ဒီမိုကရေစီ နိုင်ငံရေးဂယက်တွေကြားက ဖွံ့ဖြိုးတိုးတက်မှု လျော့မသွားတဲ့ ထိုင်းနိုင်ငံ
567
ALynn (NP News) - စက်တင်ဘာ ၄
ထိုင်းနိုင်ငံရေးဟာ ရက်သတ္တနှစ်ပတ်လောက်က အုတ်အော် သောင်းတင်း အပြောင်းအလဲများဖြစ်ပြီးနောက် ပါလီမန်တွင် ဝန်ကြီးချုပ်သစ်နှင့် အတိုက်အခံပါတီသစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
ယခုလိုပြောင်းလဲမှုများက ထိုင်းနိုင်ငံ၏ အခြေမခိုင်သော ဒီမိုကရေစီအင်စတီကျူးရှင်းများ အပေါ် ဖွဲ့စည်းပုံအခြေခံခုံရုံး၏ ဩဇာလွှမ်းမိုးမှုကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။ ထင်မှတ်မထားသည့် နိုင်ငံရေးဂယက်များက (၂၀၂၃) ခုနှစ်ရွေးကောက်ပွဲ တွင် အံ့အားသင့်ဖွယ်အနိုင်ရရှိခဲ့သည့် အဓိက အ တိုက်အခံပါတီဖြစ်သော Move Forward ပါတီကို ခုံရုံးက ဩဂုတ်လ (၇) ရက်တွင် ဖျက်သိမ်းလိုက်ခြင်းမှ စတင်သည်။ နှစ်ရက်အကြာတွင် ပါတီက People’s Party အနေဖြင့် အတိုက်အခံပါတီအဖြစ် ဆက် လက်ရပ်တည်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဩဂုတ်လ ၁၄ ရက်တွင် ဖွဲ့စည်းပုံအခြေခံခုံရုံးက ဖြူ ထိုင်းပါတီမှတက်လာသည့် ဝန်ကြီးချုပ် ဆရတ်သာ တာဗီဆင်ကို ဖြုတ်ချလိုက်ပြန်သည်။ ၎င်း ဆုံးဖြတ်ချက်ချပြီး နှစ်ရက်အကြာမှာပင် ပါလီမန်က ဖြူထိုင်း ပါတီခေါင်းဆောင် ပေထုန်တန်ရှင်နာဝပ်ထရာကို ဝန် ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။ သူက မိသားစုဝင်ထဲတွင် (၃) ယောက်မြောက် ဝန် ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရသူလည်းဖြစ် သည်။ သူ၏ဖခင် သက်ဆင်ရှင်နာဝပ်ထရာက (၂၀ဝ၁) ခုနှစ်မှ (၂၀ဝ၆) ခုနှစ်အထိ ဝန်ကြီးချုပ်အ ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အဒေါ်ဖြစ်သူ ယင်လတ် ရှင်နာဝပ်ထရာကတော့ (၂၀၁၁) ခုနှစ်မှ (၂၀၁၄) ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
ယခုလို နိုင်ငံရေးအဖြစ်အပျက်များက ထိုင်းနိုင်ငံတွင် ပုံမှန်ဖြစ်ပျက်နေကျအရာကဲ့သို့ ဖြစ် လာသည်။ ထိုင်းနိုင်ငံ၏ ကွန်ဆာဗေးတစ်များနှင့် အ ထက်တန်းလွှာများက အတိုက်အခံပါတီများ အာဏာ မရရှိရေးနှင့် လူထု၏ဆန္ဒအပေါ် မကြာခဏဆိုသလို မသိကျိုးကျွံပြုခြင်းများကို အစဉ်အလာတစ်ခုကဲ့သို့ ပြုလုပ်လာကြသည်။ ဥပမာ-ဥပဒေကြောင်းအရ ဖွဲ့စည်းပုံအခြေခံ ခုံရုံးကဲ့သို့ အင်စတီးကျူးရှင်းများ မှတစ်ဆင့် အတိုက်အခံများအပေါ် ဖိအားပေးခြင်း မျိုးရှိလာပါတယ်။
ထိုကဲ့သို့ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီတွင် ချို့ယွင်းချက်များရှိနေသော်လည်း နိုင်ငံမှာမူ အချိန် အတိုင်းအတာတစ်ခုအတွင်း လျင်မြန်စွာ တိုးတက် လာခဲ့သည်။ စစ်တပ်နှင့် တော်ဝင်အသိုင်းအဝိုင်း၏ အာဏာချဲ့ထွင်ခြင်းလည်း လျော့ပါးလာသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ယခု နောက်ဆုံးဖြစ်ပျက် သွားခဲ့သည့် နိုင်ငံရေး ကသောင်းကနင်းဖြစ်ရပ်များက ကွန်ဆာဗေးတစ်များ၏ “ငါမအိုသေး”ဆိုပြီး အာဏာ ပါဝါပြသည့် သတိပေးချက်မျိုးတော့မဟုတ်နိုင်ပေ။ ယင်းအစား ထိုင်းနိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သကဲ့သို့ အဆိုပါဖြစ်စဉ်များသည် ထိုင်း နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းကို ကာလရှည်ကြာလွှမ်း မိုးထားခဲ့သော ရှေးရိုးစွဲများ၏ နောက်ဆုံးလှုပ်ရှားမှု များလည်းဖြစ်နိုင်သည်။
အာဏာထိန်းသိမ်းမှုအစဉ်အလာများနှင့် ထိုင်းနိုင်ငံရေး
