျပာၾကားခဲ့သည္။

ထရမ့္သည္ ၎၏ ေထာက္ခံမႈအတြက္ RFK Jr. ကို ေက်းဇူးတင္ေၾကာင္းေျပာၿပီး ၎၏ဖခင္ အေမရိကန္ အထက္လႊတ္ေတာ္အမတ္ Robert Kennedy ႏွင့္ ၎၏ ဦးေလးျဖစ္သူ John F. Kennedy တို႔က ၎အတြက္ ဂုဏ္ယူေနလိမ့္မည္ဟု ေျပာၾကားခဲ့သည္။ ထရမ့္သည္ ႏိုဝင္ဘာလေ႐ြးေကာက္ပြဲတြင္ အႏိုင္ရပါက RFK Jr. အား ဂုဏ္ျပဳေသာအားျဖင့္ ၎သည္ “သမၼတ John F. Kennedy လုပ္ႀကံသတ္ျဖတ္မႈတြင္ ပါဝင္သူမ်ားကို စုံစမ္းရန္ အတြက္ လြတ္လပ္ေသာေကာ္မရွင္အသစ္” ကို တည္ေထာင္မည္ျဖစ္ေၾကာင္း ကတိျပဳခဲ့သည္။

ဒီမိုကရက္တစ္ေဟာင္း RFK Jr. သည္ ဒီမိုကရက္တစ္ပါတီ၏ အမည္စာရင္းတင္သြင္းမႈအတြက္ ယမန္ႏွစ္က အေမရိကန္သမၼတဂ်ိဳးဘိုင္ဒင္ကို စိန္ေခၚရန္ ႀကိဳးပမ္းခဲ့သည္။ သို႔ေသာ္လည္း ပါတီတြင္း အဟန႔္အတားမ်ားႏွင့္ ရင္ဆိုင္ခဲ့ရၿပီး လြန္ခဲ့သည့္ ေအာက္တိုဘာလတြင္ အျခားပါတီတစ္ခုကို ေၾကညာခဲ့သည္။ ေသာၾကာေန႔တြင္မူ ၎က ၿပိဳင္ပြဲမွ ႏုတ္ထြက္သြားမည္ျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီး ရီပတ္ဘလစ္ကန္သမၼတေလာင္းထရမ့္ကို ေထာက္ခံအားေပးသြားမည္ဟု ဆိုသည္။

Related news

© 2021. All rights reserved.