ဝန်ကြီးချုပ် "မိုဒီ" ၏ "ယူကရိန်း" ခရီးစဥ်နှင့် ငြိမ်းချမ်းရေး မျှော်လင့်ချက်
664
သန်းထိုက်စိုး (NP News) - စက်တင်ဘာ ၃
အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် ရုရှားနိုင်ငံသို့သွားရောက်ပြီး တစ်လကျော်အတွင်းမှာပင် ယူကရိန်းသို့ သွားရောက်ခဲ့ပြန်သည်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံမှ ခေါင်းဆောင်တစ်ဦး ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ စိတ်ပျက်မိကြောင်း ရုရှားသို့သွားရောက်ခဲ့စဉ်အတွင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ဝန်ကြီးချုပ်မိုဒီကို ပြင်းပြင်းထန်ထန်ဝေ ဖန်ခဲ့ဖူးသည်။ ယခုတစ်ကြိမ် ယူကရိန်းသို့ ဝန်ကြီးချုပ် မိုဒီရောက်ရှိလာခဲ့သည်။ ရုရှားဘက်က တစ်စုံတစ်ရာ ထုတ်ပြောသည်ကိုမူ မတွေ့ရသေးပါ။ ရုရှားနိုင်ငံသို့သွားရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏အမြင်မကြည် လင်မှုကို ခံနေရချိန်တွင် ဝန်ကြီးချုပ် မိုဒီက ယူကရိန်းသို့ သွားရောက်ခဲ့ခြင်းလည်းဖြစ်သည်။ ဝန်ကြီးချုပ်မိုဒီ ရုရှားသို့သွားရောက်ခဲ့စဉ်က အိန္ဒိယနှင့် ရုရှားနိုင်ငံတို့သည် ၂၀၃၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ ကုန် သွယ်ရေး (၁၀ဝ) ဘီလျံအထိတိုးမြှင့်သွားရန်၊ ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်ရန်၊ ကုန်သွယ်ရေးနှင့်ပတ်သက် သည့်အခက်အခဲများကို ဖယ်ရှားရန်နှင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ကျော်လွှားနိုင်သည့် နှစ်နိုင်ငံငွေကြေးများ ကိုအသုံးပြုကြရန် သဘောတူညီခဲ့ကြသည်။
ယူကရိန်းနိုင်ငံသည် (၁၉၉၁) ခုနှစ်တွင် ဆိုဗီ ယက်ပြည်ထောင်စုမှခွဲထွက်ခဲ့ရာ ဝန်ကြီးချုပ်မိုဒီသည် ပထမဆုံးရောက်ရှိလာသည့် အိန္ဒိယဝန်ကြီးချုပ်တစ်ဦး လည်းဖြစ်သည်။ ရုရှားသို့သွားရောက်စဉ် သမ္မတပူ တင်က ဝန်ကြီးချုပ်မိုဒီကို ပွေ့ဖက်ကြိုဆိုသကဲ့သို့ သမ္မတဇီလန်စကီးကလည်း ဝန်ကြီချုပ်မိုဒီကို ပွေ့ဖက်ကြိုဆိုခဲ့သည်။ ဝန်ကြီးချုပ်မိုဒီသည် ရုရှား-ယူက ရိန်းပဋိပက္ခအတွက် လူသားချင်းစာနာမှုဆိုင်ရာ အ ထောက်အပံ့များပေးမည်ဟု ကတိပြုခဲ့သည်။ ပဋိပက္ခ ကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် အကောင်းဆုံးသော လူသားဆန်မှုဖြစ်ကြောင်း၊ အိန္ဒိယနှင့်ယူကရိန်းတို့သည် နိုင်ငံများ၏အချုပ်အချာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစား ခြင်းစသည့် ကုလသမဂ္ဂပဋိညာဉ်အပါအဝင် နိုင်ငံတ ကာဥပဒေများကို ကိုင်စွဲထားကြောင်းလည်း ဝန်ကြီးချုပ် မိုဒီက ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ် မိုဒီ၏ ယူကရိန်းခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံနှင့် ယူကရိန်း နိုင်ငံတို့သည် ဆေးဝါး၊ စိုက်ပျိုးရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့် ယဉ်ကျေးမှု ဆိုင်ရာ နယ်ပယ်တို့တွင်လည်း လေးလေးနက်နက် ပူးပေါင်းဆောင်ရွက် ရန် သဘောတူညီခဲ့ကြသည်။
