နိုင်ငံရေးအကြပ်အတည်းမှ လွတ်မြောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးအပါအဝင် လတ်တလောနိုင်ငံရေးဖြစ်စဉ်များအကြောင်း 7 EAO ဆွေးနွေး
359
NP News - ဇန်နဝါရီ ၁၅
နိုင်ငံရေးအကြပ်အတည်းမှ လွတ်မြောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေး အပါအဝင် လတ်တလောနိုင်ငံရေးဖြစ်စဉ်များအကြောင်း 7 EAO Alliance ဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ၏ ဦးဆောင်အဖွဲ့အစည်းအဝေးကို ယမန်နေ့(ဇန်နဝါရီ ၁၄ ရက်)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် ပြည်သူများနေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေးအကြပ်အတည်းမှ လွတ်မြောက်နိုင်ရေးအတွက် အချက်(၅)ချက်ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ၎င်းအချက်(၅)ချက်တွင် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံရေးအခင်းအကျင်းနှင့်အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ သက်ဆိုင်သူများအားလုံး ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်စေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေးအပြင် EAO များအတွင်း Coordination and Cooperation ပိုမိုရရှိလာစေရေးနှင့် ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဉ်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကိုလည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။အစည်းအဝေးသို့ ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီအသီးသီးတို့၏ Coordinator များ စုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
zawgyi version
ႏိုင္ငံေရးအၾကပ္အတည္းမွ လြတ္ေျမာက္ႏိုင္ေရးအတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေဖာ္ေဆာင္ေရးအပါအဝင္ လတ္တေလာႏိုင္ငံေရးျဖစ္စဥ္မ်ားအေၾကာင္း 7 EAO ေဆြးေႏြး
NP News - ဇန္နဝါရီ ၁၅
ႏိုင္ငံေရးအၾကပ္အတည္းမွ လြတ္ေျမာက္ႏိုင္ေရးအတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေဖာ္ေဆာင္ေရး အပါအဝင္ လတ္တေလာႏိုင္ငံေရးျဖစ္စဥ္မ်ားအေၾကာင္း 7 EAO Alliance ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း(၇)ဖြဲ႕၏ မဟာမိတ္အဖြဲ႕ 7 EAO Alliance ၏ ဦးေဆာင္အဖြဲ႕အစည္းအေဝးကို ယမန္ေန႔(ဇန္နဝါရီ ၁၄ ရက္)တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါအစည္းအေဝးတြင္ လက္ရွိျဖစ္ေပၚေနေသာ ႏိုင္ငံေရး၊ စစ္ေရး၊ စီးပြားေရးႏွင့္ ျပည္သူမ်ားေန႔စဥ္ရင္ဆိုင္ႀကဳံေတြ႕ေနရသည့္ ႏိုင္ငံေရးအၾကပ္အတည္းမွ လြတ္ေျမာက္ႏိုင္ေရးအတြက္ အခ်က္(၅)ခ်က္ကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ ၎အခ်က္(၅)ခ်က္တြင္ ၂၀၂၅ ခုႏွစ္အတြင္း ျဖစ္ေပၚလာႏိုင္မည့္ ႏိုင္ငံေရးအခင္းအက်င္းႏွင့္အညီ ေဆာင္႐ြက္ႏိုင္ေရး ႀကိဳတင္ျပင္ဆင္ထားရွိေရး၊ သက္ဆိုင္သူမ်ားအားလုံး ပါဝင္ေသာ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈမ်ား ျဖစ္ေပၚေစေရးတို႔ကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေဖာ္ေဆာင္ေရးအျပင္ EAO မ်ားအတြင္း Coordination and Cooperation ပိုမိုရရွိလာေစေရးႏွင့္ ျပည္တြင္းႏိုင္ငံေရးေဘာင္ ခ်ဲ႕ထြင္ေရးလုပ္ငန္းစဥ္အား တိုးျမႇင့္ေဆာင္႐ြက္ေရးတို႔ကိုလည္း ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားရန္ ေဆြးေႏြးခဲ့ၾကသည္။အစည္းအေဝးသို႔ ဦးေဆာင္အဖြဲ႕ဝင္မ်ား၊ အတြင္းေရးမႉးအဖြဲ႕ဝင္မ်ားႏွင့္ လုပ္ငန္းေကာ္မတီအသီးသီးတို႔၏ Coordinator မ်ား စုစုေပါင္း (၂၂)ဦး တက္ေရာက္ခဲ့ေၾကာင္း သိရသည္။