K POP အဆိုတော် ဟွန်းအာ နဲ့ အဆိုတော် ရောင်ဂျန်ဟွန် တို့စုံတွဲ Prewedding ပုံရိပ်တွေ ပြသလာ

 425

ရောင်နီ (NP News) - စက်တင်ဘာ ၄

တောင်ကိုရီးယား K POP အဆိုတော် ဟွန်းအာနဲ့ အဆိုတော် ရောင်ဂျန်ဟွန်တော့ စုံတွဲဟာ မင်္ဂလာရက် နီးလာတာနဲ့အမျှ သူတို့ရဲ့ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ Prewedding ပုံရိပ်တွေကို ထုတ်ဖော်ပြသလာခဲ့ပါတယ်။

ငယ်ရွယ်ပြီး Hip ဖြစ်တဲ့ ဖက်ရှင်နဲ့ prewedding ပုံရိပ်တွေဟာ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပေမယ့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အကြောင်းကတော့ အဆိုတော် ရောင်ဂျန်ဟွန်ဟာ တောင်ကိုရီးယား နာမည်ကြီး လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု တစ်ခုဖြစ်တဲ့ "Burning Sun" မှာ ပါဝင်ပတ်သက်နေသူ ဖြစ်နေတာကြောင့်ပါပဲ။ သူတို့စုံတွဲဟာ ၂၀၂၄ ခုနှစ် အစောပိုင်းကမှ လူသိရှင်ကြား လက်တွဲခဲ့ကြတာဖြစ်ပြီး ခြောက်လအကြာ ဇူလိုင်လမှာ စေ့စပ်ကြောင်းလမ်းခဲ့ပါတယ်။ သူတို့ရဲ့အေဂျင်စီတွေကတော့ "တစ်ယောက်နဲ့တစ်ယောက်အပေါ်ထားတဲ့ ချစ်ခင်ယုံကြည်မှုတွေကြောင့် ဟွန်းအာနဲ့ ယွန်းဂျန်ဟွန် တို့ စုံတွဲဟာ ရင်းနှီးတဲ့သူငယ်ချင်း၊ မိသားစုတွေနဲ့ လာမယ့် အောက်တိုဘာလထဲမှာ မင်္ဂလာပွဲကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်" လို့ ဆိုခဲ့ပါတယ်။

သူတို့စုံတွဲဟာ လာမယ့် အောက်တိုဘာ ၁၁ ရက်မှာ ဆိုးလ်မြို့၊Samcheonggak မှာ လက်ထပ်ပွဲ ကျင်းပမှာဖြစ်ပြီး ရင်းနှီးသောမိသားစု၊ သူငယ်ချင်းတွေနဲ့သာ သီးသန့်အခမ်းအနား ကျင်းပသွားမယ်လို့ သိရပါတယ်။

zawgyi version
K POP အဆိုေတာ္ ဟြန္းအာ နဲ႔ အဆိုေတာ္ ေရာင္ဂ်န္ဟြန္ တို႔စုံတြဲ Prewedding ပုံရိပ္ေတြ ျပသလာ
ေရာင္နီ (NP News) - စက္တင္ဘာ ၄

ေတာင္ကိုရီးယား K POP အဆိုေတာ္ ဟြန္းအာနဲ႔ အဆိုေတာ္ ေရာင္ဂ်န္ဟြန္ေတာ့ စုံတြဲဟာ မဂၤလာရက္ နီးလာတာနဲ႔အမွ် သူတို႔ရဲ႕ ထူးျခားၿပီး ဆြဲေဆာင္မႈရွိတဲ့ Prewedding ပုံရိပ္ေတြကို ထုတ္ေဖာ္ျပသလာခဲ့ပါတယ္။

ငယ္႐ြယ္ၿပီး Hip ျဖစ္တဲ့ ဖက္ရွင္နဲ႔ prewedding ပုံရိပ္ေတြဟာ ပရိသတ္ေတြကို ဆြဲေဆာင္ႏိုင္ခဲ့ေပမယ့္ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ အေၾကာင္းကေတာ့ အဆိုေတာ္ ေရာင္ဂ်န္ဟြန္ဟာ ေတာင္ကိုရီးယား နာမည္ႀကီး လိင္ပိုင္းဆိုင္ရာ ရာဇဝတ္မႈ တစ္ခုျဖစ္တဲ့ "Burning Sun" မွာ ပါဝင္ပတ္သက္ေနသူ ျဖစ္ေနတာေၾကာင့္ပါပဲ။ သူတို႔စုံတြဲဟာ ၂၀၂၄ ခုႏွစ္ အေစာပိုင္းကမွ လူသိရွင္ၾကား လက္တြဲခဲ့ၾကတာျဖစ္ၿပီး ေျခာက္လအၾကာ ဇူလိုင္လမွာ ေစ့စပ္ေၾကာင္းလမ္းခဲ့ပါတယ္။ သူတို႔ရဲ႕ေအဂ်င္စီေတြကေတာ့ "တစ္ေယာက္နဲ႔တစ္ေယာက္အေပၚထားတဲ့ ခ်စ္ခင္ယုံၾကည္မႈေတြေၾကာင့္ ဟြန္းအာနဲ႔ ယြန္းဂ်န္ဟြန္ တို႔ စုံတြဲဟာ ရင္းႏွီးတဲ့သူငယ္ခ်င္း၊ မိသားစုေတြနဲ႔ လာမယ့္ ေအာက္တိုဘာလထဲမွာ မဂၤလာပြဲက်င္းပဖို႔ ဆုံးျဖတ္ခဲ့တယ္" လို႔ ဆိုခဲ့ပါတယ္။

သူတို႔စုံတြဲဟာ လာမယ့္ ေအာက္တိုဘာ ၁၁ ရက္မွာ ဆိုးလ္ၿမိဳ႕၊Samcheonggak မွာ လက္ထပ္ပြဲ က်င္းပမွာျဖစ္ၿပီး ရင္းႏွီးေသာမိသားစု၊ သူငယ္ခ်င္းေတြနဲ႔သာ သီးသန႔္အခမ္းအနား က်င္းပသြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.