မြောက်ကိုရီးယားက အသေခံဒရုန်းအသစ်တွေကို ထုတ်ဖော် ပြသ
2989
Pika (NP News) - ဩဂုတ် ၂၆
မြောက်ကိုရီးယားအစိုးရဟာ အသေခံဒရုန်းအသစ်တွေကို ထုတ်ပြန်ပြသခဲ့ပြီး အသေခံဒရုန်းတွေရဲ့စွမ်းဆောင်ရည်စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ကိုယ်တိုင်ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဩဂုတ်လ(၂၆)ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီအသေခံဒရုန်းအသစ်တွေဟာ ရုရှားဆီကနေ လာတာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားခဲ့ပါတယ်။ အသေခံဒရုန်းအသစ်တွေဟာ ပစ်မှတ်တွေကိုထိမှန်ပြီး ပေါက်ကွဲသွားတာကို ကင်ဂျုံအန်းက ကြည့်ရှုနေတဲ့ ဓါတ်ပုံတွေကို KCNA က ပြသခဲ့တယ်လို့လည်း သိရပါတယ်။ မဟာ ဗျူဟာ မြောက်ထောက်လှမ်းရေးဒရုန်းတွေနဲ့ ဘက်စုံသုံးတိုက်ခိုက်ရေဒရုန်းတွေအပြင် အသေခံဒရုန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် တီထွင်ဖန်တီးပြီး ပိုမိုထုတ်လုပ်ဖို့ လိုအပ်တယ်လို့ ကင်ဂျုံအန်းက ပြောကြားခဲ့ကြောင်း KCNA က ရေးသားဖော်ပြထားပါတယ်။
အသေခံဒရုန်းတွေဟာ ဖောက်ခွဲရေးပစ္စည်းတွေတင်ဆောင်လာတဲ့ ဒရုန်းတွေဖြစ်ပြီး ရန်သူတွေရဲ့ပစ်မှတ်တွေကို တိတိကျကျတိုက်ခိုက်နိုင်အောင် ဒီဇိုင်းထုတ်ထားပြီး ပဲ့ထိန်းဒုံးကျည်တွေလိုမျိုး လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ၎င်းရဲ့ကြီးထွားလာနေတဲ့ ဒရုန်းတပ်ဖွဲ့တွေကို မြေပြင်နဲ့ပင်လယ်ပြင်မှာရှိတဲ့ ရန်သူတွေရဲ့ပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် မတူညီတဲ့တိုက်ခိုက်မှုအကွာအဝေးအတွင်းမှာ အသုံးပြုသွားမှာဖြစ်တယ်လို့လည်း KCNA ကရေးသားဖော်ပြထားပါတယ်။
ဩဂုတ်လ(၂၄)ရက်နေ့မှာ မြောက်ကိုရီးယားက စမ်းသပ်ခဲ့တဲ့ဒရုန်းတွေအားလုံးဟာ မတူညီတဲ့လမ်းကြောင်းတွေတစ်လျှောက် ပျံသန်းကာ သတ် မှတ်ထားတဲ့ပစ်မှတ်တွေကို မှန်မှန်ကန်ကန်ဖော်ထုတ်ပြီး ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ KCNA ကဖော်ပြထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ဒရုန်းတွေဖွံ့ဖြိုးတိုးတက်ရေးအတွက် AI နည်းပညာကို မိတ်ဆက်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားက ထုတ်ပြန်ပြသခဲ့တဲ့ ဒရုန်းတွေဟာ အစ္စရေးထုတ် “HAROP” အသေခံဒရုန်း၊ ရုရှားထုတ်“Lancet-3”အသေခံဒရုန်း၊ အစ္စရေးထုတ် HERO 30 အသေခံဒရုန်းတွေနဲ့ဆင်တူတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။
zawgyi version
ေျမာက္ကိုရီးယားက အေသခံဒ႐ုန္းအသစ္ေတြကို ထုတ္ေဖာ္ ျပသ
