မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ(၅၅၀)ကျော်ရှိလာပြီး ထိုင်းနိုင်ငံတွင် ဗိုင်းရပ်စ်မျိုးကွဲအသစ် ကူးစက်ခံရသူတွေ့ရှိ

 7475

ဂျန်ဇက် (NP News) - ဩဂုတ် ၂၆

အာဖရိကတိုက်တွင်စတင်ဖြစ်ပွားခဲ့သော မျောက်ကျောက် ဗိုင်းရပ်စ် (စြသထ) ကူးစက်ရောဂါ ကြောင့် ကမ္ဘာတဝန်းတွင် (၂၀၂၄)ခုနှစ် နှစ်စပိုင်းမှ ဩဂုတ် (၂၃)ရက်နေ့အထိ အနည်းဆုံး လူပေါင်း (၅၅၀)ကျော်သေဆုံးခဲ့ပြီး အာဆီယံဒေသတွင်းနိုင်ငံများအနက် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အင်ဒိုနီးရှား နှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း မျောက်ကျောက်ရောဂါ ကူးစက်ခံရသူများရှိနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ မျောက်ကျောက်ဗိုင်းရပ်စ် (Mpox) ကူးစက်ရောဂါသည် အာဖရိတိုက်အပြင် ဘက် နိုင်ငံများသို့ကူးစက်လာနေပြီး ဥရောပတိုက်ရှိ နိုင်ငံအချို့နှင့် အာရှတိုက်ရှိနိုင်ငံအချို့တွင် ကူးစက်မှုများရှိလာနေကြောင်းသိရသည်။ မျောက်ကျောက်ရောဂါသည် လိင်ဆက်ဆံမှု၊ အသားအရေချင်းထိတွေ့မှု၊ ရောဂါရှိသူတစ် ဦးနှင့် နီးနီးကပ်ကပ်စကားပြောခြင်း သို့မဟုတ် အ သက်ရှူလမ်းကြောင်း အနီးကပ်ထိတွေ့မှုများမှ ကူးစက်ခံရ နိုင်ခြေများပြီး ကူးစက်ခံရပြီးချိန်တွင်လည်း တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများ၊ အရေပြားကွဲ အက်ခြင်းနှင့် သေဆုံးခြင်းများ ဖြစ်လာနိုင်ဖွယ်ရှိနေပြီး ကူးစက်ခံရမှု (၁၀ဝ)တွင် (၄)ခုက အသက်သေဆုံးမှု အထိ ဖြစ်လာနိုင်ကြောင်းသိရသည်။

မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်တွင် မျိုး ကွဲနှစ်ခုရှိနေပြီး ပထမမျိုးကွဲဗိုင်းရပ်စ်သည် (Clade 1) ဟုခေါ်ဆိုပြီး ဒုတိယမျိုးကွဲဗိုင်းရပ်စ်က (Clade 2) ဟုခေါ်ဆိုကြကြောင်းသိရသည်။ ပထမမျိုးကွဲဗိုင်းရပ်စ်ဖြစ်သော (Clade 1) သည် ရောဂါစတင်ရာ ကွန်ဂိုနိုင်ငံအပါအဝင် အာဖရိကတိုက်အလယ်ပိုင်းရှိ နိုင်ငံများတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ကွန်ဂိုနိုင်ငံတွင် ယခုနှစ်အစောပိုင်းတည်းကလက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါကူးစက်ခံရမှုများ ကြောင့် အနည်းဆုံးလူပေါင်း (၅၄၇)ဦးသေဆုံးထားသည်။ ပထမမျိုးကွဲဗိုင်းရပ်စ်ဖြစ်သော (Clade 1) သည် ဒုတိယမျိုးကွဲဖြစ်သော (Clade 2) ထက် ရောဂါလက္ခဏာပိုမိုပြင်းထန်ပြီး (Clade 1) ကူးစက်ခံရသူ (၁၀ဝ) တွင် (၁၀)ဦးခန့်သေဆုံးနိုင်ကာ (Clade 2) မျိုးကွဲက ရောဂါပြင်းထန်မှုမရှိကြောင်းသိရ သည်။ ယခုနှစ်အစပိုင်းကတည်းက အာဖရိကတွင် Mpox ရောဂါဖြစ်ပွားသည့် အတည်ပြုလူနာနှင့် သံသယလူနာပေါင်း (၁၈၇၃၇) ဦးကို တွေ့ရှိခဲ့ပြီး အသစ်တွေ့ရှိခဲ့သည့် မျောက်ကျောက်ဗိုင်းရပ်စ်မျိုးကွဲ Clade 1b သည် ပိုမိုပြင်းထန်ပြီး ပိုမိုကူးစက်လွယ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတင်းထုတ်ပြန်ထားသည်။ (Clade 2) မျိုးကွဲသည် ကူး စက်ခံရသူ (၁၀ဝဝ)တွင် တစ်ဦးသာ သေဆုံးလေ့ရှိနေပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ပြီးခဲ့သောရက်ပိုင်းတွင် (Clade 1b) အဆင့် ကူးစက်ခံရသူတစ်ဦးရှိကြောင်း ဩဂုတ် ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း မျောက်ကျောက်ရောဂါကူးစက်ခံရမှုနှင့်ပတ်သက်ပြီး ဩဂုတ် (၁၄)ရက်နေ့တွင် အရေးပေါ်အခြေအနေကြေညာထား ကြောင်းသိရသည်။ ထိုင်းအစိုးရသည် (Clade 1b) အဆင့် ကူးစက်ခံရသော အသက် (၆၆)နှစ်အရွယ်ရှိ အမျိုးသားကြီးနှင့် လေဆိပ်တွင် အတူထိုင်ခဲ့သူနှင့် တွေ့ဆုံစကားပြောဆိုခဲ့သူပေါင်း (၄၃)ဦးကိုလက်ရှိ အချိန်တွင် သဲလွန်စလိုက်လံရှာဖွေနေပြီး (၂၁)ရက်ကြာစောင့်ကြည့်သွားမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံ၏ တားဆီးရောဂါကူးစက်မှုထိန်းချုပ်ရေးဌာနကသတင်း ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင်ပြီးခဲ့သောရက်ပိုင်းက တွေ့ ရှိခဲ့ရသော အမျိုးသားကြီးသည် မျောက်ကျောက် ဗိုင်း ရပ်စ်မျိုးကွဲအသစ်ကူးစက်ခံရခြင်းဖြစ်ပြီး သေဆုံးရန် အလားအလာများနေကြောင်း သတင်းများထွက်ပေါ် နေသည်။ ထိုင်းနိုင်ငံတွင်တွေ့ရှိခဲ့သော မျောက်ကျောက်ရောဂါမျိုးကွဲအသစ်ဖြစ်သော (Clade 1b) သည် ယခင်တွေ့ရှိခဲ့ဖူးသော မျောက်ကျောက်ရောဂါ များထက် အသက်အန္တရာယ်ပိုမိုထိခိုက်နိုင်သောအ ခြေအနေမျိုးရှိနေကြောင်းသိရသည်။ ထိုင်းနိုင်ငံတွင် တွေ့ရှိခဲ့သည့် (Clade 1b)သည် အာဖရိကတိုက်ပြင်ပ တွင် တွေ့ရှိရသည့် ဒုတိယမြောက် (Clade 1b)ကူးစက်ခံရမှုဖြစ်ပြီး အာရှတိုက်နိုင်ငံများတွင် ပထမဆုံး တွေ့ရှိမှုဖြစ်ခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင် (Clade 1b) ကူးစက်ခံရကြောင်း တွေ့ရှိခဲ့သောအမျိုး သားကြီးသည် အာဖရိကတိုက်မှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် တိုက်ရိုက်လာခဲ့သူဖြစ်ကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံတွင်လည်း မျောက်ကျောက် ဗိုင်းရပ်စ်ကူးစက်ခံရသူများတွေ့ရှိခဲ့ပြီးနောက် လိင်ဆက်ဆံမှုများကို ဂရုစိုက်ရန် သတိပေးထားကြောင်းသိရသည်။ မလေးရှားနိုင်ငံသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံများတွင် မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရမှုများဖြစ်ပွားလာခဲ့ပြီး နောက်ပိုင်း ကူးစက်ပျံ့နှံ့မှုအခြေနေကို အနီးကပ်စောင့်ကြည့်နေကြောင်း သိရသည်။