အိန္ဒိယနိုင်ငံသည် ရုရှား-ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှားနိုင်ငံကို လူသိရှင်ကြား ဝေဖန်မှုမ ပြုခဲ့ခြင်းနှင့်ပတ်သက်၍ အနောက်နိုင်ငံများကို စိတ်ဆိုးဒေါသထွက်စေခဲ့သည်။ အိန္ဒိယနိုင်ငံသည် နိုင်ငံများ၏အချုပ်အချာအာဏာ ပိုင်စိုးမှုနှင့် နယ်မြေ ပိုင်ဆိုင်မှုအားလေးစားရန် အရေးကြီးကြောင်းကိုမူ ရံဖန်ရံခါ ထုတ်ဖော်ပြောဆိုတတ်သည်။ ရုရှား-ယူက ရိန်း ပဋိပက္ခအဆုံးသတ်ရန်အတွက် သံခင်းတမန်ခင်း နည်းလမ်း၊ ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းတို့ဖြင့်သာဆောင်ရွက်ရန် စဉ်ဆက်မပြတ် တွန်းအားပေးခဲ့ သည်။
ဝန်ကြီးချုပ်မိုဒီသည် ယူကရိန်းသို့ သွားရောက်ခဲ့ သော်လည်း ၎င်း၏ မူလသဘောထားမှာ ပြောင်းလဲ သွားဖွယ်ရာမရှိနိုင်ဟု ယူဆကြသည်။ အမေရိကန်နှင့် အနောက်နိုင်ငံများကလည်း အိန္ဒိယ၏ သဘောထား ကို နားလည်လာကြပုံရသည်။ အိန္ဒိယနှင့် ရုရှားနိုင်ငံ တို့၏ဆက်ဆံရေးမှာ အချိန်ကာလ၏ စမ်းသပ်မှုကို ဖြတ်ကျော်ထားပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံ၏ စစ်ဘက်ဆိုင်ရာလက်နက်များအပေါ် တွင်မှီခိုနေရခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင် လက်နက်အများဆုံး တင်သွင်းသည့် နိုင်ငံတစ် နိုင်ငံလည်း ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်းက ပြည်တွင်းတွင် စစ်ဘက်ဆိုင်ရာလက်နက်များ ပိုမို ထုတ်လုပ်လာနိုင်ခဲ့သည်။ သို့တိုင်အောင် ကာကွယ်ရေးလက်နက်(၅၀)ရာခိုင်နှုန်းကျော်ကို ရုရှားနိုင်ငံမှ တင်သွင်းနေရဆဲဖြစ်သည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှရေနံများကို ဈေးချိုချိုဖြင့်ရရှိနေသည်။
အမေရိကန်နှင့်၎င်း၏မဟာမိတ်များသည် အိန္ဒိယနိုင်ငံကို ရုရှား-ယူကရိန်းအရေးနှင့်ပတ်သက် ၍ ရှင်းရှင်းလင်းလင်းရပ်တည်စေလိုသည်။ သို့သော် အိန္ဒိယနိုင်ငံကို အတင်းအကြပ် ဖိအားပေးခြင်း သို့မဟုတ် ပြင်းထန်သည့်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ် ခြင်းတို့ကိုမူ ရှောင်ကြဉ်ကြသည်။ ထို့ပြင် အနောက်နိုင်ငံများသည် အိန္ဒိယနိုင်ငံအပေါ် တရုတ်နိုင်ငံကို တန် ပြန်ဟန်ချက်ညှိရေးအင်အားစုအဖြစ် ရှုမြင်ထားရာ ဘေးဖယ်ထား၍ လည်းမရနိုင်ပါ။ အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင် ပဉ္စမမြောက် စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်ရာ စီးပွားရေးလုပ်ငန်းအတွက် ဈေးကွက်ကြီး တစ်ခုလည်းဖြစ်သည်။ အနောက်နိုင်ငံများအနေဖြင့် ဝန်ကြီးချုပ်မိုဒီ၏ ယူကရိန်းခရီးစဉ်ကို ကြိုဆိုကြမည် ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ဘက်အားလုံးနှင့် ထိတွေ့ဆက်ဆံလိုသည့်သဘောထားအဖြစ်လည်း ရှုမြင်ကြမည် ဖြစ်သည်။
