တရုတ်ကွန်မြူနစ်ပါတီ အုပ်ချုပ်မည်ကို လက်ခံမည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ထုတ်ဖော်ပြောဆို

 785

ဂျန်ဇက် (NP News) - ဩဂုတ် ၂၆

ထိုင်ဝမ်ကျွန်းသည် ကိုယ်ပိုင်လွတ်လပ်မှုများရရှိရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သကဲ့သို့ တရုတ်ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်ခြင်းများကို လက်ခံမည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချန်တေးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်ဝမ် နှင့် တရုတ်နိုင်ငံတို့သည် ပိုင်နက် နယ်မြေအငြင်းပွားမှုများရှိနေပြီး တရုတ်အစိုးရက ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း ပြောဆိုထားကာ ထိုင်ဝမ်က တရုတ်လက်အောက်မှခွဲထွက်၍ ကိုယ်ပိုင်လွတ်လပ်ရေးရယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ ထိုင်ဝမ်တွင် လိုင်ချန်တေး သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း တရုတ် နှင့် ထိုင်ဝမ်ကြား ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ပြီး ထိပ်တိုက်တွေ့ဆုံ မှုများဖြစ်လာမည့် အခြေအနေများရှိလာခဲ့ဖူးကြောင်း သိရသည်။ ထိုင်ဝမ်ကျွန်းအနေဖြင့် တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုများကို အစွမ်းရှိသမျှ ခုခံကာကွယ်သွား မည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချန်တေးက ပြောသည်။

ထိုင်ဝမ်သမ္မတက 'ထိုင်ဝမ် ရေလက်ကြားမှာ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ဖို့ မျှော်လင့်ထား တယ်။ ထိုင်ဝမ်ဟာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပါ တယ်။ ထိုင်ဝမ်ပြည်သူတွေဟာ ကြင်နာမှုရှိပါတယ်။ ကျွန်တော်တို့ဟာ အဓိကပြည်မကြီးကို ပြန်လည် သိမ်းယူဖို့ ကြိုးပမ်းမှာမဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်တော် တို့ဟာ ထိုင်ဝမ်ကျွန်းကို တရုတ်ကွန်မြူနစ်ပါတီက အုပ်ချုပ်မှာကိုလည်း လက်ခံလိုစိတ်မရှိဘူး။ ကျွန်တော်တို့ဟာ ဒီမိုကရေစီအရေး၊ လွတ်လပ်မှု၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ ပိုမိုကောင်းမွန် အောင်ဆက်လက်လုပ်ဆောင်သွားမယ်'ဟု ပြောသည်။

ထိုင်ဝမ်အစိုးရအနေဖြင့် နိုင်ငံစစ်ရေးနှင့် ကာကွယ်ရေးပိုမိုတောင့်တင်း အားကောင်းစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကာကွယ် ရေးအသုံးစရိတ်ကိုလည်း တိုးမြှင့်သွားမည်ဖြစ်သ ကဲ့သို့ ထိုင်ဝမ်အချုပ်အခြာ အာဏာကိုလည်း ကာကွယ်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတကပြော သည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံနှင့် အငြင်းပွားမှုများ ဖြစ်လာခဲ့ပြီးနောက်ပိုင်း ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲမည်ဖြစ်ရာ လာမည့်နှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို (၇ ဒသမ ၇)ရာခိုင်နှုန်းတိုးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှု များကို တားဆီးနိုင်ရန်အတွက် တိုက်လေယာဉ်များနှင့် ဒုံးကျည်များကို ထပ်မံဖြည့်တင်းသွားရန် စီစဉ်နေ ကြောင်း သိရသည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ခဲ့ရပြီးနောက် အမေရိ ကန်နိုင်ငံနှင့်ဆက်ဆံရေးပိုမိုကောင်းမွန်စေရန် ကြိုးပမ်းလာခဲ့ရာ ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်အစိုးရ တာဝန်ရှိသူများသည် လုံခြုံရေးကိစ္စများ လျှို့ဝှက်ဆွေးနွေးရန် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

zawgyi version
တ႐ုတ္ကြန္ျမဴနစ္ပါတီ အုပ္ခ်ဳပ္မည္ကို လက္ခံမည္မဟုတ္ေၾကာင္း
ထိုင္ဝမ္သမၼတ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၆