Pika (NP News) - ဩဂုတ္ ၂၆
ေျမာက္ကိုရီးယားအစိုးရဟာ အေသခံဒ႐ုန္းအသစ္ေတြကို ထုတ္ျပန္ျပသခဲ့ၿပီး အေသခံဒ႐ုန္းေတြရဲ႕စြမ္းေဆာင္ရည္စမ္းသပ္မႈကို ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ကိုယ္တိုင္ႀကီးၾကပ္ခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာ KCNA က ဩဂုတ္လ(၂၆)ရက္ေန႔မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။
အဲဒီအေသခံဒ႐ုန္းအသစ္ေတြဟာ ႐ုရွားဆီကေန လာတာျဖစ္ႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ေျပာၾကားခဲ့ပါတယ္။ အေသခံဒ႐ုန္းအသစ္ေတြဟာ ပစ္မွတ္ေတြကိုထိမွန္ၿပီး ေပါက္ကြဲသြားတာကို ကင္ဂ်ဳံအန္းက ၾကည့္ရႈေနတဲ့ ဓါတ္ပုံေတြကို KCNA က ျပသခဲ့တယ္လို႔လည္း သိရပါတယ္။ မဟာ ဗ်ဴဟာ ေျမာက္ေထာက္လွမ္းေရးဒ႐ုန္းေတြနဲ႔ ဘက္စုံသုံးတိုက္ခိုက္ေရဒ႐ုန္းေတြအျပင္ အေသခံဒ႐ုန္းေတြကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ တီထြင္ဖန္တီးၿပီး ပိုမိုထုတ္လုပ္ဖို႔ လိုအပ္တယ္လို႔ ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့ေၾကာင္း KCNA က ေရးသားေဖာ္ျပထားပါတယ္။
အေသခံဒ႐ုန္းေတြဟာ ေဖာက္ခြဲေရးပစၥည္းေတြတင္ေဆာင္လာတဲ့ ဒ႐ုန္းေတြျဖစ္ၿပီး ရန္သူေတြရဲ႕ပစ္မွတ္ေတြကို တိတိက်က်တိုက္ခိုက္ႏိုင္ေအာင္ ဒီဇိုင္းထုတ္ထားၿပီး ပဲ့ထိန္းဒုံးက်ည္ေတြလိုမ်ိဳး လုပ္ေဆာင္ႏိုင္စြမ္းရွိတယ္လို႔လည္း သိရပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ ၎ရဲ႕ႀကီးထြားလာေနတဲ့ ဒ႐ုန္းတပ္ဖြဲ႕ေတြကို ေျမျပင္နဲ႔ပင္လယ္ျပင္မွာရွိတဲ့ ရန္သူေတြရဲ႕ပစ္မွတ္ေတြကို တိုက္ခိုက္ဖို႔အတြက္ မတူညီတဲ့တိုက္ခိုက္မႈအကြာအေဝးအတြင္းမွာ အသုံးျပဳသြားမွာျဖစ္တယ္လို႔လည္း KCNA ကေရးသားေဖာ္ျပထားပါတယ္။
ဩဂုတ္လ(၂၄)ရက္ေန႔မွာ ေျမာက္ကိုရီးယားက စမ္းသပ္ခဲ့တဲ့ဒ႐ုန္းေတြအားလုံးဟာ မတူညီတဲ့လမ္းေၾကာင္းေတြတစ္ေလွ်ာက္ ပ်ံသန္းကာ သတ္ မွတ္ထားတဲ့ပစ္မွတ္ေတြကို မွန္မွန္ကန္ကန္ေဖာ္ထုတ္ၿပီး ဖ်က္ဆီးပစ္ႏိုင္ခဲ့တယ္လို႔ KCNA ကေဖာ္ျပထားပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ ဒ႐ုန္းေတြဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ AI နည္းပညာကို မိတ္ဆက္ဖို႔ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့ပါတယ္။ေျမာက္ကိုရီးယားက ထုတ္ျပန္ျပသခဲ့တဲ့ ဒ႐ုန္းေတြဟာ အစၥေရးထုတ္ “HAROP” အေသခံဒ႐ုန္း၊ ႐ုရွားထုတ္“Lancet-3”အေသခံဒ႐ုန္း၊ အစၥေရးထုတ္ HERO 30 အေသခံဒ႐ုန္းေတြနဲ႔ဆင္တူတယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာၾကားခဲ့ပါတယ္။