ဝန်ကြီးချုပ်မိုဒီ ယူကရိန်းသို့သွားရောက်ခြင်း၏ ရည်ရွယ်ချက်များထဲတွင် အိန္ဒိယနိုင်ငံသည် ရုရှား နိုင်ငံနှင့် အလွန်နီးကပ်သည့်နိုင်ငံမဟုတ်ကြောင်းနှင့် ယူကရိန်းနိုင်ငံကိုလည်း ဖယ်ကြဉ်ထားရန်မရှိကြောင်း အချက်ပြလိုခြင်းလည်း ဖြစ်ပုံရသည်။ အိန္ဒိယနိုင်ငံသည် အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းထားလိုပုံရကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ အိန္ဒိယနိုင်ငံအနေဖြင့်၎င်း၏ ပြိုင်ဘက် တရုတ်နိုင်ငံကဲ့သို့ အနောက်နိုင် ငံများနှင့် ဆက်ဆံရေးကို ထိန်းထားရန်လိုအပ်နေဆဲ ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံကို လိုအပ်သည့်အချိန်တွင် တရုတ်နိုင်ငံအပေါ် ဖိအားပေးနိုင်သည့် အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ်လည်း ရှုမြင်ထားသည်။ အိန္ဒိယနိုင်ငံသည် အနောက်နိုင်ငံများနှင့်သာမက ရုရှားနိုင်ငံနှင့်
ပါ ကောင်းမွန်သည့်ဆက်ဆံရေးတစ်ရပ်ရှိထားရာ ရုရှား-ယူကရိန်းအရေးတွင် ကြားဝင်နိုင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်သူအဖြစ် ယူဆထားပုံရကြောင်း လေ့လာသူများကယူဆကြသည်။ ဝန်ကြီးချုပ်မိုဒီအနေဖြင့် နှစ်ဖက်လုံးကို ဆွေးနွေးရေးစားပွဲဝိုင်းသို့ တွန်း ပို့နိုင်လိမ့်မည်ဟု လေ့လာသူများက ယုံကြည်နေကြသည်။ အိန္ဒိယသည် ၎င်း၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်ညှိနှိုင်းရန် ကြိုးစားသည့်အခြားနိုင်ငံများ ကိုမူ နှစ်သက်ခြင်းမရှိပါ။ အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံ အပေါ်တွင် ဩဇာတစ်စုံတစ်ရာရှိရာ ဝန်ကြီးချုပ်မိုဒီ၏ ယူကရိန်းခရီးစဉ်သည် သိသာထင်ရှားသည့်ရလဒ် တချို့ ထွက်လာနိုင်ကြောင်း ယူကရိန်းသမ္မတ၏ အကြံပေးတစ်ဦးဖြစ်သည့် Mykhailo Podolyak က ပြောဆိုထားသည်။
ယူကရိန်းနိုင်ငံသည် ယခုနှစ်ကုန်တွင် ဒုတိယ အကြိမ်မြောက် နိုင်ငံတကာထိပ်သီးညီလာခံတစ်ရပ် ကျင်းပရန် မျှော်မှန်းထားသည်။ အဆိုပါညီလာခံတွင် ရုရှားနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်လာစေ ရေးနှင့် ငြိမ်းချမ်းရေးမျှော်မှန်းချက်ကို တိုးတက် အောင်ဆောင်ရွက်ရန် ရည်မှန်းထားပုံရသည်။ ဆွစ်ဇာလန်နိုင်ငံတွင်ကျင်းပခဲ့သည့် ပထမအကြိမ် ထိပ် သီးညီလာခံတွင် ရုရှားနိုင်ငံကို ဖိတ်ကြားခြင်းမရှိခဲ့ပါ။ အဆိုပါညီလာခံသို့ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးတက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံမှ တက်ရောက်ခဲ့ ခြင်းမရှိခဲ့ပါ ။ ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနှင့် ငြိမ်း ချမ်းရေးဆွေးနွေးမည်မဟုတ်ကြောင်း ရုရှားသမ္မတရုံး လက်ထောက်တစ်ဦးဖြစ်သူ Yuri Ushakov ကလည်း မကြာသေးမီရက်ပိုင်းအတွင်းကပင် ထုတ်ဖော် ပြောဆိုခဲ့သည်။ ရန်သူကို အလုံးစုံအနိုင်မရမချင်း ဆွေးနွေးမှုပြုလုပ်မည်မဟုတ်ဟု ရုရှားဝန်ကြီးချုပ် မက်ဗီဒက်ကလည်း ထုတ်ပြောထားသည်။