ထိုင်းနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး ဝန်ကြီးချုပ်အား အုပ်ချုပ်ရေး အာဏာ အမြင့်ဆုံးပေးအပ်ထားသကဲ့သို့ စည်းမျဉ်းခံဘုရင် စနစ်အရ ဘုရင်အား လုပ်ပိုင်ခွင့်အာဏာအချို့ ပေး အပ်၍ အုပ်ချုပ်ထားစေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိုင်းနိုင်ငံသည် အလယ်အလတ် ဖွံ့ဖြိုးသောနိုင်ငံ ဖြစ်သော်လည်း သမိုင်းကြောင်းတစ်လျှောက် စစ်တပ် ၏အာဏာထိန်းသိမ်းမှုများနှင့်ကြုံတွေ့ခဲ့ရပြီး နိုင်ငံ ရေးအရှုပ်အထွေးများသည့်နိုင်ငံလည်း ဖြစ်နေသည်။ (၁၉၃၂)ခုနှစ်မှစ၍ နိုင်ငံတော်အာဏာ ထိန်းသိမ်းမှု နှင့် ထိန်းသိမ်းရန်ကြိုးပမ်းမှုပေါင်း (၂၂) ကြိမ်အထိရှိ ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းများ အများဆုံးပြုလုပ်ခဲ့သည့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။
ထို့ကြောင့် အာရှနိုင်ငံများအနက် ထိုင်း နိုင်ငံသည် အာဏာထိန်းသိမ်းမှုအများဆုံးနိုင်ငံ ဖြစ် နေသည်။ ထိုင်း ပြည်သူများအနေဖြင့်လည်း ထိုသို့ အာဏာထိန်းသိမ်းခြင်းဖြစ်ရပ်များကို မကြာခဏဆိုသလို ကြုံတွေ့နေရသည့်အတွက် ယင်းဖြစ်စဉ်များသည် နိုင်ငံရေးအစဉ်အလာတစ်ခုသဖွယ် ဖြစ်လာသည်။ ထို့ပြင် ဘုရင်နှင့်စစ်တပ်အကြား အပြန်အလှန်အမှီသဟဲ ပြုနေခြင်းကလည်း အာဏာထိန်းသိမ်းမှုဖြစ်စဉ်များကို ပိုမိုဖြစ်စေရန်အထောက်အပံ့ ဖြစ်စေခဲ့သည်။
အာဏာထိန်းသိမ်းခြင်းဖြစ်စဉ်များကနိုင်ငံတည်ငြိမ်အေးချမ်းရေးအပေါ်သက်ရောက်မှုနည်းပါးခြင်း
အာဏာထိန်းသိမ်းမှုဖြစ်စဉ်များမှာ များပြား သော်လည်း ထိုင်းနိုင်ငံ၏ ပြည်တွင်းရေးတွင် သိသိ သာသာ ရိုက်ခတ်မှုမရှိခဲ့ကြောင်း တွေ့ရှိရသည်။ ယင်းမှာ ဘုရင်၏ အခွင့်အာဏာ ပိုမိုကျယ်ပြန့်လာခြင်း၊ ဘုရင်နှင့်တပ်မတော်အကြား အပြန်အလှန် အမှီ သဟဲပြု၍ ဆက်ဆံရေးခိုင်မာလာခြင်းတို့အပြင် အာ ဏာထိန်းသိမ်းမှုများအပေါ် ပြည်သူများ၏ ဆန့်ကျင် ဆန္ဒပြမှု နည်းပါးခြင်းတို့ကြောင့်ဖြစ်သည်။
ထိုင်းနိုင်ငံ၏ အာဏာထိန်းသိမ်းခြင်းဖြစ်ရပ် များကြောင့် လူအများက စီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှုကြီးကြီးမားမားရှိလာနိုင်သည်ဟု မျှော် မှန်းခဲ့ကြသော်လည်း အနည်းငယ်သာ ရိုက်ခတ်မှုရှိခဲ့ ကြောင်းတွေ့ရသည်။ စစ်အုပ်ချုပ်ရေး အမိန့်များသည် ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအ တွက် ခြိမ်းခြောက်မှုများဖြစ်စေခဲ့သည်။ သို့သော် ထိုင်းဘတ်ငွေ၏တန်ဖိုးသည် လျော့ကျခဲ့ခြင်းမရှိသကဲ့ သို့ စတော့ဈေးကွက်များသည်လည်း အနည်းငယ် သာကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံ၏ အာဏာထိန်း သိမ်းမှုဖြစ်စဉ်များသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုနည်းပါးကြောင်းတွေ့ရှိရသည်။ အကြောင်းမှာ ထိုင်းနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများနှင့် မက်ခရိုစီးပွားရေးနယ်ပယ်တို့တွင် လစ်ဘ ရယ်မူဝါဒများကို ကျင့်သုံးလျက်ရှိသည့်အတွက် စီးပွားရေးမှာ မျှော်မှန်းထားသလောက် မထိခိုက်ခဲ့ ခြင်းဖြစ်သည်။
အလုပ်သမားဥပဒေများကို တင်းကြပ်စွာ ပြဋ္ဌာန်းထားခြင်းမျိုးမရှိသည့်အတွက် လုပ်သားလိုအပ် ချက်ပြဿနာများနည်းပါးပြီး လုပ်ငန်းများကို အဆင် ပြေစွာ လည်ပတ်နိုင်လျက်ရှိနေသည်။ ထို့ပြင် နိုင် ငံရေးမတည်ငြိမ်မှုကြောင့် ငွေကြေးဖောင်းပွနိုင်မှုအလားအလာများရှိနိုင်သော်လည်း ငွေကြေး တည်ငြိမ် မှုရှိရေးအတွက် အစိုးရက အကောင်းဆုံးထိန်းချုပ်ထားနိုင်ခဲ့သည်။ ထို့ကြောင့် ခြုံငုံသုံးသပ်ရလျှင် ထိုင်း နိုင်ငံ၏ အာဏာထိန်းသိမ်းခြင်းဖြစ်စဉ်များသည် နိုင်ငံ ၏ ဖွံ့ဖြိုးရေးကဏ္ဍများတွင် သက်ရောက်မှု အနည်း ငယ်သာရှိခဲ့သည့်အတွက် ကဏ္ဍအသီးသီးတွင် ပုံမှန် အတိုင်း လည်ပတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရ သည်။
