ရှမ်းမြောက်ကုန်သွယ်ရေးလမ်းများ ပိတ်နေသည့်အတွက် လမ်းကြောင်းသစ်ရှာ၍ ကုန်သွယ်သော်လည်း အဆင်မပြေ

 5453

ယွန်း (NP News) - စက်တင်ဘာ ၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေသတွင်း ကုန်သွယ်ရေးလမ်းကြောင်းများပိတ်နေသည့်အတွက် လမ်းကြောင်းသစ်များဖော်ဆောင်ကာ ကုန်သွယ်နေ‌ သော်လည်း အခက်အခဲများရှိနေကြောင်း ဒေသခံ တစ်ဦးက NP News ကိုပြောသည်။

(၁၀၂၇) စစ်ဆင်ရေးနောက်ပိုင်းတွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း)၌ ဖြစ်ပွားလျက်ရှိသည့် လုံခြုံ ရေးအခြေအနေများကြောင့် မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း အပါအဝင် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်း များပြတ်တောက်ခဲ့ရပြီး ကုန်စည်စီးဆင်းမှုများလည်း ရပ်တန့်ခဲ့ရသည်။

ထို့ကြောင့် ဒေသခံများအနေဖြင့် လက်ရှိ တွင် လမ်းကြောင်းသစ်များမှ လိုင်းကားများဖြင့် တစ် နိုင်တစ်ပိုင်ကုန်သွယ်ရေးကို‌ ဆောင်ရွက်နေ‌‌သော်လည်း စားသောက်ကုန် ဈေးနှုန်းကြီးမြင့်မှုကို ယခင် ထက်ပို၍ ကြုံတွေ့နေရကြောင်း သိရသည်။

“ အခုကတော့ ကုန်စည်စီးဆင်းမှုက ဘာ မှမရှိဘူး။ လမ်းကြောင်းသစ်တွေကနေ ကုန်သွယ်နေ ရတာတွေတော့ရှိတယ်။ အဆင်မပြေဘူး။ ထဲထဲဝင် ဝင်မသွားကြဘူး။ အခုက ပြည်ထောင်စုလမ်းမကြီး ကို လားရှိုးအထိတော့ ဖွင့်ထားပေးတယ်။ တစ်နိုင် တစ်ပိုင်လေးတွေပဲရှိတယ်။ လိုင်းကားအသေးလေး တွေနဲ့ကုန်သွယ်ကြတာ။ ကုန်ကားအကြီးကြီးတွေနဲ့ ကုန်သွယ်တာတော့မရှိသေးဘူး။ တရုတ်ဘက်က စား သောက်ကုန်နဲ့ဆီနဲ့ကို ကုန်သွယ်ကြတာ။ လက်ရှိက တော့ စားသောက်ကုန်တွေ ဈေးကြီးတာပေါ့။ ဒေသ တွင်းဆန်တောင် ကျပ် (၁၄၀ဝဝဝ) ကျော်တယ်။ (၁၀၂၇) ဒုတိယလှိုင်းစတည်းက ဈေးတွေတက်တာ။ အခုဆိုရင် ပိုဆိုးတယ်” ဟု အထက်ပါဒေသခံကဆိုသည်။

ထို့ပြင် ဒေသခံများအနေဖြင့် စားသောက် ကုန်များကို တရုတ်ပြည်ထဲသို့သွားရောက်ကာ တစ် ပိုင်တစ်နိုင် ဝယ်ယူသုံးစွဲမှုများလည်းရှိနေကြောင်း သိရသည်။ “ တရုတ်ဘက်ကနေပဲ စားသောက်ကုန် ကလာနေတာ။ ကုန်ဈေးနှုန်းက အရမ်းကြီးနေတာ။ ပြည်သူတွေအနေနဲ့ကတော့ တရုတ်ထဲသွားပြီး ဆိုင်ကယ်တွေနဲ့ တစ်နိုင်တစ်ပိုင်ဝယ်နေရတာပေါ့။ အလွယ်တကူတော့ဝယ်လို့ရတယ်။ ဓာတ်ဆီတွေက တော့ တန်းစီစရာမလိုဘူး။ တရုတ်ဘက်ကနေ နေ့ တိုင်းဝင်တယ်။ တစ်လီတာကို ကျပ်(၆၀ဝဝ)လောက် အထိ‌တော့ရှိတာပေါ့။ တရုတ်ငွေဈေးနဲ့ မြန်မာငွေက လည်း အရမ်းကြီးကွာဟသွားတော့ အရင်ကလို အဆင်မပြေကြတော့ဘူး” ဟု ၎င်းကဆိုသည်။ ပြည် တွင်း၌ နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း (၁၇) ခုရှိ သော်လည်း လက်ရှိကာလ၌ တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ် နှင့်ချင်းရွှေဟော်အပါအဝင် နယ်စပ်ကုန်သွယ်ရေးစ ခန်းများမှာ ရပ်တန့်နေလျက်ရှိကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးမှ တစ်ရက်လျှင် အပြန် အလှန်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၇) သန်းရှိပြီး တစ်လအတွက် ပျမ်းမျှ အပြန်အလှန်ကုန် သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ (၂၁၁ ဒသမ ၉) သန်းရှိကြောင်း သိရသည်။

