စင်ကာပူ KFC က ၎င်းရဲ့ Limited Edition Mofusand သော့ချိတ်တွေကို မူလစျေးနှုန်းထက်(၄) ဆနီးပါးမြင့်မားတဲ့ ဈေးနှုန်းနဲ့ ရောင်းချ
233
ရောင်နီ (NP News) - ဇန်နဝါရီ ၁၅
KFC Singapore က ၎င်းရဲ့ icon လေးတွေနဲ့ အသွင်ဆန်းတဲ့ KFC Mofusand သော့ချိတ်တွေကို တနင်္လာနေ့ (ဇန်နဝါရီ ၁၃ ရက်)က မူလဈေးထက်(၄)ဆမြင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချခဲ့ပြီး နာရီအနည်းငယ်အတွင်း ဆိုင်အများအပြားမှာ ရောင်းကုန်သွားခဲ့တယ်လို့ သိရပါတယ်။
KFC ကြက်ကြော်ပုံနဲ့ ဂျပန်ကြောင် Mascot ပုံ သော့ချိတ်တွေကို စင်ကာပူဒေါ်လာ (၅၀) နဲ့ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ အဲဒီသော့ချိတ်တွေကို KFC Singapore ရဲ့ Cereal Chicken Box သို့မဟုတ် Cereal Chicken Burger Box တစ်ခုခု ဝယ်ယူရုံနဲ့ ရရှိနိုင်တာဖြစ်ပြီး တန်ဖိုးအားဖြင့် (၁၂)ဒေါ်လာခန့်သာ ကုန်ကျမှာ ဖြစ်ပါတယ်။
အဲဒီ Mofusand သော့ချိတ်တွေကို ဇန်နဝါရီ ၂၀ ရက်မှာ နောက်တစ်ကြော့ပြန်ရောင်းချပေးသွားဦးမှာဖြစ်ပြီး ကြက်ဥခေါင်းစွပ်ဝတ်ဆင်ထားတဲ့ Mascot ကြောင်ရုပ်လေး အသစ်ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
zawgyi version
စင္ကာပူ KFC က ၎ရဲ႕ Limited Edition Mofusand ေသာ့ခ်ိတ္ေတြကို မူလေစ်းႏႈန္းထက္(၄) ဆနီးပါးျမင့္မားတဲ့ ေဈးႏႈန္းနဲ႔ ေရာင္းခ်
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၅
KFC Singapore က ၎ရဲ႕ icon ေလးေတြနဲ႔ အသြင္ဆန္းတဲ့ KFC Mofusand ေသာ့ခ်ိတ္ေတြကို တနလၤာေန႔ (ဇန္နဝါရီ ၁၃ ရက္)က မူလေဈးထက္(၄)ဆျမင့္တဲ့ ေဈးႏႈန္းနဲ႔ ေရာင္းခ်ခဲ့ၿပီး နာရီအနည္းငယ္အတြင္း ဆိုင္အမ်ားအျပားမွာ ေရာင္းကုန္သြားခဲ့တယ္လို႔ သိရပါတယ္။
KFC ၾကက္ေၾကာ္ပုံနဲ႔ ဂ်ပန္ေၾကာင္ Mascot ပုံ ေသာ့ခ်ိတ္ေတြကို စင္ကာပူေဒၚလာ (၅၀) နဲ႔ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ ပုံမွန္ဆိုရင္ေတာ့ အဲဒီေသာ့ခ်ိတ္ေတြကို KFC Singapore ရဲ႕ Cereal Chicken Box သို႔မဟုတ္ Cereal Chicken Burger Box တစ္ခုခု ဝယ္ယူ႐ုံနဲ႔ ရရွိႏိုင္တာျဖစ္ၿပီး တန္ဖိုးအားျဖင့္ (၁၂)ေဒၚလာခန႔္သာ ကုန္က်မွာ ျဖစ္ပါတယ္။
အဲဒီ Mofusand ေသာ့ခ်ိတ္ေတြကို ဇန္နဝါရီ ၂၀ ရက္မွာ ေနာက္တစ္ေၾကာ့ျပန္ေရာင္းခ်ေပးသြားဦးမွာျဖစ္ၿပီး ၾကက္ဥေခါင္းစြပ္ဝတ္ဆင္ထားတဲ့ Mascot ေၾကာင္႐ုပ္ေလး အသစ္ပါဝင္လာမွာ ျဖစ္တယ္လို႔ သိရပါတယ္။