ယူကရိန်းကို အမေရိကန်အစိုးရကူညီပေးထားတဲ့ တင့်ကားအစီးရေ သုံးပုံနှစ်ပုံခန့် ပျက်စီးထားဟုဆို

 2238

ဂျန်ဇက် (NP News) - ဩဂုတ် ၂၅

ယူကရိန်းကို အမေရိကန်အစိုးရက ကူညီထောက်ပံ့ပေးထားတဲ့ တင့်ကားများအနက် သုံးပုံနှစ်ပုံခန့် ပျက်စီးဆုံးရှုံးထားပြီဖြစ်ကြောင်း Military Watch Magazine မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို စစ်လက်နက် ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ရာ အဓိကတိုက်ပွဲဝင်တင့်ကား အမျိုးအစားဖြစ်တဲ့ Abrams M1 တွေကူညီထောက်ပံ့ပေးထားကြောင်း သိရပါတယ်။ အဆိုပါ မဂ္ဂဇင်းက ယူကရိန်းဟာ နှစ်ဝက်အတွင်း အမေရိကန်ထောက်ပံ့ပေးထားတဲ့ Abrams M1 တင့်ကားအစီးရေ (၃၁)စီးနက် အစီး (၂ဝ)ခန့် ထိခိုက်ဆုံးရှုံးထားကြောင်း ပြောပါတယ်။ မကြာသေးမီက ရုရှားပိုင်နက်တွေကိုတိုက်ခိုက်ချိန်အတွင်း ယူကရိန်းတပ်ဖွဲ့တွေဟာ Abrams M1 တင့်ကားတွေကို အသုံးပြုခဲ့ပြီး ဖျက်ဆီးခံခဲ့ရကြောင်းသိရပါတယ်။

Abrams M1 အမျိုးအစားတင့်ကားတွေဟာ နာမည်ကျော်တင့်ကားတွေဖြစ်ပေမယ့် နည်းပညာပိုင်းချို့ယွင်းအားနည်းချက်တွေကြောင့် ယူကရိန်းစစ်သားတွေ အသုံးပြုရာမှာအဆင်မပြေခြင်းတွေဖြစ်ပွားခဲ့ကြောင်း ဆိုပါတယ်။ ယူကရိန်းဟာ ရုရှားနဲ့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း Abrams အမျိုးအစားတင့်ကား၊ ဂျာမနီနိုင်ငံထုတ် Leopard 2 အမျိုးအစားတင့်ကား၊ ဗြိတိန်နိုင်ငံထုတ် Challenger 2 အမျိုးအစားတင့်ကား နဲ့ ဆိုဗီယက်ခေတ်ထုတ် T-80 အမျိုးအစားတင့်ကားတွေအသုံးပြုနေဆဲဖြစ်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီပေးခဲ့ရာ ယူကရိန်းသမ္မတတောင်းဆိုထားတဲ့အတိုင်း အက်ဖ် ၁၆ တိုက် လေ ယာဉ်တွေ ကူညီပေးဖို့ စီစဉ်နေပါတယ်။

zawgyi version
ယူကရိန္းကို အေမရိကန္အစိုးရကူညီေပးထားတဲ့ တင့္ကားအစီးေရ သုံးပုံႏွစ္ပုံခန႔္ ပ်က္စီးထားဟုဆို
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၅

ယူကရိန္းကို အေမရိကန္အစိုးရက ကူညီေထာက္ပံ့ေပးထားတဲ့ တင့္ကားမ်ားအနက္ သုံးပုံႏွစ္ပုံခန႔္ ပ်က္စီးဆုံးရႈံးထားၿပီျဖစ္ေၾကာင္း Military Watch Magazine မဂၢဇင္းက ေဖာ္ျပခဲ့ပါတယ္။ အေမရိကန္အစိုးရဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းကို စစ္လက္နက္ ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးခဲ့ရာ အဓိကတိုက္ပြဲဝင္တင့္ကား အမ်ိဳးအစားျဖစ္တဲ့ Abrams M1 ေတြကူညီေထာက္ပံ့ေပးထားေၾကာင္း သိရပါတယ္။ အဆိုပါ မဂၢဇင္းက ယူကရိန္းဟာ ႏွစ္ဝက္အတြင္း အေမရိကန္ေထာက္ပံ့ေပးထားတဲ့ Abrams M1 တင့္ကားအစီးေရ (၃၁)စီးနက္ အစီး (၂ဝ)ခန႔္ ထိခိုက္ဆုံးရႈံးထားေၾကာင္း ေျပာပါတယ္။ မၾကာေသးမီက ႐ုရွားပိုင္နက္ေတြကိုတိုက္ခိုက္ခ်ိန္အတြင္း ယူကရိန္းတပ္ဖြဲ႕ေတြဟာ Abrams M1 တင့္ကားေတြကို အသုံးျပဳခဲ့ၿပီး ဖ်က္ဆီးခံခဲ့ရေၾကာင္းသိရပါတယ္။

Abrams M1 အမ်ိဳးအစားတင့္ကားေတြဟာ နာမည္ေက်ာ္တင့္ကားေတြျဖစ္ေပမယ့္ နည္းပညာပိုင္းခ်ိဳ႕ယြင္းအားနည္းခ်က္ေတြေၾကာင့္ ယူကရိန္းစစ္သားေတြ အသုံးျပဳရာမွာအဆင္မေျပျခင္းေတြျဖစ္ပြားခဲ့ေၾကာင္း ဆိုပါတယ္။ ယူကရိန္းဟာ ႐ုရွားနဲ႔စစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း Abrams အမ်ိဳးအစားတင့္ကား၊ ဂ်ာမနီႏိုင္ငံထုတ္ Leopard 2 အမ်ိဳးအစားတင့္ကား၊ ၿဗိတိန္ႏိုင္ငံထုတ္ Challenger 2 အမ်ိဳးအစားတင့္ကား နဲ႔ ဆိုဗီယက္ေခတ္ထုတ္ T-80 အမ်ိဳးအစားတင့္ကားေတြအသုံးျပဳေနဆဲျဖစ္ပါတယ္။ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားစစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ားကူညီေပးခဲ့ရာ ယူကရိန္းသမၼတေတာင္းဆိုထားတဲ့အတိုင္း အက္ဖ္ ၁၆ တိုက္ ေလ ယာဥ္ေတြ ကူညီေပးဖို႔ စီစဥ္ေနပါတယ္။

Related news

© 2021. All rights reserved.