စိန်ခေါ်မှုများရှိနေဆဲ ထိုင်းနိုင်ငံရေး
လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ဖြူ ထိုင်းပါတီမှ ဝန်ကြီးချုပ်ငါးဦးနှင့် ၎င်း၏နောက် ဆက်ခံသူများ ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ ဖြူ ထိုင်းပါတီမှ ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ထရာကို (၂၀ဝ၆) ခုနှစ် စက်တင်ဘာလတွင် စစ်တပ်က အာ ဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးမှ ၎င်း၏ပါတီကို ဖျက်သိမ်းခဲ့သည်။ ထို့ နောက် ညီမဖြစ်သူ ယင်လတ်ရှင်နာဝပ်ထရာက ဖြူထိုင်းပါတီနောက်ဆက်ခံသည့်ပါတီကို ဦးဆောင်ခဲ့ပြီး (၂၀၁၁) ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော် လည်း (၂၀၁၄) ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက သူ့ကို အာဏာမှဖယ်ရှားခဲ့ပြီး နောက်တစ်ကြိမ် စစ်တပ်က အာဏာထိန်းသိမ်းခဲ့ပြန်သည်။ ရှင်နာဝပ် ထရာ၏မျိုးဆက် ပေထုန်တန်ရှင်နာဝပ်ထရာသည် မကြာသေးမီက ဝန်ကြီးချုပ်ရာထူးကိုဆက်ခံခဲ့ပြီး ရှင်နာဝပ်ထရာမိသားစုသည် ထိုင်းနိုင်ငံရေး၏ ထိပ် တန်းသို့ အံ့မခန်း ပြန်လည်ရောက်ရှိလာခဲ့သည်။ ပေထုန်တန်သည် အသက် (၃၇)နှစ်သာရှိသေးပြီး နိုင်ငံ ရေးအတွေ့အကြုံ နည်းပါးနေပါသေးတယ်။ ယခုနှစ် ပထမ သုံးလပတ်တွင် စီးပွားရေးတိုးတက်မှု အရိပ် အယောင်အချို့ရှိခဲ့သော်လည်း သူ၏အစိုးရသည် အိမ်ရာစီမံကိန်းနှင့် ကော်ပိုရိတ်ကြွေးမြီများ မြင့်မား နေပြီး စီးပွားရေးနှေးကွေးမှုကဲ့သို့သော သိသာထင်ရှား သည့် စီးပွားရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
နောက်ထပ်စိန်ခေါ်မှုတစ်ခုမှာ အတိုက် အခံပါတီများကို နေရာမပေးခြင်းဖြစ်သည်။ မကြာ သေးမီရက်များအတွင်းက (၂၀၂၃)ရွေးကောက်ပွဲ တွင် လွှတ်တော်အမတ်နေရာအများဆုံးရရှိခဲ့သည့် Move Forward ပါတီကိုဖျက်သိမ်းရန် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြင့် အတိုက် အခံများကို နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု နည်းပါး အောင် လုပ်ဆောင်လျက်ရှိနေသည်။ တိုးတက် ပြောင်းလဲရေးဝါဒီကျင့်သုံးသော အတိုက်အခံနိုင်ငံ ရေးသမားများသည် မကြာသေးမီနှစ်များအတွင်း တရားရုံး၏ ဖိနှိပ်မှုများကို ရင်ဆိုင်ခဲ့ရသည်။ ဥပမာ အားဖြင့် (၂၀၁၉) ရွေးကောက်ပွဲတွင် လူငယ်နိုင်ငံရေးသမားThanathorn Juangroongru-angkit ဦးဆောင်သည့် Future Forward ပါတီက အမတ် နေရာ (၈၀) အနိုင်ရရှိခဲ့ပြီး လေ့လာသူများကို အံ့အား သင့်စေခဲ့ပါတယ်။ သို့သော် မကြာမီမှာပင် တရားရုံးကThanathorn ကို ပါလီမန်မှ နုတ်ထွက်စေပြီး ပါတီကို ဖျက်သိမ်းခဲ့သည်။ ထို့နောက် ပါတီကို အခြားလူငယ် ခေါင်းဆောင် Pita Limjaroenrat ကဦးဆောင်၍ Move Forward ပါတီအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး (၂၀၂၃) ခုနှစ် ရွေးကောက်ပွဲတွင် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့ပြီး အောက်လွှတ်တော်တွင် (၁၅၁) နေရာ အနိုင်ရခဲ့သည်။ သို့သော် ဒီမိုကရေစီကို ဆန့်ကျင်သည့် တော်ဝင်ဥပဒေကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့ခြင်း ကြောင့် တရားရုံးက Pita ကို နိုင်ငံရေးလှုပ်ရှားခွင့် (၁၀) နှစ် ပိတ်ပင် ကန့်သတ်လိုက်ပြီး ၎င်း၏ပါတီကို ဖျက်သိမ်းခဲ့ပြန်သည်။
