မြောက်ကိုရီးယားက လမ်းညွှန်စနစ်အသစ်နဲ့ ရော့ကတ်လောင်ချာကို စမ်းသပ်ပစ်လွှတ်မှုတွေပြုလုပ်

 966

Pika (NP News) - ဩဂုတ် ၂၈

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ လမ်းညွှန်စနစ်အသစ်တပ်ဆင်ထားတဲ့ (၂၄၀)မီလီမီတာရော့ကတ်လောင်ချာစမ်းသပ်ပစ်လွှတ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဩဂုတ်လ (၂၈)ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့လက်နက်တိုက်ကို အဆင့်မြှင့်တင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေမှုနဲ့အတူ ယခုလိုစမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။တောင်ကိုရီးယားနဲ့ အနီးအနားမှာရှိတဲ့နေရာတွေကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ (၂၄၀)မီလီမီတာရော့ကတ်လောင်ချာကို ၎င်းရဲ့စစ်တပ်မှာတပ်ဆင်ပေးမယ်လို့ မြောက်ကိုရီးယားအစိုးရက ထုတ်ပြန် ကြေညာခဲ့ပြီးနောက် (၃)လကျော်အကြာမှာ ယခုလိုစမ်းသပ်မှုထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားနဲ့စစ်ရေးအရဆက်ဆံရေးတွေကိုလည်း တိုးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ အမြောက်တွေနဲ့ခရုဇ်ဒုံးကျည်တွေကို တိုးမြှင့်ထုတ်လုပ်ပြီး ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့အတွက် ရုရှားကို မပို့ဆောင်ခင် စမ်းသပ်နိုင်ဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။ ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ မြောက်ကိုရီးယားဟာ ရုရှားကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမေရိကန် နဲ့ တောင်ကိုရီးယားတို့က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ စွပ်စွဲပြောဆိုချက်တွေဟာ အခြေအမြစ်မရှိတဲ့ ပြောဆိုချက်တွေသာဖြစ်တယ်လို့ မြောက်ကိုရီးယားဖက်က ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ပစ်ခတ်မှုစွမ်းရည်နဲ့ထိန်းချုပ်မှုတို့ကို မြှင့်တင်ထားတဲ့ (၂၄၀)မီလီမီတာရော့ကတ်လောင်ချာဟာ ၎င်းရဲ့လုပ်နိုင်စွမ်းကို အကောင်းဆုံးသက်သေပြနိုင်ခဲ့တယ်လို့ KCNA ကဖော်ပြခဲ့ပါတယ်။ အဆင့်မြှင့်တင်မှုထဲမှာ လမ်းညွှန်စနစ်အသစ်၊ ထိန်းချုပ်မှုနဲ့ အဖျက်စွမ်းအားတိုးမြှင့်တာတွေလည်း ပါဝင်တယ်လို့ KCNA က ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ အသေခံဒရုန်းအသစ်တွေကို ထုတ်ဖော်ပြသပြီးနောက် နှစ်ရက်အကြာမှာ (၂၄၀)မီလီမီတာရော့ကတ်လောင်ချာစမ်းသပ်ပစ်လွှတ်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version
ေျမာက္ကိုရီးယားက လမ္းၫႊန္စနစ္အသစ္နဲ႔ ေရာ့ကတ္ေလာင္ခ်ာကို စမ္းသပ္ပစ္လႊတ္မႈေတြျပဳလုပ္
Pika (NP News) - ဩဂုတ္ ၂၈

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းဟာ လမ္းၫႊန္စနစ္အသစ္တပ္ဆင္ထားတဲ့ (၂၄၀)မီလီမီတာေရာ့ကတ္ေလာင္ခ်ာစမ္းသပ္ပစ္လႊတ္မႈကို ကိုယ္တိုင္ႀကီးၾကပ္ခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာ KCNA က ဩဂုတ္လ (၂၈)ရက္ေန႔မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံဟာ ၎ရဲ႕လက္နက္တိုက္ကို အဆင့္ျမႇင့္တင္မႈေတြ ဆက္တိုက္လုပ္ေဆာင္ေနမႈနဲ႔အတူ ယခုလိုစမ္းသပ္မႈေတြကို လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။ေတာင္ကိုရီးယားနဲ႔ အနီးအနားမွာရွိတဲ့ေနရာေတြကို ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းရွိတဲ့ (၂၄၀)မီလီမီတာေရာ့ကတ္ေလာင္ခ်ာကို ၎ရဲ႕စစ္တပ္မွာတပ္ဆင္ေပးမယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ထုတ္ျပန္ ေၾကညာခဲ့ၿပီးေနာက္ (၃)လေက်ာ္အၾကာမွာ ယခုလိုစမ္းသပ္မႈထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ေျမာက္ကိုရီးယားႏိုင္ငံဟာ ႐ုရွားနဲ႔စစ္ေရးအရဆက္ဆံေရးေတြကိုလည္း တိုးျမႇင့္ခဲ့တယ္လို႔လည္း သိရပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံဟာ အေျမာက္ေတြနဲ႔ခ႐ုဇ္ဒုံးက်ည္ေတြကို တိုးျမႇင့္ထုတ္လုပ္ၿပီး ယူကရိန္းစစ္ပြဲမွာအသုံးျပဳဖို႔အတြက္ ႐ုရွားကို မပို႔ေဆာင္ခင္ စမ္းသပ္ႏိုင္ဖြယ္ရွိတယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာၾကားခဲ့ပါတယ္။ ႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲမွာ ေျမာက္ကိုရီးယားဟာ ႐ုရွားကို စစ္လက္နက္ပစၥည္းေတြ ေထာက္ပံ့ေပးခဲ့တယ္လို႔ အေမရိကန္ နဲ႔ ေတာင္ကိုရီးယားတို႔က စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့လည္း အေမရိကန္နဲ႔ေတာင္ကိုရီးယားတို႔ရဲ႕ စြပ္စြဲေျပာဆိုခ်က္ေတြဟာ အေျခအျမစ္မရွိတဲ့ ေျပာဆိုခ်က္ေတြသာျဖစ္တယ္လို႔ ေျမာက္ကိုရီးယားဖက္က ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။

ပစ္ခတ္မႈစြမ္းရည္နဲ႔ထိန္းခ်ဳပ္မႈတို႔ကို ျမႇင့္တင္ထားတဲ့ (၂၄၀)မီလီမီတာေရာ့ကတ္ေလာင္ခ်ာဟာ ၎ရဲ႕လုပ္ႏိုင္စြမ္းကို အေကာင္းဆုံးသက္ေသျပႏိုင္ခဲ့တယ္လို႔ KCNA ကေဖာ္ျပခဲ့ပါတယ္။ အဆင့္ျမႇင့္တင္မႈထဲမွာ လမ္းၫႊန္စနစ္အသစ္၊ ထိန္းခ်ဳပ္မႈနဲ႔ အဖ်က္စြမ္းအားတိုးျမႇင့္တာေတြလည္း ပါဝင္တယ္လို႔ KCNA က ေဖာ္ျပခဲ့ပါတယ္။ ေျမာက္ကိုရီးယားဟာ အေသခံဒ႐ုန္းအသစ္ေတြကို ထုတ္ေဖာ္ျပသၿပီးေနာက္ ႏွစ္ရက္အၾကာမွာ (၂၄၀)မီလီမီတာေရာ့ကတ္ေလာင္ခ်ာစမ္းသပ္ပစ္လႊတ္မႈေတြကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.