ကွန်ဂိုနိုင်ငံအပါအဝင် အာဖရိကတိုက်တွင် အနည်းဆုံး နိုင်ငံပေါင်း (၁၃)နိုင်ငံတွင် ကူးစက်ခံရမှု များရှိနေသလို ဥရောပတိုက်တွင် ဆွီဒင်နိုင်ငံအပါ အဝင်နိုင်ငံအချို့တွင် ကူးစက်ခံထားရကြောင်း သိရ သည်။ အာဆီယံ ဒေသအတွင်းနိုင်ငံများအနက် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင် နိုင်ငံတို့တွင်လည်း ယခုနှစ်အတွင်း မျောက်ကျောက် ဗိုင်း ရပ်စ်စက်ခံရသူအရေအတွက် မြင့်တက်လာခဲ့ပြီး အင် ဒိုနိးရှားနိုင်ငံတွင် မျောက်ကျောက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ (၈၈)ဦး၊ ဗီယက်နမ်တွင် (၄၉)ဦး၊ စင်ကာပူတွင် (၁၀)ဦး၊ ထိုင်းနိုင်ငံတွင် (၈)ဦးနှင့် ဖိလစ်ပိုင်တွင် တစ်ဦးကူးစက်ခံထားရကာ အဆိုပါ ကူးစက်မှုများတွင် လူ့အသက်အန္တရာယ်ကို ထိခိုက် စေနိုင်သော မျောက်ကျောက်ရောဂါမျိုးကွဲ (Clade 1b) ကူးစက်ခြင်းမျိုးမဟုတ်ကြောင်း သိရသည်။

zawgyi version
ေမ်ာက္ေက်ာက္ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ(၅၅၀)ေက်ာ္ရွိလာၿပီး ထိုင္းႏိုင္ငံတြင္ ဗိုင္းရပ္စ္မ်ိဳးကြဲအသစ္ ကူးစက္ခံရသူေတြ႕ရွိ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၆

အာဖရိကတိုက္တြင္စတင္ျဖစ္ပြားခဲ့ေသာ ေမ်ာက္ေက်ာက္ ဗိုင္းရပ္စ္ (ျစသထ) ကူးစက္ေရာဂါ ေၾကာင့္ ကမာၻတဝန္းတြင္ (၂၀၂၄)ခုႏွစ္ ႏွစ္စပိုင္းမွ ဩဂုတ္ (၂၃)ရက္ေန႔အထိ အနည္းဆုံး လူေပါင္း (၅၅၀)ေက်ာ္ေသဆုံးခဲ့ၿပီး အာဆီယံေဒသတြင္းႏိုင္ငံမ်ားအနက္ ထိုင္း၊ ဖိလစ္ပိုင္၊ စင္ကာပူ၊ အင္ဒိုနီးရွား ႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔တြင္လည္း ေမ်ာက္ေက်ာက္ေရာဂါ ကူးစက္ခံရသူမ်ားရွိေနေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့သည္။

အဆိုပါ ေမ်ာက္ေက်ာက္ဗိုင္းရပ္စ္ (Mpox) ကူးစက္ေရာဂါသည္ အာဖရိတိုက္အျပင္ ဘက္ ႏိုင္ငံမ်ားသို႔ကူးစက္လာေနၿပီး ဥေရာပတိုက္ရွိ ႏိုင္ငံအခ်ိဳ႕ႏွင့္ အာရွတိုက္ရွိႏိုင္ငံအခ်ိဳ႕တြင္ ကူးစက္မႈမ်ားရွိလာေနေၾကာင္းသိရသည္။ ေမ်ာက္ေက်ာက္ေရာဂါသည္ လိင္ဆက္ဆံမႈ၊ အသားအေရခ်င္းထိေတြ႕မႈ၊ ေရာဂါရွိသူတစ္ ဦးႏွင့္ နီးနီးကပ္ကပ္စကားေျပာျခင္း သို႔မဟုတ္ အ သက္ရႉလမ္းေၾကာင္း အနီးကပ္ထိေတြ႕မႈမ်ားမွ ကူးစက္ခံရ ႏိုင္ေျခမ်ားၿပီး ကူးစက္ခံရၿပီးခ်ိန္တြင္လည္း တုပ္ေကြးကဲ့သို႔ ေရာဂါလကၡဏာမ်ား၊ အေရျပားကြဲ အက္ျခင္းႏွင့္ ေသဆုံးျခင္းမ်ား ျဖစ္လာႏိုင္ဖြယ္ရွိေနၿပီး ကူးစက္ခံရမႈ (၁၀ဝ)တြင္ (၄)ခုက အသက္ေသဆုံးမႈ အထိ ျဖစ္လာႏိုင္ေၾကာင္းသိရသည္။