အိန္ဒိယနိုင်ငံသည် လွန်ခဲ့သည့်ဆယ်စုနှစ်အ တွင်း ဥရောပ အထူးသဖြင့် အရှေ့ဥရောပ၊ အလယ် ဥရောပဒေသရှိ နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှု တိုး မြှင့်ရန်ကြိုးပမ်းနေသည်။ ထို့ပြင် ဗြိတိန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ် စသည့် နိုင်ငံကြီးလေးနိုင်ငံနှင့်လည်း ဆက်ဆံရေးခိုင်မာအောင် ကြိုးပမ်းလျက်ရှိသည်။ ဝန်ကြီးချုပ်မိုဒီသည် ယူကရိန်းခရီးစဉ်နှင့်အတူ ပိုလန် နိုင်ငံသို့လည်း သွားရောက်ခဲ့သည်။ (၄၅)နှစ်အတွင်း ပိုလန်နိုင်ငံသို့သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်လည်း ဖြစ်သည်။ ဥရောပအ ရှေ့ပိုင်းနှင့် အလယ်ပိုင်းနိုင်ငံများသည် ဒေသတွင်း ပထဝီနိုင်ငံရေးကို ပုံဖော်ရာတွင် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိနေကြသည်။ ဝန်ကြီးချုပ်မိုဒီ၏ ယူက
ရိန်း နှင့် ပိုလန်ခရီးစဉ်မှာ အိန္ဒိယနိုင်ငံအနေဖြင့် ဥရော ပအလယ်ပိုင်းနိုင်ငံများနှင့် နိုင်ငံရေးအရ၊ စီးပွားရေး အရသာမက လုံခြုံရေးအရပါ ထဲထဲဝင်ဝင်ဆက်ဆံရန် အသိအမှတ်ပြုလိုက်ခြင်းပင်ဖြစ်သည်။
ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနိုင်ငံကာ့စ် ဒေသ ထိုးစစ်ဆင်ဝင်ရောက်ချိန်ဖြစ်သကဲ့သို့ ရုရှား တပ်ဖွဲ့များကလည်း ယူကရိန်းအရှေ့ပိုင်းတွင် ရှေ့သို့ မှန်မှန် ချီတက်နေချိန်လည်းဖြစ်သည်။ သို့ဖြစ်ရာ ဝန်ကြီးချုပ်မိုဒီ ယူကရိန်းသို့လာရောက်ချိန်သည် ရုရှား-ယူကရိန်းပဋိပက္ခ လမ်းဆုံလမ်းခွတစ်ခုသို့ ရောက်ရှိ နေချိန်လည်းဖြစ်သည်။ မကြာသေးမီရက် ပိုင်းအတွင်း ရုရှားတို့တိုက်ခိုက်ခဲ့သည့် မောင်းသူမဲ့ ဒရုန်းယာဉ် (၁၆)စင်းအနက်(၁၄)စင်းကို ယူကရိန်း လေတပ်ကဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းလေတပ် တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံကလည်း ယူကရိန်း နိုင်ငံကို ကာ့စ်ဒေသရှိ နျူးကလီးယားဓာတ်ပေါင်းဖိုကို တိုက်ခိုက်ရန်ကြိုးပမ်းနေမှုကို နျူးကလီးယားအကြမ်း ဖက်မှုအဖြစ် စွပ်စွဲပြောဆိုထားသည်။
မည်သို့ပင်ဖြစ်စေ အိန္ဒိယနိုင်ငံသည် သမ္မတဇီ လန်စကီး၏ ငြိမ်းချမ်းရေးလမ်းပြမြေပုံ(၁၀) ချက် အပေါ်အခြေခံပြီး ရုရှားနှင့်ရေရှည်ခံသည့်ငြိမ်းချမ်း ရေးတစ်ရပ်ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်မည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လိမ့်မည်ဟု ယူကရိန်းနိုင် ငံကမျှော်လင့်နေခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံကလည်း ရုရှားဘက်တစ်ဖက်တည်းရပ်တည်ခြင်းမျိုးမဟုတ်ဘဲ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးဘက်ကလည်းရပ်တည် ကြောင်း ပြသလိုပုံရသည်။ သို့သော် ကံမကောင်းအကြောင်းမလှသည့်အချက်မှာ အကျိုးစီးပွားတို့မည် သည် တန်ဖိုးများနှင့်မူများအပေါ်နေရာယူထားကြခြင်းပင်ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း အမြဲတမ်း မိတ်ဆွေမရှိ၊ အမြဲတမ်းရန်သူ မရှိ၊ အမြဲတမ်း အကျိုစီးပွားသာရှိသည်ဟု ဆိုခဲ့ကြခြင်းဖြစ်ပေလိမ့်မည်။ သို့ဖြစ်ရာ ဝန်ကြီးချုပ် မိုဒီ၏ ယူကရိန်းခရီးစဉ် ကလည်း ငြိမ်းချမ်းရေးရရှိရေးကြိုးပမ်းမှု တစ်စိတ် တစ်ပိုင်းအဖြစ် မှတ်ယူနိုင်သော်လည်း အိန္ဒိယနိုင်ငံ အကျိုးစီးပွားက ထိပ်တန်းဦးစားပေးဖြစ်နေမည်မှာ သေချာသည်။