ထိုင္ဝမ္ကြၽန္းသည္ ကိုယ္ပိုင္လြတ္လပ္မႈမ်ားရရွိရန္ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္သကဲ့သို႔ တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ အုပ္ခ်ဳပ္ျခင္းမ်ားကို လက္ခံမည္မဟုတ္ေၾကာင္း ထိုင္ဝမ္သမၼတ လိုင္ခ်န္ေတးက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ထိုင္ဝမ္ ႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ ပိုင္နက္ နယ္ေျမအျငင္းပြားမႈမ်ားရွိေနၿပီး တ႐ုတ္အစိုးရက ထိုင္ဝမ္သည္ ၎တို႔ပိုင္နက္ျဖစ္ေၾကာင္း ေျပာဆိုထားကာ ထိုင္ဝမ္က တ႐ုတ္လက္ေအာက္မွခြဲထြက္၍ ကိုယ္ပိုင္လြတ္လပ္ေရးရယူရန္ ႀကိဳးပမ္းေနေၾကာင္း သိရသည္။ ထိုင္ဝမ္တြင္ လိုင္ခ်န္ေတး သမၼတအျဖစ္ တာဝန္ယူခဲ့ၿပီးေနာက္ပိုင္း တ႐ုတ္ ႏွင့္ ထိုင္ဝမ္ၾကား ဆက္ဆံေရး ပိုမိုတင္းမာလာခဲ့ၿပီး ထိပ္တိုက္ေတြ႕ဆုံ မႈမ်ားျဖစ္လာမည့္ အေျခအေနမ်ားရွိလာခဲ့ဖူးေၾကာင္း သိရသည္။ ထိုင္ဝမ္ကြၽန္းအေနျဖင့္ တ႐ုတ္ႏိုင္ငံ၏ၿခိမ္းေျခာက္မႈမ်ားကို အစြမ္းရွိသမွ် ခုခံကာကြယ္သြား မည္ျဖစ္ေၾကာင္း ထိုင္ဝမ္သမၼတ လိုင္ခ်န္ေတးက ေျပာသည္။

ထိုင္ဝမ္သမၼတက 'ထိုင္ဝမ္ ေရလက္ၾကားမွာ ၿငိမ္းခ်မ္းေရးဖြံ႕ၿဖိဳးတိုးတက္ဖို႔ ေမွ်ာ္လင့္ထား တယ္။ ထိုင္ဝမ္ဟာ ၿငိမ္းခ်မ္းေရးကို ခ်စ္ျမတ္ႏိုးပါ တယ္။ ထိုင္ဝမ္ျပည္သူေတြဟာ ၾကင္နာမႈရွိပါတယ္။ ကြၽန္ေတာ္တို႔ဟာ အဓိကျပည္မႀကီးကို ျပန္လည္ သိမ္းယူဖို႔ ႀကိဳးပမ္းမွာမဟုတ္ဘူး၊ ဒါေပမဲ့ ကြၽန္ေတာ္ တို႔ဟာ ထိုင္ဝမ္ကြၽန္းကို တ႐ုတ္ကြန္ျမဴနစ္ပါတီက အုပ္ခ်ဳပ္မွာကိုလည္း လက္ခံလိုစိတ္မရွိဘူး။ ကြၽန္ေတာ္တို႔ဟာ ဒီမိုကေရစီအေရး၊ လြတ္လပ္မႈ၊ လူ႔အခြင့္အေရးနဲ႔ တရားဥပေဒစိုးမိုးေရးတို႔ ပိုမိုေကာင္းမြန္ ေအာင္ဆက္လက္လုပ္ေဆာင္သြားမယ္'ဟု ေျပာသည္။

ထိုင္ဝမ္အစိုးရအေနျဖင့္ ႏိုင္ငံစစ္ေရးႏွင့္ ကာကြယ္ေရးပိုမိုေတာင့္တင္း အားေကာင္းေစရန္ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ကာကြယ္ ေရးအသုံးစရိတ္ကိုလည္း တိုးျမႇင့္သြားမည္ျဖစ္သ ကဲ့သို႔ ထိုင္ဝမ္အခ်ဳပ္အျခာ အာဏာကိုလည္း ကာကြယ္သြားမည္ျဖစ္ေၾကာင္း ထိုင္ဝမ္သမၼတကေျပာ သည္။ ထိုင္ဝမ္သည္ တ႐ုတ္ႏိုင္ငံႏွင့္ အျငင္းပြားမႈမ်ား ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ကာကြယ္ေရးအသုံးစရိတ္ကို တိုးျမႇင့္သုံးစြဲမည္ျဖစ္ရာ လာမည့္ႏွစ္တြင္ ကာကြယ္ေရးအသုံးစရိတ္ကို (၇ ဒသမ ၇)ရာခိုင္ႏႈန္းတိုးျမႇင့္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ထိုင္ဝမ္သည္ တ႐ုတ္ႏိုင္ငံ၏ ၿခိမ္းေျခာက္မႈ မ်ားကို တားဆီးႏိုင္ရန္အတြက္ တိုက္ေလယာဥ္မ်ားႏွင့္ ဒုံးက်ည္မ်ားကို ထပ္မံျဖည့္တင္းသြားရန္ စီစဥ္ေန ေၾကာင္း သိရသည္။ ထိုင္ဝမ္သည္ တ႐ုတ္ႏိုင္ငံ၏ ၿခိမ္းေျခာက္မႈမ်ားကို ရင္ဆိုင္ခဲ့ရၿပီးေနာက္ အေမရိ ကန္ႏိုင္ငံႏွင့္ဆက္ဆံေရးပိုမိုေကာင္းမြန္ေစရန္ ႀကိဳးပမ္းလာခဲ့ရာ ယခုသီတင္းပတ္အတြင္း ထိုင္ဝမ္အစိုးရ တာဝန္ရွိသူမ်ားသည္ လုံၿခဳံေရးကိစၥမ်ား လွ်ိဳ႕ဝွက္ေဆြးေႏြးရန္ အေမရိကန္ႏိုင္ငံသို႔ သြားေရာက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.