တိုက်ပွဲများကြားမှ ပညာရေးဓားစာခံဖြစ်နေသော ကလေးငယ်များကို လက်ခံသင်ကြားမည့် အထူးအစီအစဉ် IBEC စတင်

 1031

သုတကျော် (NP News) - ဩဂုတ် ၂၉

နယ်မြေမတည်ငြိမ်သည့်နေရာ၊ စစ်ဘေးရှောင်ဒေသများမှ ပညာတစ်ပိုင်းတစ်စဖြစ်နေသော ကလေးငယ်များ အတွက် IBEC ကျောင်းတိုက်ကြီးမှ ပညာရေးအထူးအစီစဉ်ကို စတင်ပြုလုပ်ပေးနေကြောင်း စတော့ဟုမ်း ငြိမ်းချမ်းရေး ဆုရှင် IBEC ဆရာတော် ဦးသောဘိတက NP News ကို မိန့်ကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး အပါအဝင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်အစရှိသည့် နယ်မြေဒေသ မအေးချမ်းသည့် နေရာများမှ လည်းကောင်း၊ စစ်ဘေးရှောင်ဒေသများမှလည်းကောင်း နယ်မြေပဋိပက္ခများကြောင့် ယခုပညာသင်နှစ်တွင် ပညာရေး တစ်ပိုင်းတစ်စဖြစ်နေသော ကလေးငယ်များအား IBEC ဆရာတော်ဘုရား နှင့် IBEC ကျောင်းတိုက်ကြီးမှ မေတ္တာရှေ့ထား ကာ ‘‘ IBEC ဆရာတော် ဘုရား၏ ပညာရေး အထူးအစီအစဉ်”အဖြစ် ကျန်ရှိ ပညာသင်နှစ်များအတွက် လက်ခံသင်ကြား ပေးခြင်း ဖြစ်ပြီး ဩဂုတ်လ (၂၂) ရက် နံနက် (၉) နာရီမှ စတင်၍ လက်ခံပေးခြင်းဖြစ်သည်။

“အခုက စစ်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ လက်နက်အားကိုးပြီးတော့မှ အကုန်လုံးက မြို့ဖျက်၊ ရွာဖျက် ဖျက်တော့ ကလေးတွေက ဓားစာခံဖြစ်နေတယ်။ ဓားစာခံဖြစ်နေတော့ ဒီကလေးတွေတော်တော် များများက မန္တလေး၊ စစ်ကိုင်း ပတ်ဝန်းကျင်ကို ပြေးလာကြတာပေါ့။ ပြေးလာကြတဲ့ကလေးတွေက တက်လက်စတန်းလန်းနဲ့ သူတို့ပညာဆက် သင်ချင်ကြတယ်။ ဒါပေမဲ့ အခြေအနေအရ ဘယ်ကျောင်းကမှ ဒီဟာကို ရဲရဲဝံ့ဝံ့လက်ခံဖို့ကျတော့လည်း နည်းနည်း လေး စဉ်းစားကြတာပေါ့နော်။ အဲဒါကြောင့်မို့လို့ လူထုရဲ့အကျပ် အတည်းမှာ တို့ကတတ်နိုင်သလောက် ဒီပညာရေးပိုင်းနဲ့ စောင့်ရှောက်ပေးတဲ့အပိုင်း လူသားချင်းဆိုင်ရာနဲ့ပတ်သက်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တွေနဲ့ ပေါင်းကူးပြီးတော့မှ နေရပ် စွန့်ခွာတွေအတွက်ကို တတ်စွမ်းသမျှကူညီပေးနေတယ်ဆိုတဲ့အပိုင်းနဲ့ဆို နှစ်ပိုင်းပေါ့။ ဒါကတော့ ပညာရေးပိုင်းကို လုပ်သင့် လုပ်ထိုက်တဲ့အပိုင်းကို ရဲရဲဝံ့ဝံ့လုပ်တဲ့သဘောပါ” ဟု ဆရာတော်က မိန့်ကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် အရေအတွက်ကို ကန့်သတ်ထားခြင်းမရှိဘဲ လိုအပ်သောအတိုင်း အတာပမာဏအထိ ဆောင်ရွက်သွားမည်ဖြစ်ကာ စိတ်ဝင်စားသူလည်း များပြားကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။