zawgyi version
ဝန္ႀကီးခ်ဳပ္ "မိုဒီ" ၏ "ယူကရိန္း" ခရီးစဥ္ႏွင့္ ၿငိမ္းခ်မ္းေရး ေမွ်ာ္လင့္ခ်က္
သန္းထိုက္စိုး (NP News) - စက္တင္ဘာ ၃
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီသည္ ႐ုရွားႏိုင္ငံသို႔သြားေရာက္ၿပီး တစ္လေက်ာ္အတြင္းမွာပင္ ယူကရိန္းသို႔ သြားေရာက္ခဲ့ျပန္သည္။ ကမာၻ႔အႀကီးဆုံး ဒီမိုကေရစီႏိုင္ငံႀကီးတစ္ႏိုင္ငံမွ ေခါင္းေဆာင္တစ္ဦး ႐ုရွားႏိုင္ငံသို႔ သြားေရာက္ခဲ့ျခင္းႏွင့္ပတ္သက္၍ စိတ္ပ်က္မိေၾကာင္း ႐ုရွားသို႔သြားေရာက္ခဲ့စဥ္အတြင္း ယူကရိန္းသမၼတ ဇီလန္စကီးက ဝန္ႀကီးခ်ဳပ္မိုဒီကို ျပင္းျပင္းထန္ထန္ေဝ ဖန္ခဲ့ဖူးသည္။ ယခုတစ္ႀကိမ္ ယူကရိန္းသို႔ ဝန္ႀကီးခ်ဳပ္ မိုဒီေရာက္ရွိလာခဲ့သည္။ ႐ုရွားဘက္က တစ္စုံတစ္ရာ ထုတ္ေျပာသည္ကိုမူ မေတြ႕ရေသးပါ။ ႐ုရွားႏိုင္ငံသို႔သြားေရာက္ခဲ့ျခင္းႏွင့္ပတ္သက္၍ အေမရိကန္ႏိုင္ငံ၏အျမင္မၾကည္ လင္မႈကို ခံေနရခ်ိန္တြင္ ဝန္ႀကီးခ်ဳပ္ မိုဒီက ယူကရိန္းသို႔ သြားေရာက္ခဲ့ျခင္းလည္းျဖစ္သည္။ ဝန္ႀကီးခ်ဳပ္မိုဒီ ႐ုရွားသို႔သြားေရာက္ခဲ့စဥ္က အိႏၵိယႏွင့္ ႐ုရွားႏိုင္ငံတို႔သည္ ၂၀၃၀ ျပည့္ႏွစ္တြင္ ႏွစ္ႏိုင္ငံ ကုန္ သြယ္ေရး (၁၀ဝ) ဘီလ်ံအထိတိုးျမႇင့္သြားရန္၊ ရင္းႏွီး ျမႇဳပ္ႏွံမႈမ်ား တိုးျမႇင့္ရန္၊ ကုန္သြယ္ေရးႏွင့္ပတ္သက္ သည့္အခက္အခဲမ်ားကို ဖယ္ရွားရန္ႏွင့္ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားကို ေက်ာ္လႊားႏိုင္သည့္ ႏွစ္ႏိုင္ငံေငြေၾကးမ်ား ကိုအသုံးျပဳၾကရန္ သေဘာတူညီခဲ့ၾကသည္။
ယူကရိန္းႏိုင္ငံသည္ (၁၉၉၁) ခုႏွစ္တြင္ ဆိုဗီ ယက္ျပည္ေထာင္စုမွခြဲထြက္ခဲ့ရာ ဝန္ႀကီးခ်ဳပ္မိုဒီသည္ ပထမဆုံးေရာက္ရွိလာသည့္ အိႏၵိယဝန္ႀကီးခ်ဳပ္တစ္ဦး လည္းျဖစ္သည္။ ႐ုရွားသို႔သြားေရာက္စဥ္ သမၼတပူ တင္က ဝန္ႀကီးခ်ဳပ္မိုဒီကို ေပြ႕ဖက္ႀကိဳဆိုသကဲ့သို႔ သမၼတဇီလန္စကီးကလည္း ဝန္ႀကီခ်ဳပ္မိုဒီကို ေပြ႕ဖက္ႀကိဳဆိုခဲ့သည္။ ဝန္ႀကီးခ်ဳပ္မိုဒီသည္ ႐ုရွား-ယူက ရိန္းပဋိပကၡအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အ ေထာက္အပံ့မ်ားေပးမည္ဟု ကတိျပဳခဲ့သည္။ ပဋိပကၡ ကို ၿငိမ္းခ်မ္းေသာနည္းလမ္းျဖင့္ ေျဖရွင္းျခင္းသည္ အေကာင္းဆုံးေသာ လူသားဆန္မႈျဖစ္ေၾကာင္း၊ အိႏၵိယႏွင့္ယူကရိန္းတို႔သည္ ႏိုင္ငံမ်ား၏အခ်ဳပ္အခ်ာပိုင္ဆိုင္မႈႏွင့္ နယ္ေျမတည္တံ့ခိုင္ၿမဲမႈကို ေလးစား ျခင္းစသည့္ ကုလသမဂၢပဋိညာဥ္အပါအဝင္ ႏိုင္ငံတ ကာဥပေဒမ်ားကို ကိုင္စြဲထားေၾကာင္းလည္း ဝန္ႀကီးခ်ဳပ္ မိုဒီက ေျပာဆိုခဲ့သည္။ ဝန္ႀကီးခ်ဳပ္ မိုဒီ၏ ယူကရိန္းခရီးစဥ္အတြင္း အိႏၵိယႏိုင္ငံႏွင့္ ယူကရိန္း ႏိုင္ငံတို႔သည္ ေဆးဝါး၊ စိုက္ပ်ိဳးေရး၊ လူသားခ်င္း စာနာေထာက္ထားမႈႏွင့္ ယဥ္ေက်းမႈ ဆိုင္ရာ နယ္ပယ္တို႔တြင္လည္း ေလးေလးနက္နက္ ပူးေပါင္းေဆာင္႐ြက္ ရန္ သေဘာတူညီခဲ့ၾကသည္။