ထို့ကြောင့် လွှတ်တော်တွင် နေရာရထားသည့် Move Forward ပါတီမှ ကိုယ်စားလှယ်များ သည် People’s Party (ပြည်သူ့ပါတီ)အဖြစ် ဆက် လက်ရပ်တည်ပိုင်ခွင့်ရှိသော်လည်း ပါတီခေါင်းဆောင်သစ်Natthaphong Ruengpanyawut အပါအဝင် ကိုယ်စားလှယ် (၄၀) နီးပါးမှာ ကျင့်ဝတ်ဖောက်ဖျက်မှု စွပ်စွဲချက်များဖြင့် စုံစမ်းခံနေရပြီဖြစ်သည်။ ထို့ကြောင့် ထိုင်း နိုင်ငံရှိ အတိုက်အခံနိုင်ငံရေးပါတီများ၏ နိုင်ငံ ရေးအနာဂတ်သည်လည်း စိန်ခေါ်မှုများနှင့် ပြည့်နှက် နေဆဲဖြစ်သည်။
ထိုင်းနိုင်ငံ၏ ဒီမိုကရေစီအနာဂတ်
ယခုအခါ ထိုင်းနိုင်ငံတွင် ဗဟိုချက်မ နိုင်ငံရေးအာဏာသုံးရပ် ပေါ်ပေါက်လာပုံရသည်။ (၁) သက်ဆင် ရှင်နာဝပ်နှင့် ဖြူထိုင်းပါတီ၊ (၂) စစ်တပ် နှင့်ဘုရင်စနစ်အကြား ရှုပ်ထွေးမှုနှင့် ၎င်းတို့၏ ဆက် စပ်ပါတီများ၊ (၃) ပြည်သူ့ပါတီသစ်တို့ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ကာလရှည်ကြာ ဆွေမျိုးကောင်းစား ရေးနှင့် ကိုယ်ကျိုးစီးပွားရှာနိုင်ငံရေးမှ တဖြည်းဖြည်း ရွှေ့ပြောင်းလာပုံရသည်။ မကြာသေးမီက ပြုလုပ်ခဲ့ သောစစ်တမ်းတစ်ခုအရ ဖြေဆိုသူ ထက်ဝက်နီးပါးက ၎င်းတို့၏ ဝန်ကြီးချုပ်အဖြစ် Pita (၄၇%)၊ ပေထုန် တန် (၁၀.၅%)နှင့် ဆရတ်သာ (၈.၇%)ဟူ၍ ၎င်းတို့ ၏ထောက်ခံမှုကို ပြသခဲ့သည်။ ပြည်သူ့ပါတီသည် တော်ဝင်ဥပဒေကို ပြုပြင်ပြောင်းလဲရန်ကြိုးပမ်းသွားမည်ဖြစ်ပြီး စစ်မှန်သည့်ဒီမိုကရေစီဖော်ဆောင်ရန်ဦး ဆောင်သွားမည်ဖြစ်သည်။ ထို့ပြင် ပြည်သူ့ပါတီ၏ နိုင်ငံရေးလှုပ်ရှားမှုများကို လွယ်လွယ်နှင့် တားဆီး၍ ရနိုင်မည်မဟုတ်ပါ။ (၂၀၂၃) ရွေးကောက်ပွဲတွင် Move Forward ပါတီ၏ မဲအများစုအနိုင်ရရှိမှုက လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီကို အပြတ်အသတ်အနိုင်ရရန် ဖြစ်လာနိုင်ဖွယ်ရှိသည်။
ထို့ပြင် ထိုင်းလူ့အဖွဲ့အစည်းရှိ ဘုရင်စနစ် နှင့် စစ်တပ်အပေါ် အစဉ်အလာနာခံမှုများသည် တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ပြီး အသက်ကြီးလာ သော ကွန်ဆာဗေးတစ်မဲဆန္ဒရှင်များအစား ဒီမို ကရေစီနှင့် တုံ့ပြန်မှုရှိသောအစိုးရကို ပိုမိုလိုလား သူများဖြင့် အစားထိုးလာသည်။ မကြာသေးမီ နှစ်များ အတွင်း အထူးသဖြင့် လိင်တူလက်ထပ်ခြင်းနှင့် ဆေး ခြောက်ကို တရားဝင်ခွင့်ပြုပေးခြင်းကဲ့သို့ ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့်ပတ်သက်၍ တိုးတက်မှုအချို့ ရှိလာ ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ပါတီစုံဒီမိုကရေစီ စနစ်တွင် အခြေခံနိုင်ငံရေးလွတ်လပ်ခွင့်များ တိုးချဲ့ လာရန်နှင့် ခိုင်မာအောင်ပြုလုပ်ရန် ဖိအားတိုးလာနိုင်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ထိုင်းနိုင်ငံရေး သည် အပျက်သဘော၊ အပြုသဘော ရောထွေးနေ သော အခင်းအကျင်းတစ်ခုဖြစ်လာသည်။ အစဉ် အလာ နိုင်ငံရေးအာဏာထိန်းသိမ်းခြင်းများကို မကြာ ခဏ ကြုံတွေ့နေရသော်လည်း နိုင်ငံ၏ အခြားသော စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး စသည့် နယ်ပယ်များ တွင်မူ ယိမ်းယိုင်ပြိုလဲသွားခြင်းမရှိသည့် တည်ငြိမ် အေးချမ်းမှုကို အစဉ်အမြဲ ထိန်းထားနိုင်စွမ်းမှာ အတုယူဖွယ်ဖြစ်ပါတယ်။