‘‘ကျောင်းနေအရွယ်ကလေးများအားလုံး ခွဲခြားမှုမရှိဘဲ လွတ်လပ်ငြိမ်းချမ်းစွာ ပညာသင်ကြား နိုင်ရေး” ဟူသော IBEC ကျောင်းတိုက်ကြီး၏ ပညာရေးမူဝါဒအရ အထူးအစီအစဉ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွား မည် ဖြစ်ပြီး ယခုလိုစိန်ခေါ်မှုမြင့်မားသည့်အခြေအနေမျိုးတွင် IBEC ဆရာတော်ဘုရားနှင့် IBEC ကျောင်းတိုက်ကြီးမှ မေတ္တာတရားရှေ့ထားကာ လက်ခံဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအထူးအစီအစဉ်ဖြင့် ပါဝင်ဆောင်ရွက် လိုသူများသည် IBEC ကျောင်းတိုက်ကြီးသို့ လူကိုယ်တိုင်သော် လည်းကောင်း၊ ဖုန်းနံပါတ်ဖြစ်သည့် ဝ၉ ၇၉၈၇၁၆၂၅၉ ထံသို့လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သကဲ့သို့ IBEC ဆရာတော် ဘုရားနှင့်လည်း တိုက်ရိုက်တွေ့ဆုံမေးမြန်းနိုင်ကြောင်း သိရသည်။

zawgyi version
တိုက္ပြဲမ်ားၾကားမွ ပညာေရးဓားစာခံျဖစ္ေနေသာ ကေလးငယ္မ်ားကို လက္ခံသင္ၾကားမည့္ အထူးအစီအစဥ္ IBEC စတင္
သုတေက်ာ္ (NP News) - ဩဂုတ္ ၂၉

နယ္ေျမမတည္ၿငိမ္သည့္ေနရာ၊ စစ္ေဘးေရွာင္ေဒသမ်ားမွ ပညာတစ္ပိုင္းတစ္စျဖစ္ေနေသာ ကေလးငယ္မ်ား အတြက္ IBEC ေက်ာင္းတိုက္ႀကီးမွ ပညာေရးအထူးအစီစဥ္ကို စတင္ျပဳလုပ္ေပးေနေၾကာင္း စေတာ့ဟုမ္း ၿငိမ္းခ်မ္းေရး ဆုရွင္ IBEC ဆရာေတာ္ ဦးေသာဘိတက NP News ကို မိန႔္ၾကားသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ၊ စစ္ကိုင္းတိုင္း ေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး အပါအဝင္ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္အစရွိသည့္ နယ္ေျမေဒသ မေအးခ်မ္းသည့္ ေနရာမ်ားမွ လည္းေကာင္း၊ စစ္ေဘးေရွာင္ေဒသမ်ားမွလည္းေကာင္း နယ္ေျမပဋိပကၡမ်ားေၾကာင့္ ယခုပညာသင္ႏွစ္တြင္ ပညာေရး တစ္ပိုင္းတစ္စျဖစ္ေနေသာ ကေလးငယ္မ်ားအား IBEC ဆရာေတာ္ဘုရား ႏွင့္ IBEC ေက်ာင္းတိုက္ႀကီးမွ ေမတၱာေရွ႕ထား ကာ ‘‘ IBEC ဆရာေတာ္ ဘုရား၏ ပညာေရး အထူးအစီအစဥ္”အျဖစ္ က်န္ရွိ ပညာသင္ႏွစ္မ်ားအတြက္ လက္ခံသင္ၾကား ေပးျခင္း ျဖစ္ၿပီး ဩဂုတ္လ (၂၂) ရက္ နံနက္ (၉) နာရီမွ စတင္၍ လက္ခံေပးျခင္းျဖစ္သည္။