အိႏၵိယႏိုင္ငံသည္ ႐ုရွား-ယူကရိန္းအေရးႏွင့္ ပတ္သက္၍ ႐ုရွားႏိုင္ငံကို လူသိရွင္ၾကား ေဝဖန္မႈမ ျပဳခဲ့ျခင္းႏွင့္ပတ္သက္၍ အေနာက္ႏိုင္ငံမ်ားကို စိတ္ဆိုးေဒါသထြက္ေစခဲ့သည္။ အိႏၵိယႏိုင္ငံသည္ ႏိုင္ငံမ်ား၏အခ်ဳပ္အခ်ာအာဏာ ပိုင္စိုးမႈႏွင့္ နယ္ေျမ ပိုင္ဆိုင္မႈအားေလးစားရန္ အေရးႀကီးေၾကာင္းကိုမူ ရံဖန္ရံခါ ထုတ္ေဖာ္ေျပာဆိုတတ္သည္။ ႐ုရွား-ယူက ရိန္း ပဋိပကၡအဆုံးသတ္ရန္အတြက္ သံခင္းတမန္ခင္း နည္းလမ္း၊ ေဆြးေႏြးညႇိႏႈိင္းျခင္းနည္းလမ္းတို႔ျဖင့္သာေဆာင္႐ြက္ရန္ စဥ္ဆက္မျပတ္ တြန္းအားေပးခဲ့ သည္။
ဝန္ႀကီးခ်ဳပ္မိုဒီသည္ ယူကရိန္းသို႔ သြားေရာက္ခဲ့ ေသာ္လည္း ၎၏ မူလသေဘာထားမွာ ေျပာင္းလဲ သြားဖြယ္ရာမရွိႏိုင္ဟု ယူဆၾကသည္။ အေမရိကန္ႏွင့္ အေနာက္ႏိုင္ငံမ်ားကလည္း အိႏၵိယ၏ သေဘာထား ကို နားလည္လာၾကပုံရသည္။ အိႏၵိယႏွင့္ ႐ုရွားႏိုင္ငံ တို႔၏ဆက္ဆံေရးမွာ အခ်ိန္ကာလ၏ စမ္းသပ္မႈကို ျဖတ္ေက်ာ္ထားၿပီးျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ ႐ုရွားႏိုင္ငံ၏ စစ္ဘက္ဆိုင္ရာလက္နက္မ်ားအေပၚ တြင္မွီခိုေနရျခင္းျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ ကမာၻတြင္ လက္နက္အမ်ားဆုံး တင္သြင္းသည့္ ႏိုင္ငံတစ္ ႏိုင္ငံလည္း ျဖစ္သည္။ မၾကာေသးမီႏွစ္မ်ားအတြင္းက ျပည္တြင္းတြင္ စစ္ဘက္ဆိုင္ရာလက္နက္မ်ား ပိုမို ထုတ္လုပ္လာႏိုင္ခဲ့သည္။ သို႔တိုင္ေအာင္ ကာကြယ္ေရးလက္နက္(၅၀)ရာခိုင္ႏႈန္းေက်ာ္ကို ႐ုရွားႏိုင္ငံမွ တင္သြင္းေနရဆဲျဖစ္သည္။ လက္ရွိတြင္ အိႏၵိယႏိုင္ငံသည္ ႐ုရွားႏိုင္ငံမွေရနံမ်ားကို ေဈးခ်ိဳခ်ိဳျဖင့္ရရွိေနသည္။
အေမရိကန္ႏွင့္၎၏မဟာမိတ္မ်ားသည္ အိႏၵိယႏိုင္ငံကို ႐ုရွား-ယူကရိန္းအေရးႏွင့္ပတ္သက္ ၍ ရွင္းရွင္းလင္းလင္းရပ္တည္ေစလိုသည္။ သို႔ေသာ္ အိႏၵိယႏိုင္ငံကို အတင္းအၾကပ္ ဖိအားေပးျခင္း သို႔မဟုတ္ ျပင္းထန္သည့္ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား ခ်မွတ္ ျခင္းတို႔ကိုမူ ေရွာင္ၾကဥ္ၾကသည္။ ထို႔ျပင္ အေနာက္ႏိုင္ငံမ်ားသည္ အိႏၵိယႏိုင္ငံအေပၚ တ႐ုတ္ႏိုင္ငံကို တန္ ျပန္ဟန္ခ်က္ညႇိေရးအင္အားစုအျဖစ္ ရႈျမင္ထားရာ ေဘးဖယ္ထား၍ လည္းမရႏိုင္ပါ။ အိႏၵိယႏိုင္ငံသည္ ကမာၻတြင္ ပၪၥမေျမာက္ စီးပြားေရး အင္အားႀကီးႏိုင္ငံ ျဖစ္ရာ စီးပြားေရးလုပ္ငန္းအတြက္ ေဈးကြက္ႀကီး တစ္ခုလည္းျဖစ္သည္။ အေနာက္ႏိုင္ငံမ်ားအေနျဖင့္ ဝန္ႀကီးခ်ဳပ္မိုဒီ၏ ယူကရိန္းခရီးစဥ္ကို ႀကိဳဆိုၾကမည္ ျဖစ္ၿပီး အိႏၵိယႏိုင္ငံ၏ ဘက္အားလုံးႏွင့္ ထိေတြ႕ဆက္ဆံလိုသည့္သေဘာထားအျဖစ္လည္း ရႈျမင္ၾကမည္ ျဖစ္သည္။