ယခုနှောင်းပိုင်းကာလများတွင်လည်း နိုင်ငံ ရေးအပြောင်းအလဲများ အဆက်မပြတ် ဖြစ်ပွားနေ လင့်ကစား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုသာ အားလုံးက ရှေးရှုလုပ်ဆောင်နေပါသောကြောင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအနာဂတ်တွင် တိုးတက်မှုများက ဆက်လက်တည်မြဲနေဦးမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
zawgyi version
ဒီမိုကေရစီ ႏိုင္ငံေရးဂယက္ေတြၾကားက ဖြံ႕ၿဖိဳးတိုးတက္မႈ ေလ်ာ့မသြားတဲ့ ထိုင္းႏိုင္ငံ
ALynn (NP News) - စက္တင္ဘာ ၄
ထိုင္းႏိုင္ငံေရးဟာ ရက္သတၱႏွစ္ပတ္ေလာက္က အုတ္ေအာ္ ေသာင္းတင္း အေျပာင္းအလဲမ်ားျဖစ္ၿပီးေနာက္ ပါလီမန္တြင္ ဝန္ႀကီးခ်ဳပ္သစ္ႏွင့္ အတိုက္အခံပါတီသစ္တစ္ခု ေပၚေပါက္လာခဲ့သည္။
ယခုလိုေျပာင္းလဲမႈမ်ားက ထိုင္းႏိုင္ငံ၏ အေျခမခိုင္ေသာ ဒီမိုကေရစီအင္စတီက်ဴးရွင္းမ်ား အေပၚ ဖြဲ႕စည္းပုံအေျခခံခုံ႐ုံး၏ ဩဇာလႊမ္းမိုးမႈကို ျပသလိုက္ျခင္းလည္း ျဖစ္သည္။ ထင္မွတ္မထားသည့္ ႏိုင္ငံေရးဂယက္မ်ားက (၂၀၂၃) ခုႏွစ္ေ႐ြးေကာက္ပြဲ တြင္ အံ့အားသင့္ဖြယ္အႏိုင္ရရွိခဲ့သည့္ အဓိက အ တိုက္အခံပါတီျဖစ္ေသာ Move Forward ပါတီကို ခုံ႐ုံးက ဩဂုတ္လ (၇) ရက္တြင္ ဖ်က္သိမ္းလိုက္ျခင္းမွ စတင္သည္။ ႏွစ္ရက္အၾကာတြင္ ပါတီက People’s Party အေနျဖင့္ အတိုက္အခံပါတီအျဖစ္ ဆက္ လက္ရပ္တည္ရန္ ဆုံးျဖတ္လိုက္သည္။ ထို႔ေနာက္ ဩဂုတ္လ ၁၄ ရက္တြင္ ဖြဲ႕စည္းပုံအေျခခံခုံ႐ုံးက ျဖဴ ထိုင္းပါတီမွတက္လာသည့္ ဝန္ႀကီးခ်ဳပ္ ဆရတ္သာ တာဗီဆင္ကို ျဖဳတ္ခ်လိုက္ျပန္သည္။ ၎ ဆုံးျဖတ္ခ်က္ခ်ၿပီး ႏွစ္ရက္အၾကာမွာပင္ ပါလီမန္က ျဖဴထိုင္း ပါတီေခါင္းေဆာင္ ေပထုန္တန္ရွင္နာဝပ္ထရာကို ဝန္ ႀကီးခ်ဳပ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခဲ့သည္။ သူက မိသားစုဝင္ထဲတြင္ (၃) ေယာက္ေျမာက္ ဝန္ ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ရသူလည္းျဖစ္ သည္။ သူ၏ဖခင္ သက္ဆင္ရွင္နာဝပ္ထရာက (၂၀ဝ၁) ခုႏွစ္မွ (၂၀ဝ၆) ခုႏွစ္အထိ ဝန္ႀကီးခ်ဳပ္အ ျဖစ္တာဝန္ထမ္းေဆာင္ခဲ့ၿပီး အေဒၚျဖစ္သူ ယင္လတ္ ရွင္နာဝပ္ထရာကေတာ့ (၂၀၁၁) ခုႏွစ္မွ (၂၀၁၄) ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့ဖူးသည္။
ယခုလို ႏိုင္ငံေရးအျဖစ္အပ်က္မ်ားက ထိုင္းႏိုင္ငံတြင္ ပုံမွန္ျဖစ္ပ်က္ေနက်အရာကဲ့သို႔ ျဖစ္ လာသည္။ ထိုင္းႏိုင္ငံ၏ ကြန္ဆာေဗးတစ္မ်ားႏွင့္ အ ထက္တန္းလႊာမ်ားက အတိုက္အခံပါတီမ်ား အာဏာ မရရွိေရးႏွင့္ လူထု၏ဆႏၵအေပၚ မၾကာခဏဆိုသလို မသိက်ိဳးကြၽံျပဳျခင္းမ်ားကို အစဥ္အလာတစ္ခုကဲ့သို႔ ျပဳလုပ္လာၾကသည္။ ဥပမာ-ဥပေဒေၾကာင္းအရ ဖြဲ႕စည္းပုံအေျခခံ ခုံ႐ုံးကဲ့သို႔ အင္စတီးက်ဴးရွင္းမ်ား မွတစ္ဆင့္ အတိုက္အခံမ်ားအေပၚ ဖိအားေပးျခင္း မ်ိဳးရွိလာပါတယ္။
ထိုကဲ့သို႔ ထိုင္းႏိုင္ငံ၏ ဒီမိုကေရစီတြင္ ခ်ိဳ႕ယြင္းခ်က္မ်ားရွိေနေသာ္လည္း ႏိုင္ငံမွာမူ အခ်ိန္ အတိုင္းအတာတစ္ခုအတြင္း လ်င္ျမန္စြာ တိုးတက္ လာခဲ့သည္။ စစ္တပ္ႏွင့္ ေတာ္ဝင္အသိုင္းအဝိုင္း၏ အာဏာခ်ဲ႕ထြင္ျခင္းလည္း ေလ်ာ့ပါးလာသည္ကို ေတြ႕ရပါသည္။ ထို႔ေၾကာင့္ ယခု ေနာက္ဆုံးျဖစ္ပ်က္ သြားခဲ့သည့္ ႏိုင္ငံေရး ကေသာင္းကနင္းျဖစ္ရပ္မ်ားက ကြန္ဆာေဗးတစ္မ်ား၏ “ငါမအိုေသး”ဆိုၿပီး အာဏာ ပါဝါျပသည့္ သတိေပးခ်က္မ်ိဳးေတာ့မဟုတ္ႏိုင္ေပ။ ယင္းအစား ထိုင္းႏိုင္ငံေရး ကြၽမ္းက်င္သူတစ္ဦးက ေျပာၾကားခဲ့သကဲ့သို႔ အဆိုပါျဖစ္စဥ္မ်ားသည္ ထိုင္း ႏိုင္ငံေရးႏွင့္ လူ႔အဖြဲ႕အစည္းကို ကာလရွည္ၾကာလႊမ္း မိုးထားခဲ့ေသာ ေရွး႐ိုးစြဲမ်ား၏ ေနာက္ဆုံးလႈပ္ရွားမႈ မ်ားလည္းျဖစ္ႏိုင္သည္။
