ယူကရိန်းကို တာဝေးပစ်လက်နက်များ ပေးပို့ကူညီမှာမဟုတ်ကြောင်း နေတိုးမဟာမိတ်အဖွဲ့ဝင် ဖင်လန်နိုင်ငံပြော

 446

ဂျန်ဇက် (NP News) - ဩဂုတ် ၂၉

နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံက ၎င်းတို့အနေနဲ့ ယူကရိန်းနိုင်ငံကို လက်ရှိအချိန်မှာ တာဝေးပစ်လက်နက်များ ပေးပို့သွားမှာမဟုတ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဖင်လန်သမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့အင်တာဗျူးအစီအစဉ်မှာအခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

ဖင်လန်နိုင်ငံအနေနဲ့ ယူကရိန်းကိုစစ်ရေးကူညီထောက်ပံ့ပေးမှာဖြစ်ပေမယ့် လက်ရှိအချိန်မှာ ယူကရိန်းကို တာဝေးပစ်လက်နက်တွေ ပေးပို့ကူညီဖို့ မလို အပ်ကြောင်း ဖင်လန်သမ္မတက ပြောပါတယ်။ ဖင်လန်သမ္မတက "ဖင်လန်ဟာ ရုရှားနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေထဲမှာထိပ်ဆုံးကပါနေတယ်။ နေတိုးအဖွဲ့နဲ့ ရုရှားနိုင်ငံတို့ဟာ နယ်စပ်ချင်း ၁၃၄၀ ကီလိုမီတာထိစပ်နေတယ်။ နေတိုးနဲ့ ရုရှားကြားစစ်ပွဲဖြစ်လာမှာကို တားဆီးရမယ်။ ရုရှားနိုင်ငံကနေ ကျွန်တော်တို့နိုင်ငံကို ပစ်မှတ်ထားတိုက် ခိုက်တာမျိုးမလုပ်ဆောင်ဖို့ လုပ်ဆောင်ရမယ်"လို့ပြောပါတယ်။

ဖင်လန်နိုင်ငံအနေနဲ့ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးထားပြီး အဲဒီလက်နက်တွေ အသုံးပြုရေးနဲ့ပတ်သက်ပြီး ကန့်သတ်ချက်မထားရှိကြောင်း ၎င်းက ပြောပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ ဖင်လန်နိုင်ငံက ကူညီထားတဲ့လက်နက်တွေ အသုံးပြုပြီး ရုရှားပိုင်နက်တွေကို အသုံးပြု တိုက်ခိုက်မယ်ဆိုရင် တိုက်ခိုက်လို့ရကြောင်း ဖင်လန်သမ္မတကပြောပါတယ်။ နေတိုးမဟာမိတ်အဖွဲ့ဟာ ရုရှားနိုင်ငံကိုတားဆီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖင်လန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ တပ်ဖွဲ့ဝင် အနည်းဆုံး ၅၀၀၀ ခန့်ဖြန့်ကြက်ချထားဖို့ စီစဉ်နေကြောင်းသိရပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားရဲ့ကျူးကျော်မှုကို ရင်ဆိုင်ရမှာစိုးရိမ်တဲ့အတွက် ဖင်လန်ဟာ ၂၀၂၃ ခုနှစ်မှာ နေတိုးမဟာမိတ်အဖွဲ့ထဲကို
ဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။

zawgyi version
ယူကရိန္းကို တာေဝးပစ္လက္နက္မ်ား ေပးပို႔ကူညီမွာမဟုတ္ေၾကာင္း ေနတိုးမဟာမိတ္အဖြဲ႕ဝင္ ဖင္လန္ႏိုင္ငံေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၉

ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံျဖစ္တဲ့ ဖင္လန္ႏိုင္ငံက ၎တို႔အေနနဲ႔ ယူကရိန္းႏိုင္ငံကို လက္ရွိအခ်ိန္မွာ တာေဝးပစ္လက္နက္မ်ား ေပးပို႔သြားမွာမဟုတ္ေၾကာင္းထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ဖင္လန္သမၼတဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ျပဳလုပ္ခဲ့တဲ့အင္တာဗ်ဴးအစီအစဥ္မွာအခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

ဖင္လန္ႏိုင္ငံအေနနဲ႔ ယူကရိန္းကိုစစ္ေရးကူညီေထာက္ပံ့ေပးမွာျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာ ယူကရိန္းကို တာေဝးပစ္လက္နက္ေတြ ေပးပို႔ကူညီဖို႔ မလို အပ္ေၾကာင္း ဖင္လန္သမၼတက ေျပာပါတယ္။ ဖင္လန္သမၼတက "ဖင္လန္ဟာ ႐ုရွားနဲ႔နယ္စပ္ခ်င္းထိစပ္ေနတဲ့ ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံေတြထဲမွာထိပ္ဆုံးကပါေနတယ္။ ေနတိုးအဖြဲ႕နဲ႔ ႐ုရွားႏိုင္ငံတို႔ဟာ နယ္စပ္ခ်င္း ၁၃၄၀ ကီလိုမီတာထိစပ္ေနတယ္။ ေနတိုးနဲ႔ ႐ုရွားၾကားစစ္ပြဲျဖစ္လာမွာကို တားဆီးရမယ္။ ႐ုရွားႏိုင္ငံကေန ကြၽန္ေတာ္တို႔ႏိုင္ငံကို ပစ္မွတ္ထားတိုက္ ခိုက္တာမ်ိဳးမလုပ္ေဆာင္ဖို႔ လုပ္ေဆာင္ရမယ္"လို႔ေျပာပါတယ္။

ဖင္လန္ႏိုင္ငံအေနနဲ႔ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ားကူညီေထာက္ပံ့ေပးထားၿပီး အဲဒီလက္နက္ေတြ အသုံးျပဳေရးနဲ႔ပတ္သက္ၿပီး ကန႔္သတ္ခ်က္မထားရွိေၾကာင္း ၎က ေျပာပါတယ္။ ယူကရိန္းတပ္ဖြဲ႕ေတြဟာ ဖင္လန္ႏိုင္ငံက ကူညီထားတဲ့လက္နက္ေတြ အသုံးျပဳၿပီး ႐ုရွားပိုင္နက္ေတြကို အသုံးျပဳ တိုက္ခိုက္မယ္ဆိုရင္ တိုက္ခိုက္လို႔ရေၾကာင္း ဖင္လန္သမၼတကေျပာပါတယ္။ ေနတိုးမဟာမိတ္အဖြဲ႕ဟာ ႐ုရွားႏိုင္ငံကိုတားဆီးႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ဖင္လန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာ တပ္ဖြဲ႕ဝင္ အနည္းဆုံး ၅၀၀၀ ခန႔္ျဖန႔္ၾကက္ခ်ထားဖို႔ စီစဥ္ေနေၾကာင္းသိရပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႐ုရွားရဲ႕က်ဴးေက်ာ္မႈကို ရင္ဆိုင္ရမွာစိုးရိမ္တဲ့အတြက္ ဖင္လန္ဟာ ၂၀၂၃ ခုႏွစ္မွာ ေနတိုးမဟာမိတ္အဖြဲ႕ထဲကို
ဝင္ေရာက္ခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.