ဝန္ႀကီးခ်ဳပ္မိုဒီ ယူကရိန္းသို႔သြားေရာက္ျခင္း၏ ရည္႐ြယ္ခ်က္မ်ားထဲတြင္ အိႏၵိယႏိုင္ငံသည္ ႐ုရွား ႏိုင္ငံႏွင့္ အလြန္နီးကပ္သည့္ႏိုင္ငံမဟုတ္ေၾကာင္းႏွင့္ ယူကရိန္းႏိုင္ငံကိုလည္း ဖယ္ၾကဥ္ထားရန္မရွိေၾကာင္း အခ်က္ျပလိုျခင္းလည္း ျဖစ္ပုံရသည္။ အိႏၵိယႏိုင္ငံသည္ အေနာက္ႏိုင္ငံမ်ား၊ အထူးသျဖင့္ အေမရိကန္ႏိုင္ငံႏွင့္ ဆက္ဆံေရးကို ဆက္လက္ထိန္းထားလိုပုံရေၾကာင္း ေလ့လာသူမ်ားက သုံးသပ္ၾကသည္။ အိႏၵိယႏိုင္ငံအေနျဖင့္၎၏ ၿပိဳင္ဘက္ တ႐ုတ္ႏိုင္ငံကဲ့သို႔ အေနာက္ႏိုင္ ငံမ်ားႏွင့္ ဆက္ဆံေရးကို ထိန္းထားရန္လိုအပ္ေနဆဲ ျဖစ္သည္။
အိႏၵိယႏိုင္ငံသည္ ႐ုရွားႏိုင္ငံကို လိုအပ္သည့္အခ်ိန္တြင္ တ႐ုတ္ႏိုင္ငံအေပၚ ဖိအားေပးႏိုင္သည့္ အင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံအျဖစ္လည္း ရႈျမင္ထားသည္။ အိႏၵိယႏိုင္ငံသည္ အေနာက္ႏိုင္ငံမ်ားႏွင့္သာမက ႐ုရွားႏိုင္ငံႏွင့္
ပါ ေကာင္းမြန္သည့္ဆက္ဆံေရးတစ္ရပ္ရွိထားရာ ႐ုရွား-ယူကရိန္းအေရးတြင္ ၾကားဝင္ႏိုင္သည့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ႏိုင္သူအျဖစ္ ယူဆထားပုံရေၾကာင္း ေလ့လာသူမ်ားကယူဆၾကသည္။ ဝန္ႀကီးခ်ဳပ္မိုဒီအေနျဖင့္ ႏွစ္ဖက္လုံးကို ေဆြးေႏြးေရးစားပြဲဝိုင္းသို႔ တြန္း ပို႔ႏိုင္လိမ့္မည္ဟု ေလ့လာသူမ်ားက ယုံၾကည္ေနၾကသည္။ အိႏၵိယသည္ ၎၏ ျပည္တြင္းေရးကိစၥမ်ားတြင္ ဝင္ေရာက္ညႇိႏႈိင္းရန္ ႀကိဳးစားသည့္အျခားႏိုင္ငံမ်ား ကိုမူ ႏွစ္သက္ျခင္းမရွိပါ။ အိႏၵိယႏိုင္ငံသည္ ႐ုရွားႏိုင္ငံ အေပၚတြင္ ဩဇာတစ္စုံတစ္ရာရွိရာ ဝန္ႀကီးခ်ဳပ္မိုဒီ၏ ယူကရိန္းခရီးစဥ္သည္ သိသာထင္ရွားသည့္ရလဒ္ တခ်ိဳ႕ ထြက္လာႏိုင္ေၾကာင္း ယူကရိန္းသမၼတ၏ အႀကံေပးတစ္ဦးျဖစ္သည့္ Mykhailo Podolyak က ေျပာဆိုထားသည္။
ယူကရိန္းႏိုင္ငံသည္ ယခုႏွစ္ကုန္တြင္ ဒုတိယ အႀကိမ္ေျမာက္ ႏိုင္ငံတကာထိပ္သီးညီလာခံတစ္ရပ္ က်င္းပရန္ ေမွ်ာ္မွန္းထားသည္။ အဆိုပါညီလာခံတြင္ ႐ုရွားႏိုင္ငံမွ ကိုယ္စားလွယ္မ်ား တက္ေရာက္လာေစ ေရးႏွင့္ ၿငိမ္းခ်မ္းေရးေမွ်ာ္မွန္းခ်က္ကို တိုးတက္ ေအာင္ေဆာင္႐ြက္ရန္ ရည္မွန္းထားပုံရသည္။ ဆြစ္ဇာလန္ႏိုင္ငံတြင္က်င္းပခဲ့သည့္ ပထမအႀကိမ္ ထိပ္ သီးညီလာခံတြင္ ႐ုရွားႏိုင္ငံကို ဖိတ္ၾကားျခင္းမရွိခဲ့ပါ။ အဆိုပါညီလာခံသို႔ အိႏၵိယႏိုင္ငံမွ ကိုယ္စားလွယ္တစ္ဦးတက္ေရာက္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံမွ တက္ေရာက္ခဲ့ ျခင္းမရွိခဲ့ပါ ။ ႐ုရွားႏိုင္ငံအေနျဖင့္ ယူကရိန္းႏွင့္ ၿငိမ္း ခ်မ္းေရးေဆြးေႏြးမည္မဟုတ္ေၾကာင္း ႐ုရွားသမၼတ႐ုံး လက္ေထာက္တစ္ဦးျဖစ္သူ Yuri Ushakov ကလည္း မၾကာေသးမီရက္ပိုင္းအတြင္းကပင္ ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။ ရန္သူကို အလုံးစုံအႏိုင္မရမခ်င္း ေဆြးေႏြးမႈျပဳလုပ္မည္မဟုတ္ဟု ႐ုရွားဝန္ႀကီးခ်ဳပ္ မက္ဗီဒက္ကလည္း ထုတ္ေျပာထားသည္။