အာဏာထိန္းသိမ္းမႈအစဥ္အလာမ်ားႏွင့္ ထိုင္းႏိုင္ငံေရး
ထိုင္းႏိုင္ငံသည္ ပါလီမန္ဒီမိုကေရစီစနစ္ကိုက်င့္သုံးၿပီး ဝန္ႀကီးခ်ဳပ္အား အုပ္ခ်ဳပ္ေရး အာဏာ အျမင့္ဆုံးေပးအပ္ထားသကဲ့သို႔ စည္းမ်ဥ္းခံဘုရင္ စနစ္အရ ဘုရင္အား လုပ္ပိုင္ခြင့္အာဏာအခ်ိဳ႕ ေပး အပ္၍ အုပ္ခ်ဳပ္ထားေစေသာ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။ ထိုင္းႏိုင္ငံသည္ အလယ္အလတ္ ဖြံ႕ၿဖိဳးေသာႏိုင္ငံ ျဖစ္ေသာ္လည္း သမိုင္းေၾကာင္းတစ္ေလွ်ာက္ စစ္တပ္ ၏အာဏာထိန္းသိမ္းမႈမ်ားႏွင့္ႀကဳံေတြ႕ခဲ့ရၿပီး ႏိုင္ငံ ေရးအရႈပ္အေထြးမ်ားသည့္ႏိုင္ငံလည္း ျဖစ္ေနသည္။ (၁၉၃၂)ခုႏွစ္မွစ၍ ႏိုင္ငံေတာ္အာဏာ ထိန္းသိမ္းမႈ ႏွင့္ ထိန္းသိမ္းရန္ႀကိဳးပမ္းမႈေပါင္း (၂၂) ႀကိမ္အထိရွိ ခဲ့ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ျခင္းမ်ား အမ်ားဆုံးျပဳလုပ္ခဲ့သည့္ အိမ္နီးခ်င္းႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။
ထို႔ေၾကာင့္ အာရွႏိုင္ငံမ်ားအနက္ ထိုင္း ႏိုင္ငံသည္ အာဏာထိန္းသိမ္းမႈအမ်ားဆုံးႏိုင္ငံ ျဖစ္ ေနသည္။ ထိုင္း ျပည္သူမ်ားအေနျဖင့္လည္း ထိုသို႔ အာဏာထိန္းသိမ္းျခင္းျဖစ္ရပ္မ်ားကို မၾကာခဏဆိုသလို ႀကဳံေတြ႕ေနရသည့္အတြက္ ယင္းျဖစ္စဥ္မ်ားသည္ ႏိုင္ငံေရးအစဥ္အလာတစ္ခုသဖြယ္ ျဖစ္လာသည္။ ထို႔ျပင္ ဘုရင္ႏွင့္စစ္တပ္အၾကား အျပန္အလွန္အမွီသဟဲ ျပဳေနျခင္းကလည္း အာဏာထိန္းသိမ္းမႈျဖစ္စဥ္မ်ားကို ပိုမိုျဖစ္ေစရန္အေထာက္အပံ့ ျဖစ္ေစခဲ့သည္။
အာဏာထိန္းသိမ္းျခင္းျဖစ္စဥ္မ်ားကႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးအေပၚသက္ေရာက္မႈနည္းပါးျခင္း
အာဏာထိန္းသိမ္းမႈျဖစ္စဥ္မ်ားမွာ မ်ားျပား ေသာ္လည္း ထိုင္းႏိုင္ငံ၏ ျပည္တြင္းေရးတြင္ သိသိ သာသာ ႐ိုက္ခတ္မႈမရွိခဲ့ေၾကာင္း ေတြ႕ရွိရသည္။ ယင္းမွာ ဘုရင္၏ အခြင့္အာဏာ ပိုမိုက်ယ္ျပန႔္လာျခင္း၊ ဘုရင္ႏွင့္တပ္မေတာ္အၾကား အျပန္အလွန္ အမွီ သဟဲျပဳ၍ ဆက္ဆံေရးခိုင္မာလာျခင္းတို႔အျပင္ အာ ဏာထိန္းသိမ္းမႈမ်ားအေပၚ ျပည္သူမ်ား၏ ဆန႔္က်င္ ဆႏၵျပမႈ နည္းပါးျခင္းတို႔ေၾကာင့္ျဖစ္သည္။
ထိုင္းႏိုင္ငံ၏ အာဏာထိန္းသိမ္းျခင္းျဖစ္ရပ္ မ်ားေၾကာင့္ လူအမ်ားက စီးပြားေရးက႑အေပၚ သက္ေရာက္မႈႀကီးႀကီးမားမားရွိလာႏိုင္သည္ဟု ေမွ်ာ္ မွန္းခဲ့ၾကေသာ္လည္း အနည္းငယ္သာ ႐ိုက္ခတ္မႈရွိခဲ့ ေၾကာင္းေတြ႕ရသည္။ စစ္အုပ္ခ်ဳပ္ေရး အမိန႔္မ်ားသည္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအ တြက္ ၿခိမ္းေျခာက္မႈမ်ားျဖစ္ေစခဲ့သည္။ သို႔ေသာ္ ထိုင္းဘတ္ေငြ၏တန္ဖိုးသည္ ေလ်ာ့က်ခဲ့ျခင္းမရွိသကဲ့ သို႔ စေတာ့ေဈးကြက္မ်ားသည္လည္း အနည္းငယ္ သာက်ဆင္းခဲ့ေၾကာင္း ေတြ႕ရွိရသည္။
ထို႔ေၾကာင့္ ထိုင္းႏိုင္ငံ၏ အာဏာထိန္း သိမ္းမႈျဖစ္စဥ္မ်ားသည္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအေပၚ သက္ေရာက္မႈနည္းပါးေၾကာင္းေတြ႕ရွိရသည္။ အေၾကာင္းမွာ ထိုင္းႏိုင္ငံသည္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံ မႈမ်ားႏွင့္ မက္ခ႐ိုစီးပြားေရးနယ္ပယ္တို႔တြင္ လစ္ဘ ရယ္မူဝါဒမ်ားကို က်င့္သုံးလ်က္ရွိသည့္အတြက္ စီးပြားေရးမွာ ေမွ်ာ္မွန္းထားသေလာက္ မထိခိုက္ခဲ့ ျခင္းျဖစ္သည္။