“အခုက စစ္ပြဲေတြ၊ ပဋိပကၡေတြနဲ႔ လက္နက္အားကိုးၿပီးေတာ့မွ အကုန္လုံးက ၿမိဳ႕ဖ်က္၊ ႐ြာဖ်က္ ဖ်က္ေတာ့ ကေလးေတြက ဓားစာခံျဖစ္ေနတယ္။ ဓားစာခံျဖစ္ေနေတာ့ ဒီကေလးေတြေတာ္ေတာ္ မ်ားမ်ားက မႏၲေလး၊ စစ္ကိုင္း ပတ္ဝန္းက်င္ကို ေျပးလာၾကတာေပါ့။ ေျပးလာၾကတဲ့ကေလးေတြက တက္လက္စတန္းလန္းနဲ႔ သူတို႔ပညာဆက္ သင္ခ်င္ၾကတယ္။ ဒါေပမဲ့ အေျခအေနအရ ဘယ္ေက်ာင္းကမွ ဒီဟာကို ရဲရဲဝံ့ဝံ့လက္ခံဖို႔က်ေတာ့လည္း နည္းနည္း ေလး စဥ္းစားၾကတာေပါ့ေနာ္။ အဲဒါေၾကာင့္မို႔လို႔ လူထုရဲ႕အက်ပ္ အတည္းမွာ တို႔ကတတ္ႏိုင္သေလာက္ ဒီပညာေရးပိုင္းနဲ႔ ေစာင့္ေရွာက္ေပးတဲ့အပိုင္း လူသားခ်င္းဆိုင္ရာနဲ႔ပတ္သက္လို႔ ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ေတြနဲ႔ ေပါင္းကူးၿပီးေတာ့မွ ေနရပ္ စြန႔္ခြာေတြအတြက္ကို တတ္စြမ္းသမွ်ကူညီေပးေနတယ္ဆိုတဲ့အပိုင္းနဲ႔ဆို ႏွစ္ပိုင္းေပါ့။ ဒါကေတာ့ ပညာေရးပိုင္းကို လုပ္သင့္ လုပ္ထိုက္တဲ့အပိုင္းကို ရဲရဲဝံ့ဝံ့လုပ္တဲ့သေဘာပါ” ဟု ဆရာေတာ္က မိန႔္ၾကားသည္။

ထိုသို႔ေဆာင္႐ြက္ရာတြင္ အေရအတြက္ကို ကန႔္သတ္ထားျခင္းမရွိဘဲ လိုအပ္ေသာအတိုင္း အတာပမာဏအထိ ေဆာင္႐ြက္သြားမည္ျဖစ္ကာ စိတ္ဝင္စားသူလည္း မ်ားျပားေၾကာင္းလည္း ဆရာေတာ္က မိန႔္ၾကားသည္။

‘‘ေက်ာင္းေနအ႐ြယ္ကေလးမ်ားအားလုံး ခြဲျခားမႈမရွိဘဲ လြတ္လပ္ၿငိမ္းခ်မ္းစြာ ပညာသင္ၾကား ႏိုင္ေရး” ဟူေသာ IBEC ေက်ာင္းတိုက္ႀကီး၏ ပညာေရးမူဝါဒအရ အထူးအစီအစဥ္အျဖစ္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြား မည္ ျဖစ္ၿပီး ယခုလိုစိန္ေခၚမႈျမင့္မားသည့္အေျခအေနမ်ိဳးတြင္ IBEC ဆရာေတာ္ဘုရားႏွင့္ IBEC ေက်ာင္းတိုက္ႀကီးမွ ေမတၱာတရားေရွ႕ထားကာ လက္ခံေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအထူးအစီအစဥ္ျဖင့္ ပါဝင္ေဆာင္႐ြက္ လိုသူမ်ားသည္ IBEC ေက်ာင္းတိုက္ႀကီးသို႔ လူကိုယ္တိုင္ေသာ္ လည္းေကာင္း၊ ဖုန္းနံပါတ္ျဖစ္သည့္ ဝ၉ ၇၉၈၇၁၆၂၅၉ ထံသို႔လည္းေကာင္း ဆက္သြယ္စုံစမ္းေမးျမန္းႏိုင္သကဲ့သို႔ IBEC ဆရာေတာ္ ဘုရားႏွင့္လည္း တိုက္႐ိုက္ေတြ႕ဆုံေမးျမန္းႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.