နိုင်ငံအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများ ကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းအချို့သည် ရပ်နားနေရလျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးအစား ရေလမ်းကြောင်းသို့ပြောင်းလဲကာ ကုန်သွယ်မှုများ လည်းရှိနေသည်။

zawgyi version
ရွမ္းေျမာက္ကုန္သြယ္ေရးလမ္းမ်ား ပိတ္ေနသည့္အတြက္ လမ္းေၾကာင္းသစ္ရွာ၍ ကုန္သြယ္ေသာ္လည္း အဆင္မေျပ
ယြန္း (NP News) - စက္တင္ဘာ ၄

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေဒသတြင္း ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားပိတ္ေနသည့္အတြက္ လမ္းေၾကာင္းသစ္မ်ားေဖာ္ေဆာင္ကာ ကုန္သြယ္ေန‌ ေသာ္လည္း အခက္အခဲမ်ားရွိေနေၾကာင္း ေဒသခံ တစ္ဦးက NP News ကိုေျပာသည္။

(၁၀၂၇) စစ္ဆင္ေရးေနာက္ပိုင္းတြင္ ရွမ္း ျပည္နယ္(ေျမာက္ပိုင္း)၌ ျဖစ္ပြားလ်က္ရွိသည့္ လုံၿခဳံ ေရးအေျခအေနမ်ားေၾကာင့္ မူဆယ္(၁၀၅)မိုင္ ကုန္ သြယ္ေရးဇုန္ႏွင့္ ခ်င္းေ႐ႊေဟာ္ ကုန္သြယ္ေရးစခန္း အပါအဝင္ အေရးပါသည့္ ကုန္သြယ္ေရးလမ္းေၾကာင္း မ်ားျပတ္ေတာက္ခဲ့ရၿပီး ကုန္စည္စီးဆင္းမႈမ်ားလည္း ရပ္တန႔္ခဲ့ရသည္။

ထို႔ေၾကာင့္ ေဒသခံမ်ားအေနျဖင့္ လက္ရွိ တြင္ လမ္းေၾကာင္းသစ္မ်ားမွ လိုင္းကားမ်ားျဖင့္ တစ္ ႏိုင္တစ္ပိုင္ကုန္သြယ္ေရးကို‌ ေဆာင္႐ြက္ေန‌‌ေသာ္လည္း စားေသာက္ကုန္ ေဈးႏႈန္းႀကီးျမင့္မႈကို ယခင္ ထက္ပို၍ ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

“ အခုကေတာ့ ကုန္စည္စီးဆင္းမႈက ဘာ မွမရွိဘူး။ လမ္းေၾကာင္းသစ္ေတြကေန ကုန္သြယ္ေန ရတာေတြေတာ့ရွိတယ္။ အဆင္မေျပဘူး။ ထဲထဲဝင္ ဝင္မသြားၾကဘူး။ အခုက ျပည္ေထာင္စုလမ္းမႀကီး ကို လားရႈိးအထိေတာ့ ဖြင့္ထားေပးတယ္။ တစ္ႏိုင္ တစ္ပိုင္ေလးေတြပဲရွိတယ္။ လိုင္းကားအေသးေလး ေတြနဲ႔ကုန္သြယ္ၾကတာ။ ကုန္ကားအႀကီးႀကီးေတြနဲ႔ ကုန္သြယ္တာေတာ့မရွိေသးဘူး။ တ႐ုတ္ဘက္က စား ေသာက္ကုန္နဲ႔ဆီနဲ႔ကို ကုန္သြယ္ၾကတာ။ လက္ရွိက ေတာ့ စားေသာက္ကုန္ေတြ ေဈးႀကီးတာေပါ့။ ေဒသ တြင္းဆန္ေတာင္ က်ပ္ (၁၄၀ဝဝဝ) ေက်ာ္တယ္။ (၁၀၂၇) ဒုတိယလႈိင္းစတည္းက ေဈးေတြတက္တာ။ အခုဆိုရင္ ပိုဆိုးတယ္” ဟု အထက္ပါေဒသခံကဆိုသည္။