အလုပ္သမားဥပေဒမ်ားကို တင္းၾကပ္စြာ ျပ႒ာန္းထားျခင္းမ်ိဳးမရွိသည့္အတြက္ လုပ္သားလိုအပ္ ခ်က္ျပႆနာမ်ားနည္းပါးၿပီး လုပ္ငန္းမ်ားကို အဆင္ ေျပစြာ လည္ပတ္ႏိုင္လ်က္ရွိေနသည္။ ထို႔ျပင္ ႏိုင္ ငံေရးမတည္ၿငိမ္မႈေၾကာင့္ ေငြေၾကးေဖာင္းပြႏိုင္မႈအလားအလာမ်ားရွိႏိုင္ေသာ္လည္း ေငြေၾကး တည္ၿငိမ္ မႈရွိေရးအတြက္ အစိုးရက အေကာင္းဆုံးထိန္းခ်ဳပ္ထားႏိုင္ခဲ့သည္။ ထို႔ေၾကာင့္ ၿခဳံငုံသုံးသပ္ရလွ်င္ ထိုင္း ႏိုင္ငံ၏ အာဏာထိန္းသိမ္းျခင္းျဖစ္စဥ္မ်ားသည္ ႏိုင္ငံ ၏ ဖြံ႕ၿဖိဳးေရးက႑မ်ားတြင္ သက္ေရာက္မႈ အနည္း ငယ္သာရွိခဲ့သည့္အတြက္ က႑အသီးသီးတြင္ ပုံမွန္ အတိုင္း လည္ပတ္ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း ေတြ႕ရ သည္။
စိန္ေခၚမႈမ်ားရွိေနဆဲ ထိုင္းႏိုင္ငံေရး
လြန္ခဲ့သည့္ ဆယ္စုႏွစ္ႏွစ္ခုအတြင္း ျဖဴ ထိုင္းပါတီမွ ဝန္ႀကီးခ်ဳပ္ငါးဦးႏွင့္ ၎၏ေနာက္ ဆက္ခံသူမ်ား ရာထူးမွ ဖယ္ရွားခံခဲ့ရသည္။ ျဖဴ ထိုင္းပါတီမွ ဝန္ႀကီးခ်ဳပ္ သက္ဆင္ရွင္နာဝပ္ထရာကို (၂၀ဝ၆) ခုႏွစ္ စက္တင္ဘာလတြင္ စစ္တပ္က အာ ဏာထိန္းသိမ္းခဲ့ၿပီးေနာက္ပိုင္းတြင္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒခုံ႐ုံးမွ ၎၏ပါတီကို ဖ်က္သိမ္းခဲ့သည္။ ထို႔ ေနာက္ ညီမျဖစ္သူ ယင္လတ္ရွင္နာဝပ္ထရာက ျဖဴထိုင္းပါတီေနာက္ဆက္ခံသည့္ပါတီကို ဦးေဆာင္ခဲ့ၿပီး (၂၀၁၁) ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရခဲ့ေသာ္ လည္း (၂၀၁၄) ခုႏွစ္တြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ခုံ႐ုံးက သူ႔ကို အာဏာမွဖယ္ရွားခဲ့ၿပီး ေနာက္တစ္ႀကိမ္ စစ္တပ္က အာဏာထိန္းသိမ္းခဲ့ျပန္သည္။ ရွင္နာဝပ္ ထရာ၏မ်ိဳးဆက္ ေပထုန္တန္ရွင္နာဝပ္ထရာသည္ မၾကာေသးမီက ဝန္ႀကီးခ်ဳပ္ရာထူးကိုဆက္ခံခဲ့ၿပီး ရွင္နာဝပ္ထရာမိသားစုသည္ ထိုင္းႏိုင္ငံေရး၏ ထိပ္ တန္းသို႔ အံ့မခန္း ျပန္လည္ေရာက္ရွိလာခဲ့သည္။ ေပထုန္တန္သည္ အသက္ (၃၇)ႏွစ္သာရွိေသးၿပီး ႏိုင္ငံ ေရးအေတြ႕အႀကဳံ နည္းပါးေနပါေသးတယ္။ ယခုႏွစ္ ပထမ သုံးလပတ္တြင္ စီးပြားေရးတိုးတက္မႈ အရိပ္ အေယာင္အခ်ိဳ႕ရွိခဲ့ေသာ္လည္း သူ၏အစိုးရသည္ အိမ္ရာစီမံကိန္းႏွင့္ ေကာ္ပိုရိတ္ေႂကြးၿမီမ်ား ျမင့္မား ေနၿပီး စီးပြားေရးေႏွးေကြးမႈကဲ့သို႔ေသာ သိသာထင္ရွား သည့္ စီးပြားေရးစိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ေနရသည္။
ေနာက္ထပ္စိန္ေခၚမႈတစ္ခုမွာ အတိုက္ အခံပါတီမ်ားကို ေနရာမေပးျခင္းျဖစ္သည္။ မၾကာ ေသးမီရက္မ်ားအတြင္းက (၂၀၂၃)ေ႐ြးေကာက္ပြဲ တြင္ လႊတ္ေတာ္အမတ္ေနရာအမ်ားဆုံးရရွိခဲ့သည့္ Move Forward ပါတီကိုဖ်က္သိမ္းရန္ ဖြဲ႕စည္းပုံ အေျခခံဥပေဒခုံ႐ုံးက ဆုံးျဖတ္ခဲ့ျခင္းျဖင့္ အတိုက္ အခံမ်ားကို ႏိုင္ငံေရးတြင္ ပါဝင္ပတ္သက္မႈ နည္းပါး ေအာင္ လုပ္ေဆာင္လ်က္ရွိေနသည္။ တိုးတက္ ေျပာင္းလဲေရးဝါဒီက်င့္သုံးေသာ အတိုက္အခံႏိုင္ငံ ေရးသမားမ်ားသည္ မၾကာေသးမီႏွစ္မ်ားအတြင္း တရား႐ုံး၏ ဖိႏွိပ္မႈမ်ားကို ရင္ဆိုင္ခဲ့ရသည္။ ဥပမာ အားျဖင့္ (၂၀၁၉) ေ႐ြးေကာက္ပြဲတြင္ လူငယ္ႏိုင္ငံေရးသမားThanathorn Juangroongru-angkit ဦးေဆာင္သည့္ Future Forward ပါတီက အမတ္ ေနရာ (၈၀) အႏိုင္ရရွိခဲ့ၿပီး ေလ့လာသူမ်ားကို အံ့အား သင့္ေစခဲ့ပါတယ္။ သို႔ေသာ္ မၾကာမီမွာပင္ တရား႐ုံးကThanathorn ကို ပါလီမန္မွ ႏုတ္ထြက္ေစၿပီး ပါတီကို ဖ်က္သိမ္းခဲ့သည္။ ထို႔ေနာက္ ပါတီကို အျခားလူငယ္ ေခါင္းေဆာင္ Pita Limjaroenrat ကဦးေဆာင္၍ Move Forward ပါတီအျဖစ္ ျပန္လည္ဖြဲ႕စည္းခဲ့ၿပီး (၂၀၂၃) ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ခဲ့ၿပီး ေအာက္လႊတ္ေတာ္တြင္ (၁၅၁) ေနရာ အႏိုင္ရခဲ့သည္။ သို႔ေသာ္ ဒီမိုကေရစီကို ဆန႔္က်င္သည့္ ေတာ္ဝင္ဥပေဒကို ျပဳျပင္ေျပာင္းလဲရန္ ႀကိဳးပမ္းခဲ့ျခင္း ေၾကာင့္ တရား႐ုံးက Pita ကို ႏိုင္ငံေရးလႈပ္ရွားခြင့္ (၁၀) ႏွစ္ ပိတ္ပင္ ကန႔္သတ္လိုက္ၿပီး ၎၏ပါတီကို ဖ်က္သိမ္းခဲ့ျပန္သည္။