အိႏၵိယႏိုင္ငံသည္ လြန္ခဲ့သည့္ဆယ္စုႏွစ္အ တြင္း ဥေရာပ အထူးသျဖင့္ အေရွ႕ဥေရာပ၊ အလယ္ ဥေရာပေဒသရွိ ႏိုင္ငံမ်ားႏွင့္ ထိေတြ႕ဆက္ဆံမႈ တိုး ျမႇင့္ရန္ႀကိဳးပမ္းေနသည္။ ထို႔ျပင္ ၿဗိတိန္၊ အီတလီ၊ ဂ်ာမနီ၊ ျပင္သစ္ စသည့္ ႏိုင္ငံႀကီးေလးႏိုင္ငံႏွင့္လည္း ဆက္ဆံေရးခိုင္မာေအာင္ ႀကိဳးပမ္းလ်က္ရွိသည္။ ဝန္ႀကီးခ်ဳပ္မိုဒီသည္ ယူကရိန္းခရီးစဥ္ႏွင့္အတူ ပိုလန္ ႏိုင္ငံသို႔လည္း သြားေရာက္ခဲ့သည္။ (၄၅)ႏွစ္အတြင္း ပိုလန္ႏိုင္ငံသို႔သြားေရာက္ခဲ့သည့္ အိႏၵိယႏိုင္ငံ၏ ပထမဆုံးဝန္ႀကီးခ်ဳပ္လည္း ျဖစ္သည္။ ဥေရာပအ ေရွ႕ပိုင္းႏွင့္ အလယ္ပိုင္းႏိုင္ငံမ်ားသည္ ေဒသတြင္း ပထဝီႏိုင္ငံေရးကို ပုံေဖာ္ရာတြင္ အေရးပါသည့္ အခန္းက႑တြင္ရွိေနၾကသည္။ ဝန္ႀကီးခ်ဳပ္မိုဒီ၏ ယူက
ရိန္း ႏွင့္ ပိုလန္ခရီးစဥ္မွာ အိႏၵိယႏိုင္ငံအေနျဖင့္ ဥေရာ ပအလယ္ပိုင္းႏိုင္ငံမ်ားႏွင့္ ႏိုင္ငံေရးအရ၊ စီးပြားေရး အရသာမက လုံၿခဳံေရးအရပါ ထဲထဲဝင္ဝင္ဆက္ဆံရန္ အသိအမွတ္ျပဳလိုက္ျခင္းပင္ျဖစ္သည္။
ယူကရိန္းတပ္ဖြဲ႕မ်ားသည္ ႐ုရွားႏိုင္ငံကာ့စ္ ေဒသ ထိုးစစ္ဆင္ဝင္ေရာက္ခ်ိန္ျဖစ္သကဲ့သို႔ ႐ုရွား တပ္ဖြဲ႕မ်ားကလည္း ယူကရိန္းအေရွ႕ပိုင္းတြင္ ေရွ႕သို႔ မွန္မွန္ ခ်ီတက္ေနခ်ိန္လည္းျဖစ္သည္။ သို႔ျဖစ္ရာ ဝန္ႀကီးခ်ဳပ္မိုဒီ ယူကရိန္းသို႔လာေရာက္ခ်ိန္သည္ ႐ုရွား-ယူကရိန္းပဋိပကၡ လမ္းဆုံလမ္းခြတစ္ခုသို႔ ေရာက္ရွိ ေနခ်ိန္လည္းျဖစ္သည္။ မၾကာေသးမီရက္ ပိုင္းအတြင္း ႐ုရွားတို႔တိုက္ခိုက္ခဲ့သည့္ ေမာင္းသူမဲ့ ဒ႐ုန္းယာဥ္ (၁၆)စင္းအနက္(၁၄)စင္းကို ယူကရိန္း ေလတပ္ကဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း ယူကရိန္းေလတပ္ တာဝန္ရွိသူတစ္ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ ႐ုရွားႏိုင္ငံကလည္း ယူကရိန္း ႏိုင္ငံကို ကာ့စ္ေဒသရွိ န်ဴးကလီးယားဓာတ္ေပါင္းဖိုကို တိုက္ခိုက္ရန္ႀကိဳးပမ္းေနမႈကို န်ဴးကလီးယားအၾကမ္း ဖက္မႈအျဖစ္ စြပ္စြဲေျပာဆိုထားသည္။
မည္သို႔ပင္ျဖစ္ေစ အိႏၵိယႏိုင္ငံသည္ သမၼတဇီ လန္စကီး၏ ၿငိမ္းခ်မ္းေရးလမ္းျပေျမပုံ(၁၀) ခ်က္ အေပၚအေျခခံၿပီး ႐ုရွားႏွင့္ေရရွည္ခံသည့္ၿငိမ္းခ်မ္း ေရးတစ္ရပ္ရရွိေအာင္ ကူညီေဆာင္႐ြက္ေပးႏိုင္မည့္ ႏိုင္ငံမ်ားထဲမွ တစ္ႏိုင္ငံျဖစ္လိမ့္မည္ဟု ယူကရိန္းႏိုင္ ငံကေမွ်ာ္လင့္ေနျခင္းျဖစ္သည္။ အိႏၵိယႏိုင္ငံကလည္း ႐ုရွားဘက္တစ္ဖက္တည္းရပ္တည္ျခင္းမ်ိဳးမဟုတ္ဘဲ တရားမွ်တမႈႏွင့္ ၿငိမ္းခ်မ္းေရးဘက္ကလည္းရပ္တည္ ေၾကာင္း ျပသလိုပုံရသည္။ သို႔ေသာ္ ကံမေကာင္းအေၾကာင္းမလွသည့္အခ်က္မွာ အက်ိဳးစီးပြားတို႔မည္ သည္ တန္ဖိုးမ်ားႏွင့္မူမ်ားအေပၚေနရာယူထားၾကျခင္းပင္ျဖစ္သည္။ ထို႔အတြက္ေၾကာင့္လည္း အၿမဲတမ္း မိတ္ေဆြမရွိ၊ အၿမဲတမ္းရန္သူ မရွိ၊ အၿမဲတမ္း အက်ိဳစီးပြားသာရွိသည္ဟု ဆိုခဲ့ၾကျခင္းျဖစ္ေပလိမ့္မည္။ သို႔ျဖစ္ရာ ဝန္ႀကီးခ်ဳပ္ မိုဒီ၏ ယူကရိန္းခရီးစဥ္ ကလည္း ၿငိမ္းခ်မ္းေရးရရွိေရးႀကိဳးပမ္းမႈ တစ္စိတ္ တစ္ပိုင္းအျဖစ္ မွတ္ယူႏိုင္ေသာ္လည္း အိႏၵိယႏိုင္ငံ အက်ိဳးစီးပြားက ထိပ္တန္းဦးစားေပးျဖစ္ေနမည္မွာ ေသခ်ာသည္။