ေမ်ာက္ေက်ာက္ေရာဂါ ဗိုင္းရပ္စ္တြင္ မ်ိဳး ကြဲႏွစ္ခုရွိေနၿပီး ပထမမ်ိဳးကြဲဗိုင္းရပ္စ္သည္ (Clade 1) ဟုေခၚဆိုၿပီး ဒုတိယမ်ိဳးကြဲဗိုင္းရပ္စ္က (Clade 2) ဟုေခၚဆိုၾကေၾကာင္းသိရသည္။ ပထမမ်ိဳးကြဲဗိုင္းရပ္စ္ျဖစ္ေသာ (Clade 1) သည္ ေရာဂါစတင္ရာ ကြန္ဂိုႏိုင္ငံအပါအဝင္ အာဖရိကတိုက္အလယ္ပိုင္းရွိ ႏိုင္ငံမ်ားတြင္ ျဖစ္ပြားမႈအမ်ားဆုံးျဖစ္ၿပီး ကြန္ဂိုႏိုင္ငံတြင္ ယခုႏွစ္အေစာပိုင္းတည္းကလက္ရွိအခ်ိန္အထိ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံရမႈမ်ား ေၾကာင့္ အနည္းဆုံးလူေပါင္း (၅၄၇)ဦးေသဆုံးထားသည္။ ပထမမ်ိဳးကြဲဗိုင္းရပ္စ္ျဖစ္ေသာ (Clade 1) သည္ ဒုတိယမ်ိဳးကြဲျဖစ္ေသာ (Clade 2) ထက္ ေရာဂါလကၡဏာပိုမိုျပင္းထန္ၿပီး (Clade 1) ကူးစက္ခံရသူ (၁၀ဝ) တြင္ (၁၀)ဦးခန႔္ေသဆုံးႏိုင္ကာ (Clade 2) မ်ိဳးကြဲက ေရာဂါျပင္းထန္မႈမရွိေၾကာင္းသိရ သည္။ ယခုႏွစ္အစပိုင္းကတည္းက အာဖရိကတြင္ Mpox ေရာဂါျဖစ္ပြားသည့္ အတည္ျပဳလူနာႏွင့္ သံသယလူနာေပါင္း (၁၈၇၃၇) ဦးကို ေတြ႕ရွိခဲ့ၿပီး အသစ္ေတြ႕ရွိခဲ့သည့္ ေမ်ာက္ေက်ာက္ဗိုင္းရပ္စ္မ်ိဳးကြဲ Clade 1b သည္ ပိုမိုျပင္းထန္ၿပီး ပိုမိုကူးစက္လြယ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)က သတင္းထုတ္ျပန္ထားသည္။ (Clade 2) မ်ိဳးကြဲသည္ ကူး စက္ခံရသူ (၁၀ဝဝ)တြင္ တစ္ဦးသာ ေသဆုံးေလ့ရွိေနၿပီး ျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္းႏိုင္ငံျဖစ္ေသာ အိမ္နီးခ်င္း ထိုင္းႏိုင္ငံတြင္ၿပီးခဲ့ေသာရက္ပိုင္းတြင္ (Clade 1b) အဆင့္ ကူးစက္ခံရသူတစ္ဦးရွိေၾကာင္း ဩဂုတ္ ၂၃ ရက္ေန႔တြင္ သတင္းထုတ္ျပန္ထားသည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ကလည္း ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံရမႈႏွင့္ပတ္သက္ၿပီး ဩဂုတ္ (၁၄)ရက္ေန႔တြင္ အေရးေပၚအေျခအေနေၾကညာထား ေၾကာင္းသိရသည္။ ထိုင္းအစိုးရသည္ (Clade 1b) အဆင့္ ကူးစက္ခံရေသာ အသက္ (၆၆)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသားႀကီးႏွင့္ ေလဆိပ္တြင္ အတူထိုင္ခဲ့သူႏွင့္ ေတြ႕ဆုံစကားေျပာဆိုခဲ့သူေပါင္း (၄၃)ဦးကိုလက္ရွိ အခ်ိန္တြင္ သဲလြန္စလိုက္လံရွာေဖြေနၿပီး (၂၁)ရက္ၾကာေစာင့္ၾကည့္သြားမည္ျဖစ္ ေၾကာင္း ထိုင္းႏိုင္ငံ၏ တားဆီးေရာဂါကူးစက္မႈထိန္းခ်ဳပ္ေရးဌာနကသတင္း ထုတ္ျပန္ထားသည္။