ထို႔ေၾကာင့္ လႊတ္ေတာ္တြင္ ေနရာရထားသည့္ Move Forward ပါတီမွ ကိုယ္စားလွယ္မ်ား သည္ People’s Party (ျပည္သူ႔ပါတီ)အျဖစ္ ဆက္ လက္ရပ္တည္ပိုင္ခြင့္ရွိေသာ္လည္း ပါတီေခါင္းေဆာင္သစ္Natthaphong Ruengpanyawut အပါအဝင္ ကိုယ္စားလွယ္ (၄၀) နီးပါးမွာ က်င့္ဝတ္ေဖာက္ဖ်က္မႈ စြပ္စြဲခ်က္မ်ားျဖင့္ စုံစမ္းခံေနရၿပီျဖစ္သည္။ ထို႔ေၾကာင့္ ထိုင္း ႏိုင္ငံရွိ အတိုက္အခံႏိုင္ငံေရးပါတီမ်ား၏ ႏိုင္ငံ ေရးအနာဂတ္သည္လည္း စိန္ေခၚမႈမ်ားႏွင့္ ျပည့္ႏွက္ ေနဆဲျဖစ္သည္။
ထိုင္းႏိုင္ငံ၏ ဒီမိုကေရစီအနာဂတ္
ယခုအခါ ထိုင္းႏိုင္ငံတြင္ ဗဟိုခ်က္မ ႏိုင္ငံေရးအာဏာသုံးရပ္ ေပၚေပါက္လာပုံရသည္။ (၁) သက္ဆင္ ရွင္နာဝပ္ႏွင့္ ျဖဴထိုင္းပါတီ၊ (၂) စစ္တပ္ ႏွင့္ဘုရင္စနစ္အၾကား ရႈပ္ေထြးမႈႏွင့္ ၎တို႔၏ ဆက္ စပ္ပါတီမ်ား၊ (၃) ျပည္သူ႔ပါတီသစ္တို႔ ျဖစ္သည္။ ထိုင္းႏိုင္ငံသည္ ကာလရွည္ၾကာ ေဆြမ်ိဳးေကာင္းစား ေရးႏွင့္ ကိုယ္က်ိဳးစီးပြားရွာႏိုင္ငံေရးမွ တျဖည္းျဖည္း ေ႐ႊ႕ေျပာင္းလာပုံရသည္။ မၾကာေသးမီက ျပဳလုပ္ခဲ့ ေသာစစ္တမ္းတစ္ခုအရ ေျဖဆိုသူ ထက္ဝက္နီးပါးက ၎တို႔၏ ဝန္ႀကီးခ်ဳပ္အျဖစ္ Pita (၄၇%)၊ ေပထုန္ တန္ (၁၀.၅%)ႏွင့္ ဆရတ္သာ (၈.၇%)ဟူ၍ ၎တို႔ ၏ေထာက္ခံမႈကို ျပသခဲ့သည္။ ျပည္သူ႔ပါတီသည္ ေတာ္ဝင္ဥပေဒကို ျပဳျပင္ေျပာင္းလဲရန္ႀကိဳးပမ္းသြားမည္ျဖစ္ၿပီး စစ္မွန္သည့္ဒီမိုကေရစီေဖာ္ေဆာင္ရန္ဦး ေဆာင္သြားမည္ျဖစ္သည္။ ထို႔ျပင္ ျပည္သူ႔ပါတီ၏ ႏိုင္ငံေရးလႈပ္ရွားမႈမ်ားကို လြယ္လြယ္ႏွင့္ တားဆီး၍ ရႏိုင္မည္မဟုတ္ပါ။ (၂၀၂၃) ေ႐ြးေကာက္ပြဲတြင္ Move Forward ပါတီ၏ မဲအမ်ားစုအႏိုင္ရရွိမႈက လာမည့္ေ႐ြးေကာက္ပြဲတြင္ ျပည္သူ႔ပါတီကို အျပတ္အသတ္အႏိုင္ရရန္ ျဖစ္လာႏိုင္ဖြယ္ရွိသည္။
ထို႔ျပင္ ထိုင္းလူ႔အဖြဲ႕အစည္းရွိ ဘုရင္စနစ္ ႏွင့္ စစ္တပ္အေပၚ အစဥ္အလာနာခံမႈမ်ားသည္ တျဖည္းျဖည္း ေပ်ာက္ကြယ္လာခဲ့ၿပီး အသက္ႀကီးလာ ေသာ ကြန္ဆာေဗးတစ္မဲဆႏၵရွင္မ်ားအစား ဒီမို ကေရစီႏွင့္ တုံ႔ျပန္မႈရွိေသာအစိုးရကို ပိုမိုလိုလား သူမ်ားျဖင့္ အစားထိုးလာသည္။ မၾကာေသးမီ ႏွစ္မ်ား အတြင္း အထူးသျဖင့္ လိင္တူလက္ထပ္ျခင္းႏွင့္ ေဆး ေျခာက္ကို တရားဝင္ခြင့္ျပဳေပးျခင္းကဲ့သို႔ ပုဂၢလိက လြတ္လပ္ခြင့္ႏွင့္ပတ္သက္၍ တိုးတက္မႈအခ်ိဳ႕ ရွိလာ ခဲ့သည္ကို ေတြ႕ရသည္။ ထို႔ေၾကာင့္ ပါတီစုံဒီမိုကေရစီ စနစ္တြင္ အေျခခံႏိုင္ငံေရးလြတ္လပ္ခြင့္မ်ား တိုးခ်ဲ႕ လာရန္ႏွင့္ ခိုင္မာေအာင္ျပဳလုပ္ရန္ ဖိအားတိုးလာႏိုင္သည္။
အခ်ဳပ္အားျဖင့္ဆိုရလွ်င္ ထိုင္းႏိုင္ငံေရး သည္ အပ်က္သေဘာ၊ အျပဳသေဘာ ေရာေထြးေန ေသာ အခင္းအက်င္းတစ္ခုျဖစ္လာသည္။ အစဥ္ အလာ ႏိုင္ငံေရးအာဏာထိန္းသိမ္းျခင္းမ်ားကို မၾကာ ခဏ ႀကဳံေတြ႕ေနရေသာ္လည္း ႏိုင္ငံ၏ အျခားေသာ စီးပြားေရး၊ လူမႈေရး၊ လုံၿခဳံေရး စသည့္ နယ္ပယ္မ်ား တြင္မူ ယိမ္းယိုင္ၿပိဳလဲသြားျခင္းမရွိသည့္ တည္ၿငိမ္ ေအးခ်မ္းမႈကို အစဥ္အၿမဲ ထိန္းထားႏိုင္စြမ္းမွာ အတုယူဖြယ္ျဖစ္ပါတယ္။
ယခုေႏွာင္းပိုင္းကာလမ်ားတြင္လည္း ႏိုင္ငံ ေရးအေျပာင္းအလဲမ်ား အဆက္မျပတ္ ျဖစ္ပြားေန လင့္ကစား ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးကိုသာ အားလုံးက ေရွးရႈလုပ္ေဆာင္ေနပါေသာေၾကာင့္ ထိုင္းႏိုင္ငံ၏ ႏိုင္ငံေရးအနာဂတ္တြင္ တိုးတက္မႈမ်ားက ဆက္လက္တည္ၿမဲေနဦးမည္ျဖစ္ပါေၾကာင္း ေရးသားလိုက္ရပါသည္။