PV ဖြင့် ပြည်ပနိုင်ငံများသို့ ပထမဆုံးအကြိမ် ထွက်ခွာမည့်သူများကို ထောက်ခံပေးသူရှိပါက ပြည်ပထွက်ခွာခွင့်ပြုသည်ဆိုခြင်းမှာ မဟုတ်မှန်ဟုဆို

 1670

ယွန်း(NP News) - သြဂုတ် ၂၈

PV အမျိုးအစားနိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ ပထမဆုံးအကြိမ် ထွက်ခွာမည့်သူများကို ထောက်ခံပေးသူရှိပါက ပြည်ပထွက်ခွာခွင့်ပြုသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက မီဒီယာများကို အသိပေးထားသည်။

လက်ရှိတွင် ပြည်ပနိုင်ငံများသို့ အလည်အပတ် PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူအချို့အား ပြည်ပထွက်ခွာခွင့်မပြုဘဲ ပြန်လွှတ်ခြင်းများနေပြီး အဆိုပါနိုင်ငံကူးလက်မှတ်ဖြင့် ပထမဆုံးအကြိမ် ပြည်ပထွက်ခွာမည့်သူများကို ထောက်ခံပေးသူရှိမှသာ ပြည်ပထွက်ခွာခွင့်ပြုခြင်းများ ရှိနေကြောင်း သိရသည်။

ဝန်ကြီးဌာန၏ ဖြေကြားချက်အရ ပြည်ပနိုင်ငံများသို့ အလည်အပတ်သွားရန် ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ အလုပ်သွား‌ရောက်လုပ်ကိုင်မည့် သူများကို သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားအခွင့်အရေးများ ရရှိစေရန် PJ အမျိုးအစားနိုင်ငံကူးလက်မှတ်လျှောက်ထားပြီး အလုပ်သမားဝန်ကြီး ဌာနတွင် ပြည်ပသို့ထွက်ခွာအလုပ်လုပ်ကိုင်နိုင်ရန်အတွက် OWIC ကတ်လျှောက်ထားကာ တရားဝင်ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ PV အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ ပြည်ပထွက်ခွာအလုပ်လုပ်မည့်သူများကို သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ အလုပ်သမားဝန်ကြီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ငယ်ဖြင့် စိစစ်လျက်ရှိကြောင်း သိရသည်။

ထိုသို့စိစစ်ရာတွင် PV နိုင်ငံကူးလက်မှတ်ကိုင် နိုင်ငံသားများအနေဖြင့် အလည်အပတ်သွားရောက်ရန် လိုအပ်သော အပြန်လေယာဥ်လက်မှတ်၊ သွားရောက် လည်ပတ်မည့်နိုင်ငံတွင် တည်းခိုနေထိုင်မည့် Hotel Booking ၊ လည်ပတ်ရန်နေထိုင်စဥ် သုံးစွဲမည့် လုံလောက်သောငွေကြေးများ ပါရှိမှု ရှိ/မရှိစိစစ်လျက်ရှိကြောင်း သိရသည်။

အမှန်တကယ် အလည်အပတ်သွားရောက်မည့်သူများ၊ ပြည်ပနိုင်ငံများတွင် ဆေးကုရန်သွားမည့်သူ/ ဆေးကုဖော်နှင့် လူမှုရေးကိစ္စဆောင်ရွက်မည့်သူများကို ထွက်ခွာခွင့်ပြုနေပြီး အလုပ်လုပ်ကိုင်မည့်သူများကို ပြည်ပတွင် အခက်အခဲပြဿနာပေါ်ပေါက်ပါက ဖြေရှင်းပေးနိုင်ရန် OWIC ကတ်ပြုလုပ်ပြီးမှသာ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ရန် ပြောကြား၍ ပြန်လည်စေလွှတ်ခဲ့ကြောင်း ဝန်ကြီးဌာနမှ ဆိုထားသည်။

ထို့ကြောင့် PV အမျိုးအစား နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ ပထမဆုံးအကြိမ်ထွက်ခွာမည့်သူများကို ထောက်ခံပေးသူရှိပါက ပြည်ပထွက်ခွာခွင့်ပြုသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အသိပေးထားသည်။

zawgyi version
PV ျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ ပထမဆုံးအႀကိမ္ ထြက္ခြာမည့္သူမ်ားကို ေထာက္ခံေပးသူရွိပါက ျပည္ပထြက္ခြာခြင့္ျပဳသည္ဆိုျခင္းမွာ မဟုတ္မွန္ဟုဆို