ထို႔ျပင္ ေဒသခံမ်ားအေနျဖင့္ စားေသာက္ ကုန္မ်ားကို တ႐ုတ္ျပည္ထဲသို႔သြားေရာက္ကာ တစ္ ပိုင္တစ္ႏိုင္ ဝယ္ယူသုံးစြဲမႈမ်ားလည္းရွိေနေၾကာင္း သိရသည္။ “ တ႐ုတ္ဘက္ကေနပဲ စားေသာက္ကုန္ ကလာေနတာ။ ကုန္ေဈးႏႈန္းက အရမ္းႀကီးေနတာ။ ျပည္သူေတြအေနနဲ႔ကေတာ့ တ႐ုတ္ထဲသြားၿပီး ဆိုင္ကယ္ေတြနဲ႔ တစ္ႏိုင္တစ္ပိုင္ဝယ္ေနရတာေပါ့။ အလြယ္တကူေတာ့ဝယ္လို႔ရတယ္။ ဓာတ္ဆီေတြက ေတာ့ တန္းစီစရာမလိုဘူး။ တ႐ုတ္ဘက္ကေန ေန႔ တိုင္းဝင္တယ္။ တစ္လီတာကို က်ပ္(၆၀ဝဝ)ေလာက္ အထိ‌ေတာ့ရွိတာေပါ့။ တ႐ုတ္ေငြေဈးနဲ႔ ျမန္မာေငြက လည္း အရမ္းႀကီးကြာဟသြားေတာ့ အရင္ကလို အဆင္မေျပၾကေတာ့ဘူး” ဟု ၎ကဆိုသည္။ ျပည္ တြင္း၌ နယ္စပ္ကုန္သြယ္ေရးစခန္းေပါင္း (၁၇) ခုရွိ ေသာ္လည္း လက္ရွိကာလ၌ တ႐ုတ္- ျမန္မာနယ္စပ္ ကုန္သြယ္ေရးစခန္းမ်ားျဖစ္သည့္ မူဆယ္၊ လြယ္ဂ်ယ္ ႏွင့္ခ်င္းေ႐ႊေဟာ္အပါအဝင္ နယ္စပ္ကုန္သြယ္ေရးစ ခန္းမ်ားမွာ ရပ္တန႔္ေနလ်က္ရွိေၾကာင္း သိရသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ ၿပီးခဲ့သည့္ ၂၀၂၃-၂၀၂၄ ဘ႑ာေရးႏွစ္အတြင္း မူဆယ္ (၁၀၅) မိုင္ နယ္စပ္ကုန္သြယ္ေရးမွ တစ္ရက္လွ်င္ အျပန္ အလွန္ကုန္သြယ္မႈတန္ဖိုး အေမရိကန္ေဒၚလာ (၇) သန္းရွိၿပီး တစ္လအတြက္ ပ်မ္းမွ် အျပန္အလွန္ကုန္ သြယ္မႈတန္ဖိုးက အေမရိကန္ေဒၚလာ (၂၁၁ ဒသမ ၉) သန္းရွိေၾကာင္း သိရသည္။

ႏိုင္ငံအတြင္းျဖစ္ပြားေနသည့္ တိုက္ပြဲမ်ား ေၾကာင့္ နယ္စပ္ကုန္သြယ္ေရးစခန္းအခ်ိဳ႕သည္ ရပ္နားေနရလ်က္ရွိၿပီး နယ္စပ္ကုန္သြယ္ေရးအစား ေရလမ္းေၾကာင္းသို႔ေျပာင္းလဲကာ ကုန္သြယ္မႈမ်ား လည္းရွိေနသည္။

Related news

© 2021. All rights reserved.