ထိုင္းႏိုင္ငံတြင္ၿပီးခဲ့ေသာရက္ပိုင္းက ေတြ႕ ရွိခဲ့ရေသာ အမ်ိဳးသားႀကီးသည္ ေမ်ာက္ေက်ာက္ ဗိုင္း ရပ္စ္မ်ိဳးကြဲအသစ္ကူးစက္ခံရျခင္းျဖစ္ၿပီး ေသဆုံးရန္ အလားအလာမ်ားေနေၾကာင္း သတင္းမ်ားထြက္ေပၚ ေနသည္။ ထိုင္းႏိုင္ငံတြင္ေတြ႕ရွိခဲ့ေသာ ေမ်ာက္ေက်ာက္ေရာဂါမ်ိဳးကြဲအသစ္ျဖစ္ေသာ (Clade 1b) သည္ ယခင္ေတြ႕ရွိခဲ့ဖူးေသာ ေမ်ာက္ေက်ာက္ေရာဂါ မ်ားထက္ အသက္အႏၲရာယ္ပိုမိုထိခိုက္ႏိုင္ေသာအ ေျခအေနမ်ိဳးရွိေနေၾကာင္းသိရသည္။ ထိုင္းႏိုင္ငံတြင္ ေတြ႕ရွိခဲ့သည့္ (Clade 1b)သည္ အာဖရိကတိုက္ျပင္ပ တြင္ ေတြ႕ရွိရသည့္ ဒုတိယေျမာက္ (Clade 1b)ကူးစက္ခံရမႈျဖစ္ၿပီး အာရွတိုက္ႏိုင္ငံမ်ားတြင္ ပထမဆုံး ေတြ႕ရွိမႈျဖစ္ခဲ့ေၾကာင္းသိရသည္။

ထိုင္းႏိုင္ငံတြင္ (Clade 1b) ကူးစက္ခံရေၾကာင္း ေတြ႕ရွိခဲ့ေသာအမ်ိဳး သားႀကီးသည္ အာဖရိကတိုက္မွ ထိုင္းႏိုင္ငံသို႔ ေလေၾကာင္းခရီးစဥ္ျဖင့္ တိုက္႐ိုက္လာခဲ့သူျဖစ္ေၾကာင္း သိရသည္။ ဖိလစ္ပိုင္ႏိုင္ငံတြင္လည္း ေမ်ာက္ေက်ာက္ ဗိုင္းရပ္စ္ကူးစက္ခံရသူမ်ားေတြ႕ရွိခဲ့ၿပီးေနာက္ လိင္ဆက္ဆံမႈမ်ားကို ဂ႐ုစိုက္ရန္ သတိေပးထားေၾကာင္းသိရသည္။ မေလးရွားႏိုင္ငံသည္ ၎၏ အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ ေမ်ာက္ေက်ာက္ဗိုင္းရပ္စ္ ကူးစက္ခံရမႈမ်ားျဖစ္ပြားလာခဲ့ၿပီး ေနာက္ပိုင္း ကူးစက္ပ်ံ႕ႏွံ႔မႈအေျခေနကို အနီးကပ္ေစာင့္ၾကည့္ေနေၾကာင္း သိရသည္။

ကြန္ဂိုႏိုင္ငံအပါအဝင္ အာဖရိကတိုက္တြင္ အနည္းဆုံး ႏိုင္ငံေပါင္း (၁၃)ႏိုင္ငံတြင္ ကူးစက္ခံရမႈ မ်ားရွိေနသလို ဥေရာပတိုက္တြင္ ဆြီဒင္ႏိုင္ငံအပါ အဝင္ႏိုင္ငံအခ်ိဳ႕တြင္ ကူးစက္ခံထားရေၾကာင္း သိရ သည္။ အာဆီယံ ေဒသအတြင္းႏိုင္ငံမ်ားအနက္ အင္ဒိုနီးရွား၊ ဗီယက္နမ္၊ စင္ကာပူ၊ ထိုင္း၊ ဖိလစ္ပိုင္ ႏိုင္ငံတို႔တြင္လည္း ယခုႏွစ္အတြင္း ေမ်ာက္ေက်ာက္ ဗိုင္း ရပ္စ္စက္ခံရသူအေရအတြက္ ျမင့္တက္လာခဲ့ၿပီး အင္ ဒိုနိးရွားႏိုင္ငံတြင္ ေမ်ာက္ေက်ာက္ ဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ (၈၈)ဦး၊ ဗီယက္နမ္တြင္ (၄၉)ဦး၊ စင္ကာပူတြင္ (၁၀)ဦး၊ ထိုင္းႏိုင္ငံတြင္ (၈)ဦးႏွင့္ ဖိလစ္ပိုင္တြင္ တစ္ဦးကူးစက္ခံထားရကာ အဆိုပါ ကူးစက္မႈမ်ားတြင္ လူ႔အသက္အႏၲရာယ္ကို ထိခိုက္ ေစႏိုင္ေသာ ေမ်ာက္ေက်ာက္ေရာဂါမ်ိဳးကြဲ (Clade 1b) ကူးစက္ျခင္းမ်ိဳးမဟုတ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.