ယြန္း(NP News) - ၾသဂုတ္ ၂၈

PV အမ်ိဳးအစားႏိုင္ငံကူးလက္မွတ္ျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ ပထမဆုံးအႀကိမ္ ထြက္ခြာမည့္သူမ်ားကို ေထာက္ခံေပးသူရွိပါက ျပည္ပထြက္ခြာခြင့္ျပဳသည္ဆိုသည္မွာ မဟုတ္မွန္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက မီဒီယာမ်ားကို အသိေပးထားသည္။

လက္ရွိတြင္ ျပည္ပႏိုင္ငံမ်ားသို႔ အလည္အပတ္ PV ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားသူအခ်ိဳ႕အား ျပည္ပထြက္ခြာခြင့္မျပဳဘဲ ျပန္လႊတ္ျခင္းမ်ားေနၿပီး အဆိုပါႏိုင္ငံကူးလက္မွတ္ျဖင့္ ပထမဆုံးအႀကိမ္ ျပည္ပထြက္ခြာမည့္သူမ်ားကို ေထာက္ခံေပးသူရွိမွသာ ျပည္ပထြက္ခြာခြင့္ျပဳျခင္းမ်ား ရွိေနေၾကာင္း သိရသည္။

ဝန္ႀကီးဌာန၏ ေျဖၾကားခ်က္အရ ျပည္ပႏိုင္ငံမ်ားသို႔ အလည္အပတ္သြားရန္ ခိုင္လုံေသာအေၾကာင္းျပခ်က္မရွိဘဲ အလုပ္သြား‌ေရာက္လုပ္ကိုင္မည့္ သူမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ား၏ အလုပ္သမားအခြင့္အေရးမ်ား ရရွိေစရန္ PJ အမ်ိဳးအစားႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားၿပီး အလုပ္သမားဝန္ႀကီး ဌာနတြင္ ျပည္ပသို႔ထြက္ခြာအလုပ္လုပ္ကိုင္ႏိုင္ရန္အတြက္ OWIC ကတ္ေလွ်ာက္ထားကာ တရားဝင္ျပည္ပထြက္ခြာအလုပ္လုပ္ကိုင္ခြင့္ျပဳလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္၌ PV အမ်ိဳးအစား ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္၍ ျပည္ပထြက္ခြာအလုပ္လုပ္မည့္သူမ်ားကို သတင္းရဲတပ္ဖြဲ႕၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ ေလေၾကာင္းရဲတပ္ဖြဲ႕၊ အလုပ္သမားဝန္ႀကီးဌာနတို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ငယ္ျဖင့္ စိစစ္လ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔စိစစ္ရာတြင္ PV ႏိုင္ငံကူးလက္မွတ္ကိုင္ ႏိုင္ငံသားမ်ားအေနျဖင့္ အလည္အပတ္သြားေရာက္ရန္ လိုအပ္ေသာ အျပန္ေလယာဥ္လက္မွတ္၊ သြားေရာက္ လည္ပတ္မည့္ႏိုင္ငံတြင္ တည္းခိုေနထိုင္မည့္ Hotel Booking ၊ လည္ပတ္ရန္ေနထိုင္စဥ္ သုံးစြဲမည့္ လုံေလာက္ေသာေငြေၾကးမ်ား ပါရွိမႈ ရွိ/မရွိစိစစ္လ်က္ရွိေၾကာင္း သိရသည္။

အမွန္တကယ္ အလည္အပတ္သြားေရာက္မည့္သူမ်ား၊ ျပည္ပႏိုင္ငံမ်ားတြင္ ေဆးကုရန္သြားမည့္သူ/ ေဆးကုေဖာ္ႏွင့္ လူမႈေရးကိစၥေဆာင္႐ြက္မည့္သူမ်ားကို ထြက္ခြာခြင့္ျပဳေနၿပီး အလုပ္လုပ္ကိုင္မည့္သူမ်ားကို ျပည္ပတြင္ အခက္အခဲျပႆနာေပၚေပါက္ပါက ေျဖရွင္းေပးႏိုင္ရန္ OWIC ကတ္ျပဳလုပ္ၿပီးမွသာ ျပည္ပထြက္ခြာ အလုပ္လုပ္ကိုင္ရန္ ေျပာၾကား၍ ျပန္လည္ေစလႊတ္ခဲ့ေၾကာင္း ဝန္ႀကီးဌာနမွ ဆိုထားသည္။

ထို႔ေၾကာင့္ PV အမ်ိဳးအစား ႏိုင္ငံကူးလက္မွတ္ျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ ပထမဆုံးအႀကိမ္ထြက္ခြာမည့္သူမ်ားကို ေထာက္ခံေပးသူရွိပါက ျပည္ပထြက္ခြာခြင့္ျပဳသည္ဆိုသည္မွာ မဟုတ္မွန္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက အသိေပးထားသည္။

Related news

© 2021. All rights reserved.